01/01/2026
Flower Group မန်ဘာဝင်များသိရှိစေရန်တင်ပြအပ်
ပါသည်။
၁။Flower Group MDဦးမင်းထက်လင်းမှပထမအကြိမ် (၁၈.၁၂.၂၀၂၅)နေ့တွင် အုပ်စုခေါင်းဆောင်(၆)ဦးအားမန်ဘာဝင်(၃၄၈၀)ဦးအတွက်မြေကွက်(၂၄)ကွက်ကိုလွှဲပြောင်းပေးအပ်ခဲ့ပါသည်။
၂။ဒုတိယအကြိမ်(၃၁.၁၂.၂၀၂၅)နေ့တွင်အုပ်စု
ခေါင်းဆောင်(၅)ဦးအားမန်ဘာဝင်များ(၃၁၆၁)ဦး
အတွက်မြေကွက်(၂၂)ကွက်ကိုလွှဲပြောင်းပေးအပ်
ခဲ့ပါသည်။
၃။Flower Group MDဦးမင်းထက်လင်းမှ
မန်ဘာအဖွဲ့ဝင်များ(၆၆၄၁)ဦးအတွက်အနီးစပ်ဆုံး
ရှယ်ယာငွေများပြန်လည်ရယူနိုင်ရန်အတွက်
မြေကွက်(၄၆)ကွက်ကိုအုပ်စုခေါင်းဆောင်(၁၁)ဦးထံသို့လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
၄။Flower Group memberများအတွက်အုပ်စု
ခေါင်းဆောင်(၁၁)ဦးနှင့်ရင်းနှီးမြုပ်နှံမှူစာရင်းရှင်းလင်းဖျက်သိမ်းရေးကော်မတီ
အဖွဲ့ဝင်(၆)ဦးတို့မှကြီးကြပ်ကွပ်ကဲ၍ထုခွဲရောင်းချ
ပြီးမန်ဘာများကိုဆက်လက်ခွဲဝေပေးသွားမည်
ဖြစ်ပါသည်။
၅။Flower Group MDကျွန်တော်မင်းထက်လင်း
မှလည်း ယခုကဲ့သို့စိတ်ငြိုငြင်စရာများဖြစ်ပေါ်သွား
သည့်အတွက်မန်ဘာဝင်များအားအနူးအညွှတ်
တောင်းပန်အပ်ကြောင်းအသိပေးကြေငြာတင်ပြ
အပ်ပါသည်။