29/09/2021
ကဲ မင်မင်တို့တွေအာဟာရသိဒ္ဓိအောင်တဲ့ကျင့်စဥ်လေးတွေရှာပြီးကျင့်ကြတော့မလား 😔
ရန်ကုန် မိတ္တူစက္ကူ ဈေးကွက် ဒေါ်လာဂယက်ကြောင့် အရောင်းပိတ်ပြီ
#မိတ္ထူ
#ဒေါ်လာ
ရန်ကုန်မြို့ရှိ စာရေးကိရိယာလက်လီလက်ကားရောင်းတဲ့ ကုမ္ပဏီကြီးတွေမှာ မိတ္တူစက္ကူ အရောင်းပိတ် လိုက်ပြီလို့သိရပါတယ်။
နေ့စဥ်မြန်မာကျပ်ငွေတန်ဖိုး သိသိသာသာကျဆင်းနေတဲ့အခြေအနေနဲ့အညီ အရောင်းေစျး ဖွင့်ဖို့မလွယ်တဲ့အတွက် မနေ့ကစတင်ကာ အရောင်းပိတ်ထားတယ်လို့ ရန်ကုန်မြို့၊ကမ်းနားလမ်းရှိ Decoland ကုမ္ပဏီက ပြောပါတယ်။
‘Decoland ကထုတ်တဲ့ အပိုလို အမှတ်တံဆိပ်တွေကို မနေ့ကတည်းက အရောင်းပိတ်ထားလိုက်တယ်။ဘယ် နေ့အရောင်းပြန်ဖွင့်မလဲဆိုတာ အခုမပြောနိုင်သေးဘူး။ငွေဈေးကသိတဲ့အတိုင်းပဲ’လို့ Decoland ကုမ္ပဏီ ဝန်ထမ်းတစ်ဦးကပြောပါတယ်။
Decoland ကုမ္ပဏီဟာ ရန်ကုန်မြို့ရဲ့ စာရေးကိရိယာလက်ကားဖြန့်ချိနေတဲ့အကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်ပြီး ကျောင်းသုံး၊ရုံးသုံး စာရေးကိရိယာတွေကို အပိုလိုအမှတ်တံဆိပ်နဲ့ရောင်းချနေတာပါ။
မွန်ပြည်နယ်၊မော်လမြိုင်မြို့မှာရောင်းချနေတဲ့စာရေးကိရိယာဆိုင်ပိုင်ရှင်ကလည်း ရန်ကုန်မြို့ရှိ သူတို့ဝယ်ယူ နေတဲ့ စာရေးကိရိယာကုမ္ပဏီတိုင်းနီးပါးဟာ မနေ့ကစလို့ အရောင်းပိတ်ထားလိုက်ပြီးဖြစ်ပေမဲ့ ဖောက် သည်ကြီးတွေကိုတော့ မိတ်မပျက်စေရေးအတွက် ညှိနှိုင်းဈေးနဲ့ရောင်းချပေးနေတယ်လို့ဆိုပါတယ်။
‘ကျွန်မတို့လို ပစ္စည်းများများမှာတဲ့ ဖောက်သည်ရင်းတွေကိုတော့ အရောင်းပြတ်မှာစိုးလို့ လုပ်ပေးတဲ့သ ဘောပါ။ဒါတောင်မှ ကျွန်မဝယ်နေကျကုမ္ပဏီကြီးက တခြားစာရေးကိရိယာတွေမရောင်းပေးဘူး။A4စာရွက် ကိုပဲ ၁၀၀၀ကျော်လောက်ဈေးတက်ပြီး ရောင်းပေးတာ’လို့ သူကပြောပါတယ်။
စက်တင်ဘာ၂၇ရက်နေ့က အရွက်၅၀၀ပါ A4တစ်ထုပ်ရဲ့ ကုမ္ပဏီဖြန့်ဖောက်သည်ဈေးမှာ ကျပ်၄၈၀၀ ရှိခဲ့ပြီး ဒီနေ့စေ◌ျးမှာ ၅၉၀၀ကို ခုန်တက်သွားပါတယ်။၂၇ရက်က Legal စာရွက်ဈေး ၆၂၀၀ ရှိခဲ့ပြီး ဒီနေ့မှာတော့ ၇၄၀၀ဖြစ်သွားပြီလို့သိရပါတယ်။
လှိုင်မြို့နယ်အတွင်းရှိ စာရေးကိရိယာဆိုင်ပိုင်ရှင်က ‘စက္ကူတွေဝယ်မရတော့တာမနေ့ကတည်းက။ပစ္စည်းမရှိ တာတော့မဟုတ်ဘူး။ဒေါ်လာေစျးက အတက်ကြမ်းနေတော့ ကုမ္ပဏီတွေက ဘယ်လိုဈေးဖွင့်ရမှန်း မသိတော့တာ။စက္ကူမှမဟုတ်ဘူး။နိုင်ငံခြားကဝယ်တာမှန်သမျှ အကုန်တိုင်ပတ်နေကြတာ။တိုင်းပြည်ပျက်နေ ပြီဆိုတာ သက်သေပေါ့။’လို့ဆိုပါတယ်။