EDY- Item Guy

  • Home
  • EDY- Item Guy

EDY- Item Guy ဘာလိုလဲ ဘာရှာလဲ ဂေါင်ကြီးတို့ in game currency အကုန်ရတယ် Balabala

Eren က Tank တဲ့လား? Mikasa ကရော ဘာလို့ Clone တွေထွက်လာနေတာလဲ? 🤔AoT Collab ကို စောင့်နေတဲ့သူတွေ... Eren နဲ့ Mikasa ရဲ့ Sk...
25/04/2026

Eren က Tank တဲ့လား? Mikasa ကရော ဘာလို့ Clone တွေထွက်လာနေတာလဲ? 🤔

AoT Collab ကို စောင့်နေတဲ့သူတွေ...
Eren နဲ့ Mikasa ရဲ့ Skin Logic ကြီးကို သတိထားမိကြမှာပါ။

Eren က Attack Titan ပါဆိုမှ HoK က Tank skin ပေးလိုက်တာကတော့ Logic အတော်လွဲနေပါပြီ။

Eren Yeager ဆိုတာနဲ့ အားလုံးက ရှေ့ဆုံးကနေ တိုက်ခိုက်တာပဲ လိုချင်ကြတာပါ။

အခုတော့ HoK က Eren ကို Tank ဖြစ်တဲ့ Zhang Fei နေရာမှာ ထည့်ပေးလိုက်ပါတယ်။

Human form နဲ့တုန်းကလဲ သူများရိုက်တာခံရ ultသုံးပီး Titan ပြောင်းတော့လဲ ကိုယ့်ကောင်တွေကိုပြန်ကာပေးနေမဲ့ Gameplay က Eren ရဲ့ 'တိုက်ခိုက်မယ်' ဆိုတဲ့ စိတ်ဓာတ်နဲ့ လွဲနေသလိုပဲ။

Titan ဖြစ်သွားရင်တောင် တစ်ဖက်အသင်းကို အသေအကြေ လိုက်ရိုက်ရမဲ့အစား...

ကိုယ့်အသင်းသားတွေကို ကာကွယ်ပေးနေရတာက Anime ထဲက Eren နဲ့ မတူပဲကွဲပြားနေပါတယ်။

Mikasa ရဲ့ Speed ကို ပြဖို့ Jing ကို ရွေးတာ မှန်ပေမဲ့ Jing ရဲ့ Signature Skill ဖြစ်တဲ့ Mirror Image (Clone) က Mikasa ရဲ့ Identity ကို ပျောက်သွားစေပါတယ်။

Mikasa ရဲ့ 3D Maneuver Gear သုံးပြီး လွှဲတာက Jing ရဲ့ Ult ထက်စာရင် တစ်ခြား Hero တွေနဲ့ ပိုလိုက်ဖက်နိုင်ပါတယ်။

Han Xin ရဲ့ Ult က Levi ရဲ့ Signature Move ဖြစ်တဲ့ "Spinning Attack" ကို ဖော်ပြဖို့ ပိုအဆင်ပြေတဲ့အတွက် Levi skin ရမယ်ထင်ခဲ့တာပါ။

Allain က အရယူသွားပါတယ်။

ကျနော်အမြင်ပြောရရင်‌ေတော့ ဒီ event ကြီးက forced ဖြစ်လွန်းပါတယ်။

စက်မှုပညာလည်းမရှိ၊ မှော်စွမ်းအင်လည်းမပါဘဲ ဓားတစ်လက်တည်းနဲ့ အင်ပါယာကြီးကို တုန်လှုပ်စေခဲ့တဲ့ ဓားသမား...။ခိုင်ခံ့လှပါတယ်ဆိ...
23/04/2026

စက်မှုပညာလည်းမရှိ၊ မှော်စွမ်းအင်လည်းမပါဘဲ ဓားတစ်လက်တည်းနဲ့ အင်ပါယာကြီးကို တုန်လှုပ်စေခဲ့တဲ့ ဓားသမား...။

ခိုင်ခံ့လှပါတယ်ဆိုတဲ့ Chang’an(ချန်အန်)မြို့ရဲ့
Phoenix Gate တံခါးဝမှာ လူငယ်တစ်ယောက်ဟာ သူ့ရဲ့ ဓားရှည်ကိုသုံးပြီး ကျောက်သားပေါ်မှာ ကဗျာတစ်ပုဒ် ထွင်းထုခဲ့ပါတယ်။

"ငါ့နှလုံးသားဟာ ပြာလွင်တဲ့ မိုးကောင်းကင်ကို တောင့်တတယ်၊ တောက်ပတဲ့ လမင်းကြီးကိုလည်း ပွေ့ဖက်ချင်တယ်"

ဆိုတဲ့ စာသားတွေကြောင့် တစ်မြို့လုံး ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။

တရားသူကြီး Di Renjie (ဒီရင်ကျယ်) က သူ့ကို ဖမ်းဆီးဖို့ ကြိုးစားပေမဲ့ ဘုရင်မကြီးကိုယ်တိုင်က တားမြစ်ခဲ့ပြီး အဲ့ဒီကဗျာကိုပါ ထိန်းသိမ်းထားဖို့ အမိန့်ပေးခဲ့ပါတယ်။

အဲ့ဒီနေ့ကစပြီး Li Bai (လီပိုင်) ဆိုတဲ့ နာမည်ဟာ ချန်အန် မြို့မှာ ဟိန်းထွက်သွားခဲ့တာပါ။

လီပိုင်မှာ ဘာစက်မှုပညာ၊ ဘာမှော်စွမ်းအင်မှ မရှိပါဘူး။
သူဟာ သူ့ရဲ့ ဓားအတတ်နဲ့ ကိုယ်ပိုင်ပါရမီကိုပဲ အားကိုးပြီး အင်ပါယာရဲ့ အတော်ဆုံး ဓားဆရာ ဖြစ်လာခဲ့တာပါ။

သူဟာ ပြိုင်ဘက်တစ်ယောက်ကို အနိုင်ယူတိုင်း ကဗျာတစ်ပုဒ် ရေးစပ်လေ့ရှိပြီး နောက်ပိုင်းမှာ လူတွေဟာ လီပိုင်ရဲ့ ကဗျာတစ်ပုဒ်ထဲမှာ ဖော်ပြခွင့်ရဖို့အတွက် သူ့လက်ချက်နဲ့ အရှုံးပေးချင်ကြတဲ့အထိ နာမည်ကျော်ကြားခဲ့ပါတယ်။

သူ့ရဲ့ နာမည်ကျော်ကြားမှု အထွတ်အထိပ်‌ေရာက်ချိန်မှာ မွေးရပ်မြေ Alsahraa (အယ်လ်ဆာရာ) ကို ပြန်သွားခဲ့ချိန်...

ငယ်ငယ်က ဆော့ကစားခဲ့တဲ့ စည်ကားတဲ့မြို့လေးဟာ သဲကန္တာရအောက်မှာ ပျောက်ကွယ်နေတာကို တွေ့လိုက်ရတဲ့အခါ လီပိုင်ရဲ့ ဒေါသက ပေါက်ကွဲသွားပါတော့တယ်။

သူ့ရဲ့ ပျက်စီးသွားတဲ့ မွေးရပ်မြေအတွက် တရားမျှတမှု ရှာဖွေဖို့ ချန်အန်နန်းတော်ကို ဓားတစ်လက်နဲ့ တစ်ကိုယ်တော် ဝင်စီးခဲ့ပါတယ်။

သာမန်လူတစ်ယောက်က မြို့တော်ကြီးကို ခြိမ်းခြောက်နိုင်ခဲ့တာ ဒါဟာ ပထမဆုံးအကြိမ်ပါပဲ။

နန်းတော်ထဲမှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ ဘယ်သူမှ မသိကြပေမဲ့ လီပိုင်ဟာ ချန်အန်ကနေ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

သူဟာ နှိမ့်ချမှုကို သင်ယူခဲ့ပြီး သူ့ရဲ့ အထီးကျန်တဲ့ ခရီးစဉ်မှာ ဘဝရဲ့ အဓိပ္ပာယ်အသစ်ကို ရှာဖွေခဲ့ပါတယ်။

လူတွေက သူသေပြီလို့ ထင်နေကြပေမဲ့ ဒီရင်ကျယ်ကတော့ သိနေပါတယ်။

လီပိုင် တစ်ကျော့ပြန် ရောက်လာတဲ့နေ့မှာ ချန်အန် မြို့တော်ကြီး တစ်ခုလုံးကို တုန်လှုပ်စေမယ့် လှိုင်းဂယက်တွေ ထပ်ဖြစ်လာဦးမယ်ဆိုတာကိုပေါ့...။

"မိုးကောင်းကင်က ဆင်းသက်လာတဲ့ မြစ်ရေပြင်ဓားအလင်း..."

အဖြူရောင် ဝတ်စုံနဲ့ ဓားသမား လီပိုင်ဟာ ချန်အန်မြို့ကို တစ်ကျော့ပြန် ရောက်ရှိလာပါပြီ။

ဒီတစ်ခါရော ချန်အန်မြို့ကြီး ဘယ်လိုများ တုန်လှုပ်သွားဦးမလဲ?

အဖေက Liu Bei၊ ဆရာက Kongming... ဒါပေမဲ့ သူတို့ကို ကျော်တက်ဖို့ ကြိုးစားနေတဲ့ ပါရမီရှင်လေး Liu Shan အရှေ့တိုင်းရဲ့ စက်မှုအ...
21/04/2026

အဖေက Liu Bei၊ ဆရာက Kongming... ဒါပေမဲ့ သူတို့ကို ကျော်တက်ဖို့ ကြိုးစားနေတဲ့ ပါရမီရှင်လေး Liu Shan

အရှေ့တိုင်းရဲ့ စက်မှုအတတ်ပညာတွေ ထွန်းကားတဲ့ Yi မြို့တော်မှာ Liu Shan ကို မွေးဖွားခဲ့ပါတယ်။

သူ့ရဲ့အဖေက အုပ်ချုပ်သူ Liu Bei ဖြစ်ပြီး သူ့ရဲ့ဆရာကတော့ နာမည်ကျော် မဟာဗျူဟာရှင် Kongming (Zhuge Liang) ဖြစ်ပါတယ်။

ထိပ်တန်းလူတော်တွေကြားမှာ ကြီးပြင်းလာရတဲ့ Liu Shan အတွက် အကြီးမားဆုံး စိုးရိမ်ပူပန်မှုက "သူ့အဖေနဲ့ သူ့ဆရာထက် ပိုတော်ကြောင်း ဘယ်လိုသက်သေပြမလဲ" ဆိုတာပါပဲ။

#ငယ်စဉ်ကတည်းကဆိုးပေတေခဲ့တဲ့ပါရမီရှင်လေးLiuShan

Liu Shan ရဲ့ ပါရမီက ငယ်ငယ်ကတည်းက သိသာခဲ့ပါတယ်။
အသက် ၇ နှစ်အရွယ်မှာ သူတီထွင်ထားတဲ့ သစ်သားနွားလှည်း နဲ့ အိမ် ၃ လုံးနဲ့ ဝက်ခြံ ၁ ခုကို ဝင်တိုက်ပြီး ဖျက်ဆီး
ပစ်ခဲ့မိပါတယ်။

ဒါက လူသေစေနိုင်တဲ့ စက်ယန္တရားလက်နက်တွေ လုပ်လို့ရတယ်ဆိုတာကို သူစတင်နားလည်လိုက်တာပါ။

အသက် ၈ နှစ် အရွယ်မှာ စစ်မြေပြင်မှာ
ရိက္ခာပို့လှည်းမောင်းသမားအဖြစ် လိုက်ပါရင်း မြစ်ထဲကို ကောက်ရိုးထုပ်တွေ ပစ်ချပြီး လမ်းကြောင်းသစ်ဖော်ပေးခဲ့လို့
စစ်ပွဲကို အနိုင်ရစေခဲ့ပါတယ်။

အသက် ၁၀ နှစ်အရွယ်မှာ‌ လှည်းမောင်းဘဝကို အားမရတော့ဘဲ ဖျက်အားပြင်းတဲ့ "Panda Mech" စက်ရုပ်ကြီးကို ကိုယ်တိုင်ဒီဇိုင်းထွင်ပြီး တည်ဆောက်ခဲ့ပါတယ်။

သူ့ရဲ့ စက်ရုပ်ကြီးကို အဆင့်မြှင့်တင်ပြီးနောက်
"M-1" လို့ နာမည်ပေးခဲ့ပါတယ်။

အသက် ၁၂ နှစ်အရွယ်မှာတော့ သူ့ရဲ့အရည်အချင်းကို စမ်းသပ်ဖို့အတွက် အိမ်ကနေ ခိုးထွက်ပြီး စက်မှုပညာနဲ့ မှော်ပညာ အထွန်းကားဆုံး
Jixia Academy က ပညာရှိ (၃) ပါးကို သွားရောက်စိန်ခေါ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ စစ်ပွဲတွေကြောင့် သူ့ရဲ့ အစီအစဉ်တွေ ပြောင်းလဲသွားခဲ့ပါတယ်။ Red Cliffs စစ်ပွဲကြီးဖြစ်လာချိန်မှာတော့ Liu Shan က တစ်ဦးတစ်ယောက်ရဲ့ ဆက်ခံသူအဖြစ်ပဲ နေရတာဟာ သူရဲ့ကမ္ဘာကြီးအတွက် သေးငယ်လွန်းတယ်လို့ ခံစားလိုက်ရပါတယ်။ သူက သူ့ရဲ့ စက်မှုပညာကို သုံးပြီး ဒီစစ်ပွဲကြီးမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

"တစ်ကမ္ဘာလုံးက ငါ့ရဲ့ ပါရမီရှင်ဆန်တဲ့ စွမ်းအားအောက်မှာ ဒူးထောက်စေရမယ်!"

ဒါကတော့ သူ့ကိုယ်သူ သက်သေပြဖို့ တိုက်ပွဲဝင်လာတဲ့ Liu Shan ရဲ့ ကြွေးကြော်သံဖြစ်ပါတယ်။


Anime လောကရဲ့ Legend တစ်ခုဖြစ်တဲ့ Attack on Titan (AoT) နဲ့ Honor of Kings တို့ ပူးပေါင်းလိုက်တဲ့ ဒီပွဲကတော့ လက်ရှိမှာ အ...
19/04/2026

Anime လောကရဲ့ Legend တစ်ခုဖြစ်တဲ့ Attack on Titan (AoT) နဲ့ Honor of Kings တို့ ပူးပေါင်းလိုက်တဲ့ ဒီပွဲကတော့ လက်ရှိမှာ အစောင့်မျှော်ရဆုံး Event တစ်ခု ဖြစ်နေပါပြီ။

ဒီ Collab ရဲ့ အဓိက အပိုင်းကတော့ Character တွေရဲ့ Skin တွေပဲ ဖြစ်ပါတယ်။

Allain ရဲ့ ဓားနှစ်လက် အသုံးပြုပုံက Eren ရဲ့ ODM gear နဲ့ အတိုက်ဆိုင်ဆုံးမလို့ Eren Yeager Skin ဖြစ်လာနိုင်ပါတယ်။

Skill သုံးတဲ့အခါမှာ Founding Titan ရဲ့ အရိပ်အယောင်တွေ ပါဝင်လာမလားဆိုတာကတော့စိတ်၀င်စားဖို့ကောင်းနေပါတယ်။

မြန်ဆန်သွက်လက်တဲ့ Butterfly အတွက် Mikasa skin ကတော့ အလိုက်ဖက်ဆုံးပါ။

ODM Gear သုံးပြီး ရန်သူတွေကို ပတ်ချာလည် ခုတ်မယ့် Effect တွေက AoT Fan တွေရဲ့ အသည်းစွဲ ဖြစ်လာမှာ သေချာပါတယ်။

အားလုံးက Captain Levi ကိုလည်း မျှော်လင့်နေကြပါတယ်။ Assassin hero တစ်ကောင်ကောင်မှာ Levi ရဲ့ "Spinning Slash" တွေနဲ့ မြင်တွေ့ရဖို့ အလားအလာ အများကြီး ရှိပါတယ်။

Battlefield & Theme တို့ရဲ့ထူးခြားတဲ့ အပြောင်းအလဲများလဲရှိနိုင်ပါသေးတယ်။

Event ကာလအတွင်းမှာ Game ထဲက Crystal တွေ၊ Tower တွေတင်မကဘဲ အသံပိုင်းဆိုင်ရာ (Voice line) တွေမှာပါ Eren နဲ့ Mikasa တို့ရဲ့ အသံတွေကို ကြားရဖို့ ရှိပါတယ်။
အထူးသဖြင့် "Shinzo wo Sasageyo!" ဆိုတဲ့ voice lineပါ။
ကြားရုံနဲ့တင်ကြက်သီးတွေထနေမှာ အသေချာပါပဲ။

ဒီEvent မှာ Skin တွေအပြင် free ရနိုင်မယ့် Reward တွေလည်း ရှိပါသေးတယ်။
Wings of Freedom Avatar Frame & Trail effect တွေအပြင်
Eren ရဲ့ စိတ်ဓာတ်ပြင်းထန်တဲ့ ပုံစံနဲ့ Mikasa ရဲ့ တည်ငြိမ်တဲ့ ပုံစံ Emote လေးတွေ ပါဝင်လာဖို့ ရှိပါတယ်။

သတင်းတွေအရ ဧပြီလကုန် ဒါမှမဟုတ် မေလဆန်း လောက်မှာ Global server ထဲကို ရောက်လာမှာပါ။
Limited Time Event ဖြစ်လို့ အချိန်မီ Token တွေ စုထားဖို့ အကြံပေးချင်ပါတယ်။

ကဲ... ညိုကီတို့ရေ Scout Regiment အဖွဲ့ဝင်တွေအနေနဲ့ Battlefield ထဲမှာ Titan တွေနဲ့ ရင်ဆိုင်ဖို့ အသင့်ဖြစ်ပြီလား?

အ၀ယ်ပါဗျာ ‌အချိန်နဲ့အမျှ ဈေးအပြောင်းအလဲရှိနေတာကြောင့် မရောင်းခင်ဈေးမေးပေးပါ
04/10/2024

အ၀ယ်ပါဗျာ ‌အချိန်နဲ့အမျှ ဈေးအပြောင်းအလဲရှိနေတာကြောင့် မရောင်းခင်ဈေးမေးပေးပါ

01/09/2024

Crypto mining ကို telegram ပွားပြီး mine မည့်သူများအတွက် အဆင်ပြေတဲ့ app လေးပါ ကြိုက်သလောက်ပွားလို့ရပါတယ် 1 month - 10000...
29/08/2024

Crypto mining ကို telegram ပွားပြီး mine မည့်သူများအတွက် အဆင်ပြေတဲ့ app လေးပါ ကြိုက်သလောက်ပွားလို့ရပါတယ်

1 month - 10000mmk ပဲကျပါမယ်

28/08/2024

Token 250နဲ့ရလိုက်တယ်ဗျာ ထင်မထား ဘူး

ညိုကီတို့ကော ဘာရကြလဲ

🔥Diamond ကနေ Grandmaster ထိ service အပ်ထားတဲ့အကောင့်လေးကို 2ရက်အတွင်း grand အရောက် boostပေးထားတာပါ 🔥✨ညိုကီတို့ဆော့ဖို့အခ...
21/08/2024

🔥Diamond ကနေ Grandmaster ထိ service အပ်ထားတဲ့အကောင့်လေးကို 2ရက်အတွင်း grand အရောက် boostပေးထားတာပါ 🔥

✨ညိုကီတို့ဆော့ဖို့အချိန်မရလို့ပဲဖြစ်ဖြစ် public တွေနဲ့မရုန်းနိုင်လို့ပဲဖြစ်ဖြစ် season မကုန်ခင်လသူများတွေလို profile အလှလေးဖြစ်ချင်ရင် service လာအပ်လို့ရပါတယ်ဗျ ✨

Token ဈေးသက်"သာ"၀ယ်ချင်သူများအတွက်Token တွေကို in-game ကနေ၀ယ်ပေးပါတယ်ဗျပြထားတဲ့ဈေးအတိုင်းပါပဲဗျ service ‌ခ တော့ရှိပါတယ် ...
21/08/2024

Token ဈေးသက်"သာ"၀ယ်ချင်သူများအတွက်

Token တွေကို in-game ကနေ၀ယ်ပေးပါတယ်ဗျ
ပြထားတဲ့ဈေးအတိုင်းပါပဲဗျ
service ‌ခ တော့ရှိပါတယ်

Token 800အောက်ဆို 3000ယူပါတယ်
Token 800အထက်ဆို 5000ယူပါတယ်

ပုံကတော့ ယုံ"ကြည်"နဲ့ service အပ်သွားတဲ့ customer တယောက်ရဲ့ပုံပါ

Address


Alerts

Be the first to know and let us send you an email when EDY- Item Guy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Shop?

Share