Myanmar’s Spring Revolution『MSR』

Myanmar’s Spring Revolution『MSR』 တော်လှန်းရေးသည်? MSR is An independent Myanmar News Agency founded since 2009 and delivering general news. Do not allow to copy without permission from MSLTVN.

MSR Agency is an independent multimedia news service and web – based source of daily news. It aims to create a more open media environment and facilitate access to information for concerned Myanmar citizens and focus on commitment to the highest standards of objective, accurate journalism. It is founded since 1st January 2010 and covering events and issues that are neglected by mainstream media.

♦️စနစ်တကျ ကြိုတင်စီစဉ်ခဲ့တဲ့ ရိုဟင်ဂျာ ဂျီနိုဆိုက် (အစမှအဆုံးထိဖတ်ပါ)<♦️"Well Planned road to The Rohingya Genocide"▪️ရိ...
22/01/2026

♦️စနစ်တကျ ကြိုတင်စီစဉ်ခဲ့တဲ့ ရိုဟင်ဂျာ ဂျီနိုဆိုက် (အစမှအဆုံးထိဖတ်ပါ)
<
♦️"Well Planned road to The Rohingya Genocide"

▪️ရိုဟင်ဂျာပြဿနာအကြောင်းကို မပြောခင် ကျွန်တော်တို့ ဆယ်စုနှစ် တစ်ခုလောက် နောက်ပြန်ဆုတ်လိုက်ရအောင်။

၂၀၁၀ ရွေးကောက်ပွဲမှာ ဦးသိန်းစိန် အရပ်ဘက်ပြောင်းပြီး သမ္မတတက်လုပ်တယ်။ ဦးသိန်းစိန် သမ္မတ ဖြစ်ပြီးတဲ့အခါမှာ အရင်ဆုံး ရင်ဆိုင်ရတာက မြစ်ဆုံကိစ္စ။

ဒီမိုကရေစီအော်ပြီး တက်လာတော့ မြစ်ဆုံကိစ္စကို လူထုက လက်မခံတဲ့အခါ မြစ်ဆုံပြဿနာက သူတို့အတွက် ကြီးမားတဲ့ အခက်အခဲ တစ်ခုဖြစ်လာတာပေါ့။

ရိုဟင်ဂျာကိစ္စဆိုပြီး မြစ်ဆုံက ဘာလို့ အဆက်အစပ် မရှိပဲ ပါလာတာလဲ ဆိုပြီးတော့ စိတ်ညစ်မသွားနဲ့ဦး။

ကဲ...ဆက်ပြောရအောင်။

မြစ်ဆုံ ကိစ္စက ရွှေဝါရောင်တော်လှန်ရေးပြီးတဲ့နောက်ပိုင်း ဦးသန်းရွှေလက်ထက် ၂၀၀၈ လောက်ကတည်းက မြစ်ဆုံရေကာတာ စီမံကိန်းဆိုပြီး စခဲ့တာ။

၂၀၀၉ တုန်းက ကချင်ပြည်နယ်မှာ မြစ်ဆုံရေကာတာနဲ့ ပတ်သတ်ပြီး ဒေသခံတွေ ဆုတောင်းပွဲ စခဲ့တယ်။ ဦးသိန်းစိန် တက်လာပြီး ၂၀၁၀/၂၀၁၁ မှာတော့ ကချင်ပြည်နယ်မှာ ကျောင်းသားတွေဦးဆောင်ပြီး ဆန္ဒပြပွဲတွေ စတင်ပေါ်ပေါက်ခဲ့တယ်။ နောက် ဗုံး ၄ လုံး ကွဲလို့ မြစ်ဆုံအနီးအနားက ဒေသခံတွေကို ဖမ်းဆီး စစ်ဆေး မေးမြန်းတာတွေ ပြုလုပ်ခဲ့သေးတယ်။

တောင်တန်းဒေသက ပြဿနာဟာ ၂၀၁၁/၂၀၁၂ မှ ပြည်မဘက်မှာ အသံတွေထွက်လာကြတယ်။ အဲ့ဒီ့နောက်ပိုင်းမှာ ပြည်မဘက်က ပြည်သူအချို့ မြစ်ဆုံကန့်ကွက်ပွဲ ဆိုပြီး လမ်းပေါ်ထွက် ဆန္ဒပြတဲ့ အထိဖြစ်လာတယ်။

အဲ့ဒီ့အခါမှာတော့ မြစ်ဆုံကိစ္စကို တဖန် ပြန်စဉ်းစားမယ်။ ခေတ္တရပ်တန့်ထားမယ်ဆိုပြီး အသံထွက်လာတယ်။ ခေတ္တရပ်တန့်ထားမယ်ပြောပေမဲ့ တစ်ဖက်မှာက စာချုပ်ချုပ်ပြီးတာ ၂၀၀၈/၂၀၀၉ လောက်ကတည်းကပဲ။

ဇာတ်လမ်းက အခုမှ စမှာ။ ( ပုံ-၁)

မြစ်ဆုံကိစ္စ လူပြောများနေတုန်း မကြာဘူး။ ထောင်ထဲက လူတစ်ယောက်လွတ်လာတယ်။

နာမည်က "ဝင်းခိုင်ဦး"

ဝင်းခိုင်ဦးက ၂၀၀၁ မှာ ၉၆၉ လှုပ်ရှားမှုကို စတင်ခဲ့ပြီး ကျောက်ဆည်မှာ လူမျိုးရေး အဓိကရုန်းဖြစ်အောင် လှုံ့ဆော်ခဲ့မှုတွေကြောင့် ၂၀၀၃ မှာ ဖမ်းခံရပြီး ထောင်ဒဏ် ၂၅နှစ် ကျခံခဲ့ရတယ်။

၂၀၀၄ မှာတော့ ခင်ညွန့်အဖမ်းခံရပြီး ထောက်လှမ်းရေး အဖွဲ့လည်းဖျက်သိမ်းခံခဲ့ရတယ်။

ဆက်နွယ်မှုကို မသိရပေမဲ့ ထူးခြားတာက ဦးခင်ညွန့်ရော ဝင်းခိုင်ဦးရော နှစ်ယောက်စလုံးဟာ ၂၀၁၂ ဇန်နဝါရီ ၁၃ ရက်နေ့မှာ နှစ်ရှည်ပြစ်ဒဏ်ကနေ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ လွတ်မြောက်လာခဲ့တယ်။

ဝင်းခိုင်ဦးက ထောင်ကလွတ်တာနဲ့ ဝီရသူဆိုတဲ့ အမည်နဲ့ပဲ ဦးဇင်းပြန်ဝတ်ပြီး ဟောပြောပွဲတွေ စတင်လာခဲ့တယ်။

မြစ်ဆုံကိစ္စ လူပြောများပြီး ထင်ကြေးအမျိုးမျိုးပေးနေတဲ့ အချိန်မှာပဲ ဝီရသူရဲ့ လူမျိုးရေးခွဲခြားတဲ့ တရားတွေဟာ တစ်နိုင်ငံလုံး ပျံ့နှံ့လာခဲ့တယ်။ မြစ်ဆုံသတင်းဟာ ဝီရသူရဲ့ Hate Speech တွေအောက် ဖုံးအုပ်သွားခဲ့ပြီး တစ်နိုင်ငံလုံးဟာ Racist အတွေးအခေါ်တွေ ရိုက်နှိပ်ခံခဲ့ရတယ်။ ဝီရသူဟာ ပြည်တွင်းနေ မွတ်ဆလင်တွေကို Boycott လုပ်ဖို့နဲ့ ခွဲခြားဆက်ဆံဖို့ စတဲ့ တရားတွေကို ကျယ်ကျယ် ပြန့်ပြန့် ဟောလာခဲ့တယ်။ မွတ်ဆလင်တွေ ဆိုင်တွေမှာ စျေးမဝယ်ဖို့ ၊ စီးပွားအတူတွဲမလုပ်ဖို့အပြင် လူမျိုးရေး Psywar တွေ ရိုက်ထည့်ခဲ့တယ်။

အရယ်ရဆုံး Psywar တစ်ခုကတော့ 786 ဆိုတဲ့ Islam ကိုယ်စားပြု ဂဏန်းဟာ သုံးခုပေါင်း 21 ရလို့ ၂၁ ရာစုမှာ Islam တွေဟာ မြန်မာပြည်ကို သိမ်းပိုက်မယ်ဆိုပြီး Psywar ထည့်ခဲ့တာပဲ။ ရယ်ရပေမဲ့ အဲ့ဒီ့ Psywar က အောင်မြင်တယ်လို့ ပြောရမယ်။ ဘာကြောင့်လည်းဆိုတော့ အဲ့ဒီ့ Psywar ကို မြန်မာ တစ်နိုင်ငံလုံး လူအများက ယုံကြည်ကြတယ်။

ဝီရသူထည့်တဲ့ Psywar တွေရဲ့ Effect တွေက ဘယ်လောက်တောင် ထိရောက်ခဲ့သလည်းဆို ပြည်တွင်းနေမွတ်ဆလင်တွေကို အိမ်မဌားတာမျိုး အလုပ်မခန့်တာမျိုးတွေအပြင် ''ကုလားမဝင်ရ" ဆိုတဲ့ ကျေးရွာတွေပါ ပေါ်ပေါက်လာခဲ့တယ်။ (ပုံ-၂)
မြန်မာလူမျိုးအများစုက မွတ်ဆလင်ဆို ရန်သူလို့ မြင်လာတဲ့အထိပါပဲ။

မြန်မာမွတ်ဆလင်တွေရဲ့ အခက်ခဲဆုံး နှစ်တွေပေါ့။ ပညာ ဘယ်လောက်ပဲ တတ်တတ် CV form က Religious မှာ Islam ဆိုတာနဲ့ Reject လုပ်ခံရတဲ့ အထိပဲ။

ဝီရသူဟာ ၉၆၉ လှုပ်ရှားမှုကတစ်ဆင့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးဆိုတဲ့ မဘသ အဖွဲ့အစည်းကို ရဟန်းသံဃာအပြင် လက်ရှိ သခင်ကြီးလို့ သရော်နေကြတဲ့ ဝင်းကိုကိုလတ်တို့လို Racism တွေနဲ့ ဖွဲ့စည်းပြီး လူမျိုးရေးခွဲခြားမှုကို အရှိန်မြင့် လုပ်ဆောင်ခဲ့တယ်။

တကယ်တော့ လူမျိုးရေးခွဲခြားမှုဆိုတာ သံမှိုတစ်ချောင်းလိုပဲ အဆုံးထိရိုက်ပြီးရင် ပြန်နှုတ်ရခက်တဲ့။ အဲ့ဒီ့ သံမှိုကို ဝီရသူတို့လို လူတစ်စုက တစ်နိုင်ငံလုံးကို ရိုက်သွင်းခဲ့ကြတယ်။

ပြီးတော့ ရိုဟင်ဂျာကို စတင်မိတ်ဆက်ပေးခဲ့တယ်။

မြန်မာလူမျိုးအများစုက တိုင်းရင်းသားလို့ ဆိုလိုက်ရင် (၈) မျိုးပဲ ရှိတယ်လို့ တရားသေ သတ်မှတ်ထားကြတဲ့ လူမျိုးစု တိုင်းရင်းသားဆို ကချင် ကယား ကရင် ချင်း ဗမာ မွန် ရခိုင် ရှမ်း ကလွဲလို့ အခြားမသိကြတဲ့ လူမျိုးတွေကို ရိုဟင်ဂျာနဲ့ မိတ်ဆက်ပေးရတာ ခက်ခဲလှတဲ့ အလုပ်တော့ မဟုတ်ဘူး။

ရိုဟင်ဂျာ မပြောနဲ့ ကဒူးလူမျိုးဟာ ခိုးဝင်ပါ ၊ ကနန်းလူမျိုးဟာ ခိုးဝင်ပါ ၊ ဖွန်းလူမျိုးနဲ့ ရဘိန်းလူမျိုးဟာ ခိုးဝင်ပါဆိုပြီး ပြောကြလည်း ယုံကြမှာ အဆန်းမဟုတ်ဘူး။ (ပုံ-၃)

ဘာကြောင့်လည်းဆိုတော့ ဗမာတွေကိုယ်တိုင် ဗမာလူမျိုးမှာ ဗမာ ၊ ထားဝယ် ၊ မြိတ် ၊ ယော ၊ ရဘိန်း ၊ ကဒူး ၊ ကနန်း ၊ ဆလုံ ၊ ဖွန်း(ဖုန်း) ဆိုပြီး ၉ မျိုးထပ်ကွဲတာကိုလည်း မသိကြလို့ပဲ။ တိုင်းရင်းသားတွေထဲမှာ ဗမာတောင် လူမျိုး ၉ မျိုးခွဲရှိတာ။ ကျန်တဲ့ တိုင်းရင်းသားတွေဆိုရင် ဘယ်လောက်တောင် လူမျိုးကွဲများမလည်း စဉ်းစားစရာမလိုဘူး။

ကိုယ်မကြားဖူးတဲ့ တိုင်းရင်းသား လူနည်းစု တစ်စုကို ခိုးဝင်လို့ စွပ်စွဲတာနဲ့ လူအများစုက ယုံကြည်လိုက်ခံလိုက်တယ်။ အဲ့ဒီ့လူနည်းစုက ဘာအထောက်အထားနဲ့ ရှင်းပြ ရှင်းပြ လူအများစု သူတို့ လက်ခံပြီး ဆုံးဖြတ်ချက်ချလိုက်ပြီဆိုတာနဲ့ ပြန်မပြင်ကြတော့ဘူး။

အဲ့ဒါကပြဿနာပဲ။

ဝီရသူနဲ့ မဘသရဲ့ လှုံ့ဆော်မှုတွေကြောင့် တိုင်းပြည်ရဲ့ လူမျိုးရေး ဘာသာရေးဟာ ပေါက်ကွဲခါနီး ဗုံးတစ်လုံး ဖြစ်နေပြီး ပေါက်ကွဲထွက်လာကြဖို့ မီးစလေး တစ်စပဲ လိုတော့တဲ့ အချိန်အထိ ရောက်လာတယ်။

နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာ မရှိပဲ ဖန်တီးလုပ်ယူရတယ်ဆိုတဲ့ စကားက သိပ်မှန်တယ်။

ဘာကြောင့်လည်းဆိုတော့ ကျောက်နီမှော်ကျေးရွာက မသီတာထွေးအမှုဟာ ပေါက်ကွဲထွက်တော့မဲ့ ဗုံးတစ်လုံးရဲ့ မီးစတစ်စ ဖြစ်လာခဲ့တယ်။ကျောက်မှော်ကျေးရွာက မသီတာထွေးဟာ မုဒိန်းကျင့် အသတ်ခံရပါတယ်ဆိုတဲ့ သတင်းဟာ တစ်နိုင်ငံလုံး ခပ်မြန်မြန် ပျံ့သွားခဲ့တယ်။ အဲ့သတင်းရဲ့ နောက်ဆက်တွဲက ပြစ်မှုကျူးလွန်သူတွေဟာ ရိုဟင်ဂျာ သုံးယောက်ဖြစ်တယ်ဆိုတာ တွဲပါလာခဲ့တယ်။

တိကျတဲ့ သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံ မရှိပေမဲ့ ရိုဟင်ဂျာ သုံးယောက်ကို တရားခံ အဖြစ် ဖမ်းဆီးခဲ့ပြီး သူတို့ သုံးယောက်ကို ပြည်သူတွေက ထုတ်ပေးဖို့ တောင်းဆိုတယ်ဆိုပြီး လူအုပ်က ရဲစခန်းကို လာဝိုင်းတာမျိုး ဖြစ်ခဲ့တယ်။ အဲ့ဒီ့ ရိုဟင်ဂျာ သုံးယောက်ကလည်း သူတို့လုပ်တာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပေမဲ့ တစ်ယောက်ကတော့ ထောင်ထဲမှာ သတ်သေသွားတယ်။ ကျန်နှစ်ယောက်ကတော့ သေဒဏ်ကျသွားတယ်။

အဲ့ဒီ့အမှုကြောင့်နဲ့ ပထမဆုံး ဒေါသထွက်နေတဲ့ လူအုပ်ကြီးဟာ တောင်ကုတ်မှာ ပေါ်လာခဲ့တယ်။

ပြီးတော့ ခရီးသည်တင်ယာဉ်တစ်စီးကို ပိတ်တားပြီး ကားပေါ်မှာ ပါလာတဲ့ မွတ်ဆလင် ၁၀ ဦးကို လူ ၃၀၀ လောက်က တစ်စစီ ခုတ်သတ်ခဲ့တယ်။ (ပုံ-၄)
အဲ့ဒီ့ အသတ်ခံလိုက်ရတဲ့ မွတ်ဆလင် ၁၀ ယောက်က ရိုဟင်ဂျာတွေ မဟုတ်တဲ့အပြင် သာမန် ဘာသာရေး ဘုရားဖူးထွက်ကြတဲ့ မြန်မာ-မွတ်ဆလင်တွေ ဖြစ်နေတယ်။

အဲ့ဒီ့ သတင်းကို နိုင်ငံပိုင် သတင်းစာကနေ ''ကုလား ၁၀ ယောက်" လို့ သုံးနှုန်းပြီး ထုတ်ပြန်ခဲ့တယ်။

အဲ့ဒီ့ သတင်းကြောင့်ကော ဘာမှမဆိုင်ပဲ အသတ်ခံလိုက်ရတဲ့ ဆယ်ယောက်အတွက်ကော တရားမျှတမှု ပြန်ရဖို့ ရန်ကုန် မြို့လယ်ခေါင်မှာ ပြည်မက မြန်မာမွတ်ဆလင်တွေ ဆန္ဒပြခဲ့ကြတယ်။

အဲ့ဒီ့ကိစ္စတွေကို အကြောင်းပြုပြီး ၂၀၁၂ ခုနှစ် ၅ လပိုင်း အကုန် ၆ လပိုင်း အစလောက်မှာ ရိုဟင်ဂျာတွေက ရခိုင်ရွာ တစ်ခုကို တုတ် ဓား လက်နက်တွေနဲ့ စတင် တိုက်ခိုက်တယ်။ အဲ့ဒါကို ရခိုင်တွေကလည်း တုတ် ဓား လက်နက်တွေနဲ့ ပြန်တိုက်တယ်။

လူမျိုးစု နှစ်ဖက်ကြားမှာ ကလဲ့စားတွေ ကြီးထွားလာပြီး မီးများမီးနိုင် ရေများရေနိုင်ဆိုသလို ရိုဟင်ဂျာတွေ များတဲ့နေရာက ရိုဟင်ဂျာတွေအားကောင်းပြီး ရခိုင်တွေများတဲ့နေရာက ရခိုင်တွေအားကောင်းကြတယ်။ အဲ့ဒီ့မှာ စစ်တပ်က ရခိုင်မှာ မာရှယ်လောထုတ်ပြီး သွားထိန်းကြတယ်။ ရိုဟင်ဂျာနဲ့ ရခိုင်တွေကို သပ်သပ်စီ ခွဲထုတ်လိုက်တယ်။

နှစ်ဖက်စလုံးပေါင်းရင် အိမ်ခြေ တစ်သိန်းနီးပါး ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၂ သိန်းလောက်ဟာ ဒုက္ခသည်ဖြစ်သွားတယ်။ ဒီအရေးအခင်းကြောင့် ရိုဟင်ဂျာတွေ Lockdown ကျသွားပြီး ပြည်မက ဗမာတွေလည်း ဘာသာရေး သံမှို ပိုစွဲသွားကြတယ်။

မွတ်ဆလင်ဆိုရင် မုန်းတီးရမယ်။

နိုင်ငံသားဖြစ်ခွင့်မရှိဘူးဆိုတဲ့ အတွေးဟာ ပြန့််သွားကြတယ်။ ဒါက ဝီရသူတို့အတွက် လိုအပ်ရင် ထမွှေးနိုင်တဲ့ အခွင့်ရေးတစ်ခု ဖြစ်လာတယ်။

ရခိုင် ဘာသာရေး အဓိကရုန်းကို အကြောင်းပြုပြီး ရိုဟင်ဂျာတွေဟာ မြန်မာ နိုင်ငံသားမဟုတ်ပဲ ဘင်္ဂလားဒေ့ကနေ ခိုးဝင်နေထိုင်တဲ့ ဘင်္ဂါလီ (ဘင်္ဂလားနိုင်ငံသား) တွေသာ ဖြစ်တယ်လို့ ဒုတိယအကြိမ် ဝါဒထပ်ဖြန့်တယ်။ တကယ်တော့ ပြည်မက မြန်မာ မွတ်ဆလင် ထက်ဝက်လောက်ကိုက ဟိုးအရင်ကတည်းက မှတ်ပုံတင်ထဲမှာကို ဘင်္ဂါလီဆိုပြီး ပါကြတယ်။ လူမျိုးနေရာမှာ ဘင်္ဂါလီ+အိန္ဒိယ+ဗမာ..... အဲ့လိုမျိုး အရှည်ကြီးတွေ ပါကြတယ်။ ဘာကြောင့်လည်းဆိုတော့ မြန်မာမွတ်ဆလင် အားလုံးက ကပြားတွေချည်းပဲ။ တစ်မျိုးမဟုတ် တစ်မျိုး ဆက်စပ်ကြတယ်။

ဘင်္ဂါလီတွေဟာ ခိုးဝင်တွေပါဆိုတဲ့ Psywar ကြီး ထပြန့်တော့ ပြည်တွင်း မြန်မာမွတ်ဆလင်ပါမကျန် တစ်နိုင်ငံလုံးက မွတ်ဆလင်လူထု ထက်ဝက်ကျော်လောက်က ခိုးဝင်လိုလို ဘာလိုလို ဖြစ်သွားကြတယ်။

ရခိုင်အရေးအခင်းကြီးပြီးတော့ ပိုပြီး လှုပ်ရှားမှု အားကောင်းလာတဲ့ ဝီရသူတို့ အုပ်စုဟာ ဘာသာရေးကတစ်ဆင့် နိုင်ငံရေးမှာပါ နွယ်လာကြတယ်။ ဘာသာရေးကိုအကြောင်းပြပြီး လူမျိုးကြီးဝါဒအခြေခံတဲ့ မျိုးစောင့်ဥပဒေအကြောင်း ဟောပြောခဲ့တယ်။ ၂၀၁၃ မှာ မျိုးစောင့်ဥပဒေကို ဒေါက်တာ ဓမ္မပီယ ၊ အရှင်ဆေကိန္ဒ ၊ ဝီရသူ စသည့် ရဟန်းတွေကဦးဆောင်ပြီး ဥပဒေပညာရှင်တွေနဲ့အတူ ရေးဆွဲပြီး ဥပဒေကြမ်း တင်သွင်းခဲ့ကြတယ်။ ၂၀၁၅ မှာတော့ ဦးသိန်းစိန် အစိုးရက အတည်ပြုပေးခဲ့တယ်။(ပုံ-၅)

မျိုးစောင့်ဥပဒေကို ပြည်သူတွေနဲ့ မိတ်ဆက်တဲ့အခါ လူမျိုးခြားတွေရဲ့ ရန်က ကာကွယ်ဖို့ ၊ လူမျိုးခြားတွေက ဘယ်လိုမကောင်းကြောင်း ဘယ်လိုယုတ်မာကြောင်း ရက်စက်ကြောင်းတွေပါ ထည့်သွင်းဟောပြောခဲ့တယ်။ လူတိုင်းရဲ့ အမြင်မှာ Islam ဟာ ဗုဒ္ဓဘာသာရဲ့ ရန်ဆွယ်တစ်ခုလို မြင်အောင်ကို အတွေးအခေါ် ရိုက်သွင်းခဲ့ကြတယ်။ သူတို့ဖြစ်စေချင်တဲ့အတိုင်း လူတွေကလည်း မြင်ခဲ့ကြတယ်။ အဲ့လို မြင်ခဲ့ကြလို့ပဲ ၂၀၁၃မှာ ရွှေဆိုင်က စတဲ့ ပြဿနာလေးကို အကြောင်းပြု ပုံကြီးချဲ့ပြီး မိတ္ထီလာ အဓိကရုန်း စတင်ခဲ့တယ်။

မိတ္ထီလာမှာ ဖြစ်တာကိုတော့ အဓိကရုန်းလို့တောင် ပြောလို့မရပါဘူး။ဘာကြောင့်လည်းဆိုတော့ အဓိကရုန်းတို့ ပဋိပက္ခတို့ဆိုတာ နှစ်ဦး နှစ်ဖက် ဖြစ်မှ အသုံးပြုတာမလား။ ဒါပေမဲ့ မိတ္ထီလာမှာတော့ ရခိုင်မှာ ဖြစ်သလို သူချ ကိုယ်ချ ဖြစ်တာမဟုတ်ပဲ မွတ်ဆလင်မြင်ရင်သတ်ဆိုသလို ဖြစ်ခဲ့တာ။ ဒေါသထွက်နေတဲ့ လူအုပ်ကြီးဟာ ပထမဆုံး ရွှေဆိုင်ကို တစ်စစီ ဖျက်ဆီးပြီးနောက် မွတ်ဆလင်သတ်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြတယ်။ ဖြစ်ခဲ့တာက တော်တော်ဆိုးဆိုးဝါးဝါးနဲ့ ရက်ရက်စက်စက်ပဲ လူမမယ်ကလေးငယ်တွေကအစ အသတ်ခံခဲ့ရတယ်။

မိတ္ထီလာက မြန်မာမွတ်ဆလင်တွေဟာ ခိုးဝင်တွေလည်း မဟုတ် အကြမ်းဖက်သမားတွေလည်းမဟုတ် ဘယ်သူ့ကိုမှလည်း ရန်မပြုပဲ အသတ်ခံခဲ့ရတယ်။ မိတ္ထီလာက မွတ်ဆလင်တော်တော်များများက ဘုန်းကြီးအချို့ကောင်းမှု၊ အိမ်နီးချင်းအချို့ကောင်းမှုနဲ့ ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့ကြရတယ်။ အဲ့ဒီ့အချိန်က မွတ်ဆလင်သာတွေ့တယ်ဆိုရင် ဖွက်ပေးထားတဲ့လူက ဘုန်းကြီးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ချောင်မှာမဟုတ်ဘူး။ အသတ်ခံရတဲ့ လူအများစုရဲ့ အပြစ်က မွတ်ဆလင်ဖြစ်နေတာ တစ်ခုတည်း။

ဒါကို တားဖို့ ရဲတွေ စစ်သားတွေ မရှိဘူးလားဆိုတော့... ရှိပါတယ်။ တရားဝင်ကိုပဲ ရပ်ကြည့်နေတာကလွဲလို့ ဘာတစ်ခုမှ ဝင်မပြော ဝင်မတားကြပါဘူး။

၂၀၁၃ မိတ္ထီလာအရေးအခင်းနောက်ပိုင်းမှာ မျိုးချစ်အမည်ခံ မဘသအဖွဲ့ဝင် အစွန်းရောက်တွေဟာ ရန်ကုန် မန္တလေး စတဲ့ မြို့ကြီးတွေမှာပါ ဘာသာရေးအဓိကရုန်း ပေါ်လာဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြတယ်။ဘာသာရေး ဝတ်ပြုတဲ့ အဆောက်အဦးတွေမှာ အကြမ်းဖက်ဖို့ လေ့ကျင့်သင်ကြားပေးနေတယ်ဆိုပြီး Psywar လွှင့်ခဲ့တယ်။

လူစုပြီး ဝတ်ပြုတဲ့ နေရာအချို့ကို စုံစမ်းပြီး ဒေါသထွက်နေတဲ့ လူအုပ်ကြီးကပဲ မကျေကြသလိုလိုနဲ့ ရောက်လာပြီး တားမြစ်ကြတယ်။ Arabic (အာရဗီ) ဘာသာစကားနဲ့စာ သင်တဲ့ စာသင်ကျောင်းတွေမှာ ကလေးတွေကို အကြမ်းဖက်နည်းတွေ သင်ပေးနေတယ်ဆိုပြီး လူအုပ်လိုက်ရောက်လာပြီး အာရဗီစာသင်ကျောင်းတွေကို လိုက်ပိတ်ခိုင်းတယ်။နောက်ဆုံး အစ္စလာမ်ဘာသာဝင် အမျိုးသမီးတွေ ပုဝါဆောင်းတဲ့ Culture ကအစ တားမြစ်ဖို့အထိလုပ်လာတယ်။ (ပုံ-၆)

ထူးဆန်းတာတစ်ခုက အဲ့ဒီလို ဘယ်ကမှန်းမသိ ပေါ်ပေါ်လာတဲ့ လူအုပ်ကြီးတွေဟာ တစ်ယောက်မှ နယ်ခံမပါဘူး။ ရပ်ကွက်ထဲကလူတွေလည်း တစ်ယောက်မှ မသိကြဘူး။ ဒီလူတွေကို ဘယ်သူကစုပြီး ဘယ်သူက စေလွှတ်တယ်ဆိုတဲ့ နောက်ကွယ်က အကြောင်းအရာကို မမြင်ရဘူး။ ဒါပေမဲ့ ဒီလူတွေဟာ အချိန်တစ်ခုရောက်ရင် ပေါ်ပေါ်လာကြတယ်။

၂၀၁၂ ကစလို့ Lockdown ချခံထားရတဲ့ ရိုဟင်ဂျာတွေဟာ ကြာလာတော့ ငတ်ပြတ်လာတယ်။ Lockdown ချခံထားတဲ့အတွက် သူတို့ဟာ ရွာတစ်ခုကနေ ရွာတစ်ခု သွားလို့မရဘူး။ အစားအသောက်အတွက် မြို့ပေါ်စျေးတက်ဝယ်လို့မရဘူး။ နေမကောင်းရင် ဆေးခန်းပြစရာလည်းမရှိသလို ကလေးတွေလည်း ကျောင်းတက်လို့မရဘူး။ ဒါတွေကို ဖြေရှင်းဖို့ သူတို့ဟာ တစ်ဆင့်ခံလူတစ်ယောက် ထားလာကြရတယ်။ ဥပမာ ရဲတွေကို ပိုက်ဆံပေးပြီး စျေးဝယ်ခိုင်းရတာမျိုး။ ရခိုင်အချို့ကလည်း ဝန်ဆောင်ခယူပြီး ငွေလွှဲပေးတာမျိုး အရောင်းအဝယ်ပေးတာမျိုး လုပ်လာကြတယ်။

ပြည်မဘက်မှာ မဘသက ဘင်္ဂါလီ ကိစ္စကို ဇောင်းပေးပြောလာတဲ့ အခါ ရခိုင်က ရိုဟင်ဂျာရွာတွေမှာ ပိုကြပ်လာတယ်။ ရိုဟင်ဂျာ ရွာတွေကို ရဲတွေ စစ်သားတွေ အလုံးအရင်း ရောက်လာပြီး ဖမ်းချင်တဲ့လူဖမ်း၊ ခိုးချင်တဲ့ ပစ္စည်းခိုး စတာတွေပါလုပ်လာကြတယ်။

စီးပွားရေးလည်း ဘာမှလုပ်မရ နေထိုင်ရအဆင်မပြေ အစားအသောက်လည်း ရှားပါးလာတဲ့အခါမှာ ရခိုင်က ရိုဟင်ဂျာတွေဟာ ပွဲစားဆိုသူတွေကို ပိုက်ဆံပေးပြီး မြို့ပေါ်ပြောင်းဖို့ စီစဉ်လာကြတယ်။ ရိုဟင်ဂျာတွေဆီက လူတစ်ယောက်ကို ၁၅သိန်း ၂၀သိန်း ပိုက်ဆံယူပြီး မြို့ပေါ်ပြောင်းပေးဖို့ လုပ်တဲ့လူတွေထဲမှာ စစ်သားနဲ့ ရဲတွေလည်းပါတယ်။ ရိုဟင်ဂျာတွေကလည်း ကျွဲနွားအိမ်ခြံ အကုန်ရောင်းပြီး မြို့ပေါ်ထွက်ပြေးကြတယ်။ ဒါပေမဲ့ ပြည်မဘက်ကို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတော်တော်များများက အဖမ်းခံရတာများတယ်။ ရိုဟင်ဂျာ အများစုက မှတ်ပုံတင်မရှိဘူး။ မြို့ပေါ်ရောက်လို့ ဖမ်းခံရတဲ့အခါ မှတ်ပုံတင်မပြနိုင်တော့ ခိုးဝင် ဘင်္ဂါလီတွေဆိုပြီး ဖြစ်သွားတယ်။

ပြည်မဘက်ပြေးရင် အဖမ်းခံရ၊ ကိုယ့်ရွာမှာနေရင် ကူရာမဲ့ ကယ်ရာမဲ့နဲ့ကြာလာတော့ ရိုဟင်ဂျာတွေဟာ မထူးဇာတ်ခင်းပြီး ပွဲစားဆိုသူတွေဆီကနေ လှေစင်းလုံး စုဝယ်၊ ဘယ်ကမ်းရောက်ရောက် ဒီကထွက်လို့ရရင်ပြီးရောဆိုပြီး ပင်လယ်ထဲ ထွက်ပြေးကြတယ်။

အဲ့လို လှေတွေထဲမှာ လှေမောင်းတတ်တဲ့ သူလည်း မပါဘူး။ ကမ်းက ခွာပြီဆိုတာနဲ့ ဦးတည်ရာမရှိ ပင်လယ်ထဲ ရွက်လွှင့်ကြတာ။ ပင်လယ်ထဲမှာ နှစ်လ သုံးလလောက် ရွက်လွှင့်ရင်း အစာရေစာပြတ်လတ်ပြီး သေတဲ့လူလည်းသေတာပဲ။ လူသေရင်လည်း ပင်လယ်ထဲပဲ ပစ်ချခဲ့ရတယ်။အချို့ဆို လှေစင်းလုံး မြုပ်ပြီး သေကြတယ်။ ကံကောင်းမှပဲ အခြားနိုင်ငံရောက်ရင်ရောက်တော့တယ်။ အခြားနိုင်ငံ ရောက်ရင်လည်း အချို့နိုင်ငံက လက်မခံပဲ အစာရေစာပေးပြီး ပင်လယ်ထဲ ပြန်လွှတ်ကြတယ်။

ပင်လယ်ထဲမှာ သေကြတဲ့ ရိုဟင်ဂျာတွေဟာ အဓိကရုန်းမှာ သေကြတဲ့ ရိုဟင်ဂျာတွေထက် လူဦးရေပိုများဦးမယ်။ နောက်ပိုင်းမှာ ဘယ်မှလည်း မသွားနိုင် မပြေးနိုင်ပဲ ကျန်ခဲ့တဲ့ ရိုဟင်ဂျာတွေက သေမထူး နေမထူးလို့ တွေးခဲ့ကြပုံရတယ်။

ရိုဟင်ဂျာ ရွာတွေကို ဖိနှိပ်တာ များလာတဲ့အခါ ရုတ်တရက် ARSA ဆိုပြီး လက်နက်ကိုင် တပ်ဖွဲ့ ပေါ်ပေါက်လာတယ်။ လက်နက်ကိုင် တပ်ဖွဲ့လို့ဆိုပေမဲ့ ခန့်မှန်းကြည့်သလောက် လူဦးရေ ဆယ်ဂဏန်းလောက်ပဲ ရှိတဲ့ လူတစ်စုပဲနေမှာ။ ဘာကြောင့်လည်းဆိုတော့ ARSA သာ အင်အားကြီးတဲ့ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်လာမယ်ဆိုရင် Genocide ဆိုတာမျိုး ဖြစ်လာမှာ မဟုတ်လောက်ဘူး။

ဒါနဲ့ ARSA ဟာ ၂၀၁၇ မှ ရဲကင်းတွေကို လူရင်းပြီး ဝင်တိုက်တယ်။ရဲကင်းတွေကို တစ်ခုပြီး တစ်ခု တိုက်လာတဲ့ အခါမှာတော့ စစ်တပ်က ARSA ကို နှိမ်နှင်းဖို့ အကြောင်းပြချက်နဲ့ နယ်မြေရှင်းလင်းရေးဆိုပြီး အရက်စက်ဆုံး Genocide ကို စခဲ့တော့တာပဲ။

ဒီရိုဟင်ဂျာတွေကြားထဲမှာ ARSA ကို ဘယ်လို ရှာရမလည်း ဒီကောင်တွေလည်း မသိဘူး။ ဒီကြားထဲ လူမျိုးရေး ဘာသာရေးအခြေခံတဲ့ အငုံစိတ်တွေက ရှိကြပြန်တော့ ရိုဟင်ဂျာမှန်သမျှ ARSA မဟုတ်လည်း သတ်ဖို့ရည်ရွယ်ခဲ့ပုံရတယ်။

ကျွန်တော်ကတော့ နာမည်ပေးတဲ့ လူကိုပဲ ချီးကျူးတယ်။ Genocide လို အရာမျိုးကို နယ်မြေရှင်းလင်းရေးဆိုပြီး နာမည်လှလှနဲ့ Cover အုပ်ခဲ့တာကိုး။ (ပုံ-၇)

ရိုဟင်ဂျာ ရွာတွေထဲကိုဝင် တွေ့သမျှပစ်သတ်၊ ရွာလုံးကျွတ်မီးရှို့တာတွေ လုပ်ခဲ့တယ်။ ဒါ့အပြင်ကို ရိုဟင်ဂျာ အမျိုးသမီးတွေကို မုဒိန်းကျင့်တာမျိုး လုပ်ခဲ့တယ်။ မုဒိန်းကျင့်တာမှ ယောကျာ်းတွေအရှေ့ ကလေးတွေအရှေ့မှာ မကြည့်ရင်သတ်မယ်ဆိုပြီး ကျင့်ခဲ့တာမျိုး။ မွေးကင်းစ ကလေးလေးတွေဆို လက်နှစ်ဖက်နဲ့ ကိုင်မြှောက်ပြီး ထောင်ထားတဲ့ ဓားပေါ်ပစ်ချတာမျိုး။ ဖမ်းမိထားတဲ့ ရိုဟင်ဂျာအချင်းချင်းကို နိုင်တဲ့ကောင်ကို လွှတ်ပေးမယ်ဆိုပြီး အချင်းချင်း ခေါင်းဖြတ်သတ်ခိုင်းတာမျိုး။ ရွာထဲဝင် လူသတ် စိတ်ကြိုက် ရှာဖွေ မွှေနှောက်ယူပြီးရင် သတ်ထားတဲ့ အလောင်းတွေကော ရွာကောပေါင်းပြီး မီးရှို့ခဲ့တာမျိုး။

အင်းဒင်ရွာမှာဆို ဖမ်းမိတဲ့ ရွာသားဆယ်ယောက်ကို ကိုယ်တိုင်ကျင်းတူးခိုင်းတယ်။ ပြီးတော့ ရက်ရက်စက်စက်ကို ခေါင်းဖြတ်သတ်တာမျိုး လုပ်ခဲ့တယ်။ ဒါတောင် ကိုဝလုံးနဲ့ ကိုကျော်စိုးတို့က ထုတ်ဖော်ခဲ့လို့ ပုံတွေနဲ့တကွ သက်သေထွက်လာတာ။ သက်သေမထွက်ပဲ အစုလိုက်အပြုံလိုက် အသတ်ခံရတယ်ဆိုတာကို မယုံနိုင်စရာမရှိဘူး။ ကိုဝလုံးနဲ့ ကိုကျော်စိုးကို တရားစွဲတာများ နိုင်ငံတော်လျို့ဝှက်ချက်ပေါက်ကြားမှုနဲ့။ နိုင်ငံတော်လျို့ဝှက်ချက်က ဘာလည်းဆိုတော့ လူအစုလိုက်အပြုံလိုက်သတ်မှုတဲ့။

အင်းဒင်မှာ ကျူးလွန်ခဲ့တဲ့ စစ်သားတွေကိုတော့ ထောင်နှစ်နှစ်လားမသိဘူး ချတယ်။

ရိုဟင်ဂျာတွေက ဘယ်အချိန် ကိုယ့်ရွာရောက်လာပြီး ကိုယ့်ကိုယ်သတ်မလည်း မသိရတဲ့အခါမှာ ရှိတာယူပြီး အိုးစွန့် အိမ်စွန့်ထွက်ပြေးကြတယ်။နိုင်ငံတကာက အသံထွက်လာတဲ့အခါ ရိုဟင်ဂျာတွေအဲ့လို ထွက်ပြေးတာကို ကိုယ့်အိမ်ကိုယ်မီးရှို့ပြီး ထွက်ပြေးတာပါလို့ ပြန်ပြောတယ်။ ဒါတွေကို သက်သေပြဖို့အတွက် ဟိန္ဒူအချို့ကိုဌား ဇာပုဝါပေးဆောင်းပြီး ကိုယ့်အိမ်ကိုယ် မီးရှို့တဲ့ ပုံစံမျိုး ဖန်းတီးပြပြီး ဓာတ်ပုံတွေရိုက် ဇာတ်လမ်းတွေ ဆင်ခဲ့တယ်။ (ပုံ-၈)

အစက ဘင်္ဂလားဒေ့ရ်ှနယ်စပ်ကို ထွက်ပြေး ရောက်ရှိလာတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရ်ှကလည်း လက်မခံဘူး။ နိုင်ငံတကာက ဝိုင်းပြောပြီး ထောက်ပံ့ပါမယ်ဆိုမှသာ လက်ခံပြီး Refugee Camp ဖွင့်ပေးလိုက်တာ။

တစ်ကမ္ဘာလုံးက Genocide ပါဆိုပြီး အသံထွက်လာမှသာ ရိုဟင်ဂျာတွေ ရွာတွေကို စီးနင်းမှု သတ်ဖြတ်မှုတွေ ရပ်တန့်ခဲ့တာ။ ဒါတောင် အခုကျန်ခဲ့တဲ့ ရိုဟင်ဂျာတွေဟာ ပိတ်မိနေတုန်း။

၂၀၁၈/၂၀၁၉ မှာ AA စပေါ်လာပြီး ရဲကင်းတွေကိုတိုက် ရဲစခန်းတွေကို ဝင်စီးတာမျိုးလုပ်တဲ့အခါ ပြည်မက ဗမာအများစုက ငါတို့တုန်းက ရိုဟင်ဂျာ ကိစ္စမှာ သူတို့နဲ့အတူ ရပ်တည်ပေးခဲ့တာတောင် သူတို့က ဘာလို့ ပြန်လုပ်ကြတာလဲ ဆိုတဲ့ အတွေးမျိုးတွေ မြင်ခဲ့ရတယ်။ တကယ်တော့ ဖက်ဆစ် စစ်တပ်ရဲ့ ဒဏ်ကို သူတို့လည်း ခံခဲ့ရတာကြာပြီ။

စစ်တပ် အုပ်ချုပ်မှုအောက်မှာနေပြီး မတိုးတက်တဲ့အခါ လက်နက်ကိုင်ပြီး ခွဲထွက်ဖို့အတွက် တိုက်ယူမှ ရမယ်ဆိုပြီး ရခိုင်တွေက သဘောပေါက်ခဲ့ကြတယ်။ လက်ရှိအချိန်မှာ ရခိုင်ကမြို့ပေါ်တွေမှာ ရခိုင်တွေနဲ့ ရိုဟင်ဂျာတွေ အတူရောနေနေတာတွေလည်းရှိတယ်။ အချို့ရခိုင်တွေဟာ ရိုဟင်ဂျာစကားပြောတတ်ကြသလို အချို့ရိုဟင်ဂျာတွေဟာလည်း ရခိုင်စကားပြောတတ်ကြတယ်။

ရိုဟင်ဂျာရဲ့ ဖြစ်တည်မှုကို အငြင်းမပွားချင်ပေမဲ့ ရိုဟင်ဂျာတွေဟာ ရခိုင်ဘုရင်တွေလက်ထက်ကတည်းက တည်ရှိခဲ့တယ်ဆိုတာတော့ လက်ခံရလိမ့်မယ်။

အခုဆို ပြည်သူတွေကိုယ်တိုင်က ရိုဟင်ဂျာတွေကို တောင်းပန်နေကြတာတွေမြင်တော့ လေးစားမိတယ်။ တောင်းပန်တယ်ဆိုတာလည်း သတ္တိတစ်မျိုးပဲ။ လက်ရှိ ပြည်သူ့အစိုးရ NUG ကိုလည်း သတ္တိရှိစေချင်တယ်။

ဆရာဦးကိုနီ အသတ်ခံရတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်များ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပို့လေမလားလို့ မျော်မှန်းခဲ့မိတယ်။

အခုလည်း ရိုဟင်ဂျာတွေအတွက် NUG အစိုးရအနေနဲ့ တရားဝင်စာထုတ် တောင်းပန်တာမျိုး မျော်လင့်မိတယ်။ ရိုဟင်ဂျာတွေဟာ တောင်းပန်တာထက်ပိုပြီး ထိုက်တန်ပါတယ်။ အနာဂတ်မှာ တိုင်းပြည်တိုးတတ်ချင်ရင် Racism တွေပါလို့ မရဘူး။ Racism တွေမရှိမှပဲ တိုင်းပြည်ဟာ တဟုန်ထိုး တိုးတက်လာလိမ့်မယ်။

ဆောင်းပါးရှင်- Nay Linn ထံမှ ကူးယူပါသည်။

သိုသိုသိပ်သိပ်နေတတ်တဲ့ Mamdani ရဲ့ ဇနီး Rama Duwaji တယောက် နာမည်ကြီးနေ။ ချောလိုက်တာလို့❤️အခု​ခေတ်လူငယ်​တွေများ​နော် hing...
06/11/2025

သိုသိုသိပ်သိပ်နေတတ်တဲ့ Mamdani ရဲ့ ဇနီး Rama Duwaji တယောက် နာမည်ကြီးနေ။

ချောလိုက်တာလို့❤️

အခု​ခေတ်လူငယ်​တွေများ​နော် hinge ဆိုတဲ့ dating app မှာ​တွေ့ကြတာတဲ့။
အခုရွေး​ကောက်ပွဲမဲဆွယ်ရာမှာ ဝင်မပါဘဲ သူဟာသူ illustrator and animator တ​ယောက် အ​နေနဲ့ social change အလုပ်တွေလုပ်ရင်း သိုသိုသိပ်သိပ်​နေလို့ ချီးမွှန်းခံ​နေရတာ။

Credit : ANGELA WEISS/AFP via Getty



#မျိုးချစ်

🇺🇸 အမေရိကန်ပြည်ထောင်စုရဲ့ ကြွေးမြီဟာ ဒေါ်လာ ၃၈ ထရီလီယံဖြင့် စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ 👀 #အမေရိကန် #အကြွေး
26/10/2025

🇺🇸 အမေရိကန်ပြည်ထောင်စုရဲ့ ကြွေးမြီဟာ ဒေါ်လာ ၃၈ ထရီလီယံဖြင့် စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ 👀

#အမေရိကန်
#အကြွေး

"သမ္မတဒေါ်နယ်ထရမ့် မင်းအောင်လှိုင်ကိုအာဆီယံတက်ခွင့် အခွင့်အရေး ပေးပြီ"----------အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အာဆီယံအစည်းအဝ...
25/10/2025

"သမ္မတဒေါ်နယ်ထရမ့် မင်းအောင်လှိုင်ကို
အာဆီယံတက်ခွင့် အခွင့်အရေး ပေးပြီ"
----------
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အာဆီယံအစည်းအဝေး တအား တက်ချင်နေတဲ့ မင်းအောင်လှိုင်ကို အခွင့်အရေးတရပ် ပေးလိုက်ကြောင်း သိရပါတယ်။

သမ္မတဒေါ်နယ်ထရမ့်က
"စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အာဆီယံပွဲတက်ခွင့် အခွင့်အရေးတရပ် ချပေးမယ်။သူကိုယ်တိုင် အင်္ဂလိပ်စကားပြောစကေး နဲနဲလေး
ရရင် အဆင်ပြေပါတယ်"လို့ ဆိုပါတယ်။

"မြန်မာပြည်သူ့အစိုးရNUGရဲ့ ဒေါ်ဇင်မာအောင်ဟာ IPUမှာ Eစကေးကောင်းကောင်းနဲ့ လိုရင်း တင်ပြနိုင်ခဲ့တယ်။စစ်ခေါင်းဆောင်အနေနဲ့ အဲ့ဒီလောက် ပြောတတ်စရာ မလိုပါဘူး။
ဒေါ်ဇင်​မာအောင် ငယ်စဥ် (၁၀)နှစ်သမီးအရွယ်က E စကေးမျှလောက်လေး ပြောတတ်ရင် ရပြီ။နောက်ဆုံး အောက်ထစ်ပြောရရင် ဒီဘဲ အလွတ်ကျက်ထားတဲ့သင်ရိုးထဲက 'My name is မအေ×လိုးမင်းအောင်လှိုင်'ကို ချောချောမွတ်မွတ် ပြောတတ်ရင် အဆင်ပြေပါပြီ"လို့ သမ္မတထရမ့်က ဆိုပါတယ်။

အဆိုပါအချက်ကို စွမ်းဆောင်နိုင်ပါက
သမ္မတထရမ့်က မင်းအောင်လှိုင်ကို အာဆီယံပွဲတက်ခွင့် ပေးမှာဖြစ်ပြီး နောက်ဆုံးအတန်းမှာ
ထိုင်ခွင့်ပေးမယ် လို့ သိရပါတယ်။လက်ဆွဲနှုတ်ဆက်ခွင့်တော့ လုံးဝပေးမှာမဟုတ်ဘူး လို့
သိရပါတယ်။

#လူထု #သတင်း

ထိုင်းဘုရင့် မယ်တော်၊ မိဘုရားကြီး သီရိခေတ် ကံကုန်အနိစ္စရောက်ခဲ့ပါပြီ 👑၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်၊ ည ၉:၂၁ နာရီတွင် မ...
25/10/2025

ထိုင်းဘုရင့် မယ်တော်၊ မိဘုရားကြီး သီရိခေတ် ကံကုန်အနိစ္စရောက်ခဲ့ပါပြီ 👑

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်၊ ည ၉:၂၁ နာရီတွင် မိဖုရားကြီး Queen Sirikit နတ်ရွာစံသွားခဲ့ပြီဖြစ်ပါတယ်။

ဘုရင်မဟာ လက်ရှိထိုင်းဘုရင်းကြီး ဝချီရာလောင်ကွန်ရဲ့ မယ်တော်ကြီးဖြစ်ပါတယ်။

မယ်တော်ကြီး သီရီခေတ်
August 12, 1932 ခုနှစ်မှာ မွေးဖွား
October 24 , 2025 ခုနှစ်မှာ ကံကုန်
သက်တော်မှာ (၉၃) နှစ်

ထိုင်းပြည်သူများနှင့်အတူ ထပ်တူဝမ်းနည်းရပါတယ် 😢

ကလေးမြို့နယ်၊ ကျောင်းတိုက်ရွာပျူစောထီး သိန်းလင်း၏ လောလောလပ်လပ် နယူးဇနီး ကျပ် သိန်း(၅၀၀)တန်လေးတဲ့... #ပျူ  #ပျူစောထီး  #တ...
24/10/2025

ကလေးမြို့နယ်၊ ကျောင်းတိုက်ရွာ
ပျူစောထီး သိန်းလင်း၏
လောလောလပ်လပ် နယူးဇနီး ကျပ် သိန်း(၅၀၀)တန်လေးတဲ့...

#ပျူ
#ပျူစောထီး #တော်လှန်ရေး

အထုပ်ကိုထမ်း၊ သောင်ရင်းကိုဖြတ် ထိုင်းကမ်းကိုကပ်လာခဲ့သော နိုင်ငံတကာလုပ်သားများအောက်တိုဘာ ၂၄၊ ၂၀၂၅ပြီးခဲ့သည့် နှစ်ရက်တာကာလ...
24/10/2025

အထုပ်ကိုထမ်း၊ သောင်ရင်းကိုဖြတ် ထိုင်းကမ်းကိုကပ်လာခဲ့သော နိုင်ငံတကာလုပ်သားများ

အောက်တိုဘာ ၂၄၊ ၂၀၂၅

ပြီးခဲ့သည့် နှစ်ရက်တာကာလအတွင်း ထိုင်းအာဏာပိုင်များအတွက် ခေါင်းရှုပ်စရာနှင့် အလုပ်ရှုပ်စရာကာလများဖြစ်လာခဲ့သည်။

ခရီးသွားလုပ်ငန်းများဖြင့် နိုင်ငံအမည်ကို ပျိုးထောင်နေသော ထိုင်းနိုင်ငံသို့ ဆိုင်းမပါ ဗုံမဆင့်ပဲ ဧည့်သည်များရောက်လာခဲ့သည်။

ယင်းတို့သည် ဖိတ်ခေါ်ထားသော ဧည့်သည်များမဟုတ်ကြပေ။

သို့သော်လည်း နှစ်နိုင်ငံနယ်ခြားမျဉ်း သောင်ရင်းမြစ်(ခ)မိုအိကို ဖြတ်ကာ တာ့ချ်ခရိုင်မှ အတွင်းရှိ မဲဆောက်မြို့သို့ ရောက်ရှိလာခဲ့ကြသည်။

၎င်းတို့သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော ကရင့်နယ်ခြားစောင့်တပ်(BGF)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ နိုင်ငံအာဏာကိုသိမ်းယူထားသော စစ်တပ်တို့ကြား ကြီးထွားလာခဲ့သော မြို့သစ်စီမံကိန်းများ၊ မိုးမျှော်တိုက်များမှ ထွက်ပြေးလာကြသည်ဟုဆိုသည်။

ယင်းတို့ပြောသောနယ်မြေသည် နယ်မြေပိုင်းခြားသတ်မှတ်မှုအရဆိုလျှင် မြဝတီမြို့နယ်အတွင်းဖြစ်ပြီးတနည်းအားဖြင့်ဆိုသော် ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်အတွင်းရှိ (KNU)တပ်မဟာ(၆)၊ ဖားအံခရိုင်အတွင်းရှိတပ်မဟာ(၇)နယ်မြေများဖြစ်သည်။

ရာနှင့်ချီ၍ ထွက်ပြေးလာရသည့်အကြောင်းအရင်းတွင် ၎င်းတို့အလုပ်လုပ်နေသော နေရာများအား ကျားဖြန့်နှိမ်နှင်ရေးစတင်နေသောကြောင့်ဟုဆိုသည်။

အဆိုပါနှိမ်နှင်းရေးကို စစ်တပ်က အောက်တိုဘာ ၁၉ နှင့် ၂၀ ရက်များတွင် KK Park အဆောက်အဦးနေရာများမှ စတင်လုပ်ဆောင်ခဲ့သည်ဟု ၎င်းတို့ပိုင် မီဒီယာများတွင် ဖော်ပြခဲ့သည်။

အိမ်များ၊ ခြုံပုတ်များ၊ လမ်းသွယ်များအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကို ဒရုန်းများဖြင့် ကင်းထောက်ကာ ဗုံးကြဲတိုက်ခိုက်နေသော စစ်တပ်သည် ယင်းနယ်မြေများအတွင် ဆောက်လုပ်ထားသော အထပ်မြင့်အဆောက်အဦးများကို ယခုမှ သိရှိရသည့်အနေဖြင့် ယင်းပိုင် မီဒီယာများမှ ဝါဒဖြန့်ပြောဆိုခဲ့သည်။

၎င်းနေ့ရက်နောက်ပိုင်းတွင် ကျားဖြန့်လုပ်ငန်းလုပ်ဆောင်နေသည်ဟု ပြောဆိုနေကြသော ဇုန်အချို့အား လုံခြုံရေးများက ဂိတ်ဖွင့်ပေးလိုက်သည်။

ထိုအခါတွင် နိုင်ငံပေါင်းများစွာမှ မည်သည့်အချိန်ကစ ရောက်ရှိနေခြင်းမသိရသော လုပ်သားများမှာ ပိုင်ဆိုင်သော ထိုင်းဘတ်ငွေများ၊ မိုဘိုင်းဖုန်းများအား ခရီးဆောင်အိတ်ကြီးများအတွင်းသို့ ထည့်ကာ မြဝတီမြို့သို့လည်းကောင်း၊ သောင်ရင်းမြစ်ရှိ အလွယ်တကူကူးဖြတ်နိုင်သော နေရာများမှတဆင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့လည်းကောင်းထွက်ခွာလာခဲ့ကြသည်။

အောက်တိုဘာ ၂၃ ရက် ညနေပိုင်းနှင့် ညပိုင်းများတွင် စစ်တပ်နှင့် နယ်ခြားစောင့်တပ်များက မြဝတီမြို့တွင်း အများအပြားရောက်ရှိနေသူများကို ဖောကားများဖြင့်လိုက်လံခေါ်ဆောင်ခဲ့သည်ဟု ဒေသခံများက ဆက်သွယ်သတင်းပေးပို့ခဲ့သည်။

ထိုင်းဘက်ခြမ်းသို့ ရောက်ရှိနေသော ၅၀၀ ထက်မနည်းသော လုပ်သားများတွင် ၅၀၀ ထက်မနည်းသော ခရီးဆောင်အိတ်များသယ်ဆောင်လာခဲ့သည်။

၎င်းတို့အား အမှတ်(၂)တံတား၊ ကုန်သွယ်ရေးဇုန်ဝန်း၊ နယ်စပ်ဒေသလုံခြုံရေးတပ်ဝန်းနှင့် အခြား နေရာနှစ်ခုတို့ ခိုလှုံခွင့်များပေးကာ သက်ဆိုင်နိုင်ငံများသို့ ပြန်လည်ချိတ်ဆက်ပို့ဆောင်ရန်နှင့် စားသောက်ရေးများကို ထိုင်းအာဏာပိုင်များ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းလုပ်ဆောင်နေရသည်ဟု ကနဦးသိရှိရသည်။

ထိုင်းနိုင်ငံဟာ အစ္စရေး အကြမ်းဖက်သမားတွေရဲ့ ဆိပ်ခံနယ်မြေဖြစ်လာပါပြီ။ Koh Phangan မှာ PTSD ဝေဒနာခံစားနေရတဲ့ စစ်သားတွေအတွက...
24/10/2025

ထိုင်းနိုင်ငံဟာ အစ္စရေး အကြမ်းဖက်သမားတွေရဲ့ ဆိပ်ခံနယ်မြေဖြစ်လာပါပြီ။ Koh Phangan မှာ PTSD ဝေဒနာခံစားနေရတဲ့ စစ်သားတွေအတွက် ကုသရေးစင်တာကို ဖွင့်လှစ်ထားပါတယ်။ လက်နက်တည်ဆောက်ရေး အခြေစိုက်စခန်းအဖြစ် အသုံးပြုနေတာလည်း တွေ့ရှိရပါတယ်။ အစ္စရေးတွေဟာ ခရီးသွားတွေ မဟုတ်ဘဲ ဖူးခက်၊ Pai၊ Koh Phangan၊ Koh Samui နဲ့ ဘန်ကောက်မြို့တွေမှာ ရွှေ့ပြောင်းနေထိုင်ဖို့ ကြံရွယ်နေကြတာပါ။ အစ္စရေးတွေက ထိုင်းလူမျိုးတွေရဲ့ အလုပ်အကိုင်နဲ့ ထိုင်းတွေအတွက် အန္တရာယ်များတဲ့ အလုပ်အကိုင်တွေ တစိုက်မတ်မတ် ခိုးယူလာတာကို သတိပြုမိပါတယ်။ Koh Phangan မှာ ဂျူးအစ္စရေးရွာတစ်ရွာ ဆောက်ဖို့ မြေဧကတစ်ရာကျော်ကို ဝယ်ယူခဲ့တာပါ”

2025 ခုနှစ် အောက်တိုဘာလ 4 ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အစ္စရေးသံရုံးရှေ့တွင် ပါလက်စတိုင်းနှင့်အတူ ချီတက်ဆန္ဒပြခဲ့ကြပြီး နောက်တစ်ကြိမ်ရှိလာနိုင်သည်ဟုလဲ ပါလက်စတိုင်းအ‌ေရးလှုပ်ရှားသူတစ်ဦးကဆိုပါသည်။

#ပါလက်စတိုင်း
#ယိုးဒယားသည် ပါလက်စတိုင်းနှင့်အတူ ရပ်တည်သည်။
#ဂျူး #အစ္စရေး

17/10/2025

#သတင်းထူးသတင်းဦး #သတင်းစုံ #သတင်းထူး #အစ္စရေး #ဂျူး

မိန်းမကယ်လို့သာပေါ့ညီလေးရာ မဟုတ်ရင် မင်းဘဝ တစစီဖြစ်တယ်👻
17/10/2025

မိန်းမကယ်လို့သာပေါ့ညီလေးရာ မဟုတ်ရင် မင်းဘဝ တစစီဖြစ်တယ်👻

ထရန့်ကြောင့် အမေရိကန်ဒုပ်ခရောက်နေတာ။ထရန့်ပြုတ်မှအမေရိကန်နိုင်ငံသားတွေအသက်ရှုပေါက်ရမှာ။ခုL.A အကြီးကျယ်ဆန်ဒပြနေတယ်။ဒါမျိုး...
17/10/2025

ထရန့်ကြောင့် အမေရိကန်ဒုပ်ခရောက်နေတာ။ထရန့်ပြုတ်မှအမေရိကန်နိုင်ငံသားတွေအသက်ရှုပေါက်ရမှာ။ခုL.A အကြီးကျယ်ဆန်ဒပြနေတယ်။
ဒါမျိုးသတင်းကျ မြန်မာမီဒီယံတွေကမတင်ဘူး။
အမေရိကန်အစိုးရဝန်ထမ်းပိုင်းတောင်
အလုပ်ဖြုတ်ပစ်တာအများကြီး။
ကုန်ဈေးနှုံးတွေမတရားတက်နေတယ်။
မြေရှားကုန်‌ေချာမရလို့ နည်းပညာစက်မှုလုပ်ငန်းတွေ ရပ်နေရတယ်။
စိုက်ပျိုးရေးပဲပုပ်တွေမရောင်းရလို့
စိုက်ပျိုးရေးသမားတွေအော်နေတယ်။
ဘရာဇီးကော်ဖီကို အခွန်မတရားကောက်လို့ ဘရာဇီးကမရောင်းလို့
ကော်ဖီဈေးတက်တယ်။
အမေရိကန်ထုတ်ဆေးတွေကလည်း
တရုတ်ကုန်ကြမ်းကိုအားကိုးရတာ။
တရုတ်ကဆေးကုန်ကြမ်းပါထပ်ပိတ်လိုက်တယ်။
ဘယ်သူနစ်နာလဲ??
မကြည့်တတ်ဘူးလား???
မြန်မာပြည်ကပိန်းဥတွေကဘာမှမသိမကြည့်တတ်ဘူး။
အခွန်ကောက်လေကုန်ဈေးနှုံးတက်လေ။
မြန်မာပြည်မှာလည်း အဆင့်ဆင့်အခွန်ကောက်တာတွေများလို့ ကားဈေးတက်တာ။
ပစည်းတခုရဲ့ ဈေးနှုံးက
လမ်းပန်းဆက်သွယ်ရေး ကုန်ကျစရိတ်နဲ့ အခွန်ပေါ် အများကြီးမူတည်တယ်။
မြန်မာပြည်ဘာလို့ ဆင်းရဲတွင်းမတက်နိုင်လဲ??
ပိန်းဥတွေများလို့။
လည်တဲ့သူဉာဏ်ရည်ထက်မြက်တဲ့သူ‌ေတွက
ကြည့်တတ်လုပ်တတ်လို့ ချမ်းသာတဲ့သူလည်းအများကြီးရှိတယ်။
အဲချမ်းသာတဲ့သူတွေကို ကြည့်ပီး
ဆင်းရဲ တဲ့သူတွေကမနာလိုပြန်။
သူတို့ပိန်းလို့ ဆင်းရဲဒုပ်ခရောက်တာ မမြင်ကြဘူး။
ကိုယ့်ကိုယ်ပြန်မစစ်ဆေးကြည့်ဘူး။
တရုတ်ကလျှပ်စစ် ဓါတ်လုပ်ပေးမယ်ဆိုလည်းလက်မခံဘူး။
နိုင်ငံတခုကလျှပ်စစ်ဓါတ်မရှိရင် ကုန်ထုတ်လုပ်ငန်းလုပ်မရတာ မကြည့်တတ်နားမလည်တာလား???
ကိုယ့်အတတ်နဲ့ကိုယ်ဆူးနေကြတာ။
ခု တရုတ်ကအမေရိကန်ကို မြေရှားကုန်ချောပိတ်တာ ထရန့်ရဲ့မျက်စိကို ဆူးတုတ်နဲ့ထိုးမိသလိုခံရခက်နေတယ်တဲ့။

#သတင်းဦး #သတင်းထူး #နိုင်ငံတကာသတင်း

ที่อยู่

Amphoe Maha Chana Chai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myanmar’s Spring Revolution『MSR』ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท