H2O Game Master Agent

H2O Game Master Agent တစ်နေ့တာ ရယ်မောခြင်းဖြင့် ပျော်ရွှင်နိုင်ကြပါစေဗျာ

07/09/2021
03/09/2021

သိမှတ်ဖွယ်ရာများ

လူသားတို့မကျင့်အပ်သောအရာ( ၅ ) ပါး
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ ခြင်္သေ့လိုလဲ မဟောက်နဲ့
၂။ ဖားငယ်လိုလဲ မကြောက်နဲ့
၃။ တောင်လိုလဲ မမောက်နဲ့
၄။ မြစ်လိုလဲ မကောက်နဲ့
၅။ တွင်းလိုလဲ မစောက်နဲ့

ခေါင်းဆောင်ကောင်းတို့၏ အင်္ဂါ ( ၄ ) ပါး
•••••••••••••••••••••••••••••••••••••
၁။ သစ္စာ - ကတိ သစ္စာတည်
၂။ ဓမ္မော - တရားဥပဒေ လမ်းကြောင်းအတိုင်း
ကျင့်သုံးရမည်
၃။ ဒိတိ - တုန်လှုပ်ခြောက်ခြားခြင်း မရှိရ
၄။ စာဂေါ - အသက်စွန့်ရန် အသင့်ရှိရမည်

အသင်းအဖွဲ့ ပျက်စီးခြင်း အကြောင်း ( ၆ ) ပါး
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ အမျက်ထွက်လွယ်ခြင်း
၂။ ကျေးဇူးမဲ့ကိုသာ ဆိုခြင်း
၃။ ရန်ငြိုးဖွဲ့ခြင်း
၄။ ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်း
၅။ ငြူဆူခြင်း
၆။ ဝန်တိုခြင်း

စည်းရုံးရေး လမ်းစဉ် သင်္ဂဟ တရား ( ၄ ) ပါး
••••••••••••••••••••••••••••••••••••••••
၁။ ဒါန - ပေးကမ်းထောက်ပံ့ခြင်း ငွေကြေးပစ္စည်း
အကူအညီပေးခြင်း
၂။ ပေယာဝဇ္ဇ - ယဉ်ကျေးသိမ်မွေ့သော ချစ်ဖွယ်သော
စကားကို ပြောဆိုခြင်း
၃။ အတ္တစရိယာ - အကျိုးစီးပွားတိုးတက်အောင်
ကိုယ်နုတ်နှစ်ပါးဖြင့် လုပ်ကိုင်ပေးခြင်း
၄။ သမာနတ္တတာ- ကိုယ်နှင့် ထပ်တူပြုခြင်းနှင့် တန်းတူ
ထားခြင်း ဆက်ဆံခြင်း ပြုစုခြင်း တန်းတူ ဒုက္ခခံခြင်း

မတိုင်ပင်အပ်သော သူ ( ၅ ) ယောက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ မိန်းမကျူးသောသူ တစ်ယောက်
၂။ သေရည်သောက်စား သူတစ်ယောက်
၃။ အလိုရမ္မက်ကြီးသောသူ တစ်ယောက်
၄။ အမျက်ဒေါသကြီးသူ တစ်ယောက်
၅။ မလိမ္မာသောသူ တစ်ယောက်

ပညာရှိများ၏ ပျက်စီးရခြင်း အကြောင်း( ၃ ) ပါး
••••••••••••••••••••••••••••••••••••••••••
၁။ ယုတ်မာသောသူကို ပညာသင်မိသောကြောင့်
ပျက်စီးရခြင်း
၂။ မကောင်းသောမိန်းမ မယားပြုမိသောကြောင့်
ပျက်စီးရခြင်း
၃။ မသူတော်နှင့်ပေါင်းမိသောကြောင့် ပျက်စီးရခြင်း

မတင့်တယ်သော အရာ ( ၈ ) ပါး
°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ မင်းမရှိသည့် တိုင်းပြည်
၂။ ရေမရှိသည့် မြစ်
၃။ သစ်မရှိသည့် တောခြောက်
၄။ အတောက်မရှိသည့် မီး
၅။ စည်းမရှိသည့် ရွာ
၆။ ကြာမရှိသည့် ကန်
၇။ အောင်လံမတည်သည့် ရထား
၈။ လင်မရှိသည့် မိန်းမ

ပစ္စည်းယိုပေါက် ( ၆ ) ခု
••••••••••••••••••••••
၁။ ပျင်းရှိခြင်း
၂။ မေ့လျော့ပေါ့ဆခြင်း
၃။ အလုပ်မကျွမ်းကျင်မှု ခိုကပ်မှုရှိခြင်း
၄။ အိပ်ချိန် အလုပ်နားချိန်များလွန်ခြင်း
၅။ စည်းကမ်းမရှိခြင်း
၆။ အလုပ်ကို အချိန်မှီ မပြီးစီးခြင်း

စီးပွားယုတ်စေသော အကျင့် ( ၆ ) ပါး
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ နေမြင့်အောင် အိပ်ခြင်း
၂။ ပျင်းရိခြင်း
၃။ နုတ်လက်ကြမ်းတမ်းခြင်း
၄။ နိုး၍ ထပ်ခဲခြင်း
၅။ တစ်ယောက်တည်းခရီးသွားခြင်း
၆။ ပဒါနကံပြုခြင်း

သင့်မိတ်ဆွေများကိုလည်း ပြန်လည်မျှဝေပေးဖို့ မမေ့နဲ့နော်။

Credit

Send a message to learn more

03/09/2021

အဲတာမျိုးလေး ဘယ်နားဝယ်လို့ရမလဲလို့😘😘

01/12/2020

နှိုင်းမရဘူးဆိုတာ အလကားပြောတာမဟုတ်ဘူးလေ
crd

12/11/2020

မလုပ်ပါနဲ့ဆိုမှ ဂယ်ပဲ့🤣🤣🤣

12/11/2020

သိန်းသုံးသောင်းပေးတောင်မရောင်းဘူးဆိုတဲ့ ကိုဗျတ္တရဲ့သီချင်းအမြည်းလေး
မူရင်း

Address

Hanoi

Website

Alerts

Be the first to know and let us send you an email when H2O Game Master Agent posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share