05/13/2026
I Phoneမှာ Back Tap အသုံးပြုနည်း
၁။ Settings ထဲကို သွားပါ။
၂။ Accessibility ကို နှိပ်ပါ။
၃။ Touch ဆိုတာကို ရွေးပါ။
၄။ အောက်ဆုံးအထိ ဆွဲချပြီး Back Tap ကို နှိပ်ပါ။
၅။ Double Tap (နှစ်ချက်ပုတ်) သို့မဟုတ် Triple Tap (သုံးချက်ပုတ်) မှာ မိမိနှစ်သက်ရာ function တစ်ခုကို ရွေးချယ်ပေးရုံပါပဲ။
ဘာတွေအတွက် သုံးလို့ကောင်းလဲ?
Screenshot: လက်နှစ်ဖက်နဲ့ ခလုတ်နှိပ်စရာမလိုဘဲ ဖုန်းနောက်ကျောကို နှစ်ချက်ပုတ်ရုံနဲ့ Screenshot ရိုက်နိုင်ပါတယ်။
Flashlight: အမှောင်ထဲမှာ ဖုန်းမျက်နှာပြင် မဖွင့်ဘဲ မီးအမြန်လင်းစေဖို့ သုံးလို့ရပါတယ်။
Control Center: ဖုန်းမျက်နှာပြင် အပေါ်အထိ လက်မမီတဲ့အခါမျိုးမှာ နောက်ကျောကို ပုတ်ပြီး Control Center ကို ဆွဲချလို့ရပါတယ်။
Shazam: သီချင်းတစ်ပုဒ် ကြားနေရလို့ ဘာသီချင်းလဲဆိုတာ ချက်ချင်းသိချင်ရင် Shortcut အနေနဲ့ သတ်မှတ်ထားလို့ ရပါတယ်။