16/10/2023
သူ့ချစ်သူ ကောင်မလေးတစ်ယောက်ထဲနဲ့ပဲ
ဘဝမှာ လုံလောက်ပြီလို့ သတ်မှတ်ထားတဲ့
ကောင်လေးတွေ ရှိပါတယ်ဗျ ❤💑💑
သူ့ရဲ့အချိန်တွေ တော်တော်များများကို
သူ့ကောင်မလေး တစ်ယောက်ထဲအတွက်ပဲ
ပေးဆပ်ချင်တာမျိုး ။
Even though there are so many girls,
I see only one of you.
ကောင်မလေးတွေ ဘယ်လောက်ပဲ ပေါနေပါစေ
သူ့ကောင်မလေးရှိတဲ့ အရပ်ကိုပဲ မျက်နှာမူတတ်တဲ့
ယောက်ျားလေးတွေရှိပါတယ် ။
သူ ချစ်ရတဲ့ ကောင်မလေးအတွက် . . .
သူ မြတ်နိုးရတဲ့ ကောင်မလေးအတွက် . . .
အရမ်း ချစ်ပေးတယ် ။
အဲ့ဒီကောင်မလေးရဲ့ dark side နဲ့ soul တွေ
မှန်သမျှကို လက်ခံပေးတယ် ။
သူ့ကောင်မလေးရဲ့ အားနည်းချက်ကို
ချနင်းဖို့နေနေသာသာ တစ်ယောက်ယောက်များ
သူ့ကောင်မလေး မကောင်းကြောင်းပြောတာ
ကြားလိုက်ရရင် သူနဲ့တွေ့ပြီပဲ။
သူ့ကောင်မလေးဘက်က အရမ်းဆိုးနေရင်တောင်
သည်းခံတယ် ။ ခွင့်လွှတ်ပေးတယ် ။နားလည်ပေးတယ်။
ဘယ်သူမှားမှား ဘယ်သူမှန်မှန်
သူ့ကောင်မလေးဘက်ကပဲ ရပ်တည်တတ်တယ် ။
အရင်က ဘယ်လောက်ပဲ မိန်းကလေးသူငယ်ချင်းရှိနေပါစေ
သူ့ကောင်မလေး ရှိလာတဲ့အချိန်မှာတော့
အထင်အမြင် လွဲနိုင်စေတဲ့ ကိစ္စမှန်သမျှကို ရှောင်ပါတယ် ။
အဓိကကတော့ ကိုယ့်ကောင်မလေးကိုယ်
မခံစားစေချင်လို့ အနေအထိုင်ဆင်ခြင်လိုက်ကြတာပါ။
ဘယ်လောက်ကောင်းလိုက်တဲ့ အပြုအမူပါလဲ။
ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆို
သူ့ကောင်မလေးကို အရမ်းဂရုစိုက်တာ။
သိပ်ချစ်တာ ။
မျက်နှာတစ်ချက်ညိုးသွားမှာကအစ သ်ိပ်ကြောက်တာရယ်။
အစစအရာရာ ဦးစားပေးက
သူ့ကောင်မလေးမှ သူ့ကောင်မလေးပဲ။
သူ့ကောင်မလေးကို အရမ်းလည်း လှစေချင်တယ်။
လှအောင်လည်းနေခိုင်းတယ်။
ဘယ်လောက်ပဲ သူ့နားမှာ သူ့ကိုကြိုက်နေတဲ့
မိန်းကလေးတွေ ဝဲနေပါစေ ။
My girlfriend is enough for me ပေါ့။
အဲ့လို ယောက်ျားလေးတွေ မရှိဘူးလို့ မထင်ပါနဲ့ဗျာ ။
မတွေ့ဆုံဖြစ်သေးလို့ပဲ နေမှာပါ။
သူ့ ချစ်ရတဲ့ မိန်းကလေးကလွဲရင် ဘယ်သူ့ကိုမှ
မချစ်တတ်တဲ့ ယောက်ျားလေးတွေ ရှိပါတယ် ❤❤💑