Phyo Online Shop ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Phyo Online Shop, การช้อปปิ้งและค้าปลีก, Nakhon Sawan.

အာလူးကြိုက်သူများအတွက်အာလူးချက်နည်းအစုံ🥔🥔🥔🥔🥔🥔🥔ချက်နည်းပုံကိုနှိပ်ပီးဖတ်ရှုပါရန်👇👇👇 #ဟင်းချက်နည်းအမျိူးမျိုး      ပဲခူးဒေ...
24/11/2024

အာလူးကြိုက်သူများအတွက်အာလူးချက်နည်းအစုံ🥔🥔🥔🥔🥔🥔🥔
ချက်နည်းပုံကိုနှိပ်ပီးဖတ်ရှုပါရန်👇👇👇

#ဟင်းချက်နည်းအမျိူးမျိုး ပဲခူးဒေါ်ထွေးရီ

" တစ်မျိုးထဲနဲ့ထမင်းစားမြိန်စေမယ့် ဟင်းချက်နည်းများ "ချက်ပြုတ်၀ါသနာရှင်များအတွက်ဟင်းချက်နည်းများပုံကိုနှိပ်ပြီးဖတ်ရှုပါရ...
24/11/2024

" တစ်မျိုးထဲနဲ့ထမင်းစားမြိန်စေမယ့် ဟင်းချက်နည်းများ "ချက်ပြုတ်၀ါသနာရှင်များအတွက်ဟင်းချက်နည်းများ

ပုံကိုနှိပ်ပြီးဖတ်ရှုပါရန် . . .👇👇👇👇🥗🍲🥙


#ဟင်းချက်နည်းများ
#ဟင်းချက်နည်းအစုံ

ငါးကြင်းပေါင်းငါးကြင်း ၅၀သားစပါးလင် ၂ပင်ဂျင်း လက် ၁ဆစ်ဗီနီကာ ၄ဇွန်းကြက်သွန်ဖြူ ၆မွှာကြက်သွန်နီ ၄လုံးခရမ်းချဉ်သီး ၆လုံးနံ...
10/10/2024

ငါးကြင်းပေါင်း
ငါးကြင်း ၅၀သား
စပါးလင် ၂ပင်
ဂျင်း လက် ၁ဆစ်
ဗီနီကာ ၄ဇွန်း
ကြက်သွန်ဖြူ ၆မွှာ
ကြက်သွန်နီ ၄လုံး
ခရမ်းချဉ်သီး ၆လုံး
နံနံပင် အနည်းငယ်
ငံပြာရည် ။
နနွင်း ။
ငရုတ်ပုထောင်း ။
သကြား(သို့)အချိုမှုန့် ။
ငါးကြင်းကိုရေဆေး ရေစစ်ပြီး ဆား၊နနွင်းနယ်ပြီးနှပ်ထားပါ။ပြီးရင်
pressurecookerထဲသို့စပါးလင်အပေါ်ပိုင်းကိုဖြတ်စည်းပြီးအောက်ကခင်း၍အပေါ်ကငါးတင်ပါ။စပါးလင်၁ချောင်းကိုထုထည့်ပါ။ဂျင်း၂ပြား၊ကြက်သွန်ဖြူ၂မွှာ၊ငံပြာရည်၊ဗီနီကာ၊ရေနို့ဆီဘူး၃ဘူးထည့်၍မီးအနေတော်ဖြင့်၁နာရီခန့်ပြုတ်ပါ။ရလျှင်အရိုးကိုကိုင်ကြည့်ပြီးနူးလျှင်ရပါပြီ။မနူးသေးလျှင်ရေထပ်ထည့်၍တည်ပါ။
ဆီထည့်ပါ။ကြက်သွန်နီ၃လုံး၊ကြက်သွန်ဖြူ၄မွှာ၊ဂျင်း၁ပြား၊စပါးလင်ပါးပါး၂ပြား၊ကိုနနွင်းငရုတ်ပုထောင်းနှင့်ဆီသတ်ပါ။ခရမ်းချဉ်သီး၄လုံးပါးပါးလှီးထည့်ပါ။အနည်းငယ်နွမ်းသွားလျှင်အအေးခံ၍ဆီစစ်ပြီးblenderထဲ၍ကြိတ်ပါ။(သို့)ရေထည့်ပြီးအနှစ်ကျအောင်လုပ်လဲရပါတယ်။အိုးထဲသို့ပြန်ထည့်ပြီးရေအနည်းငယ်ထည့်ပါ။မဆလာ၊ငံပြာရည်၊သကြားအချိုမှုန့်ထည့်ပါ။ဆီပြန်လာလျှင်ငါးထည့်ပြီးအောက်မကပ်ရုံမွှေပါ။ငါးပြုတ်တုန်းကပိုတဲ့ရေထည့်ပါ။အရမ်းမမွှေပဲအောက်မကပ်ရုံ မွှေပါ။ကြက်သွန်နီ၊ခရမ်းချဉ်သီးအကွင်းလှီး၍ထည့်ပါ။ရေခမ်း ဆီပြန်လျှင် နံနံပင်အုပ်၍ရပါပြီ။

အရည်သောက်ကြိုက်သူတစ်ဦးပါ😋အရည်ဟင်း ၁၃ မျိုး😍(ချက်နည်းလေးတွေဖြည့်ပေးထားပါတယ်ရှင့်😊ကြိုက်တယ်ဆို လိုက်ပြီး ချက်စားကြည့်ပါနော...
10/10/2024

အရည်သောက်ကြိုက်သူတစ်ဦးပါ😋
အရည်ဟင်း ၁၃ မျိုး😍
(ချက်နည်းလေးတွေဖြည့်ပေးထားပါတယ်ရှင့်😊
ကြိုက်တယ်ဆို လိုက်ပြီး ချက်စားကြည့်ပါနော်💗

ြူခွန်းမေမေ
မူရင်းရေးသားသူအားလေးစားစွာcrdပေးပါတယ်ရှင့်

ချက်နည်းလေး‌တွေ ပုံအောက်မှာရှိတယ် လေ့လာကြည့်ပါ
09/10/2024

ချက်နည်းလေး‌တွေ ပုံအောက်မှာရှိတယ် လေ့လာကြည့်ပါ

♦️ ကြက်သားပြုတ်ကြော်....😋ကြက်သား ကို ဆားနဲ့ ဂျင်း ထည့်ပြီးပြုတ်ပေးပါ15မိနစ်ခန့် ♦️ကြက်သား ကိုရေဆေးသန့်စင်ပြီးဓါးနဲ့မွှန်...
07/10/2024

♦️ ကြက်သားပြုတ်ကြော်....😋
ကြက်သား ကို ဆားနဲ့ ဂျင်း ထည့်ပြီးပြုတ်ပေးပါ15မိနစ်ခန့်

♦️ကြက်သား ကိုရေဆေးသန့်စင်ပြီးဓါးနဲ့မွှန်းပေးပါ
ပြုတ်ပြီး ကြက်သားကို ရေနဲ့အေးအောင်ပြန်ဆေးပေးပြီး ရေခဲရေနဲ့ ခဏပြန်စိမ်ထားပေးပါ...။

♦️ရေစိမ်ထားပြီး ကြက်သာ ကို ခဏအခြောက်ထားပေးပြီး....ဆီးပူပူမှာ အိုးအဖုံးအုပ်ပြီး ကြော်ပေးပါ အနီရောင်လေး သန်လာတဲ့အထိ ကြော်ပေးပါ.. ။

♦️ဆော့ ပျာရည်...2ဇွန်း

♦️ငရုပ်သီး ဆော့..2ဇွန်း

♦️ကြက်သား မူန့်အနည်းငယ်..

♦️ဆားအနည်းငယ်... ထည့်ပြီ မီးအေးအေးနဲ့ ခဏချက်ပေးပါ..

♦️ကြော် ထားပေးတဲ့ ကြက်သား အပေါ် ကိုဆော့လေးသုပ်ပေးပါ...

(ခဲပတ်လေးနဲ့ ခဏပြန်ကင်ပေးပါ ဆော့ အရသာထဲ ဝင်အောင်လို့ပါ..)

♦️

ရခိုင်မုန့်တီသုပ် နည်း(ယိုးဒယာသုပ်)🥵🥵🥵🥵🥵🥵🥵🥵🥵🥵🥵ရခိုင်မုန့်တီ (ခ) အာပူလျှာပူချက်နည်း ချဉ်ချဉ်စပ်စပ် ရှုးရှုးရှဲရှဲ အစာစားလ...
07/10/2024

ရခိုင်မုန့်တီသုပ် နည်း(ယိုးဒယာသုပ်)
🥵🥵🥵🥵🥵🥵🥵🥵🥵🥵🥵
ရခိုင်မုန့်တီ (ခ) အာပူလျှာပူချက်နည်း

ချဉ်ချဉ်စပ်စပ် ရှုးရှုးရှဲရှဲ အစာစားလေးတွေ မြင်ရင်စားချင်စိတ်ကို
ဘယ်လိုမှမထိန်းနိုင်ဘူးလေး(အိမ်မှာ လုပ်စားကြနော် home made)

နှစ်သက်သောချက်နည်းအားအသုံးပြုနိုင်စေရန် စုစည်းပေးခြင်းဖြစ်ပါသည်။

ရခိုင်မုန့်တီ အရည်/အသုပ် (ကိုယ်ပိုင်ဟန်အနည်းငယ်စွက်ထားပါတယ်)

ငါးခူကိုပဲသုံးထားပါတယ် .. ဟင်းရည်အတွက် ပဒဲကောရယ် ဂျင်းရယ် အနည်းငယ်သုံးထားပါတယ် .. (ပဒဲကောနဲ့ဂျင်းကမွှေးပြီး ငါးပြုတ်ညှီနံ့ပျောက်စေပါတယ်)

ငါးပြုတ်ပြီးအရိုးနွှင်ပါမယ်။ သုံးပုံနှစ်ပုံကိုဟင်းရည်အတွက်ထားပြီး တစ်ပုံကိုအသုပ်မှာထည့်သုံးဖို့အတွက်ချန်ပါမယ်။
ငရုတ်စိမ်းတွေပြုတ်ပါမယ် .. ဆားသကြားခပ်ပြီးထောင်းပါမယ်။ ပြီးရင်တော့ အသုပ်အတွက်ချန်ထားတဲ့ငါးပြုတ်ထဲကနည်းနည်းယူပြီးရောပါတယ် .. (မရောပဲ မန်ကျည်းချဉ်ရည်နဲ့ ဖျော်လိုက်လည်းရပါတယ်)
ကြက်သွန်စိမ်း နံနံပင် အဆင်သင့်ပါးပါးလှီးထားပါမယ်။

ငါးပြုတ်ရည်ထဲကို နွှင်ထားတဲ့ငါးပြုတ်ရယ် စိမ်းစားငါးပိရယ် ပဒဲကောရယ် ဂျင်းနည်းနည်းနဲ့ ငရုတ်ကောင်းမှုန့်နိုင်နိုင်ခတ်ပြီး ဆူအောင်တည်ပါမယ် (ဆားထပ်ခတ်ဖို့လိုမယ် သကြားနည်းနည်း) ။

ဒါဆိုရင် ရခိုင်မုန့်တီ အရည်ကော အသုပ်ကောအတွက် မုန့်ပွဲပြင်ဆင်ဖို့ အားလုံးအဆင်သင့်ဖြစ်ပါပြီရှင် ..

ရိုးရှင်းလွယ်ကူပြီး ရှူးရှူးရှဲရှဲနဲ့စားကောင်းလှတဲ့
" ရခိုင်မုန့်တီ "

မြကလေး

ရခိုင်မုန်.တီ အသုပ်နှင့် အရည်

ပါဝင်ပစ္စည်းများ
မုန်.ဖတ် - ၅၀ သား
ငါးခူ- ၁ကောင် ( ဟင်းရည်ပြုလုပ်ရန်)
ငါးဖယ် - ၁၀ သား (ကြော်ပြီး အရှည်လှီးထားပါ)
ငရုတ်သီးစိမ်း - ၂၀တောင့်
မျှင်ငပိ - အနည်းငယ်
မန်ကျည်းသီးမှည့် - ကွမ်းသီးလုံးခန်.(ရေနွေးစိမ်ထားပါ)
စပါးလင်- ၁ ပင်
ပဒဲကော - ၁ တက်
ငါးငံပြာရည်- အနည်းငယ်
နနွင်းမှုန်.-အနည်းငယ်
အရသာမှုန်. - အနည်းငယ်
ငရုတ်ကောင်းမှုန်. - အနည်းငယ်
ငရုတ်သီးအကျက်မှုန်.- အနည်းငယ်
နံနံပင် - အနည်းငယ်
ကြက်သွန်ဖြူကြော်နှင့်ဆီချက်

❤️❤️မိမိကြိုက်နစ်သက်ရာ အဆာပလာ ထပ်ထည့်လို့ရပါတယ်❤️❤️
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
ဟင်းရည်အတွက် ပြင်ဆင်ပါမယ်
အရင်ဆုံး ငါးခူကိုရေဆေးသန်.စင်ပြီး နနွင်းမှုန်.၊ငပိ ၊ငံပြာရည် ၊အရသာမှုန်.တို.နှင့်
ရောနယ်ပါ။ ပြီးရင် စပါးလင်ကို ဓါးပြားရိုက်၊ ပဒဲကောကို ပါးပါးလှီးပြီး ငါးနဲ.ထည့်ပြုပ်ပါ။ငါးနူးရင် ဆယ်ပြီးအသားနွှင်ထားပါ။
အရိုးတွေကိုပြန်ထည့်ပြုပ်ပြီး ဟင်းရည်ရပြီဆိုရင် အရိုးအားလုံးကို ခပ်ထုတ်ပါ။ငရုတ်ကောင်းမှုန်.ထည့်ပါ။
ငရုတ်သီးစိမ်းကို ရေနွေးနဲ.ပြုပ်ပြီးညက်အောင် ထောင်းထားပါ။

ရခိုင်မုန်.တီသုပ်ပြင်ဆင်ရန်
ဇလုံတစ်ခုထဲသို. မုန်.ဖတ်တစ်ယောက်စာ၊ငါးအသား၊
ငံပြာရည်၊မန်ကျည်းရည်၊ငရုတ်သီးပြုပ်ထောင်း၊
အရသာမှုန်.၊ငရုတ်သီးအကျက်မှုန်.တို.ထည့်ပြီး သမအောင်ရောနယ်ပါ။
အရသာအဆင်ပြေရင် ပန်းကန်ထဲထည့်ပါ။ငါးဖယ်၊ ကြက်သွန်ဖြူကြော်၊နံနံပင်ထည့်ပါ။
အခုဆိုရင် အရသာစပ်စပ်လေးနဲ.ရခိုင်မုန်.တီသုပ်ကို ငါးပြုပ်ရည်လေးနဲ.သုံးဆောင်နိုင်ပါပြီ 😉

ရခိုင်မုန်.တီအရည်နဲ.ပြင်ဆင်ရန်
ပန်းကန်ထဲကို မုန်.ဖတ်၊ငါးအသား၊ငရုတ်သီးစိမ်းပြုပ်ထောင်း၊
ငံပြာရည်၊မန်ကျည်းရည်၊ကြက်သွန်ဖြူကြော်၊ဆီချက်၊
ငါးဖယ်၊နံနံပင်ထည့်ပါ။ပြီးရင် ငါးပြုပ်ရည်လေးခပ်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ 😉

အကင်စက် အမျိုးမျိုး လက်လီ လက်ကားရောင်းဝယ်ရေး ..............................

ရခိုင်မုန့်တီသုပ် စပ်စပ်လေးလုပ်စားကြရအောင် 😍

ရခိုင်မုန့်တီသုပ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ငရုပ်သီးစိမ်း အနှစ်ချက်နည်း
-----------------------------------------------------
ငရုပ်သီးစိမ်းကို ရေနွေးဖြင့်ပြုတ်ပြီး ရလာသော ငရုပ်သီးစိမ်းကို ထောင်း ပါ သို့မဟုတ် blender ဖြင့် ကြိတ်လိုက်ပါ။

ရလာသော ငရုပ်သီးအနှစ် ၊ ငပိ ၊ ငါးအသားနွှင် ၃ ပုံ ၁ ပုံ ၊ ဆားလိုသလောက် ခန့်မှန်းထည့်ကာ ကြိုချက်ပေးပါ။

ဆူပွက်လာချိန်မှာ အပေါ့အငန်းမြည်းပြီးရင် ငါးရွှေအဖတ်ကလေးများဖြင့် ငရုပ်သီးအနှစ်ချက်ရပါပြီ။

တချို့တွေကတော့ ငရုပ်သီးအနှစ်ချက်မှာ ဟင်းချိုမှုန့်ခတ်တတ်ကြပါတယ်။

နောက်ထပ် ပြင်ဆင်ထားရန်များ
-------------------------------------
ဆီချက်သတ်ပေးပါ။
မကျည်းသီးအနှစ်ရည် ဖျော်ထားပါ။
နံနံပင် လှီးထားပေးပါ။
ကြက်သွန်ဖြူနဲ့ ငရုပ်ကောင်းစေ့ အနည်းငယ် ရောထောင်းထားပေးပါ။
ကြက်သွန်စိမ်း ပါးပါးလှီးထားပေးပါ။ ( ကြိုက်သူများ အတွက်သာ)
သံပုရာသီး အစိပ်လေးတွေ လှီးထားပေးပါ။
ငရုပ်သီးအကျက်မှုန့် အနည်းငယ် ပြင်ဆင်ထားပါ။
ကိုယ်ကြိုက်ရာ ပဲကြော် ငါးဆုပ်ကြော် ၀ကဆြီဖတြ တမျိုးမျိုး ပြင်ဆင်
ထားပါ။
အထက်က လုပ်နည်းတွေအတိုင်း လုပ်ထားပြီးပြီ ဆိုလျှင်တော့ ရခိုင်မုန့်တီ အရည် ၊ အသုပ်အစုံ စားလို့ ရပါပြီရှင်။

ရခိုင်မုန့်တီသုပ်နည်း
-----------------------
ကိုယ်စားနိုင်မယ် ထင်သလောက် မုန့်ဖတ်ကို သုပ်မယ့် ခွက်ထဲထည့်ပါ။

ချက်ထားတဲ့ငရုပ်သီးအနှစ်ကို မိမိအစပ်ကြိုက်တဲ့အပေါ်မူတည်ပြီးထည့်ပါ။

မကျည်းသီးအနှစ်ဖျော်ရည် နည်းနည်းထည့်ပေးပါ။

ဆားလိုသလောက် ထည့်ပေးပါ။

ဆီချက်ကို ကြိုက်သူတွေလည်း ထည့်စားတတ်ကြပြီး မထည့်ပဲ စားတတ်တဲ့ သူတွေလည်း ရှိပါတယ်။

ရခိုင်မုန့်တီသုပ်မှာ ငရုပ်သီးအနှစ်ချက်က အဓိက ကျပါတယ်။

ကျမကတော့ မုန့်တီသုပ်ဆိုရင် မကျည်းနှစ်ဖျော်ရည်ဖြင့် သုပ်စားရတာ ကြိုက်ပြီး တစ်ချို့တွေကြပြလည်းသံပုရာသီး အနည်းငယ်ညှစ်ထည့်ကာ ကြက်သွန်စိမ်းပါးပါးလေး လှီးထည့်ကာ စားကြပြန်ပါတယ်။

ကိုယ်ကြိုက်နှစ်သက်ရာ အကြော်တစ်မျိုးကို ညှပ်ထည့်က ရောသုပ်လိုက်ပါ။

သုပ်ပြီးပြီးဆိုရင်တော့ အပေါ်ကနေ နံနံပင်ညှပ်ထားတာလည်းကို ထည့်လိုက်ပါ။

ဒါဆိုရင်တော့ ကျမတို့အကြိုက် ရခိုင်မုန့်တီသုပ်တစ်ခွက် ရရှိလာမှာ ဖြစ်ပါတယ်ရှင်။

ကွေ့တီယို ပြုလုပ်နည်း😋😋 ++++++++++++++++++++++  ကွတ်တီယို အရည်ကို ကြက်သား (သို့) ဝက်သားအဖြစ် မိမိစိတ်ကြိုက် ချက်ပြုတ်နို...
07/10/2024

ကွေ့တီယို ပြုလုပ်နည်း😋😋
++++++++++++++++++++++

ကွတ်တီယို အရည်ကို ကြက်သား (သို့) ဝက်သားအဖြစ် မိမိစိတ်ကြိုက် ချက်ပြုတ်နိုင်ပါတယ်...

❤️ ပါဝင်သည့် ပစ္စည်းများ

❤️ ၁။ ကြက်ရိုး (သို့) ဝက်ရိုး (၂၀) သားခန့်

❤️ ၂။ ကြက်သွန်ဖြူ (၄) မွှာ

❤️ ၃။ နံနံပင်အမြစ် အနည်းငယ်

❤️ ၄။ ငရုတ်ကောင်းစေ့ အနည်းငယ်

❤️ ၅။ သကြား စားပွဲတင်ဇွန်း (၁) ဇွန်း

❤️၆။ ဆားအနည်းငယ်

❤️၇။ ဂျင်းလက်တစ်ဆစ်စာခန့် (ဂျင်းနံ့ မကြိုက်လျှင် မထည့်ပါနှင့်)

♦️ မုန်လာဥ ပန်ကန်လုံး တစ်လုံးစာ (ကျောက်ဖယုံသီး လဲ ထည့်သွင်း ချက်ပြုတ်နိုင်ပါသည်)

♦️- ဆန်ပြားခေါက်ဆွဲ (အမျဉ် သေး အကြီး မိမိနှစ်သက်ရာ )

♦️ ကန်စွန်းရွက် အနည်းငယ်

♦️ပဲပင်ပေါက် အနည်းငယ်

♦️CP အသားလုံး (ဝက်၊ကြက် ၊ ငါး မိမိနှစ်သက်ရာ)
ချက်ပြုတ်နည်း အဆင့်ဆင့်

♦️ပဲငံပြာရည် အပစ်/ အကြည်

🔥 အရည်အိုးမတည်ခင် သကြားအား မီးအေးအေးဖြင့် လှော်ပေးပါက ပိုကောင်းပါသည်။ သကြား ပျော်ပြီးမှ နှစ်သက်ရာ အရိုးပြုတ်ပေးရပါမည်။

🔥 ၁။ အမှတ်စဉ် (၁) မှ (၇) ထိကို အရိုးများ နူးအိသည်အထိ အချိန်အတော်ကြာပြုတ်ထားပေးရပါမည်။

ဝက်ရိုး(သို့) ကြက်ရိုးများ နူးအိလာပါက အရည်ကို စစ်၍ ယူပြီးနောက် မုန်လာဥ ကို ထည့်၍ နောက်ထပ် နာရီဝက်ခန့် ထပ်၍ ပြုတ်ထားပေးလိုက်ပါ။

🔥 ၂။ ဟင်းရည်အိုး အဆင်သင့် ဖြစ်ပြီး ဆိုပါက
ဆန်ပြားခေါက်ဆွဲကို ရေနွေးဆူဆူဖြစ် ခေတ္တပြုတ်ပေးပြီး ရေပြန်စစ်ယူလိုက်ပါ။

🔥 ၃။ အသင့် ပြင်ဆင်ထားသော ကန်ဇွန်းရွက်နှင့် ပဲပင်ပေါက်ကိုလဲ အစိမ်းရောင်မပျက်ယုံလေး ရေနွေးဖျောပေးလိုက်ပါ။

🔥 ၄။ ဟင်းရည်အိုးကို အချိန်အတော်ကြာသည်အထိ ထားမည်ဆိုလျှင် CP အသားလုံးများကို သီးသန့်ပြုတ်၍ တစ်ခါထဲ စားမည်ဆိုလျှင် ဟင်းရည်အိုးထဲ
ထည့်၍ ချက်ထားနိုင်ပါသည်။

🔥 ၅။ ကွတ်တီယိုနှင့် တွဲဖက်စားသုံးရန် အစပ်အဟတ်အဖြစ် ငရုတ်သီးမှုန့်၊ မြေပဲလှော်မှုန့်၊ ဆလကာရည်နှင့် စိမ်ထားသော ငရုတ်သီးစိမ်း၊ သကြားတို့ကိုလဲ အသင့်ပြင်ဆင်ထားနိုင်ပါသည်။

ထို့နောက် မိမိစိတ်ကြိုက် ရသာကို ပြင်ဆင်စားသုံးရန်ဖြစ်သည်။

🔥 ၆။ ထို့နောက် ပန်ကန်လုံးတစ်လုံးတွင် ပါဝင်ပစ္စည်းများကို အသင့်ပြင်ဆင်ထည့်နိုင်ပါပြီ။

အသုပ်ကြိုက်သူများအတွက် ကွတ်တီယိုအရည်ကို မဆမ်းဘဲ ပါဝင်ပစ္စည်းအားလုံးကို ကြက်သွန်ဖြူကို ထောင်းပြီး ပြန်ကြော်ထားသော ဆီချက်နှင့် သုပ်စားနိုင်ပါသည်။

ဘန်မီ ဟု ခေါ် သော ခေါက်ဆွဲ ဝါ များ ကိုလည်း နှစ်သက် ပါ က ဆန်ပြား အစား ထိုး ကာ သုံးဆောင် နိုင်ပါတယ်နော် 😋

🪴🪴ငှက်ပျောခြောက်ကြော်နည်းရခိုင်ငှက်ပျောခြောက်ကြော်*************************ပါဝင်ပစ္စည်းများ၁။ ရခိုင်ငှက်ပျောသီး - ၁ဖီး (...
06/08/2024

🪴🪴ငှက်ပျောခြောက်ကြော်နည်း

ရခိုင်ငှက်ပျောခြောက်ကြော်
*************************
ပါဝင်ပစ္စည်းများ

၁။ ရခိုင်ငှက်ပျောသီး - ၁ဖီး (အစိမ်း သို့ ဝင်းရောင်သမ်းတဲ့အနေအထား)
၂။ သံပုရာသီး -၂ လုံး
၃။ ဆား - လဘက်ရည်ဇွန်း ၁ဇွန်း
၄။ သကြား - ၂၅ ကျပ်သား
၅။ ရေ - ကော်ဖီခွက် တဝက်
၆။ ကြော်ရန်ဆီ

ပြုလုပ်ပုံ အဆင့်ဆင့်ကို ပုံနှင့်တကွဖော်ပြထားပါတယ်။

မူရင်းPostပိုင်ရှင်များအားလုံးကိုCredit ပေးပါတယ်

အုန်းနို့သာကူ‌ကျောက်‌ကျောပြင်လုပ်နည်း အုန်းနို့သာကူ‌ကျောက်ကျောပြင်==================ကျောက်ကျောမူန့် 25ဂရမ်ထုပ်ရဲ့ တစ်ဝက်...
06/08/2024

အုန်းနို့သာကူ‌ကျောက်‌ကျောပြင်လုပ်နည်း

အုန်းနို့သာကူ‌ကျောက်ကျောပြင်
==================
ကျောက်ကျောမူန့် 25ဂရမ်ထုပ်ရဲ့ တစ်ဝက်
သာကူစေ့ 20သား
သကြားထမင်းစားဇွန်း 20ဇွန်း (အချိုကြိုက်ရင်ပိုထည့်)
ရေ 500ml
အုန်းနို့ 350ml
ဆားအနဲငယ်

ရေ‌နွေးများများပွက်ပွက်ဆူထဲကို သာကူစေ့တွေထည့် မျက်စေ့
ပျောက်ေ‌အာင်ကြိုပြီး ရေဆေးချ ရေစစ်ထားပါ
ကျောက်ကျောမူန့် သကြား ဆားတို့ကို ပျော်ဝင်အောင်မွှေပြီး
မီးများများနဲ့ပွက်ပွက်ဆူအောင်တည် အဆက်မပြတ်‌မွှေပေးပါ
ပန်းကန်လုံးထဲခဲမခဲအစက်နဲနဲချကြည့်ပါ
ပန်းကန်လုံးထဲနဲနဲခဲသွားရင် အုန်းနို့လိုက်ထည့်ပါ
အုန်းနို့ထည့်ပြီးပွက်ပွက်ပြန်ဆူလာရင် ပန်းကန်လုံးထဲကို
‌ကျေက်ေ‌ကျာစက်လေးတွေနဲနဲပြန်ချကြည့်ပါ
ခဏနေလို့ခဲသွားရင် သာကူလိုက်ထည့်ပြီးမွှေပါ
သာကူနဲ့ ကျောက်ကျောရည်တသားထဲဖြစ်သွားရင် ဗန်းထဲကိုထည့်ပြီး
အအေးခံပါ
အေးသွားရင် လိုသလိုလှီးဖြတ် စားသုံးပါ

စေတနာဖြင့်
အမ်းသူလေး ချစ်မောင်

အမ်းသူလေးချစ်မောင်

ဒံပေါက်ချက်နည်း  ၁ဝမျိုးပုံအောက်မှာ ချက်နည်းဖတ်ရူရန် လွတ်လပ်စွာ ရှယ်လို့ရပါတယ် #မူရင်းတင်သူအားလေးစားစွာ crdပါ🙏🙏🙏    Kya ...
05/08/2024

ဒံပေါက်ချက်နည်း ၁ဝမျိုး

ပုံအောက်မှာ ချက်နည်းဖတ်ရူရန်
လွတ်လပ်စွာ ရှယ်လို့ရပါတယ်

#မူရင်းတင်သူအားလေးစားစွာ crdပါ🙏🙏🙏


Kya Mal

ที่อยู่

Nakhon Sawan

เบอร์โทรศัพท์

+959784711664

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Phyo Online Shopผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์