WL Myanmar Bookstore Mae Sot

WL Myanmar Bookstore Mae Sot မဲဆောက်မြို့က မြန်မာစာအုပ်ဆိုင် (ထိုင်းနိုင်ငံအနှံ့ ပို့ဆောင်ပေးသည်။)

အပတ်စဥ်ပိတ်ရက်အနေနဲ့ ယနေ့ ဗုဒ္ဓဟူးနေ့ တစ်ရက် ဆိုင်ပိတ်ပါတယ်ရှင့်။ရွှင်လန်းချမ်းမြေ့ကြပါစေ။
10/06/2026

အပတ်စဥ်ပိတ်ရက်အနေနဲ့ ယနေ့ ဗုဒ္ဓဟူးနေ့ တစ်ရက် ဆိုင်ပိတ်ပါတယ်ရှင့်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

လင်းခါး ရဲ့ 'လေပရဝုဏ်' ရပါပြီ။🏷️ ၃၅၀ ဘတ်ရေသေအိုင် 🏷️ ၁၀၀ ဘတ်၊ စမ်းရေကြည်နု 🏷️ ၁၁၀ ဘတ်၊ ဖန်ပုလင်းထဲက အသဲကွဲပုစဥ်းပျံ 🏷️ ၁...
06/06/2026

လင်းခါး ရဲ့ 'လေပရဝုဏ်' ရပါပြီ။

🏷️ ၃၅၀ ဘတ်

ရေသေအိုင် 🏷️ ၁၀၀ ဘတ်၊ စမ်းရေကြည်နု 🏷️ ၁၁၀ ဘတ်၊ ဖန်ပုလင်းထဲက အသဲကွဲပုစဥ်းပျံ 🏷️ ၁၃၀ ဘတ် လည်း ရနိုင်ပါတယ်။

-----

လေပရဝုဏ် ဆိုတာ ဘာလဲ။ လေပရဝုဏ် စာအုပ်ထဲမှာ ဘယ်လိုစာတွေ ပါမလဲ။

လေပရဝုဏ် အမှာစာ

လေပရဝုဏ် ဆိုတဲ့ စကားလုံးကို လွန်ခဲ့တဲ့ ခုနစ်နှစ် ရှစ်နှစ်လောက်က သူငယ်ချင်းတယောက်နဲ့ ထိုင်နေတုန်း လေထဲက ရသလိုပဲ ရတယ်။ လေပရဝုဏ်ဟာ ဘာပါလိမ့်ဆိုရင်တော့ ကိုယ့်ဘာသာကိုယ်ပဲ စဉ်းစားကြည့်ပါတော့။ အဲဒီ စကားလုံး ခေါင်းထဲ သူ့အလိုလို ဝင်ရောက်လာပြီးတဲ့နောက်မှာ ၊ ဒီစကားလုံးက ဘာဖြစ်မှာလဲ၊ ကဗျာ စာသား တခုလား၊ နိမိတ်ပုံရိပ်တခုလား၊ ဒါမှမဟုတ် ကဗျာခေါင်းစဉ်ပဲလား။ အတွေးအခေါ်နောက်ခံတခုခုရှိနေတာလား၊ ဘာလဲလို့ အဲဒီစကားလုံး ခေါင်းထဲရောက်လာတိုင်း တွေးမိတယ်။ တခုခုဆိုတာကိုတော့ ခံစားလို့ရနေတာပေါ့။

စာရေးသူ စာဖတ်သူတွေ အနေနဲ့ကတော့ ခေါင်းထဲမှာ အဖြစ်အပျက် ဇာတ်လမ်းတွေ အပြင် ဝါကျတွေကို ဖျင်ထုတ်ထားလိုက်တဲ့အခါမှာ စကားလုံးတွေဟာ ဦးနှောက်ရဲ့ လျှပ်စီးပတ်လမ်း တနေရာရာမှာ ပုံစံတခုခုနဲ့ သွား ကိန်းအောင်းနေမှာ။ တချိန်ချိန်မှာ အာယတနခြောက်ပါးကနေစီးဝင်လာမှု တခုခုကနေတဆင့် အဲဒီ ဘာသာစကား လို့ အမည်တင်ထားတဲ့ ကိန်းအောင်းနေတဲ့ အချက်အလက် (စကားလုံး)နဲ့ ဓာတ်ပြုပြီး ပြုပြင်ပြောင်းလဲ နောက်ထပ်သော ဓမ္မစက်ကွင်းကို ဖမ်း အဲဒါဟာ လေပရဝုဏ် ဖြစ်သွားတယ်။

အဲဒါနဲ့ အဲဒီစကားလုံးရပြီးနောက်ပိုင်းမှာလဲ စာတွေအများကြီးရေးဖြစ်ပါတယ်။ အက်ဆေးတွေ၊ ကဗျာတွေ၊ နောက်ပြီး ဖန်ပုလင်းထဲက အသည်းကွဲပုစဉ်းပျံ ဝတ္ထုရှည်။ ဘယ်နေရာမှာမှ မသုံးဖြစ်ခဲ့ဘူးထင်ပါတယ်။ သုံးရအောင်လဲ လေပရဝုဏ်ဆိုတဲ့ စကားလုံးဟာ စကားလုံးပေါင်းစပ်မှု ဖွဲ့စည်းမှုတခု ဖြစ်နေတာ။ ဆိုပေမယ့်၊ ဒါဘာပါလိမ့်၊ သိသာထင်ရှား ကွဲပြားမှုရှိမနေဘူး။ မောဟအစဉ်ထဲက နည်းနည်းပိုအရောင်ထွက်နေတဲ့ အလျင်အစဉ်လေးတခုပဲ။ စွမ်းအင်သဘောလို ပြောမယ်ဆိုရင် အထုပ်ကလေးတထုပ်။

ဒီလိုနဲ့ အခုလေပရဝုဏ်လို့ ခေါ်ထိုက်တဲ့ စာတွေ တပုဒ်ပြီးတပုဒ် တပုဒ်ပြီး တပုဒ် ဖြစ်လာတယ်။ ကဗျာတွေ၊ စာအပိုင်းအစတွေ၊ အကျိုးအပဲ့တွေ၊ ဖုံးကွယ်ထားသင့်တဲ့ စိတ်အခြေအနေကလေးတွေ၊ တခုခုရေးချလိုက်ပြီးတိုင်း တကယ်ပြီးသေး မပြီးသေး ဒါက လေပရဝုဏ်အတွက် ဒါက လေပရဝုဏ်နဲ့ တနည်းနည်းပတ်သက်တယ်၊ ဒါက လေပရဝုဏ်မှာ အကျုံးဝင်တယ် စသဖြင့် သိလာတယ်။ အဲဒီလိုစာတွေ စုလိုက်ပြီး လေပရဝုဏ် စာအုပ် ဖြစ်လာတယ်။

ကဗျာတွေ၊ အက်ဆေးတွေ၊ ရသစာတမ်းတွေ၊ စာတိုပေစတွေ၊ မှတ်စုတဖြတ်တွေ၊ ဝတ္ထုတိုတွေ၊ ဝတ္ထုတို မဟုတ်တာတွေ၊ ပြီးတော့ စစ်ပြေးမှတ်တမ်း၊ လိုရင်းကိုသွားရင်းသွားရင်း လိုရင်းကိုမရောက် ဖြစ်နေမိတော့၊ လိုရင်းကိုသွားစရာက လိုရောလိုအပ်လို့လား လို့ တဖြတ်တွေး၊ ဖြစ်စဉ်ကလေးဟာ လိုရင်းပဲ လို့ ဆုံးဖြတ်လိုက်မိတာတွေ။

နောက်ပြီး မပြီးပြတ်တာတွေ (မပြီးပြတ်သေးဘူးလို့ ခံစားရနိုင်တာတွေ)။ ဥပမာ ဒီထဲမှာ ဝတ္ထုတိုလို့ ခေါ်နိုင်လောက်တဲ့ ဒါလီနှင့်စတုတ္ထကောင်နဲ့၊ ဒါလီနဲ့မှောင်မိုက်သောလမ်းများ ဆိုပြီး နှစ်ပုဒ်ပါတယ်။ အဲဒီဒါလီနဲ့အုတ် အတွဲအနေနဲ့ တောထဲ အတွေ့အကြုံ စာအနည်းဆုံး လေးပုဒ် အများဆုံး ခုနစ်ပုဒ်ရှစ်ပုဒ်ရေးမယ် မှန်းခဲ့တာ၊ အဲဒီနှစ်ပုဒ်နဲ့ပဲ ရပ်သွားတယ်။ ဆက်ရေးဖြစ်ဖို့က မသေချာတော့ပါ။

လေးကေ့ကော်စစ်ပြေးမှတ်တမ်းဆိုရင်လဲ တကယ်က ဒီဇင်ဘာ၁၄ကနေ ဇန်နဝါရီ၄ရက်နေ့အထိ စုစုပေါင်း ၂၁ ရက် ရေးမယ်၊ စာတအုပ်သက်သက်ထုတ်မယ်လို့ တွေးပြီး ရေးတာဆိုပေမယ့် ခုနေရာရောက်ဖို့ကိုပဲ သုံးနှစ်ကျော် တရွေ့ရွေ့ မနည်း ရေးခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ ရက်အရရော၊ အဖြစ်အပျက်တွေ၊ ခံစားမှုတွေအရရော ရေးစရာ အများကြီးကျန် နေသေးပေမယ့်လည်း ရေးဖြစ်ဖို့/ရေးနိုင်ဖို့ဆိုတာ မလွယ်သေးဘူးလို့ ကိုယ့်ဘာသာကိုယ် တွေးမိလို့ ရေးပြီးသလောက်ကိုပဲ ဒီစာအုပ်ထဲ ပေါင်းထည့်လိုက်ပါတယ်။ ဒါလဲ လေပရဝုဏ်ပါပဲ။

အစောဆုံး လေပရဝုဏ်ဟာ ၂ဝ၂ဝ ခုနှစ်အတွင်းမှာ ရေးဖြစ်ခဲ့တဲ့ မိမိနှင့်ချက်စ်ထိုးခြင်း ဆိုတဲ့ တပုဒ်တည်းပဲ ဖြစ်ပြီး ကျန်အများစုကတော့ ၂ဝ၂၁ ဖေဖော်ဝါရီ နောက်ပိုင်း နောက်အကျဆုံး ၂ဝ၂၅ အတွင်း စာတွေချည့်ပါပဲ။ အဲဒီတော့ လေပရဝုဏ်ဟာ တနေ့မှ မေ့မရသူဇင် (၂ဝ၂၃) ကလွဲရင် ၂ဝ၂၁ မှ ၂ဝ၂၅ ကာလ စုစည်းမှု လို့ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်။

လင်းခါး
၁၅၊ မတ်ချ်၊ ၂ဝ၂၆
မဲဆောက်မြို့

📖 စပွတ်နစ်ချစ်သည်း (Sputnik Sweetheart by Haruki Murakami)✍️ ဒီနိုဗို🏷️ ၂၀၀ ဘတ်-----Murakami ရဲ့  ပထမဆုံးနဲ့ တစ်ခုတည်းသေ...
06/06/2026

📖 စပွတ်နစ်ချစ်သည်း (Sputnik Sweetheart by Haruki Murakami)

✍️ ဒီနိုဗို

🏷️ ၂၀၀ ဘတ်

-----

Murakami ရဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသော GL ဇာတ်လမ်း....

Sputnik Sweetheart ဟာ Haruki Murakami ရဲ့ တခြား နာမည်ကြီးဝတ္ထုတွေနဲ့ (Norwegian Wood , Kafka on the Shore တို့လို) ယှဥ်ရင် ဆွဲဆောင်မှုနဲ့ ထူးခြားချက်တွေ သီးသန့် ရှိနေပါတယ်။

Murakami ရဲ့ တခြား Magical Realism ဝတ္ထုတွေဟာ တစ်ခါတလေ ဖတ်ရတာ သိပ်ကိုနက်နဲပြီး ခေါင်းစားရတတ်ပါတယ်။ Sputnik Sweetheart ကတော့ ပဟေဠိဆန်တဲ့အချက်တွေ ပါဝင်ပေမဲ့ ဇာတ်လမ်းက တောက်လျှောက်စီးဆင်းသွားပြီး စာဖတ်သူကို ဆွဲခေါ်သွားနိုင်တဲ့ ညှို့ဓာတ် ပိုမိုအားကောင်းတာပါ။ Murakami ရဲ့ စာတွေကို စတင်ဖတ်မယ့်သူတွေအတွက် အကောင်းဆုံး "တံခါးပေါက်" လို့တောင် အသိအမှတ်ပြုကြပါတယ်။

​ဒါကြောင့် ဒီဝတ္ထုဟာ Murakami ရဲ့ တခြားစာအုပ်တွေထက် ပိုမိုကျစ်လျစ်ခြင်း၊ အမျိုးသမီးချင်းချစ်ခြင်းကို စိတ်ပညာဆန်ဆန် ချဉ်းကပ်ထားခြင်းနဲ့ အထီးကျန်မှုကို အနုပညာမြောက်မြောက် ပုံဖော်ထားခြင်း စတဲ့ အချက်တွေကြောင့် သီးသန့် ဂန္ထဝင်မြောက်နေတဲ့ လက်ရာတစ်ခု ဖြစ်ပါတယ်။

Murakami ရဲ့ ဝတ္ထုအများစုဟာ အမျိုးသားဇာတ်ကောင်တွေရဲ့ အမြင်၊ အမျိုးသားနဲ့ အမျိုးသမီးကြားက ဆက်ဆံရေးကိုပဲ အဓိကပုံဖော်လေ့ရှိတယ်။ ဒါပေမဲ့ ဒီဝတ္ထုမှာတော့ မိန်းကလေးအချင်းချင်းကြားက သံယောဇဉ်နဲ့ ဆွဲဆောင်မှုကို ဗဟိုပြုပြီး ရေးဖွဲ့ထားတယ် ။ ဒါဟာ Murakami ရဲ့ စာပေလောကမှာ အလွန်ထူးခြားတဲ့ ခွဲထွက်မှုတစ်ခုပါပဲ ။ LGBT+ Theme ကို သူ ဘယ်လောက်နက်နက်နဲနဲနဲ့ လှလှပပ ပုံဖော်နိုင်လဲဆိုတာ ပြသခဲ့တဲ့ လက်ရာပေါ့ ။

ဆူမီရီ ဟာ သူမထက် အသက်ကြီးပြီး ရင့်ကျက်တည်ငြိမ်တဲ့ မီယူ ကို တွေ့တဲ့အခါမှာတော့ တစ်ခါမှ မကြုံဖူးတဲ့ ပြင်းပြတဲ့ အချစ်စိတ်တွေ ဖြစ်ပေါ်လာပါတယ်။ ဆူမီရီ က မီယူ ကို "Sputnik Sweetheart" လို့ တင်စားခေါ်ဝေါ်ခဲ့ရာကနေ ဝတ္ထုရဲ့ နာမည် ဖြစ်လာတာပါ။
​မီယူ က ဆူမီရီ ကို သူမရဲ့ လက်ထောက်အဖြစ် ခေါ်ယူပြီး ဂရိကျွန်းတစ်ခုကို အလုပ်ကိစ္စနဲ့ အတူတူ ခရီးထွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီကျွန်းကို ရောက်တဲ့အခါမှာတော့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့ပါတော့တယ်။
​ ဂရိကျွန်းကို K လိုက်သွားတဲ့အခါမှာတော့ မီယူ ရဲ့ အတိတ်က ကြောက်မက်ဖွယ်ရာ လျှို့ဝှက်ချက်တစ်ခုနဲ့ ဆူမီရီ ဘယ်လိုဆက်စပ်နေလဲဆိုတာကို စတင် သိရှိလာရပါတယ်။

​စာအုပ်ထဲမှာ သုံးသွားတဲ့ မေတ္တာတရားနဲ့ အထီးကျန်မှုအပေါ် တင်စားချက်ဟာ အင်မတန် အားကောင်းပါတယ်။
​"ငါတို့ဟာ အာကာသထဲမှာ တစ်ယောက်တည်း ပျံသန်းနေကြတဲ့ သတ္တုတုံးလေးတွေပေါ့။ ဘယ်လောက်ပဲ လှပတဲ့ လမ်းကြောင်းမှာ တူတူသွားနေပါစေ၊ တကယ်တမ်းကျတော့ သီးခြားစီ အထီးကျန်နေကြတာ..."

Haruki Murakami ရဲ့ Sputnik Sweetheart ဟာ အချစ်၊ အလွမ်းနဲ့ လူသားတွေရဲ့ အထီးကျန်ဆန်မှုကို အဓိကထား ရေးဖွဲ့ထားတဲ့ လှပဆန်းကြယ်တဲ့ ဝတ္ထုတစ်ပုဒ်ပါပဲ ။

စာညွှန်း - ကံ့ကော်ဝတ်ရည် စာအုပ်တိုက်

New arrivalsအသစ်ရောက်/အသစ်ထွက် အချို့ပုံအောက်မှာ စျေးနှုန်းလေးတွေ ဖော်ပြထားပါတယ်။
03/06/2026

New arrivals

အသစ်ရောက်/အသစ်ထွက် အချို့

ပုံအောက်မှာ စျေးနှုန်းလေးတွေ ဖော်ပြထားပါတယ်။

Kg မှ Grade-12 အထိ စနစ်သစ်ကျောင်းသုံးဖတ်စာအုပ်နဲ့ လက်ရေးလှ လေးကြောင်းမျဥ်းစာအုပ်တွေ ဝယ်ယူ/မှာယူလို့ ရပါတယ်။ အတွင်းစာမျက်...
24/05/2026

Kg မှ Grade-12 အထိ စနစ်သစ်ကျောင်းသုံးဖတ်စာအုပ်နဲ့ လက်ရေးလှ လေးကြောင်းမျဥ်းစာအုပ်တွေ ဝယ်ယူ/မှာယူလို့ ရပါတယ်။

အတွင်းစာမျက်နှာတွေ ဆေးရောင်မှိန်/စာလုံးပျက် မရှိတဲ့ ကွာလတီကောင်းတာကို ရွေးပြီး ရောင်းတာဖြစ်ပါတယ်။

အစုံ ၂၀နဲ့အထက် မှာယူရင် လက်ကားစျေး ရှိပါတယ်။

အစုံလိုက်စျေးနှုန်းများ

KG 🏷️ 150 ဘတ်
G-1 🏷️ 230 ဘတ်
G-2 🏷️ 200 ဘတ်
G-3 🏷️ 200 ဘတ်
G-4 🏷️ 230 ဘတ်
G-5 🏷️ 230 ဘတ်
G-6 🏷️ 250 ဘတ်
G-7 🏷️ 260 ဘတ်
G-8 🏷️ 270 ဘတ်
G-9 🏷️ 280 ဘတ်
G-10 (Bio/Eco တွဲ) 🏷️ 370 ဘတ်
G-11 (Bio/Eco တွဲ) 🏷️ 380 ဘတ်
G-12 (Bio/Eco တွဲ) 🏷️ 390 ဘတ်

လေးကြောင်းမျဥ်း (70 GSM စာရွက်အချောသား)

Top Choice တံဆိပ်/ Ubrand တံဆိပ်

တစ်ဒါဇင် 🏷️ 230 ဘတ်

📚အခြား ပညာရေးစာအုပ်၊ ပုံပြင်၊ ကာတွန်း စာအုပ်တွေလည်း ရနိုင်ပါတယ်။

မောင်သာနိုး📖 မောင်သာနိုး အမှတ်တရ (ကဗျာ၊ အက်ဆေး၊ ဆောင်းပါး၊ အမှတ်ရချက်များ)🏷️ ၁၀၀ ဘတ်📖 အမှတ်တရ ဆရာမောင်သာနိုး✍️ မောင်ညီညွ...
24/05/2026

မောင်သာနိုး

📖 မောင်သာနိုး အမှတ်တရ (ကဗျာ၊ အက်ဆေး၊ ဆောင်းပါး၊ အမှတ်ရချက်များ)
🏷️ ၁၀၀ ဘတ်

📖 အမှတ်တရ ဆရာမောင်သာနိုး
✍️ မောင်ညီညွတ်
🏷️ ၆၀ ဘတ်

📖 ဉာဏ်ရည်မြင့်တာစွဲမက်စရာ✍️ ဉာဏ🏷️ ၁၉၀ ဘတ်➖➖➖➖ 𝐁𝐨𝐨𝐤 𝐒𝐮𝐦𝐦𝐚𝐫𝐲  အမျိုးသမီးဆိုတာ လှနေဖို့ပဲ လိုတာပါ" ဆိုတဲ့ စကားလုံးတွေ၊ "သဘေ...
23/05/2026

📖 ဉာဏ်ရည်မြင့်တာစွဲမက်စရာ

✍️ ဉာဏ

🏷️ ၁၉၀ ဘတ်

➖➖➖➖

𝐁𝐨𝐨𝐤 𝐒𝐮𝐦𝐦𝐚𝐫𝐲

အမျိုးသမီးဆိုတာ လှနေဖို့ပဲ လိုတာပါ" ဆိုတဲ့ စကားလုံးတွေ၊ "သဘောကောင်းတဲ့ မိန်းကလေး (Nice Girl)" ဖြစ်ရမယ်ဆိုတဲ့ ပုံစံခွက်တွေအောက်မှာ ကျွန်မတို့ အမျိုးသမီးတွေ ပိတ်မိနေခဲ့တာ ကြာပါပြီ။ မှန်ရှေ့ရပ်ပြီး နှုတ်ခမ်းနီဆိုး၊ မိတ်ကပ်လိမ်းခြယ်လိုက်ရုံနဲ့ အလှတရားတစ်ခု ပြည့်စုံပြီလို့ ထင်ခဲ့ကြဖူးတယ်။ ဒါပေမယ့် ခေတ်ကာလတွေ ပြောင်းလဲလာတာနဲ့အမျှ "အလှတရား" ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကလည်း ပိုပြီး နက်ရှိုင်းလာပါတယ်။

တကယ်တမ်း စွဲမက်စရာကောင်းတဲ့ အမျိုးသမီးတစ်ယောက်ဆိုတာ ရုပ်ရည်တစ်ခုတည်း လှပနေရုံနဲ့ မလုံလောက်တော့ပါဘူး။ သူမရဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်း၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ ရင့်ကျက်မှု (Emotional Independence)၊ လိုအပ်ရင် ငြင်းဆန်ရဲတဲ့ သတ္တိနဲ့ ဘဝကို ဦးဆောင်နိုင်စွမ်းတွေကသာ သူမကို အခြားသူတွေထက် ပိုပြီး တောက်ပစေတာပါ။

သင့်ကို လူတွေက ရုပ်ရည်ကြောင့် စိတ်ဝင်စားကောင်း စိတ်ဝင်စားပါလိမ့်မယ်။ ဒါပေမယ့် သင့်ကို လူတွေက လေးစားတန်ဖိုးထားပြီး မျက်နှာလွှဲလို့မရလောက်အောင် စွဲမက်သွားစေမှာကတော့ သင့်ရဲ့ "ဉာဏ်ရည်"ကြောင့်ပါပဲ။

ဒီစာအုပ်မှာ အမျိုးသမီးတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ အသက်အရွယ် ဖိအားတွေ၊ အချစ်ရေးနဲ့ ပတ်သက်တဲ့ အမြင်တွေကစလို့ ကိုယ်ပိုင်အမှတ်လက္ခဏာ (Identity) တွေကို ပျောက်ပျက်မသွားအောင် တည်ဆောက်နည်းတွေအထိ ခေါင်းစဉ် (၄၀) ခုနဲ့ အသေးစိတ် ဆွေးနွေးထားပါတယ်။

ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ... သင်ဟာ လူတိုင်းကို အလိုလိုက် အကြိုက်ဆောင်နေရတဲ့ "Nice Girl" တစ်ယောက် မဟုတ်တော့ဘဲ၊ ကိုယ့်တန်ဖိုးကို ကိုယ်နားလည်တဲ့၊ ရင့်ကျက်တည်ငြိမ်ပြီး ကြင်နာတတ်တဲ့ "High Value Woman" (အရည်အသွေးမြင့် အမျိုးသမီး) တစ်ယောက် အဖြစ် ကိုယ့်ကိုယ်ကိုယ် ပြန်လည်မွေးဖွားနိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။

"အလှတရားနဲ့အတူ ဉာဏ်ပညာကို ပေါင်းစပ်ရင်း သင့်ဘဝရဲ့ အကောင်းဆုံး Version ကို ပုံဖော်နိုင်ပါစေ.."

📖 စွန့်ခွာရသည့် နွေညများ✍️ တက္ကသိုလ်ဘုန်းနိုင် 🏷️ ၁၉၀ ဘတ် -----စွန့်ခွာရသည့်နွေညများ 🌇"ငွေလသာသော နွေညပြာပြာဆီ၊ မြူလွှာမှ...
22/05/2026

📖 စွန့်ခွာရသည့် နွေညများ

✍️ တက္ကသိုလ်ဘုန်းနိုင်

🏷️ ၁၉၀ ဘတ်

-----

စွန့်ခွာရသည့်နွေညများ 🌇

"ငွေလသာသော နွေညပြာပြာဆီ၊ မြူလွှာမှုန်ရီ ၊ သရဖီသင်း နှင်းကလဲ့ စီ၊ ဝါရွက်တို့ ကြွေပြလေပြီ၊
သဲသဲရုတ်ရုတ် တဖြုတ်ဖြုတ် တစ်ချီ၊ နွဲ့နွဲ့ယဲ့ယဲ့ ၀ဲကာ တစ်လီ၊ လေနှင်ရာ ကြွေစင်မြန်းကြ၊
ခွဲခွာရသည့် ညများရောက်ပြီ၊ စွန့်ခွာရသည့်ညများ ရောက်ခဲ့ပြီ ..." 🎵🎵🎵

ရန်ကုန်ကနေ မော်လမြိုင်ကို ခုတ်မောင်းလျက်ရှိတဲ့ မီးရထားပေါ်မှာ အစပြုခဲ့တဲ့ ဆုံတွေ့မှုတစ်ခု။ ရထားဘီးများရဲ့ ခုတ်မောင်းသံကြား သူစိမ်းနှစ်ယောက်ရဲ့ ကံကြမ္မာဟာ တစ်နေရာတည်းကို ဦးတည်ရင်း စတင်ယှက်နွယ်ခဲ့တယ်။ ဒီအစပြုခြင်းကနေ မမျှော်လင့်ဘဲ နက်ရှိုင်းတဲ့ သံယောဇဉ်ထံသို့ ကူးပြောင်းသွားပုံကို စာရေးဆရာကြီးတက္ကသိုလ်ဘုန်းနိုင်က စွန့်ခွာရသည့်နွေညများ ဝတ္ထုမှာ အနုပညာမြောက်စွာ ရေးဖွဲ့ထားတယ်။

စိုးလွင်ညွန့်နဲ့ ညိုလတ်ဆိုတဲ့ လူငယ်နှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာ ရိုးရှင်းသယောင်ရှိပေမဲ့ တစ်ယောက်အပေါ်တစ်ယောက် စူးစမ်းလိုစိတ်နဲ့ ကြည့်မြင်ပုံတွေက ဝတ္ထုရဲ့ အသက်ဖြစ်ပါပဲ။ တက္ကသိုလ်ဘုန်းနိုင်ရဲ့ အရေးအသားပီပီ ဇာတ်ကောင်တွေရဲ့ စိတ်နေစိတ်ထားနဲ့ စကားပြောဆိုပုံတွေက ယဉ်ကျေးသိမ်မွေ့ပြီး စာဖတ်သူရဲ့ရင်ကို နွေးထွေးစေတယ်။ သူတို့နှစ်ယောက်ကြားမှာ မသိမသာ စတင်လာတဲ့ သံယောဇဉ်အမျှင်တန်းလေးတွေဟာ ခရီးဆုံးမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာ ဝတ္ထုရဲ့ အစောပိုင်းမှာတင် ပေးတဲ့ ရင်ခုန်စရာပေါ့။

ဒီဝတ္ထုမှာ ဂီတကို နောက်ခံပြုပြီး ဇာတ်လမ်းကို ပုံဖော်ထားတဲ့အတွက် ဇာတ်ကောင်တွေရဲ့ ခံစားချက်ကို ဖော်ပြရာမှာပဲဖြစ်ဖြစ်၊ ဇာတ်လမ်းရဲ့ အနိမ့်အမြင့်ကို ထိန်းကျောင်းရာမှာပဲဖြစ်ဖြစ် ဂီတဟာ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နေပါတယ်။ စာမျက်နှာတွေကို လှန်လှောဖတ်ရှုရင်း ဝတ္ထုထဲက သီချင်းသံစဉ်တွေကို နားထဲမှာ ကြားယောင်လာရသလို ခံစားရစေမှာဖြစ်ပြီး စာဖတ်သူကိုလည်း ဇာတ်လမ်းထဲမှာ အပြည့်အဝ နစ်မြောသွားစေမှာပါ။

ဆရာကြီးရဲ့ အခြားစာအုပ်တွေမှာလိုပဲ ဒီဝတ္ထုမှာလည်း လူသားတွေရဲ့ စိတ်ခံစားမှုနဲ့ အနုပညာအကြောင်းတွေကို ထိထိမိမိ ပုံဖော်တင်ဆက်ထားတယ်။ အချစ်ဆိုတာထက် ပိုတဲ့ နားလည်မှုတွေ၊ တစ်ဖက်သားအပေါ် ထားရှိတဲ့ လေးစားမှုနဲ့ သံယောဇဉ်တရားတွေကို ဇာတ်ကောင်တွေရဲ့ အပြုအမူတစ်ခုချင်းစီမှာ တွေ့နိုင်ပါမှာပါ။ စွန့်ခွာရသည့်နွေညများဆိုတဲ့ အမည်နဲ့အညီ ခွဲခွာခြင်းနဲ့ တွေ့ဆုံခြင်းတွေကြားမှာ ဘယ်လိုအလွမ်းတွေနဲ့ အမှတ်တရတွေ ကျန်ရစ်ခဲ့မလဲဆိုတာကတော့ ....

စာညွှန်း - ကံ့ကော်ဝတ်ရည်

📖 ပျားတမာ (ဒဏ်ရာများနှင့် ရှင်သန်ခြင်း)✍️ မောရိသျှ🏷️ ၂၃၀ ဘတ်➖➖➖➖𝐁𝐨𝐨𝐤 𝐒𝐮𝐦𝐦𝐚𝐫𝐲 ❝ ပျားတမာ စာအုပ်လေးက  ဘဝ နဲ့ လောကကြီး အပေါ်...
21/05/2026

📖 ပျားတမာ (ဒဏ်ရာများနှင့် ရှင်သန်ခြင်း)

✍️ မောရိသျှ

🏷️ ၂၃၀ ဘတ်

➖➖➖➖

𝐁𝐨𝐨𝐤 𝐒𝐮𝐦𝐦𝐚𝐫𝐲

❝ ပျားတမာ စာအုပ်လေးက ဘဝ နဲ့ လောကကြီး
အပေါ် ရှုမြင်ပုံ ပြောင်းလဲစေနိုင်တဲ့ အစွမ်း ရှိပါတယ်❞
- Oprah Winfrey

• “ပျားတမာ” Bittersweet ဟာ ...

လူတွေမှာရှိတဲ့ ဝမ်းနည်းမှု၊ အလွမ်း၊ မပြည့်စုံမှုခံစားချက်တွေဟာ အားနည်းချက်မဟုတ်ဘဲ လူကို ပိုပြီးနက်ရှိုင်းစေတဲ့ အင်အားတစ်ခု ဖြစ်တယ်လို့ ရှင်းပြတဲ့ စာအုပ်ဖြစ်ပါတယ်။

ပညာရှင်စာရေးဆရာဖြစ်သူ Susan Cain (The Quiet - “ငြိမ်သက်ခြင်း” အမည်ရ စာအုပ်ရေးသားသူ) က အမြဲပျော်နေဖို့၊ positive ဖြစ်နေရမယ်ဆိုတဲ့ လူမှုအယူအဆကို မေးခွန်းထုတ်ပြီး ဝမ်းနည်းမှု၊ အလွမ်း၊ တိတ်ဆိတ်နေချင်စိတ်တွေက အနုပညာဖန်တီးမှု၊ စာရေးခြင်း၊ ဂီတ၊ သနားကြင်နာမှု၊ လူသားအဓိပ္ပါယ်ကို နားလည်နိုင်ခြင်းအတွက် အရေးကြီးကြောင်း ယခုစာအုပ်မှာ မီးမောင်းထိုး ပြောပြထားပါတယ်။

ဝမ်းနည်းမှုကို ရှောင်ပြေးမနေဘဲ လက်ခံနိုင်ရင် ပိုပြီး ကိုယ့်ကိုယ်ကိုယ်ပိုပြီး အမှန်တရားနဲ့ နားလည်လာမယ်။ နာကျင်မှုကတစ်ဆင့် လူတွေဟာ အချစ်၊ အလှအပ၊ အဓိပ္ပါယ်ကို ပိုမို ခံစားနိုင်လာမယ် ဆိုတဲ့ အကြောင်းအရာတွေကို စိတ်ပညာ၊ ကိုယ်တွေ့ အတွေ့အကြုံ၊ အနုပညာဇာတ်လမ်းတွေ ပါဝင်အောင် ရေးသားထားပါတယ်။

“ဝမ်းနည်းခြင်းနဲ့ လွမ်းဆွတ်ခြင်းကို လက်ခံနိုင်တဲ့အခါ လူတစ်ယောက်ဟာ ပိုပြီး ပြည့်စုံလာတယ်” လို့ အဓိပ္ပာယ် လေးလေးနက်နက် ဖော်ထုတ်ရေးသားထားတဲ့ ကမ္ဘာကျော်စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
➖➖➖➖

စာညွှန်း - ပန်းဆက်လမ်း

ကလေးတွေ အနာဂတ်လှပဖို့  ဥာဏ်ရည်(၁၀)မျိုး သင်ကြစို့ဥာဏ်ရည်(၁၀)မျိုး ပုံပြင်များဆိုတာ...  🔺 𝗘𝗺𝗼𝘁𝗶𝗼𝗻𝗮𝗹 𝗤𝘂𝗼𝘁𝗶𝗲𝗻𝘁 (𝗘𝗤) ဆိုတာ မ...
17/05/2026

ကလေးတွေ အနာဂတ်လှပဖို့ ဥာဏ်ရည်(၁၀)မျိုး သင်ကြစို့

ဥာဏ်ရည်(၁၀)မျိုး ပုံပြင်များဆိုတာ...

🔺 𝗘𝗺𝗼𝘁𝗶𝗼𝗻𝗮𝗹 𝗤𝘂𝗼𝘁𝗶𝗲𝗻𝘁 (𝗘𝗤) ဆိုတာ မိမိရဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်စွမ်း ၊ ဆက်ဆံရေးပြသနာတွေကို ဖြေရှင်းနိုင်စွမ်းကို ဖော်ပြတဲ့”စိတ်ခံစားမှုဆိုင်ရာ ဥာဏ်ရည်ဥာဏ်သွေး” ဖြစ်ပါတယ်။ EQ ကောင်းတဲ့ကလေး ဆိုတဲ့ ပုံပြင်လေးဟာ EQရဲ့ အရေးကြီးပုံ၊ သင်ယူလေ့လာ သတိထားရမယ့် အရာတွေကို ကလေးတွေကို ပုံပြင်လေးနဲ့ သင်ပြနိုင်ဖို့ ကူညီပေးမှာပါ။

🔺 𝗪𝗶𝗹𝗹 𝗤𝘂𝗼𝘁𝗶𝗲𝗻𝘁 (𝗪𝗤) ဆိုတာ အခက်အခဲတွေကို ကျော်ဖြတ်နိုင်တဲ့ စိတ်ဓါတ်ခိုင်မာမှုကို ဆိုလိုတာ ဖြစ်ပါတယ်။ ဇွဲလုံလရှိတဲ့ ကလေးတစ်ယောက် ပြင်းပြတဲ့စိတ်နဲ့ ဘယ်လိုကြိုးစားလဲဆိုတာ ပုံပြင်ကတဆင့် ကလေးတို့ လေ့လာ အတုယူနိုင်ဖို့ပါ။

🔺𝗜𝗻𝘁𝗲𝗹𝗹𝗶𝗴𝗲𝗻𝗰𝗲 𝗤𝘂𝗼𝘁𝗶𝗲𝗻𝘁 (𝗛𝗤) ဆိုတာ မှတ်ဉာဏ်၊ ပြဿနာဖြေရှင်းနိုင်စွမ်း၊ ယုတ္တိဗေဒ (Logic) ကျကျ စဉ်းစားနိုင်စွမ်းနဲ့ သင်ယူနိုင်စွမ်းကို ပြောတာပါ။ IQကဘာလဲ။ ဘယ်လို ဥာဏ်ကောင်းအောင် လေ့ကျင့်လို့ရလဲ ပုံပြင်ဖတ်ရင်း လေ့လာမယ်။

🔺 𝗔𝗱𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗤𝘂𝗼𝘁𝗶𝗲𝗻𝘁 (𝗔𝗤) ဆိုတာ အခက်အခဲတွေ ရင်ဆိုင်နိုင်စွမ်းရည်ပေါ့။ အခက်အခဲတွေ မမှုတောမယ့် ကလေးတစ်ယောက်ကို ပုံပြင်မှာ လေ့လာရင်း ကလေးတို့လည်း စိတ်ဓာတ်အင်အား တိုးတက်လာပါလိမ့်မယ်။

🔺 𝗛𝗲𝗮𝗹𝘁𝗵 𝗤𝘂𝗼𝘁𝗶𝗲𝗻𝘁 (𝗛𝗤) ဆိုတာ ကျန်းမာရေး ဗဟုသုတ အသိဉာဏ်ပေါ့။ လူစွမ်းကောင်းလေး ကိကိ က ဘယ်လိုများ ကျန်းမာရေးအတွက် လေ့လာပြင်ဆင်လည်း ဖတ်ရင်း ကလေးတို့လည်း ကျန်းမာရေးဗဟုသုတတွေ တိုးပွားလာပါလိမ့်မယ်။

🔺 𝗠𝗼𝗿𝗮𝗹 𝗤𝘂𝗼𝘁𝗶𝗲𝗻𝘁 (𝗠𝗤) ဆိုတာ ကိုယ်ကျင့်တရားဆိုင်ရာ အသိဉာဏ်ပေါ့။ ပုံပြင်ထဲကနေ အကျင့်စရိုက်လေးတွေ လေ့လာရအောင်။

အခုထိ (၆)အုပ် ထွက်ထားပြီးပါပြီ။ ကလေးတွေအတွက် တကယ် သင့်တော်တဲ့ စာအုပ်လေးမို့ ဖတ်ကြည့်ကြပါဦး။

တစ်အုပ် 🏷️ ၈၀ ဘတ်

ที่อยู่

2/51, Raumreang Road
Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ WL Myanmar Bookstore Mae Sotผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง WL Myanmar Bookstore Mae Sot:

แชร์