Tun wai ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Tun wai, การช้อปปิ้งและค้าปลีก, Krabi.

01/01/2024

ဂနိ့ တရက်လုံးကို
င ရုပ်ကြိုက်နီရေလိုးကြားဝေး
ဂုထိ့

26/12/2023

ခွီးကို ခွီးကပြန်ဆွဲစားနီလို့ကြားဂါး
ဝေး....

23/12/2023

8ခွဲ လောက်က
ခ်ွီး တချိန်း အူ လို့ကြားဂါး
လူရို့

21/11/2023

ယ ပိုင်းပြေားဂါးဝေး

20/11/2023

လွမ်းရေ ဝေး...
လွမ်းကပ်တယ်ဝေး...
ကြာဖြူလွမ်းစာတော့ မဟုတ်ဝေးန...

13/11/2023
14/10/2023

အိမ်တွင်းဖြစ်မြေဩဇာများ (၂)

ဘိုကာရှီမြေဩဇာ
စွမ်းထက်အီးအမ်ဖျော်ပြီးကြပါပြီလား

ဖျော်ပြီးပြီဆိုရင်
ဘိုကာရှီမြေဩဇာ ဆက်လုပ်ကြရအောင်။
ဘိုကာရှီဆိုတာက ဂျပန်စကား၊ အချဉ်ဖောက်ထားတဲ့ သက်ဆွေးဓာတ် (ဩဂဲနစ်ပစ္စည်း) များလို့ အဓိပ္ပာယ်ရပါတယ်။

ပါဝင်သည့်ပစ္စည်းများ
(၁) နွားချေး(မှုန့်) ၄ တင်း
(၂) စပါးခွံ ၂ တင်း

(စပါးခွံမရှိရင် သစ်ရွက်ခြောက်၊ ဗေဒါခြောက်၊ စင်းထားတဲ့ကောက်ရိုးခြောက်၊‌ ပြောင်းရိုး နှမ်းရိုးခြောက် စတာတွေကို လုံလောက်အောင် ထည့်ပါ)

(၃) စပါးခွံဖွဲပြာ ၂ တင်း
(ဖွဲပြာမရရင် မီးသွေးမှုန့်၊ မီးဖိုချောင်ကပြာ စတာတွေထည့်ပါ)

(၄) ဖွဲနု (စစ်စစ်) ၂ တင်း

(၅) ပဲဖတ်မှုန့် ၃ ပိဿာ
(မြေပဲဖတ်၊ နှမ်းဖတ်၊ ပဲမှုန့်-ဘာပဲ ဖြစ်ဖြစ်၊ အလွယ်တကူရနိုင်တဲ့ဟာ)

(၆) တင်လဲရည် ၁ လီတာ
(ထန်းလျှက်ရည်၊ ကြံသကာရည်၊ သကြားညို အရည် အလွယ်တကူ ရနိုင်တဲ့ဟာ)

(၇) စွမ်းထက်အီးအမ် ၄ လီတာ
(၈) ရေ ၁ ဂါလံ

ရောစပ်ပုံ
(၁) တင်လဲရည်နဲ့ စွမ်းထက်အီးအမ်ကို ရေတစ်ဂါလံထဲ ရောစပ်ထည့်လိုက်ပါ

(၂) နွားချေး၊ စပါးခွံနဲ့ ဖွဲပြာသုံးမျိုးကို အခင်းတစ်ခုခုအပေါ်မှာ ရောစပ်မွှေပေးပါ၊ ရောစပ်နေတုံး စွမ်းထက်အီးအမ်ရောထားတဲ့ရေနဲ့ သင့်ရုံလေးဖျန်းဖျန်းပေးပြီး မွှေပေးပါ။

ရောစပ်ပြီးသားဟာ မစိုလွန်း၊ မခြောက်လွန်း၊ လက်ထဲမှာ ပေါက်ပေါက်ဆုပ်ကလေးလို ဆုပ်လို့ရရုံ ရေကို တောက်တောက်ပေးပါ။

(၃) ဖွဲနုနဲ့ပဲဖတ်အမှုန့်ကို ရောစပ်ထားပါ။

(၄) နွားချေး စပါးခွံရောစပ်ထားတဲ့ အပုံပေါ်မှာ ဖွဲနုပဲဖတ်အရောကို မဆလာဖြူးသလို ဖြူးဖြူးပေးပြီး ထပ်မံရောစပ်ပေးပါ၊

ရော‌စပ်နေတုံး စွမ်းထက်အီးအမ်ရေနဲ့တောက်တောက်ပေးပြီး ရောမွှေပါ၊ စွမ်းထက်အီးအမ်ရေကုန်သွားရင် ရိုးရိုးရေနဲ့တောက်တောက်ပေးပါ၊

ရောစပ်ပြီးသားဟာ မစိုလွန်း၊ မခြောက်လွန်းလေး ပေါက်ပေါက်ဆုပ်လို့ရရုံ ဖြစ်ရပါ့မယ်၊ ဆုပ်ကြည့်လိုက်လို့ လက်ကြားထဲရေစိမ့်ထွက်လာရင် စိုလွန်းသွားပြီး ပုပ်တတ်ပါတယ်၊

ခြောက်လွန်းရင်လည်း ဓာတ်ပြုတာ ကြန့်ကြာတတ်ပြီး အာနိသင်မကောင်းပါ။

(၅) ရောစပ်ပြီးရင် အုတ်ဂူလေးလိုပုံလိုက်ပြီး ပလတ်စတစ်စနဲ့ လေလုံအောင် အုပ်ပေးထားပါ။

(၆) နောက်နေ့မနက် အုပ်ထားတဲ့ပလတ်စတစ်ကို ဖွင့်ပေးလိုက်ပါ၊ အပုံပေါ်မှာ မှိုမျှင်တွေအများကြီးပေါက်နေကြပါလိမ့်မယ်၊

အပုံအတွင်းထဲကလည်း အတော်ကြီးပူနေပါလိမ့်မယ်၊ အပုံကို ဂေါ်ပြားတွေနဲ့ အထက်အောက်လှန်ပြီး မွှေပေးပါ၊

ပြီးရင် လုံအောင်ပြန်အုပ်ပေးထားပါ၊ ညနေပိုင်းတစ်ကြိမ်မွှေပေးနိုင်ရင် မွှေပေးပါ။

(၇) နောက်ရက်များမှာလဲ အဲဒီအတိုင်းလုပ်ပေးပါ၊ ရောစပ်ပြီး လေးငါးရက်လောက်ကြာရင် အပူထွက်တာတွေလျော့လာပါလိမ့်မယ်၊

(၈) လုံးဝအပူမထွက်တော့တဲ့အခါ ဘိုကာရှီများကို ဆာလာအိတ်တွေထဲထည့်ပြီး အိတ်ကိုလုံအောင်ပိတ်ထားပါ။

(၉) အိတ်သွတ်ပြီးလို့ တစ်ပတ်လောက်ကြာရင် အသုံးပြုလို့ရပါပြီ၊ အိတ်ကိုဖွင့်လိုက်ရင် အပူတွေမထွက်တော့ဘဲ ချဉ်စုတ်စုတ်အနံ့လေး ရရပါ့မယ်၊ အပုပ်နံ့ရရင် လုပ်တာမအောင်မြင်ပါ။

(၁၀) နွားချေးလေးတင်းအချိုးစပ်ရင် ဘိုကာရှီ (ဆယ့်ငါးပိဿာအိတ် ငါးအိတ်ခွဲခန့်) ရနိုင်ပါတယ်၊ (ပိဿာရှစ်ဆယ်ကျော်ပေါ့)

(တစ်အိတ် ဘယ်လောက် တန်ကြေးရှိသွားမလဲဆိုတာ ကိုယ်သုံးခဲ့တဲ့ပစ္စည်းတန်ဖိုးတွေနဲ့ တွက်ကြည့်လိုက်ပါ၊ တစ်အိတ် ရှစ်ထောင်ကျပ်လောက်ဖြစ်မယ်ထင်ပါတယ်၊ ဒေသအလိုက် ကွာခြားချက်တော့ ရှိပါလိမ့်မယ်)

အသုံးပြုပုံ

(၁) စပါးခင်းမှာ မြေခံအဖြစ် နောက်ဆုံးတမန်းပြင်ချိန် အခင်းထဲကြဲပက်ပေးပါ၊ ပေါင်းထိုး တမန်းနှိုးချိန်မှာလည်း ကြဲပက်ပေးပါ။

(၂) ယာခင်းထဲဆိုရင် မျိုးစေ့ချချိန် စိုက်ကြောင်းထဲထည့်ပေးပါ။

(၃) ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံဆိုရင် စိုက်ကျင်းထဲ၊ စိုက်ပေါင်ပေါ် အဆင်ပြေသလိုထည့်ပေးပါ၊ ထည့်ပြီးရင် ဘိုကာရှီကို မြေကြီးနဲ့ဖြစ်ဖြစ်၊

အမှိုက်နဲ့ဖြစ်ဖြစ် ဖုံးအုပ်ထားပေးပါ၊ ဘိုကာရှီကို နေရောင်တိုက်ရိုက် မကျစေရပါ။

နှုန်းထား

တစ်ဧက အနည်းဆုံး ဆယ်အိတ်လောက်ထည့်ပေးနိုင်ရင် ကောင်းပါတယ်၊ ပထမဆုံးနှစ်မှာ များများထည့်ပေးပြီး နောင်နှစ်တွေမှာ လျှော့လျှော့ထည့်ပေးလို့ရပါတယ်။

ကိုယ်တိုင်လုပ်ထားတော့
များများ ထည့်ပေးနိုင်တာပေါ့၊ များသွားလို့ လောင်တယ်ဆိုတာလည်း မဖြစ်ပါဘူး။

အကျိုးအာနိသင်များ

(၁) အပင်ဖြစ်ထွန်းမှုကောင်း

(၂) အပင် ကျန်းမာကြံ့ခိုင်မှုကောင်း

(၃) အထွက်နှုန်းကောင်း

(၄) သီးနှံအရည်အသွေး ပိုမိုကောင်း

(၅) မြေကြီး မြေဆီဩဇာထက်သန်လာ

(၆) ပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်

(၇) စိုက်ပျိုးရေးဂေဟအဖွဲ့အစည်း ပိုမိုကြံ့ခိုင်လာ

(၈) စဉ်ဆက်မပြတ်သုံးစွဲသွားပါက ဓာတ်မြေဩဇာများ သုံးစွဲရန်မလိုတော့ပါ

Credit - ဆရာ ဉီးသိန်းဆု

ที่อยู่

Krabi
45867

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Tun waiผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์