Charry hnim ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Charry hnim, การช้อปปิ้งและค้าปลีก, Hat Yai.

09/12/2022

ဒီပန်းချီကားရဲ့ နာမည်ဟာ
"ပျော်ရွှင်ခြင်း" လို့ အဓိပ်ပါယျရပါတယျ။

ပန်းချီဆရာက
အခု ပုံမှာ မြင်နေရတဲ့အတိုင်း

ကလေးတွေ အများကြီးနဲ့ မိသားစုလေးဟာ

အနုပ်စုတ်ကုပ်စုတ် အခန်းလေးတစ်ခုထဲ
သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အတူ
မိုးယိုပြီး ကျနေတဲ့ ခေါင်မိုးအောက်မှာ

ကျိုးပဲ့နေတဲ့ ကုတင်တစ်ခုပေါ်
ခြေချစရာ နေရာလပ်မရှိအောင်
ကျပ်ညှပ်သပ်ပြီး အိပ်နေကြရပေမယ့်

သူတို့တွေ အားလုံးရဲ့ မျက်နှာပေါ်မှာ
အေးချမ်းပျော်ရွှင်နေတဲ့ အပြုံးကိုယ်စီ
ရှိနေကြတဲ့ပုံလေးကို ရေးဆွဲပေးခဲ့ပါတယ်။

ဒီပန်းချီကားလေးဟာ အရမ်းကို နာမည်
ကျော်ကြားသွားခဲ့ပြီး လူတွေကို

ပျော်ရွှင်ခြင်းဆိုတာ ကိုယ့်ရဲ့
ဆင်းရဲဒုက္ခတွေကနေ ရှောင်ပြေး
ပုန်းရှောင်နေခြင်း မဟုတ်ပဲ

ကိုယ့်ရဲ့ ဆင်းရဲဒုက္ခတွေကို
ရိုးရိုးသားသား လက်သင့်ခံလိုက်ခြင်းပဲ
ဖြစ်တယ်ဆိုတဲ့ အသိကို ရစေခဲ့တဲ့
ပန်းချီကားတစ်ချပ် ဖြစ်လာခဲ့ပါတယ်။

ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ကြိုးစား
ရုန်းကန်နေရတဲ့ အခြေအနေမျိုးမှာ ဖြစ်ဖြစ်
ကိုယ့်နံဘေးမှာ ရှိနေတဲ့ ကောင်းတဲ့
အခြင်းအရာတွေကို မြင်တတ်ပါစေ။

ကိုယ် မတတ်နိုင်တဲ့ အကြောင်းကိစ္စတွေ
အတွက်လည်း ပူပန်သောကတွေ မထားပါနဲ့။

တတ်နိုင်သလောက် ဘဝကို
ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းပါ။

ဒီလောက်ဆိုရင် ဘဝက
လုံလောက်တာထက်တောင် ပိုနေပါပြီ။

Credit :

မေတ္တာများစွာဖြင့်
#အောင်မြင်ရေးနည်းလမ်းများ

30/09/2022

"ကြိုးစားနေတဲ့ " အချိန်မှာ သည်းခံပါ။
"ကျရူံးနေတဲ့ " အချိန်မှာ ရဲရင့်ပါ။
"အောင်မြင်နေတဲ့ " အချိန်မှာ တည်ငြိမ်ပါ။

သင်ကြိုးစားနေတာလား

ဒါဆို သည်းခံလိုက်ပါ။
ကြိုးစားနေတဲ့သူတွေကို တိုက်ခိုက်နေတဲ့
မကောင်းဆိုးဝါးဆိုတာ နေရာတိုင်းမှာ ရှိကြတယ်။

ထိုသူတွေနဲ့ ယှဉ်ပြီး မတိုက်ခိုက်ပါနဲ့
ကိုယ်သွားမယ့် လမ်းကြောင်းတွေ
လွဲသွားတတ်ပါတယ်။

မကောင်းတဲ့ သူတွေက မကောင်းတဲ့
လမ်းကြောင်းအတိုင်း ဆက်သွားပါလိမ့်မယ်။

ဒါသင်သွားမယ့် လမ်းကြောင်းက အမှိုက်တွေပါ
အမှိုက်ကောက်ရမှာ သင့်အလုပ်မဟုတ်ဘူး။

သည်းခံခြင်းသည် အောင်မြင်ခြင်းရဲ့ နိဒါန်းပါ
သင့် အခက်ခဲတွေကို အလှဆုံး
အပြုံးနဲ့ ရင်ဆိုင်ပြီး ဆက်ကြိုးစားပါ။
အောင်မြင်မှုက ကြိုးစားနေသူတွေအတွက်
လက်တကမ်းမှာပါ။

လောကဓံကို ရင်ဆိုင်နေရတဲ့ လူသားခြင်း
စာနာစိတ်နဲ့ အကောင်းမြင်ပေးပါ။

နေရာတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိပါတယ်။
စိတ်ထားကောင်းကောင်းထားပြီး သည်းခံရင်း ကြိုးစားပါ။

သင် ကျရူံးနေလား

ဒါဆို ရဲရင့်ပြလိုက်စမ်းပါ
လှောင်ပြောင်ရယ်မော တိုက်ခိုက်နေတဲ့
အတုအယောင်တွေ ကြားထဲမှာ
ခြင်္သေ့ တစ်ကောင်အသွင်နဲ့
ရဲရင့်ပြလိုက်စမ်းပါ။

လူဆိုတာ ကိုယ်ထက်သာ
မနာလို တာ သဘာဝပါ။
သူတို့ထက် ညံ့ခဲ့ရင်တော့
ကဲ့ရဲ့ ပြီပေါ့။

ဒါပေမယ့် သူတို့ထက် အဆပေါင်းများစွာ
သာတဲ့သူတွေကိုတော့ အားကျ အတုယူတက်ကြတယ်။
ဒီသဘာဝလည်း သင်နားလည်ထားပါ။

နေပူပြီးရင် နေရိပ်လာတဲ့ အချိန်ရှိသလို
မုန်တိုင်းပြီးလဲ လေပြေလာစမြဲပါ။
ဒါဆို သေချာတယ်။

ကျရူံးချိန်တွေ ပြီးရင်
မလွဲမသွေ လာမှာ အောင်မြင်မှုပါ။
ဒီအောင်မြင်မှုကို သင့်ရဲ့ ရဲရင့်တဲ့
အပြုံးတစ်ပွင့်နဲ့ ကြိုဆိုရမှာပါ။

"ဆင်" ဖမ်းဖို့သွားတဲ့ လူတစ်ယောက်က
လမ်းမှာ ဟောင်နေတဲ့ "ခွေး" တွေကို ခဲနဲ့ပစ်နေရင်
"ဆင်" ရဖို့အချိန် နှောက်နှေးသွားပါလိမ့်မယ်။

ဒါကြောင့် သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို
အောင်မြင်မှုအတွက်ပဲ အချိန်ကုန်ခံပါ။

အရည်အသွေး နိမ့်တဲ့သူတွေကြောင့် ခေါင်းကိုက်မခံနဲ့။

သင့်ရဲ့ ကျရူံးမှုတွေကို ရဲရင့်မှုတွေနဲ့ စိန်ခေါ်ပါ။
ဒါဆို စိန်ခေါ်မှုတွေများတဲ့ လောကကြီးကို
သင် ကောင်းကောင်း ရင်ဆိုင်သွားနိုင်မှာပါ။

သင် အောင်မြင်နေပြီလား

ဒါဆို တည်ငြိမ်နေလိုက်ပါ။
လုံလောက်တဲ့ ရင်ကျက်မှုရှိတဲ့ လူတိုင်းက
ကိစ္စတိုင်းကို ထည့်တွက်မနေတော့ပါဘူး။

မူရင်းရေးသားသူအားလေးစားလျက်

...
.. Owners ✍✍✍

25/09/2022
04/09/2022
21/04/2022
04/03/2022
28/02/2022

ที่อยู่

Hat Yai
90110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Charry hnimผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์