17/05/2026
လူစိမ်း
(လူတယောက် ကျွန်မအိမ်ကို လာလာနေ
သူလာနေကျအချိန် အတိအကျ သူရောက်လာ
ဒီဘာသာစကားပဲ သူပြောတယ် လေယူလေသိမ်းတော့ ကွဲတယ်
သူဘယ်ကလာလဲ ဘယ်လောက်ကြာကြာနေမလဲ ကျမမသိ
ကျွန်မအပေါ်ချစ်ချစ်ခင်ခင်ပါပဲ တခါတလေတော့ သူနွမ်းနယ်နေပုံရတယ်
ကျမဒုက္ခတွေကိုလည်း သူစာနာသတဲ့ သူက ကျမအကြောင်း တော်တော်သိထားပုံရ
သူဟာ သူ့ရဲ့သူငယ်ချင်းပဲဖြစ်ရမယ် ကျမထင်မိ
ဒါပေမယ့် သူဟာ သစ္စာမဲ့တဲ့သူငယ်ချင်းပဲဆိုတာလည်း ပြောဖို့တောင်မလို
သူက သူ့ကိုမုန်းမှန်း ကျမသိတယ်
ဒါတွေအားလုံးဟာ ကျမအတွက် ရင်ဖိုစရာ
သူ့ကို ဘယ်လိုများ ဆက်ဆံရမလဲ ကျမမသိ
ဒါ သူ့အိမ်မဟုတ်ဖူးဆိုတာ သူ့ကိုဘယ်လိုပြောရပါ့
သူ့ကိုစော်ကားသလိုများလည်း ကျမ မဖြစ်ချင်
သူက ကျမချစ်တဲ့ ဟိုတယောက်နဲ့ တူလွန်း
သူအသံမပြုတဲ့အခါ ကျမဖြင့် ဘယ်သူကဘယ်သူမှန်းတောင် မသိနိုင်အောင် ဖြစ်ရတယ်
ကျမတော်တော် စိုးထိတ်နေ
သူအမြဲတမ်း နေသွားမှာ ကျမ ကြောက်နေ
သူသာ နေ နေရင်
ဟိုတယောက် ဘယ်တော့မှပြန်မလာတော့ဘူးဆိုတာကျမ သိနေ)
မူရင်းကဗျာဆရာမ = Francisca Aguirre
မူရင်းကဗျာ = The Stranger
မူရင်းဘာသာ = စပိန်
အင်္ဂလိပ်ဘာသာ ပြန်ဆိုသူ = Montana Ray
မြန်မာဘာသာ ပြန်ဆိုသူ = Moe Sad
Send a message to learn more