Chiang Mai Services

Chiang Mai Services Visa Services

4th July 202414 days Arrival visa နဲ့ ချင်းမိုင်လာတဲ့ မောင်လေးနဲ့ ညီမလေး 30 days visa extension Service လေးပါရှင့်ချင်းမ...
04/07/2024

4th July 2024

14 days Arrival visa နဲ့ ချင်းမိုင်လာတဲ့ မောင်လေးနဲ့ ညီမလေး 30 days visa extension Service လေးပါရှင့်

ချင်းမိုင် Service အမျိုးမျိုး အတွက် ကူညီ ပါရစေ။

Thai phone: +66855019972
Viber: +66855019972
email:[email protected]

#ချင်းမိုင်

90 days Report services အပ်လို့ ရပါတယ်။ထိုင်းနိုင်ငံ အတွင်း နေထိုင်သူတိုင်း ရက် ၉၀ ပြည့်ခါနီးတိုင်း 90 days report တင်ရပ...
12/12/2023

90 days Report services အပ်လို့ ရပါတယ်။

ထိုင်းနိုင်ငံ အတွင်း နေထိုင်သူတိုင်း ရက် ၉၀ ပြည့်ခါနီးတိုင်း 90 days report တင်ရပါတယ်။

Service fees 250 THB per person ပါ
လူများရင် service fees ကို discount ပေးပါမယ်။

ချင်းမိုင် ကားမောင်းသင် service
28/06/2023

ချင်းမိုင် ကားမောင်းသင် service

Visa and driving license services
28/06/2023

Visa and driving license services

24/04/2023

Laos tourist visa self Successfully run

အမေ့ အတွက် ချင်းမိုင်မှ လာအိုသို့ ကိုယ်တိုင် tourist visa run အတွေ့ အကြုံလေး ပြောပြပေးမယ်နော်
ကျွန်မ အမေ က ရန်ကုန်မှ ချင်းမိုင် ကျွန်မ အိမ်သို့ visa free (14 days) ဖြင့် လာနေပြီး မပြန်ချင်သေးဘူး ရက်တိုးချင်တယ် ဆိုတော့ သားမိနှစ်ယောက် လာအိုကို visa run ထွက်ခဲ့ပါတယ်ရှင့်
ကိုယ်တိုင် လုပ်ကြည့်ပါ အရမ်းလွယ်ပါတယ်။

ပထမဆုံး Suvannakhet နဲ့ Vientiane ဘယ်သွားမလဲ စဉ်းစား တဲ့ အခါ အမေက အသက်အရွယ်ကြီးတာကြောင့် Vientiane ကိုပဲ သွားဖို့ ရွေးချယ်ခဲ့ ပါတယ်

Vientiane ⏭️ booking appointment လို
⏭️ visa ရဖို့ ၂ ရက် စောင့်ရတယ်

Suvannakhet ⏭️ ရောက်မှ တန်းစီစနစ်
⏭️ အရင်က နေ့ချင်းရတယ် ပြောကြတယ် အခုတော့ ရက်ခွါချိန်းတယ်ပြောကြတယ်
⏭️ Vientiane ထက် ပိုဝေးတယ်

ပထမဆုံး Vientiane royal thai embassy လို့ google မှာ web site ရှာကြည့်ပြီး appointment ယူလိုက်ပါတယ်။ available date နဲ့ လက်ကျန်ဦးရေပြထားပါတယ် ကိုယ် အဆင်ပြေမယ့်ရက်ရွေးလို့ရပါတယ်။ ကျွန်မက 11 April 2023 ကိုယူလိုက်ပါတယ်။ booking success ဖြစ်တဲ့အခါ ကိယ့်ဆီ email ဝင်လာပါတယ် Queue number ပါပါတယ်။

နောက် site မှာ ကိုယ်လိုချင်တဲ့ visa အတွက် requirements တွေ ကို သေချာ ဖတ်ပြီး ပြင်ဆင် လိုက်ပါတယ်။

No.1 application form ကို web site ကနေပဲ download ဆွဲ print ထုတ် အိမ်မှာ သေချာ ဖြည့် ပြီး အမေကလက်မှတ်ထိုးထားတယ်

No.2 two passport sizes photos

No.3 original and copies of passport including အရှေ့ဆုံးက ကိုယ်ပုံ ပါတဲ့ စာမျက်နှာရယ် လာအိုကို ဝင်ပြီးမှ arrival stamp ထုထားတဲ့ စာမျက်နှာရယ်ကို copies ကူးပါ

No.4 Show money တယောက်စာ ဘတ် 20000 တမိသားစုဆိုရင် ဘတ် 40000 အနည်းဆုံနဲ့ ညီမျှတဲ့ bank statements ထုတ်ထားပါ ( Thai bank account or MMK bank account) ကြိုက်တာထုတ်ရပါတယ်။ အမေက Thai bank account မရှိသေးတော့ UAB bank account သိန်း ၂၀ အထက် ထည့်ပြီး bank statements ထုတ်ထားလိုက်ပါတယ်။ ကျွန်မ နဲ့ အမေက သန်ခေါင်စားရင်း မတူလို့ ကျွန်မ အကောင့်ပြလို့မရပါ။

No.5 return tickets booking( CNX to YGN) print ထုတ်လိုက်ပါတယ်။ နောက် Thailand hotel booking နေရာ မှာ အမေက ကျွန်မ ငှါးထားတဲ့ အိမ်မှာ နေတာဖြစ်တဲ့ အတွက် ကျမကနေ အမေကို လာနေဖို့ invitation letter တစောင်ရေးပြီး print ထုတ်လိုက်တယ်။ ကျွန်မ passport TM30 copies, အိမ်ငှါးစာချုပ် မိတ္ထူ ထုတ်လိုက်တယ်

ဒါဆိုရင်တော့ အားလုံ ready ပေါ့

လတ်မှတ် ကြို ဝယ်ပါပြီ

10 April CNX to Nongkhai bus ticket ဖြတ်ထားလိုက်ပါတယ် ( တဦး 997 Baht) အပြန် အတွက်13 April အတွက်က booking လုပ်ထားလိုက်တယ် ငွေ မချေသေးဘူး။ လတ်မှတ် ရောင်းတဲ့ ကောင်လေးရဲ့ line account တောင်းပြီး လတ်မှတ် ယူမှာ သေချာရင် လာအို ကနေ ငွေလွှဲပေးမယ် အကြောင်း ပြောထားလိုက်တယ်။

သွားတဲ့နေ့ ည ၈ နာရီ ချင်းမိုင် bus terminal 2 ကနေ စထွက်ပါတယ်။ bus ပေါ်မှာ ရေဘူး မုန့်နဲ့ အအေး ပေးပါတယ်။ bus မှာ toilet ပါတဲ့ အတွက် တလမ်းလုံး မဆင်းရပါဘူး။ မနက် ၈ နာရီ မှာ Nongkhai bus terminal ကို ရောက်ပါပြီ။
Nongkhai bus terminal to Laos border gate လို့ပြောပြီး တုတ်တုတ် taxi ငှါး ဘတ် 100 ပေးရ။

Border gate မှာ Thai immigration မှာ Departure အထွက်တုံး ထုရပါတယ် ( free) ပါ ကျမက အဖော်လိုက်ပေးတာမို့ ကျမ visa မသေအောင် ချင်းမိုင်မှာ ကထဲ က immigration မှာ re entry (ဘတ် 1000 ပေးရ)တုံး ကြို ထု ခဲ့ပါတယ်။ မလုပ်ခဲ့ရင်တော့ ဒီ တံတားနားမှာ လုပ်လို့လည်း ရပါတယ်။

ပြီးရင် တံတား ကူးဖို့ bus shuttle (တယောက် 35B ပေးရ) နဲ့ friendship တံတားကို ဖြတ်ပါတယ်။ တံတားဟိုဘက်ထိပ်ရောက်ရင် လာအို ရောက်ပါပြီ။ Laos immigration မှာ Arrival form ဖြည့်တုံးထု ( တယောက် ဘတ်၂၀) ပေးရ။

ပြီးရင်တော့ Laos SIM 3days card ဘတ် ၈၀ ပေးရ data ပါပြီး ဝယ်လိုက်ပါတယ်။ နောက် ထိုင်းဘတ် နဲ့ လာအို ပိုက်ဆံ လဲလိုက်တယ်( 1000 B = 510000 Laos) လာအို မြို့ထဲ မှာ ထိုင်းဘတ် နဲ့ ကားငှါး ထမင်းစား တည်းလို့ရပါတယ်။ လာအို ပိုက်ဆံ နဲ့ ပေးတာက ပိုသက်သာတယ်။ သားမိ ၂ ယောက် ၂၀၀၀ ဖိုး နဲ့ လောက်ခဲ့တယ်။

ပြီးရင် Thai embassy ကို တုတ်တုတ်ငှါး တယောက် ဘတ် ၁၀၀ ပေးရ

သံရုံးရောက်တော့ မနက် ၉ နာရီ သံရုံး ရှေ့က မိတ္ထူ ဆိုင်မှာ ထိုင်း departure နဲ့ LAOS Arrival တံဆိပ်တံုးပါတဲ့ စာမျက်နှာကို မိတ္ထူ ဆွဲလိုက်ပါတယ်။ အိမ်က ပါလာတဲ့ documents တွေ နဲ့ တွဲ ပြီး သံရံုးထဲ ဝင်ပါတယ် အပေါက်ဝ မှာ ကိုယ့် appointment letter ကို ဖုန်းထဲက နေပဲ ပြလိုက်ပါတယ်။ နောက် အထဲမှာ နည်းနည်း တန်းစီ ကိုယ့်အလှည့်ရောက်တော့ အားလုံးပြည့်စံုတဲ့ အတွက် ချက်ချင်းပဲ 1000 B ပေး စလစ်ရလာတယ်။

နောက် သံရုံး က ထွက် သံရုံမျက်စောင်းထိုးက Douangpraseuth hotel မှာပဲ standard room ( Laos 40000 per night) နဲ့ ၂ ည ယူလိုက်ပါတယ်။ အခြား သက်သာတဲ့ နေရာ အများကြီး ရှိပေမယ့် နေတအားပူလို့ အမေက သံရုံး နဲ့ နီးရာပဲ နေချင်တယ် ဆိုလို့ အဲ မှာ နေဖြစ်သွားတယ်။

နောက် အပြန်အတွက် ကားလတ်မှတ် ဖိုး လှမ်းချေလိုက်ပါတယ်။

ထမင်းစား hotel မျက်နှာချင်းဆိုင် က ဆိုင် ထမင်း ကြက် or ဝက် တပွဲ Lao 30000 ဝယ်စားတယ်။

ညနေကျ ညစျေးဘက် လမ်းလျှောက် ထမင်းစား ပြီးပြန်

နောက်တရက်လုံး လည်ချင်လည်လို့ရ ကျမ တို့သားမိတော့ ညနေ နေနည်းနည်းအေးမှ Patuxay park ကို လမ်းလျှောက် ၁၅ မိနစ် ခန့် သွားလည် ညစာ စားပြီး အခန်းပြန် (12 April)

13 April မနက် ၁၂ မတိုင်ခင် hotel check out လုပ် မျက်နှာချင်းဆိုင်က ဆိုင်မှာ နေ့လည်စာစား appointment time (1:30 to 4:00) ဆိုတော့ ၁ ခွဲ အထိ ထမင်းဆိုင်မှာ အချိန် ဖြုန်း ပြီး သံရုံး ဝင် အမေ့ passport စာအုပ်ထုတ် ဟော စာအုပ်မှာ 60 days visa ကပ်ပေးလိုက်ပါပြီ။

ပြီးတာနဲ့ in drive နဲ့ ကားငှါး to Lao Thailand friendship bridge 1 ကားခ လာအို ငွေ 132000 နဲ့တံတား ကို သွားပါတယ်။

Laos Departure form ဖြည့် တုံးထု ( တယော ဘတ် ၂၀ ပေးရ) တံတားကူး bus shuttle 30 B per person ထိုင်းဘက် ပြန်ရောက်ပြီ။ Immigration မှာ Arrival ထု Nongkhai bus terminal ကို တုတ်တုတ် ငှါး 100 B

ချင်းမိုင်ကားစီး ပြန်ပါပြီ။

Total ကုန်ကျစားရိတ် about 8500 baht ( ၂ ယောက် သွား)

Valentines site link ⏭️ https://vientiane.thaiembassy.org

Appointment မယူတတ်သူများကို ယူပေးပါမယ်ရှင့် တပတ် ကြိုပြောပါ။ (service fees 500 Baht)

စာရွက်စာတမ်း ပြည့်စုံ လား စစ်ပေးပါတယ်။ (service fees 1000 Baht)

Chet box ကနေ ဆက်သွယ် ပေးပါရှင့် 🙏

Information များကို comment တွင် ထပ်မံဖြည့်စွပ်ပေးလို့ရပါတယ်ရှင့်။

หน้าแรกจากระบบ

20/04/2023

We provide VISA services for living in Thailand.

Our office is located in Chiang Mai city.

Welcome to our old and new Customers.

Please discuss to Chat box.

Thank You.

ที่อยู่

ChiangMai
Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Chiang Mai Servicesผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์