Bun Bun Comic Welcome to the whimsical world of Bun Bun!

ဘန်ဘန်ဘယ်ရောက်သွားတာလဲ 🙂‍↔️   Cartoon
27/12/2024

ဘန်ဘန်ဘယ်ရောက်သွားတာလဲ 🙂‍↔️


Cartoon

BunBun 8834 Connected 🛜BunBun 8834 Connected, No internet 🔴
22/12/2024

BunBun 8834 Connected 🛜

BunBun 8834 Connected, No internet 🔴


ခရုတာဂြိုဟ်အကြောင်း တစေ့တစောင်းဇီနာရဲ့ သက်လုံ နဲ့ ခွန်အားဇီနာဟာ တချိန်က မင်းသမီး တစ်ပါးဖြစ်ပေမဲ့အခုလက်ရှိမှာတော့ ရှေးဟော...
20/12/2024

ခရုတာဂြိုဟ်အကြောင်း တစေ့တစောင်း
ဇီနာရဲ့ သက်လုံ နဲ့ ခွန်အား

ဇီနာဟာ တချိန်က မင်းသမီး တစ်ပါးဖြစ်ပေမဲ့အခုလက်ရှိမှာတော့ ရှေးဟောင်း ယုန်ညိုတောအုပ်ထဲမှာ နေထိုင်တဲ့ တစ်ကောင်တည်းသော ယုန်လို့ ယူဆနိုင်ပါတယ်။ ဘယ့်နှယ့်ကြောင့် မင်းသမီးက တောထဲမှာ တစ်ယောက်တည်း နေထိုင်နေလဲဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။

တော်ဝင်သွေးပါတဲ့ ယုန်မင်းသမီးတစ်ပါးက လမ်းပျောက်တတ်ပြီးအန္တရာယ်များတဲ့ တောထဲမှာ နေရတာ သိပ်ခက်ခဲတဲ့အရာမျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ တော်ဝင် အစောင့်တွေလက်ထဲက ဘန်ဘန့်ကို ကယ်ထုတ်ဖို့ဆိုတာကတော့ သာမန်ယုန်တွေ မလုပ်နိုင်တဲ့ အရာတစ်ခုပါ။

တော်ဝင်ယုန်မျိုးနွယ်တွေဟာ တခြား ယုန်တွေထက် ထူးကဲသာလွန်တဲ့ စွမ်းရည်တစ်ခုခု နဲ့ မွေးဖွားလာကြပါတယ်။ ဒါပေမဲ့ ဇီနာကတော့ စွမ်းရည်နှစ်ခုနဲ့ မွေးဖွားလာတာပါ။ အဲဒါကတော့ သက်လုံ နဲ့ ခွန်အား ပဲ ဖြစ်ပါတယ်။ ဇီနာရဲ့ သက်လုံက တခြားယုန်တွေထက် ငါးဆပိုများပြီး ခွန်အားကတော့ သုံးဆ ပိုများပါတယ်။ အဲဒီအပြင် တိုက်ခိုက်ရေးမှာ ဝါသနာထုံတဲ့ ယုန်ပီပီ လက်ဗလာသိုင်းနဲ့ လက်နက်မျိုးစုံအသုံးပြုနည်းပါ အထူးပြု လေ့ကျင့်ခဲ့တဲ့အတွက် မွေးရာပါစွမ်းရည်က ပိုပြီးနိုးထလာပါတယ်။

ဇီနာ့အတွက် မောပန်းတယ်ဆိုတာ မရှိသလို သာမန် သစ်သားတံခါးချပ်လောက်ဆို လက်သီးနဲ့ ထုတ်ချင်းပေါက်အောင် ထိုးနိုင်တဲ့အထိ သန်မာပါတယ်။

အဲဒါကြောင့် ဇီနာဟာ ဘန်ဘန့်ကို အစောင့်တွေလက်ထဲက အသာလေး ကယ်ထုတ်သွားနိုင်တာဖြစ်ပြီး ဘန်ဘန် လွတ်မြောက်အောင် ကူညီနိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ယုန်ဘုရင်မကြီးကိုယ်တိုင် ဦးဆောင်ပြီး ယုန်အင်အားအများအပြားသုံးပြီး ဇီနာ့ကို ဖမ်းခဲ့ရပါတယ်။

အဲဒါကြောင့် ဇီနာရဲ့ သက်လုံ နဲ့ ခွန်အားက လျော့တွက်လို့မရတဲ့အထဲပါ ပါတယ်။

📌𝐁𝐮𝐧 𝐁𝐮𝐧 𝐀𝐑 𝐄𝐟𝐟𝐞𝐜𝐭 လေး try ကြည့်လို့ရနေပါပြီဗျို့။ 📢Bun Bun တို့ရဲ့Flux Book နဲ့အတူ rangoon.tech , EDKA Digital တို့ပူးပ...
29/11/2024

📌𝐁𝐮𝐧 𝐁𝐮𝐧 𝐀𝐑 𝐄𝐟𝐟𝐞𝐜𝐭 လေး try ကြည့်လို့ရနေပါပြီဗျို့။ 📢

Bun Bun တို့ရဲ့Flux Book နဲ့အတူ rangoon.tech , EDKA Digital တို့ပူးပေါင်းစီစဉ်ထားတဲ့
Bun Bun 𝐀𝐑 𝐌𝐢𝐫𝐫𝐨𝐫 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐲 လေးကတော့ onlineရော၊offline မှာပါ activate ဖြစ်နေပါပြီ 👀

🚀 Online အနေနဲ့ဆိုရင်တော့ကျွန်တော်တို့အောက်မှာချပေးထားတဲ့linkလေးကနေတစ်ဆင့်
Bun Bun အပါအဝင် တခြားချစ်စရာကောင်းတဲ့ Bun Bun Themes Effect လေးတွေနဲ့ဓာတ်ပုံရိုက်လို့ရမှာဖြစ်ပြီး

🚀 Offline အနေနဲ့ကတော့📍 𝐒𝐭.𝐉𝐨𝐡𝐧 𝐂𝐢𝐭𝐲 𝐌𝐚𝐥𝐥 ,𝟐𝐧𝐝 𝐟𝐥𝐨𝐨𝐫 📍 မှာ ရှိတဲ့ AR mirror ကြီးကနေတစ်ဆင့် ဓာတ်ပုံရိုက်လို့ရမှာပဲဖြစ်ပါတယ်ဗျ။

🚀 ပုံလေးတွေရိုက်ပြီးရင်လဲ Giveaway 🎁အစီအစဉ်လေးရှိသေးတာမို့ ရိုက်ထားတဲ့ပုံလေးတွေကိုဒီpostအောက်မှာcomment လာပေးဖို့မမေ့နဲ့နော်

🚀 Like,Follow & Comment လုပ်ထားတဲ့သူတွေထဲက တစ်ဦးကိုရွေးချယ်ပြီး ကျွန်တော်တို့ team ကနေ​ရွေးချယ်ပြီး Bun Bun Merchandise T-shirt လေးလက်ဆောင်ပို့ပေးမှာပဲဖြစ်ပါတယ်ဗျာ။ 🎁

Bun Bun AR effect online: https://a.rangoon.tech/KyayMhon

The Bun Bun AR Effect is live now! 📢

We’ve launched a special Bun Bun AR Effect,collaborated with rangoon.tech and EDKA Digital to celebrate the release of the Bun Bun Merchandise T-shirt; both online and offline.

Online:Click the link below to try it out and snap photos with adorable Bun Bun-themed effects.
Offline:Visit the AR Mirror located on the 2nd floor of St. John City Mall to capture memorable photos in person.
Don’t forget to share your photos in the comments section below to have a chance to win our giveaway!
We’ll pick one lucky winner who has Liked, Followed, and Commented to receive an exclusive Bun Bun Merchandise T-shirt as a gift. 🎁
Bun Bun AR effect online : https://a.rangoon.tech/KyayMhon



မုန်လာဥ vs ခါကြက်ဥ 🥕꒰ᐢ. .ᐢ꒱
23/11/2024

မုန်လာဥ vs ခါကြက်ဥ 🥕꒰ᐢ. .ᐢ꒱



𝐁𝐮𝐧𝐧𝐢𝐯𝐞𝐫𝐬𝐞 𝐅𝐚𝐜𝐭𝐬 ᯓᡣ𐭩 ခရုတာဂြိုဟ်အကြောင်း တစေ့တစောင်း ⋆༺𓆩☠︎︎𓆪༻⋆ ဝတ်စုံနက်ယုန်အဖွဲ့  ⚔️ဝတ်စုံနက်ယုန်အဖွဲ့ဆိုတာ အတွဲ (၁) ရဲ...
21/11/2024

𝐁𝐮𝐧𝐧𝐢𝐯𝐞𝐫𝐬𝐞 𝐅𝐚𝐜𝐭𝐬 ᯓᡣ𐭩

ခရုတာဂြိုဟ်အကြောင်း တစေ့တစောင်း ⋆༺𓆩☠︎︎𓆪༻⋆
ဝတ်စုံနက်ယုန်အဖွဲ့ ⚔️

ဝတ်စုံနက်ယုန်အဖွဲ့ဆိုတာ အတွဲ (၁) ရဲ့ အခန်း (၁) မှာ ဘန်ဘန့်ကို ပြန်ပေးဆွဲ အဲ့မှားလို့ မွေးနေ့ပွဲမှာ ဖျော်ဖြေဖို့ပေးဖို့ လာခေါ်တဲ့ အဖွဲ့ပါ။ 𖠌
ဝတ်စုံနက်ယုန်တွေဟာ ခရုတာဂြိုဟ်ပေါ်က ယုန်တပ်ဖွဲ့နဲ့မတူပါဘူး။ ရှေးဟောင်း နည်းပညာတွေဖြစ်တဲ့ ပန်းကန်ပြားပျံ ယာဉ်ကို မောင်းနှင်ဖို့ လေ့ကျင့်ထားရပါတယ်။ 🛸 မုန်လာဥနီကျဉ်စက်ကတော့ သူတို့ရဲ့ လက်စွဲတော် လက်နက်ဖြစ်ပြီး ခရုတာဂြိုဟ်ရဲ့ ကင်းထောက်တွေဆိုလည်းမမှားပါဘူး။ အရေးကြီးကိစ္စတွေမှာ ဘုရင်မအမိန့်ကို တိုက်ရိုက်နာခံပြီး စေခိုင်းသမျှအောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ အထူးတပ်ဖွဲ့တစ်ခုပါ။ 🥷🏿
ဝတ်စုံနက်ယုန်တွေရဲ့ အဓိက လုပ်ဆောင်ချက်တွေကတော့ ဂြိုဟ်ပတ်လမ်းကို ကင်းလှည့်တာ၊ ရှေးဟောင်းပစ္စည်း(သို့) ရှေးဟောင်းနည်းပညာတွေ ရှာဖွေတာ နဲ့ ဘုရင်မကြီးရဲ့ လျှို့ဝှက်အမိန့်ကို ဆောင်ရွက်တာမျိုးတွေဖြစ်ပါတယ်။ ဝတ်စုံနက် ယုန်တွေဟာ ရုပ်ပြောင်းရုပ်လွှဲ၊ လက်ဗလာသိုင်း နဲ့ ယာဉ်ပျံမောင်းနှင်မှုတွေကို အထူးကျွမ်းကျင်ကြပါတယ်။
ဝတ်စုံနက်ယုန်အဖွဲ့ဟာ ယုန်ဦးရေအနည်းငယ်သာရှိပြီး ဝတ်စုံနက်ယုန်တစ်ကောင်ဟာ သာမန်ယုန်တစ်ထောင်နဲ့ ညီမျှတယ်ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ ꒰ᐢ. .ᐢ꒱


ယုန်ထောင်ကြောင်မိ (๑ᵔ⤙ᵔ๑)
16/11/2024

ယုန်ထောင်ကြောင်မိ (๑ᵔ⤙ᵔ๑)

𝓑𝓾𝓷𝓷𝓲𝓿𝓮𝓻𝓼𝓮 𝓕𝓪𝓬𝓽𝓼 ᡣ𐭩ခရုတာဂြိုဟ်အကြောင်း တစေ့တစောင်း *ੈ✩‧₊˚   ခရုတာဂြိုဟ်ရဲ့ ပြက္ခဒိန်  📆ယုန်ဘုရင်မကြီးရဲ့မုန်လာဥနီ မွေးနေ...
13/11/2024

𝓑𝓾𝓷𝓷𝓲𝓿𝓮𝓻𝓼𝓮 𝓕𝓪𝓬𝓽𝓼 ᡣ𐭩

ခရုတာဂြိုဟ်အကြောင်း တစေ့တစောင်း *ੈ✩‧₊˚
ခရုတာဂြိုဟ်ရဲ့ ပြက္ခဒိန် 📆

ယုန်ဘုရင်မကြီးရဲ့မုန်လာဥနီ မွေးနေ့ကိတ်မှာ ၇နှစ်ပြည့် ဖယောင်းတိုင်ကို သတိထားမိပါသလား။⋅˚₊‧ 🥕‍🍰 ‧₊˚ ⋅
ဟုတ်ပါတယ်။ အဲဒီမွေးနေ့ပွဲက ယုန်ဘုရင်မကြီး လူနာရဲ့ ၇ နှစ်ပြည့်မွေးနေ့ပါ။🎂

ဟ ဒါဆို ဘုရင်မကြီးက ကလေးလေးပဲ ရှိသေးတာပေါ့လို့ ထင်ရင်မှားသွားပါလိမ့်မယ်။

တကယ်တော့ ခရုတာဂြိုဟ် နဲ့ ကမ္ဘာဂြိုဟ် ပြက္ခဒိန်ကြားမှာ ကွဲပြားချက်တွေရှိနေပါတယ်။ အဲဒါကတော့ ခရုတာဂြိုဟ်ရဲ့ တစ်နှစ်က ကမ္ဘာဂြိုဟ်ရဲ့ ငါးနှစ်နဲ့ ညီမျှတယ်ဆိုတာပါပဲ။
ကမ္ဘာဂြိုဟ်မှာ တစ်နှစ်ကို ဆယ့်နှစ်လ ရှိပေမဲ့ ခရုတာဂြိုဟ်မှာတော့ တစ်နှစ်ကို လပေါင်း ခြောက်ဆယ်ရှိပါတယ်။

လ အစား ရာသီပဲသုံးကြပြီး ရာသီတစ်ခုဆီမှာ ဆယ်လရှိပါတယ်။

အဲဒါကြောင့် ယုန်ဘုရင်မကြီး လူနာရဲ့ အသက်က ကမ္ဘာ့ပြက္ခဒိန်အရဆို ၃၅ နှစ်ရှိပါပြီ။ ၇နှစ်အရွယ် ကလေးလေး မဟုတ်ပါဘူး။ (\_/)


Dear Bun Bun fans, we truly apologize for any inconvenience caused today. We’re so grateful for the amazing support you’...
11/11/2024

Dear Bun Bun fans, we truly apologize for any inconvenience caused today. We’re so grateful for the amazing support you’ve shown for our new AR mirror experience at the mall. Unfortunately, due to unforeseen delays in setting up process, the mirror experience is not yet live. We’re working closely with our partners to have it ready for you soon, and we’ll keep you updated on the official launch date. Thank you for your patience and understanding.

𝐁𝐮𝐧 𝐁𝐮𝐧 𝐌𝐞𝐫𝐜𝐡𝐚𝐧𝐝𝐢𝐬𝐞 📦Hello! အားလုံးအတွက်သတင်းကောင်းလေးတစ်ခုရှိပါတယ်🚀Bun Bunတို့ လာမယ့် 11.11.2024 ကနေစပြီး 11.12.2024 ထိ...
10/11/2024

𝐁𝐮𝐧 𝐁𝐮𝐧 𝐌𝐞𝐫𝐜𝐡𝐚𝐧𝐝𝐢𝐬𝐞 📦
Hello! အားလုံးအတွက်သတင်းကောင်းလေးတစ်ခုရှိပါတယ်🚀

Bun Bunတို့ လာမယ့် 11.11.2024 ကနေစပြီး 11.12.2024 ထိ 📌 𝐘𝐚𝐧𝐠𝐨𝐧, 𝐒𝐭.𝐉𝐨𝐡𝐧 𝐂𝐢𝐭𝐲 𝐌𝐚𝐥𝐥 မှာ ပြုလုပ်မယ့် 𝐀𝐑 𝐦𝐢𝐫𝐫𝐨𝐫 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐲 လေးရှိပါမယ်
ခင်ဗျာ။🥳

⭐ ဒီ Activity လေးမှာဆိုရင် အားလုံးမျှော်လင့်နေကြတဲ့ 𝐁𝐮𝐧 𝐁𝐮𝐧 𝐌𝐞𝐫𝐜𝐡𝐚𝐧𝐝𝐢𝐬𝐞 𝐓-𝐬𝐡𝐢𝐫𝐭 လေးကို AR mirror ကြီးကနေတစ်ဆင့် စတင် launch လုပ်မှာဖြစ်ပါတယ်။

⭐ ဒါ့အပြင် AR mirror ရှေ့မှာရပ်လိုက်ရုံနဲ့ Bun Bun အပါအဝင် တခြားချစ်စရာကောင်းတဲ့ Bun Bun Themes Effect လေးတွေနဲ့ဓာတ်ပုံရိုက်လို့ရမှာပဲဖြစ်လို့အားလုံးကိုလာရောက် tryကြည့်စေချင်ပါတယ်ခင်ဗျာ။😎

⭐ ဒီ Campaign နဲ့တွဲလျက်ကတော့ T-shirt လေးကို #𝐠𝐢𝐯𝐞𝐚𝐰𝐚𝐲 ဖောက်ပေးမယ့်အစီအစဉ်လဲရှိသေးတယ်ဗျ ။😉

Giveaway မှာပါဝင်ဖို့ဆိုရင်တော့ ⤵

🔥 AR mirror ကြီးပေါ်မှာ T-shirt လေးပါအောင်
ရိုက်ထားတဲ့ပုံလေးကို 11.11.24ကနေ 17.11.24 အတွင်း ဒီpostအောက်မှာcomment လာပေးရုံပါပဲနော် 🔥

🔥 Comment လာပေးတဲ့လူတွေထဲကတစ်ယောက်ကို Bun Bun တို့ team ကနေရွေးချယ်ပြီး Bun Bun Merchandise T-shirt လေးလက်ဆောင်ပြန်ပေးပါ့မယ်ဗျ။

🔥 T-shirt လေးကိုလဲPre-order system နဲ့ရောင်းချပေးသွားမှာဖြစ်လို့ 17.11.24 ကနေ 25.11.24 အထိ Pre-order တင်နိုင်ပါတယ်ဗျ။

အဆုံးထိဖတ်ပေးတဲ့တစ်ယောက်ချင်းဆီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။
AR-Screen Campaign လေးမှာ ပါဝင်ကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ဗျ။

Hello! We’ve got something exciting for you all!

Starting from 11.11.2024 to 11.12.2024, Bun Bun’s team is teaming up with Rangoon Tech
and EDKA Digital for an epic AR-Screen Campaign at St. John City Mall, Yangon!

In this campaign, we’re launching the much-awaited Bun Bun Merchandise T-shirt through an AR mirror experience! Just by standing in front of the AR mirror, you can snap photos with adorable Bun Bun theme effects, including Bun Bun himself. We’d love for everyone to come by and try it out!

Plus, we’re running a giveaway during the campaign. To join the giveaway, just snap a photo of yourself including Bun Bun T-shirt, using the AR mirror and drop it in the comments below this post from 11.11.24 to 17.11.24. One lucky winner will be randomly selected to receive a Bun Bun Merchandise T-shirt as a gift from our team.

Bun Bun T-shirts will also be available for pre-order from 17.11.24 to 25.11.24, so don’t miss out on getting yours!

Thank you so much to everyone and we’re super excited and can’t wait to have you all join us for this AR-Screen Campaign!



အကယ်၍ နားမကြားတဲ့ ယုန်တစ်ကောင်က မုန်လာဥနီ ခိုးလိုက်တယ်ဆိုပါတော့။ အဲဒီအမှုနဲ့ တရားရုံးမှာအယူခံဝင်ရင် အဲဒါကို ကြားနာမှု လိ...
09/11/2024

အကယ်၍ နားမကြားတဲ့ ယုန်တစ်ကောင်က မုန်လာဥနီ ခိုးလိုက်တယ်ဆိုပါတော့။ အဲဒီအမှုနဲ့ တရားရုံးမှာအယူခံဝင်ရင် အဲဒါကို ကြားနာမှု လို့ပြောလို့ရသေးလား 🥕⚖️

𝑩𝒖𝒏𝒏𝒊𝒗𝒆𝒓𝒔𝒆 𝑭𝒂𝒄𝒕𝒔ခရုတာဂြိုဟ်အကြောင်း တစေ့တစောင်း ༄˖°.🪐.ೃ࿔*:・ရှေးဟောင်း ယုန်ညိုတောအုပ် ⚲ϙϙ𐊭Ϙ⚲ϙ🪐 ခရိုတာဂြိုဟ်ပေါ်မှာ ထင်ရှာ...
06/11/2024

𝑩𝒖𝒏𝒏𝒊𝒗𝒆𝒓𝒔𝒆 𝑭𝒂𝒄𝒕𝒔
ခရုတာဂြိုဟ်အကြောင်း တစေ့တစောင်း ༄˖°.🪐.ೃ࿔*:・
ရှေးဟောင်း ယုန်ညိုတောအုပ် ⚲ϙϙ𐊭Ϙ⚲ϙ

🪐 ခရိုတာဂြိုဟ်ပေါ်မှာ ထင်ရှားတဲ့ ပဟေဠိနယ်မြေတွေ အများအပြားရှိနေပါတယ်။ ယုန်ဘုရင်မနိုင်ငံတော်ကို အုပ်ချုပ်တဲ့ ဘုရင်မအဆက်ဆက်က ခရိုတာဂြိုဟ်အနှံ့ကို စူးစမ်းရှာဖွေရေးအဖွဲ့တွေ စေလွှတ်တဲ့အခါ ပဟေဠိဆန်ဆန် ​နေရာတွေကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
ရှေးဟောင်း ယုန်ညိုတောအုပ်က ပထမဆုံးရှာဖွေတွေ့ရှိခဲ့တဲ့ ပဟေဠိနယ်မြေ တစ်ခုဖြစ်ပြီး ယုန်ဘုရင်မနိုင်ငံ အပြင်ဘက်မှာ ကပ်လျက်ရှိတဲ့ တောအုပ်ကြီးတစ်ခုပါ။
တော်ဝင်မြို့တော်နဲ့ အရွယ်အစားအတူတူလောက်ရှိတဲ့ တောအုပ်ကြီးထဲမှာ ရှေးဟောင်း နေရာတွေအများစု နဲ့ ရှေးဟောင်း ပစ္စည်းတွေအများစုကို ရှာတွေ့ခဲ့ပါတယ်။ အဲဒီထဲက အထူးထင်ရှားတဲ့ နေရာတွေကတော့ ယုန်နှစ်ကောင်ဂူ၊ နွယ်ရှင်လမ်း နဲ့ ပတ္တမြားရောင် ရေအိုင်တို့ပဲ ဖြစ်ပြီး သမိုင်းမတင်မှီခေတ်တည်းက ရှိခဲ့တယ်လို့ ယူဆလို့ရပါတယ်။

🥕ယုန်နှစ်ကောင်ဂူဟာ ဂူအဝင်အဝမှာ ယုန်နှစ်ကောင် ရုပ်ထုကြီးတွေရှိနေပြီး လေ့လာချက်အရ ရှေးဟောင်း ယုန်ညိုခေတ်ထဲက ရှိခဲ့တာလို့ ယူဆနိုင်ပါတယ်။ ဆင့်ကဲပြောင်းလဲမှု နှေးကွေးသေးတဲ့ ခေတ်မှာ ဒီရုပ်ထုကြီးနှစ်ခုကို ဘယ်လို အနုစိတ်ဆောက်လုပ်နိုင်ခဲ့လဲဆိုတာ အခုထိ ပဟေဠိဖြစ်နေကြဆဲပါ။ အဲဒါကို အစွဲပြုပြီး ဒီတောအုပ်ကြီးကို ရှေးဟောင်း ယုန်ညိုတောအုပ်လို့ ခေါ်တွင်စေခဲ့ပါတယ်။

🥕နွယ်ရှင်လမ်းကတော့ တောအုပ်ထဲက လမ်းတစ်လမ်းဖြစ်ပြီး ပဟေဠိဆန်တဲ့သက်ရှိနွယ်ရှင်တွေနဲ့ ပြည့်နှက်နေပါတယ်။
ပတ္တမြားရေအိုင်ကတော့ အနီရောင် ရေအိုင်ကြီး တစ်ခုဖြစ်ပြီး ရေအနက်ကို အတိအကျ တိုင်းတာလို့ မရတဲ့အပြင် ဘာကြောင့်နီနေတာလဲဆိုတာကို အဖြေရှာမရဘဲ ပဟေဠိဖြစ်နေပါတယ်။

🥕အဲဒီအပြင် ရှေးဟောင်းယုန်ညိုတောအုပ်ဟာ လမ်းပျောက်ဖို့ အလွယ်ဆုံးနေရာ တစ်ခုဖြစ်ပြီး သာမန်အနံ့ခံအာရုံ နဲ့ အနံ့ခံအာရုံ အားမကောင်းတဲ့ ယုန်တွေဆို မျက်စိလည် လမ်းပျောက်နိုင်ပါတယ်။ အဲဒါကြောင့် ရှေးဟောင်း ယုန်ညိုတောအုပ်ကို စူးစမ်းလေ့လာတဲ့ ပထမဆုံးအဖွဲ့က တောထဲမှာ တစ်လလောက် လမ်းပျောက်ရင်း အစာရေစာပြတ်လတ်ပြီး သတိလစ်သွားဖူးတဲ့ အဖြစ်အပျက်တွေရှိပါတယ်။ အဲဒီအဖွဲ့ကိုတော်ဝင် ယုန်မျိုးနွယ် ဦးဆောင်တဲ့ ကယ်ဆယ်ရေးအဖွဲ့က ကယ်ခဲ့ရပါတယ်။



ที่อยู่

71, 71/19 Sukhonthasawat Road, Khwaeng Lat Phrao, Khet Lat Phrao, Krung Thep Maha Nakhon
Bangkok
10230

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Bun Bun Comicผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์