Bangkok Naing Naing

Bangkok Naing Naing ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Bangkok Naing Naing, บริการช้อปปิ้ง, Bangkok.

21/05/2024

Phnom Penh, Cambodia ရှိ Mongkol Serey Temple (Golden temple) ။
ဖနွမ်းပင်မြို့မှ လေ့လာသင့်သော ရွှေကျောင်း

19/05/2024

ခမာ လူမျိုးများ ပုဝါ အသုံးပြုပုံများကို Cambodian English Tour Guide Mr.Nan မှ ရှင်းပြ ထားပေးတာပါ။
အန်တီတို့အန်ကောဝပ်ခရီးစဉ်လေးကတော့ Mr.Nan ရယ် Tuktuk ဆရာလေး Mr. Bunnet တို့ကြောင့် အဆင်ပြေခဲ့ပါတယ်။

Thanks a lot Nan and Bunnet for helping us during our trip at Angkor Archeological Park.

ထိုင်းမှာနေရင်း Visa ကုန်သွားလို့ အိမ်နီးနားချင်း Cambodia မှာ Thai Tourist Visa (3လ) သွားလည်ရင်း Visa လျောက်တဲ့အကြောင်း...
16/05/2024

ထိုင်းမှာနေရင်း Visa ကုန်သွားလို့ အိမ်နီးနားချင်း Cambodia မှာ Thai Tourist Visa (3လ) သွားလည်ရင်း Visa လျောက်တဲ့အကြောင်းလေးကို sharing လုပ်ပေးချင်ပါတယ်ရှင် ✨✨

အန်တီနိုင်က မြန်မာကနေ Visa Free 14ရက်နဲ့ထိုင်းကိုဝင်ပြီး 1လ extension (B 2400) နဲ့တိုးခဲ့ပြီး
ထိုင်းဗီဇာမကုန်ခင် ၁ရက်အလိုမှာ

Cambodia, Phnom Penh မြို့ကို Flight နဲ့ဝင်တာမို့ 14 ရက် ဗီဇာဖရီးနဲ့ဝင်ခဲ့ပါတယ်။

ရောက်ပြီး နောက်တစ်ရက်မနက် 9နာရီမှာ ဖနွမ်းပင်မှာရှိတဲ့ထိုင်းသံရုံးကိုသွားပြီး အလည်ဗီဇာ ၃လ လျောက်ပါတယ်ရှင်။

ဗီဇာလျောက်ဖို့ Appointment ယူဖို့မလိုပဲ Walk-in လျောက်လို့ရပါတယ်။ ဗီဇာရက်ချိန်းကတော့ ၃ညအိပ်၄ရက်စောင့်ရပါတယ်။ (ရုံးပိတ်ရက်မပါပါရှင်)

စောင့်နေတဲ့ရက်အတွင်းမှာ ဖနွမ်းပင် မြို့မှာလျောက်လည်ရင်းစောင့်ပြီး ဗီဇာပြန်ချိန်းတဲ့ရက်မှာ Passport ယူပြီး ထိုင်းနိုင်ငံကို ကား (ကုန်းလမ်းကြောင်း) သို့ လေယာဉ်နဲ့ မိမိအဆင်ပြေရာနဲ့ပြန်ဝင်ရုံပါပဲနော်။

အန်တီနိုင်ကတော့ ကမ္ဘောဒီးယားရောက်လက်စနဲ့ ကမ္ဘာ့အံ့ဖွယ် အန်ကောဝပ်ဘုရားကျောင်းကိုသွားရောက်လည်ပတ်ပြီး ထိုင်းနိုင်ငံကို Bus နဲ့ပြန်ဝင်ခဲ့ပါတယ်။

ထိုင်းအလည်ဗီဇာလျောက်ရာမှာ လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့ -

1.Passport or travel document with validity not less than 6 months
သက်တမ်း၆လကျန်သော ပတ်စပို့

2.Visa application form completely filled out and signed
ထိုင်းဗီဇာဖောင် (သံရုံးရောက်မှယူ သို့မဟုတ် အွန်လိုင်းမှဒေါင်းလုပ်ယူ) ဖြည့်ထားသော ဖောင်

3.Recent 3.5 cm x 4.5 cm photograph of the applicant
ဓာတ်ပုံ 1ပုံ 3.5 cm x 4.5 cm ဆိုဒ်

4.Evidence of travel in and out of Thailand (i.e. air ticket receipt paid in full)
ထိုင်းနိုင်ငံသို့ဝင်မည့် လေယာဉ်လက်မှတ်၊
ထိုင်းနိုင်ငံမှ ပြန်ထွက်ခွာမည့်လေယာဉ် သို့ ကားလက်မှတ်

5.Evidence of adequate finance for the entire duration of stay in Thailand (at least 1,000 USD per person or 2,000 USD per family)
US ဒေါ်လာ 1000 တစ်ဦးလျှင် US ဒေါ်လာ 2000 မိသားတစ်စု နှင့်ညီမျှသော ဘဏ် statement

6. Visa ကြေး $40
ဒါကတော့ ထိုင်းသံရုံးမှကြေငြာထားသော စာပါ။

အန်တီတို့လျောက်တဲ့အခါမှာတော့ ထိုင်းမှာမိမိနေမယ့်ကာလအတွင်း နေမယ့်
** ဟိုတယ်ဘိုကင် သို့ အိမ်ငှားစာချုပ်ကိုပါ **
တွဲတင်ပေးရပါတယ်။

ထိုင်းဗီဇာလျောက်ချင်တာပဲဖြစ် ဖြစ်၊ ကမ္ဘောဒီးယားသွားလည်ချင်လို့ပဲ ဖြစ်ဖြစ် အန်တီနိုင်စီအားမနာတမ်းစာပို့မေးလို့ရပါတယ်နော်။

အမေးများဆုံးမေးခွန်းတစ်ခုဖြစ်တဲ့ " ထိုင်းနိုင်ငံမှာအလုပ်ဘယ်လိုရှာရမလဲ" ဆိုတာလေးပါ။နိုင်ငံခြားသားတစ်ယောက်အနေနဲ့ ထိုင်းနို...
03/04/2024

အမေးများဆုံးမေးခွန်းတစ်ခုဖြစ်တဲ့ " ထိုင်းနိုင်ငံမှာအလုပ်ဘယ်လိုရှာရမလဲ" ဆိုတာလေးပါ။

နိုင်ငံခြားသားတစ်ယောက်အနေနဲ့ ထိုင်းနိုင်ငံမှာ မိမိရဲ့ Skills အရ အောက်ဖော်ပြပါ Websites တွေမှာ အလုပ်လျောက်လို့ရပါတယ်။
English အပြင် အခြား Thai,Chinese, Japanese Language တစ်ခုခုရမယ်ဆိုရင် ပိုပြီးအဆင်ပြေနိုင်ပါတယ်။

* ကိုယ်က အလုပ်ရပြီဆိုရင် Work Permit ရမှာဖြစ်သလို ကိုယ့်ရဲ့မှီခို (အမျိုးသမီး၊ ကလေး) ကို Visa Support လုပ်တာမျိုးလဲရှိတတ်တာမို့ ကိုယ့်ကိုခန့်မယ့် company ပေါ်တော့မူတည်ပါမယ်ရှင်။ *

1. https://th.jobsdb.com/en

2. https://www.linkedin.com/

3. https://www.jobthai.com/

4. https://th.indeed.com/

5. https://www.ajarn.com/ ( Teaching Jobs စိတ်ဝင်စားသူများအတွက်ပါ English တစ်မျိုးသာလိုတတ်ပါတယ်)

6. https://www.thaingo.org/ (NGO အလုပ်စိတ်ဝင်စားသူများအတွက်)

မေးချင်တာတွေရှိရင် ကိုယ့်အမျိုးလိုသာသဘောထားပြီး အားမနာတမ်းလာမေးပါဗျို့

03/04/2024

ထိုင်းသို့ဝင်ရောက်နိုင်သော Visa (2)မျိုးနှင့်ဝင်ရောက်နိုင်ပါတယ်။

1. Visa On Arrival ( Visa မလို 14ရက်)
2. Tourist Visa (၃လ ၊ ထိုင်းသံရုံးတွင် Visa လျောက်)

ထိုင်းတွင်ရေရှည်နေထိုင်လိုသူများအနေနှင့်
1. အသက် 50 နှင့်အထက် Retirement Visa (တစ်နှစ်လျှင် မြန်မာငွေ သိန်း 35 ဝန်းကျင်ခန့်၊ နောက်နှစ်များသက်တမ်းတိုးလျင် ထက်ဝက်သက်သာ)

2. Language School Visa 12လ/15လ ( အသက် 18 မှ အသက် 50 ကျော်အထိရ၊ ကုန်ကျင​ွေ မြန်မာငွေ 45 သိန်းဝန်းကျင်ခန့်)

3. မူလတန်းကလေးအရွယ်ထိုင်းကျောင်းတက်လျှင် မိဘ 1 ယောက်မှ Visa ရခြင်း
စသဖြင့်အမျိုးမျိုးရှိပါတယ်။

နိုင်နိုင်သိသမျှ အခမဲ့ sharing လုပ်ပေးမှာမို့၊ ထိုင်းနဲ့ပတ်သက်ပြီး သိချင်တာမှန်သမျှ အခမဲ့လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်။ ကိုယ့်နိုင်ငံသားချင်း တတ်စွမ်းသမျှကူညီပေးပါမယ်နော်

03/04/2024

မင်္ဂလာပါရှင့်

မြန်မာနိုင်ငံမှ အမျိုးများ ဘန်ကောက်မြို့သို့ပြောင်းရွေ့နေထိုင်ရာတွင်လိုအပ်သော
အကူညီများအတွက် သိလိုသမျှ Page ကို" အခမဲ့" ဆက်သွယ်မေးမြန်းနိုင်ပြီး
Naing Naing စီမှ ရရှိနိုင်သော ဝန်ဆောင်မှုများမှာ-
-Visa အမျ​ိုးမျိုး
- အိမ်ခန်းငှားခြင်းတို့ကိုရရှိနိုင်ပါပြီရှင်

ที่อยู่

Bangkok
10110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Bangkok Naing Naingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์