Mr.Book အနာဂတ်ကို ယုံကြည်သူတိုင်း စာဖတ်ကြသည်။
(3)

 #သာမန်ဆိုတာ ကျဆုံးရေးဖော်မြူလာပဲ         ကိုယ်လုပ်တဲ့အလုပ်ကို ဆရာကျအောင် လေ့လာ။ဆရာကျအောင်လုပ်။ဆရာကျကျ ပြန်ဝေမျှပေး။သာမန...
21/11/2024

#သာမန်ဆိုတာ ကျဆုံးရေးဖော်မြူလာပဲ

ကိုယ်လုပ်တဲ့အလုပ်ကို ဆရာကျအောင် လေ့လာ။ဆရာကျအောင်လုပ်။ဆရာကျကျ ပြန်ဝေမျှပေး။သာမန်ဆိုတာ ဒီနေ့ခေတ်ရဲ့ ကျဆုံးရေးဖော်မြူလာပဲ။

ဒီနေ့ခေတ်မှာ လူတွေက သာမန်တွေကို သိပ်ဂရုမစိုက်မိတော့ဘူး။သာမန် ရေခဲမုန့်ဆိုင်၊သာမန် ထမင်းဆိုင်၊သာမန် လက်ဖက်ရည်ဆိုင်၊သာမန် ဆံသဆိုင်။
စီးပွါးရေးမှာ သာမန်ဆိုတာ ကျဆုံးရေးဖော်မြူလာပဲ။ထူးချွန်တဲ့လုပ်ငန်းတွေ ကိုယ့်ရပ်ကွက်ထဲရောက်လာရင် သာမန်တွေ လမ်းပျောက်မယ်။

#မပြိုင်ဘဲနိုင်အောင်လုပ်

✔️တန်ဖိုး-၂၁၀ဘတ်
✔️စာမျက်နှာ-၁၄၆

✅ထိုင်းနိုင်ငံအနှံ့ပို့ပေးပါသည်။

စာချစ်သူအားလုံးစိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ...🌸🍀

Mr.Book💙

ကိုယ့်စိတ်ဟာ "ကောင်းကင်ကြီးလိုပဲ"လို့နှလုံးသွင်းထားပါ။ကိုယ့်ရဲ့ ကောင်းကင်ကြီးမှာ ဝင်လာတဲ့သူလည်း ဝင်လာဦးမှာပါ ထွက်သွားတဲ့...
20/11/2024

ကိုယ့်စိတ်ဟာ "ကောင်းကင်ကြီးလိုပဲ"လို့
နှလုံးသွင်းထားပါ။

ကိုယ့်ရဲ့ ကောင်းကင်ကြီးမှာ ဝင်လာတဲ့သူလည်း ဝင်လာဦးမှာပါ ထွက်သွားတဲ့သူလည်း ထွက်သွားဦးမှာပါ။

ဘယ်သူ့အတွက်နဲ့မှ စိတ်ဆင်းရဲမခံဘူး။
ဘယ့်သူကိုမှ နှောင်ဖွဲ့မထားဘူး။

ကိုယ်ပေးနိုင်သမျှ မေတ္တာတွေ ပေးလိုက်မယ်။

တတ်နိုင်တဲ့ အကူအညီတွေ ပေးလိုက်မယ်။ ဘာမှပြန်မမျှော်လင့်ဘူး။

ဆက်ပြီး လက်တွဲလို့ အဆင်မပြေဘူး
ဆိုလည်း အသာလေးပဲ လက်တွဲဖြုတ် လိုက်မယ်။

ဒီ့အတွက်နဲ့ ကိုယ့်ကိုယ်ကိုယ်လည်းအပြစ်မတင်ဘူး။ဘယ်သူမှလည်း အပြစ်မတင်ဘူး။

ကိုယ်မှားတာလည်း ရှိမယ်။
သူမှားတာလည်း ရှိမယ်။

သူမှားတာဖြစ်ဖြစ် ကိုယ်မှားတာဖြစ်ဖြစ် အမှားတွေဟာ သင်ခန်းစာတွေချည်းပဲ။

ကိုယ်ရှေ့ဆက်သွားရအုံးမယ့် ခရီးရှည်ကြီးမှာ တချို့ကျန်ခဲ့မယ်။ တချို့အတူပါလာမယ်။

ဟိုး... ရှေ့မှာ ကိုယ့်ရှေ့က အရင်ရောက်နှင့် နေတဲ့သူတွေနဲ့ တွေ့ဆုံရဦးမယ်။

ရင်းနှီးရဦးမယ်....
ပညာတွေ သင်ယူရအုံးမယ်။

"ကိုယ်က ကောင်းကင်ကြီး"

#ဘဝထဲကအမေးဘဝထဲကအဖြေ

▪️တန်ဖိုး-၁၈၀ဘတ်
▪️စာမျက်နှာ-၃၄၁

✅ထိုင်းနိုင်ငံအနှံ့ပို့ပေးပါသည်။

စာချစ်သူအားလုံးစိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ...🌻✨

Mr.Book💙

 #ငြင်းဆိုခြင်းအတတ်ပညာတကယ်တော့ ငြင်းဆန်တတ်ခြင်းကလည်း ဘဝတိုးတက်ဖို့ အဓိကအရေးကြီးတဲ့ လိုအပ်ချက် တစ်ခုပါပဲ။ကိုယ်မလုပ်နိုင်တ...
19/11/2024

#ငြင်းဆိုခြင်းအတတ်ပညာ

တကယ်တော့ ငြင်းဆန်တတ်ခြင်းကလည်း ဘဝတိုးတက်ဖို့ အဓိကအရေးကြီးတဲ့ လိုအပ်ချက် တစ်ခုပါပဲ။ကိုယ်မလုပ်နိုင်တဲ့အရာကို ငြင်းဆိုလိုက်ခြင်းဟာ ခင်ဗျားရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ဆိုင်တဲ့အလုပ်တွေ၊တခြား အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်တွေမှာ ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ပါဝင်စားမှု၊သူတစ်ပါးရဲ့ ကိုယ့်အပေါ် စိတ်ဝင်စားမှုတွေကို မြှင့်တင်နိုင်ပါတယ်ဆိုရင် ယုံကြည်နိုင်ပါ့မလား။

ငြင်းဆိုနိုင်ခြင်းက ခင်ဗျားရဲ့ တကိုယ်ရည်စာ လွတ်လပ်ရေး ရခြင်းပဲ။ဒီလို လုပ်နိုင်စွမ်းကို တိုးတက်အောင် ကြိုးစားယူခြင်းက တခါတလေ ခက်ခဲတယ်။ကျွန်တော်တို့ အများစုအတွက် နှစ်နဲ့ ချီပြီး ကြိုးစားကြရတာတွေ ရှိတယ်။တချို့ကကြတော့ တဘဝလုံး ဝါဒဖြန့် မှိုင်းတိုက်ခံထားရတာတွေကို ပြန်ပြင်ဖို့ အချိန်တော်တော်ယူရတယ်။မိသားစုတွေ၊မိဘတွေ၊ဆရာသမားတွေနဲ့ အထက်လူကြီးတွေဆီကသာ တခုခု ပြောရင် ကိုယ့်အနေနဲ့ငြင်းဆန်ဖို့ရာ မဖြစ်နိုင်ဘူးလို့ ယူဆထားကြတဲ့ မှိုင်းတွေပဲပေါ့။

ကြိုးစားကြည့်ရင် ဒီလို ငြင်းဆန်နိုင်တဲ့စိတ်ဟာ ခင်ဗျားရဲ့အားထုတ်မှုကို နည်းနည်းလေးမှ အကျိုးမယုတ်စေဘူး။တခုတော့ ရှိတာပေါ့။တစုံတခုကို ငြင်းဆိုလိုက်တဲ့အခါ စိတ်မသက်မသာမဖြစ်ဘဲ ယုံကြည်ချက်ရှိရှိ ငြင်းဆိုနိုင်သွားတဲ့ တစ်နေ့ တခြားသူတွေရဲ့ ခင်ဗျားအပေါ် ဆက်ဆံပုံတွေဟာ ပြောင်းလဲသွားတာကိုလည်း သတိထားမိလာလိမ့်မယ်။သူတို့ ခင်ဗျားအပေါ် လေးစားမှု ရှိလာကြလိမ့်မယ်။ခင်ဗျားရဲ့ အချိန်တွေကို တန်ဖိုးထားတတ်လာလိမ့်မယ်။နောက်လိုက်တယောက်လို့ မမြင်ကြတော့ဘဲ ခင်ဗျားဟာ ဦးစီးဦးဆောင် ပြုတတ်သူတစ်ယောက်လို့ မြင်လာကြလိမ့်မယ်။

အခု ပြောသွားတာတွေက အစပဲ ရှိပါသေးတယ်။

#ထက်မြတ်နိုင်ဇင်

▪️တန်ဖိုး-၁၆၀ဘတ်
▪️စာမျက်နှာ-၁၁၂

✅ထိုင်းနိုင်ငံအနှံ့ပို့ပေးပါသည်။

#စာချစ်သူအားလုံးစိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ...🌻✨

Mr.Book💙

စိတ်ညစ်ရဖို့ လွယ်လွန်းနေလား။ကျွန်တော်တို့တော်တော်များများ စိတ်ညစ်တယ်ဆိုတဲ့ စကားကို နေ့ရက်တိုင်းလိုလိုမှာ ညည်းဖူးကြလိမ့်မ...
18/11/2024

စိတ်ညစ်ရဖို့ လွယ်လွန်းနေလား။

ကျွန်တော်တို့တော်တော်များများ စိတ်ညစ်တယ်ဆိုတဲ့ စကားကို နေ့ရက်တိုင်းလိုလိုမှာ ညည်းဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။အကြောင်းပြချက်က စိတ်ညစ်ဖို့ လွယ်လွန်းနေလို့ပါပဲ။

စိတ်ညစ်ဖို့ အရမ်းလွယ်ကူတယ်လို့ ကိုယ့်ကိုယ်ကိုယ် အဓိပ္ပာဖွင့်ဆိုမထားဘဲ ငါ့အတွက် စိတ်ညစ်ဖို့ အရမ်းကိုမှ ခက်ခဲတယ်လို့ သတ်မှတ်ထားကြည့်လိုက်ပါ။

ဉပမာ-လမ်းမှာ မီးပွိုင့်မိရင်လည်း စိတ်ညစ်ရပြီ၊ကားကျပ်နေပြန်ရင်လည်း စိတ်ညစ်ရပြီ၊အိမ်မှာ မီးမလာရင်လည်း စိတ်ညစ်ရပြီ စသဖြင့် စိတ်ညစ်ဖို့ရာ လွယ်ကူလွန်းတဲ့ အရာတွေနဲ့ ပြည့်နှက်နေတော့တာပါပဲ။

ဒီလောက်ထိ ကိုယ့်ကိုယ်စိတ်ညစ်သွားစေဖို့ လွယ်ကူတဲ့အကြောင်းအရာတွေနဲ့ အဓိပ္ပာယ်ဖွင့်ဆိုထားတော့ ပျော်ရွှင်ဖို့ရာ ခက်ခဲသွားပြီပေါ့။ကျွန်တော်ရဲ့ ခံယူချက် အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ ရိုးရှင်းပါတယ်။ကျန်တော်ကို တော်ရုံစိတ်ညစ်အောင်၊စိတ်ဓာတ်ကျအောင် ဘယ်အရာမှမလုပ်နိုင်ပါဘူး။

ဉပမာ-ကျွန်တော့်အိမ်မှာ ကျွန်တော်တန်ဖိုးထားရတဲ့ ပစ္စည်းပျောက်သွားရင် စိတ်ညစ်နိုင်လိမ့်မယ်၊ အဲ့လိုပဲ ကျွန်တော့် Laptop ပျောက်သွားတာပဲဖြစ်ဖြစ်၊ကျွန်တော်အတွက် စိတ်ညစ်ရကောင်းစိတ်ညစ်နိုင်တယ်။

နေ့ရက်တိုင်း ဒီစကားလေးကိုယ့်ကိုယ်ကိုယ်ပြန်ပြောကြည့်ပါ၊ငါ့အတွက်ပျော်ရွှင်ရဖို့ လွယ်လွယ်လေးပါ၊ဒီလိုပဲ ငါ့ကိုစိတ်ညစ်စေဖို့ ဆိုတာလည်း မဖြစ်နိုင်တဲ့အရာ အတော်ခက်ခဲတဲ့ အရာတစ်ခုပါ ဆိုပြီးပြောရင်း ပျော်ရွှင်မှုတွေကို လွယ်လွယ်နဲ့ ရှာတွေ့ပြီး နေ့စဉ်ပျော်ရွှင်ရတဲ့ ဘဝတစ်ခုကို တည်ဆောက်ပါ။

#ရှေ့တစ်လှမ်းတိုးပြီးဦးဆောင်လိုက်ပါ...

◽️တန်ဖိုး-၁၉၀ဘတ်
◽️စာမျက်နှာ-၁၄၉

✅ထိုင်းနိုင်ငံအနှံ့ပို့ပေးပါသည်။

စာချစ်သူအားလုံးစိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ...🌻✨

Mr.Book💙

ဘဝမှာ အရမ်းခက်ခဲလာတဲ့အခါ~၁။ လမ်းလျှောက်ပါ လမ်းလျှောက်ခြင်းက စိတ်ကိုကြည်လင်စေတယ်။ ၂။ အနားယူပါ ကိုယ်လုပ်ချင်တာတွေကို လုပ်ဖ...
17/11/2024

ဘဝမှာ အရမ်းခက်ခဲလာတဲ့အခါ~

၁။ လမ်းလျှောက်ပါ
လမ်းလျှောက်ခြင်းက စိတ်ကိုကြည်လင်စေတယ်။

၂။ အနားယူပါ
ကိုယ်လုပ်ချင်တာတွေကို လုပ်ဖို့အတွက် တစ်နေ့တာ အနားယူလိုက်ပါ။

၃။ ရက်ရောပါ
သူစိမ်းတစ်ယောက်ကို တစ်ခုခုပေးပါ ။ ပေးကမ်းခြင်းတွေဟာ မိမိရဲ့ စိတ်အတွင်းပိုင်းထဲထိ နွေးထွေးစေပါတယ် ။

၄။ တစ်ယောက်တည်း အထီးကျန်တာတွေ မဖြစ်အောင် ကော်ဖီဆိုင်၊ ဒါမှမဟုတ် လူရှုပ်တဲ့လမ်းမှာထိုင်ပြီး မိမိရဲ့ပတ်ဝန်းကျင်ထဲမှာ နှစ်မြုပ်လိုက်ပါ။ လူတွေနဲ့စကားပြောစရာမလိုဘူး။

၅။ လေ့လာပါ
မိမိတွေ့ကြုံနေရတဲ့အရာကို ရှာဖွေပါ။ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ အသိပညာ နဲ့ အရင်းအမြစ်တွေကို ရှာဖွေလေ့လာပါ။

၆။ ကြိုတင်ပြင်ဆင်ပါ
တစ်နေ့တာလုပ်ဆောင်ရမည့် စာရင်းကို ညကတည်းက ချရေးထားပြီး ပြင်ဆင်ထားပါ။

၇။ အားသာချက်များ
မိမိမှာ အားနည်းချက်ပဲရှိနေတာ မဟုတ်ပါဘူး။ အားသာချက်တွေလည်း ရှိတယ်ဆိုတာ သတိရအောင် အားသာ ချက် အချက် ၂၀ စာရင်းကို ချရေးပါ။

၈။ ရှေ့ကိုဆက်သွားပါ
ဘာပဲဖြစ်ဖြစ် သေးငယ်တဲ့ ခြေလှမ်းတွေကို ဆက်လှမ်းပါ ။ ဘာမှမလုပ်ဘဲ ငြိမ်နေခြင်းသည် ခက်ခဲတာတွေကို ပိုတွေးမိစေပါတယ်။

၉။ ဟင်းချက်တာ၊ ဓာတ်ပုံရိုက်တာလိုမျိုး ဝါသနာဟောင်းတစ်ခုကို ပြန်လုပ်ပါ။ တစ်ခုမှမရှိလျှင် တစ်ခုခု ဖန်တီးပါ။

၁၀။ ဦးစားပေးပါ
အရေးကြီးတာတွေကို အခုပဲ ဆုံးဖြတ်ပြီး လုပ်ပါ။
မလိုအပ်တဲ့ အပိုအလုပ်တွေကို ငြင်းဆိုပါ။

၁၁။ စိတ်ကြည်အောင် အိပ်ရေးဝဝအိပ်ပါ
ညတိုင်း ခုနှစ်နာရီကနေ ကိုးနာရီကြာအောင် အိပ်စက်အနားယူပါ။

၁၂။ ရူးသွပ်ပါ
ငယ်ငယ်က လုပ်ချင်ခဲ့တဲ့ အလုပ်တစ်ခုခုကို လုပ်ပါ ။ ဘဝကို အရမ်းအလေးအနက် မထားပါနဲ့။

၁၃။ ငိုခပှါ
စိတ်ညစ်နေတဲ့ စိတ်ခံစားချက် အားလုံးကို လွှတ်ပေးလိုက်ပါ ။ ပိုကောင်းလာမယ်။

၁၄။ သင့်ကိုယ်သင် ပြောဆိုမှုတွေကို စစ်ဆေးပါ
မိမိကိုယ်ကို အပျက် သဘောဆောင်တဲ့ ပြောဆိုမှုတွေကိုရှောင်ပါ။

၁၅။ ချရေးပါ
စိတ်ခံစားချက်တွေကို ချရေးတဲ့ အလေ့အထကို မွေးမြူပါ ။ ဒါက သင့်စိတ်ကို လွတ်မြောက်အောင် ကူညီပေးပါလိမ့်မယ်။

၁၆။ ဘဝသည် ခရီးတစ်ခုဖြစ်ကြောင်း သင့်ကိုယ်သင်သတိပေးပါ ။ အခုကြုံတွေ့နေရတဲ့ အခက်အခဲတွေဟာ ယာယီဖြစ်ပြီး ပြီးဆုံးသွားမှာဖြစ်ကြောင်း သတိပေးပါ။ အခုအချိန်မှာ ဘဝက ခက်ခဲနေရင် အထက်ပါ အချက်လေး တွေကို လုပ်ကြည့်ပါ။

#မိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်ခြင်း

▪️တန်ဖိုး-၁၉၀ဘတ်
▪️စာမျက်နှာ-၁၆၉

✅ထိုင်းနိုင်ငံအနှံ့ပို့ပေးပါသည်။

#စာချစ်သူအားလုံးစိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ...🌻✨

Mr.Book💙

လောကသဘာဝ***************ကောက်ကျစ်တဲ့သူတွေပဲလူမုန်းများမယ်ထင်ခဲ့တာတကယ်တော့ရိုးသားလွန်းတဲ့သူတွေကိုလည်းတော်တော်များများကမလို...
16/11/2024

လောကသဘာဝ
***************

ကောက်ကျစ်တဲ့သူတွေပဲ
လူမုန်းများမယ်ထင်ခဲ့တာ
တကယ်တော့

ရိုးသားလွန်းတဲ့သူတွေကိုလည်း
တော်တော်များများက
မလိုလားကြပြန်ဘူး...

လောကမှာ
ပျင်းတဲ့သူတွေကိုပဲ
လူတွေမကြိုက်ကြဘူးလို့ထင်ခဲ့တာ

တကယ်တော့
တကယ်ကြိုးစားတဲ့သူတွေကိုလည်း
ကြည့်မရကြပြန်ဘူး...

လောကမှာ
တုံးအတဲ့သူတွေပဲ
အထင်သေးခံရတယ်ထင်ခဲ့တာ

တကယ်တော့
ထက်မြက်တဲ့သူတွေကိုလည်း
အမြင်ကပ်ကြပြန်ရော..

လောကမှာ
အရည်အချင်းမရှိတဲ့သူတွေကိုသာ
နေရာမပေးချင်ဘူးထင်ခဲ့တာ

တကယ်တော့
အရည်အချင်းရှိတဲ့သူကျတော့လည်း
မနာလိုဖြစ်နေပြန်ရော...

တကယ့်လက်တွေ့လောကမှာ
လူတစ်ယောက် ကောင်းမကောင်း
သတ်မှတ်တဲ့စံနှုန်းဟာ

သူတို့အလိုကို ဘယ်လောက်အထိ
လိုက်လျောပေးနိုင်သလဲဆိုတာနဲ့ပဲ
တိုင်းတာလာကြတော့တာပဲ...

အရေးကြီးဆုံးကတော့
ကိုယ့်ကိုယ်ကို ပျောက်ဆုံးမနေဖို့ပါပဲ...



Mr.Book💙

ပစ္စုပ္ပန်မှာ အကောင်းဆုံးရှင်သန်ပါ++++++++++++++++++++++အတိတ်ကိုပြန်တွေးပြီး နောင်တရနေရင် ရင်ပူတာပဲ အဖတ်တင်မယ်။အနာဂတ်ကို...
15/11/2024

ပစ္စုပ္ပန်မှာ အကောင်းဆုံးရှင်သန်ပါ
++++++++++++++++++++++

အတိတ်ကိုပြန်တွေးပြီး နောင်တရနေရင် ရင်ပူတာပဲ အဖတ်တင်မယ်။အနာဂတ်ကို မျှော်တွေးပြီး ရင်မောနေရင် စိတ်ပင်ပန်းတာပဲ အဖတ်တင်မယ်။အဲဒီတော့ အတိတ်ကို ပြန်တွေးပြီးလည်း နောင်တ ရမနေနဲ့။အနာဂတ်ကို မျှော်တွေးပြီးလည်း ရင်မောမနေနဲ့။

ပစ္စုပ္ပန်မှာ အကောင်းဆုံးရှင်သန်ပါ။ကာလသုံးပါးမှာ ပစ္စုပ္ပန်က အခရာပဲ။ပစ္စုပ္ပန်မှာ အကောင်းဆုံးရှင်သန်ရင် အတိတ်ကို ပြန်တွေးပြီးလည်း နောင်တရနေဖို့မလိုဘူး။အနာဂတ်ကို မျှော်တွေးပြီးလည်း ရင်မောဖို့ မလိုပါဘူး။

ပစ္စုပ္ပန်မှာ ပြုသမျှ ကောင်းကံတွေဟာ အတိတ်မှာခြေရာအဖြစ် မှတ်တမ်းအဖြစ် ကျန်ခဲ့မှာဖြစ်သလို အနာဂတ်ကို လျှောက်လှမ်းတဲ့အခါ လှေကားပမာ တံတားပမာ အထောက်အပံ့ဖြစ်ပါတယ်၊အတိတ်ကိုပြန်တွေးလည်း အေးဆေး၊အနာဂတ်ကို မျှော်တွေးလည်း သာသာယာယာပါပဲ။

ပစ္စုပ္ပန်မှာ ကောင်းမွန်စွာ မရှင်သန်ရင်တော့ အတိတ်ကိုပြန်တွေးမိတိုင်း နောင်တရနေရတတ်သလို၊အနာဂတ်ကို မျှော်တွေးမိတိုင်းလည်း ရင်မောနေရတတ်ပါတယ်။

ဒါကြောင့် နောင်တမရချင်ရင် ပစ္စုပ္ပန်မှာ အကောင်းဆုံး ရှင်သန်ပါ။ရင်မမောချင်ရင် ပစ္စုပ္ပန်မှာ အကောင်းဆုံး ရှင်သန်ပါ။

(ခွင့်လွှတ်ပေးလိုက်ပါ စာအုပ်မှ-)

✅ထိုင်းနိုင်ငံအနှံ့ပို့ပေးပါသည်။
✅၂/၃ရက်အတွင်းရောက်ပါသည်။
✅အိမ်ရောက်ငွေချေရပါသည်။

#စာချစ်သူအားလုံးစိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ...🪴

Mr.Book💙

အချိန်ကို စီမံခန့်ခွဲတတ်မှုသည် အခြားသော အရည်အသွေးများထက် အောင်မြင်မှုကို ပိုမို၍ အဆုံးအဖြတ်ပေးနိုင်ပေသည်။ဤသည်မှာ ရိုးရို...
14/11/2024

အချိန်ကို စီမံခန့်ခွဲတတ်မှုသည် အခြားသော အရည်အသွေးများထက် အောင်မြင်မှုကို ပိုမို၍ အဆုံးအဖြတ်ပေးနိုင်ပေသည်။ဤသည်မှာ ရိုးရိုးရှင်းရှင်းပင်ဖြစ်ရာ အချိန်ကို ပို၍ ကောင်းကောင်း အသုံးချနိုင်လေလေ အလုပ်များ ပို၍ပြီးမြောက်လေလေ ဖြစ်ပေလိမ့်မည်။

အောင်မြင်ရေး ပါရဂူစာရေးဆရာ ဘရိုင်ယန် ထရေစီက ထိရောရ် ထက်မြက်သော အချိန်စီမံခန့်ခွဲရေးဆိုင်ရာ အောက်ဖော်ပြပါ မဟာဗျူဟာများကို ကိုယ်တိုင် လက်တွေ့ကျင့်သုံး၍ ဖော်ထုတ်တင်ပြထားပါသည်-
▫️ရှေ့ကိုကြည့်လို့ စီမံချက်ချ၊နောက်ကိုငဲ့လို့ ပြန်စစ်ကြ၊
▫️မိမိ နေစဉ်လုပ်ရမယ့် အလုပ်တွေကို စာရင်းရေးဆွဲပါ၊
▫️လမ်းကြောင်းမပျောက်ပါစေနဲ့
▫️အခြားသူတွေကို ကိုယ်စားတာဝန်ပေးအပ်ပါ၊
▫️အချိန်ဆွဲတာကို ရှောင်၊
▫️ကြားဖြတ်အနှောင့်အယှက်တွေကို ထိန်းချုပ်ပါ၊
▫️တယ်လီဖုန်းကို စီမံခန့်ခွဲတတ်ပါစေ။

#အချိန်စီမံခန့်ခွဲမှုပညာ

▪️တန်ဖိုး-၁၃၀ဘတ်
▪️စာမျက်နှာ-၁၄၃

✅ထိုင်းနိုင်ငံအနှံ့ပို့ပေးပါသည်။

စာချစ်သူအားလုံးစိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ...🌻✨

Mr.Book💙

▪️သူတစ်ပါးမှာ အမှားတစ်ခုခု ချို့ယွင်းချက်တစ်ခုခုများတွေ့တဲ့အခါ ကိုယ့်မျက်နှာကို မှန်ထဲမှာကြည့်နေသလိုသဘောထားပါ။▪️တကယ်တော့...
13/11/2024

▪️သူတစ်ပါးမှာ အမှားတစ်ခုခု ချို့ယွင်းချက်တစ်ခုခုများတွေ့တဲ့အခါ ကိုယ့်မျက်နှာကို မှန်ထဲမှာကြည့်နေသလိုသဘောထားပါ။

▪️တကယ်တော့ အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ တကယ်လေးနက်တဲ့အသိဉာဏ်ကို ရတာပါ။အလေးနက်ဆုံးအသိဉာဏ်ကို ဘဝအတွေ့အကြုံထဲကပဲ ရနိုင်တယ်။စာအုပ်ထဲက မရနိုင်ဘူး။ဘဝဟာ အလေးနက်ဆုံးစာအုပ်ပဲ။

▪️အများအကျိုးကို တကယ်ထိထိရောက်ရောက်ဆောင်ရွက်နိုင်တဲ့လူဆိုတာ
သူ့ကိုယ်သူ လေးစားမှုရှိရမယ်။တည်ကြည်ဖြောင့်မတ်မှုရှိရမယ်။အများကိုလည်း လေးစားမှုရှိရမယ်။အဲဒီလိုလူသာလျှင် အများအကျိုးကို တကယ်ဆောင်ရွက်နိုင်တဲ့သူ ဖြစ်တယ်။

ဘဝကိုကျေနပ်မှုအပြည့်ရချင်ရင် လုပ်သမျှအားလုံးကို မြင့်မြတ်တဲ့ကျင့်စဉ်ဖြစ်အောင်လုပ်ပါ။

#ဘဝဆိုတဲ့ကျောင်း

▪️တန်ဖိုး-၁၁၀ဘတ်
▪️စာမျက်နှာ-၉၃

✅ထိုင်းနိုင်ငံအနှံ့ပို့ပေးပါသည်။

#စာချစ်သူအားလုံးစိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ...🌼🌸

Mr.Book💙

စိတ်နဲ့မျှော်လင့်ချက်*******************လူတွေကမျှော်လင့်ချက်နဲ့  အသက်ရှင်တဲ့ အလေ့အထလေးတွေရှိတယ်။မျှော်လင့်ချက် ပျောက်သွာ...
12/11/2024

စိတ်နဲ့မျှော်လင့်ချက်
*******************

လူတွေကမျှော်လင့်ချက်နဲ့ အသက်ရှင်တဲ့ အလေ့အထလေးတွေရှိတယ်။

မျှော်လင့်ချက် ပျောက်သွားတယ် သို့တည်းမဟုတ် ခမ်းသွားတယ်၊ မျှော်လင့်ချက်က အလိုလိုနေရင်း ရပ်သွားတယ်ဆိုရင် ဦးတည်ရာမဲ့လာတယ်၊ ဦးတည်ရာမဲ့လာတာနဲ့အမျှ လူ့စိတ်တွေဟာ အလိုလိုနေရင်း ထိုင်းမှိုင်းလာတယ်၊ လေးလံလာတယ်၊တက်ကြွမှုတွေနည်းလာတယ်။

အရာရာကိုမြင်တဲ့ အမြင်တွေဟာ အောင်မြင်ဖို့၊ကြိုးစားဖို့၊တိုးတက်ဖို့ အမြင်ထက် ဆုတ်ယုတ်တဲ့အမြင်တွေ ဖြစ်လာတတ်တယ်။

အဲဒီတော့ ပထမဦးဆုံးက လူ့စိတ်မှာ မျှော်လင့်ချက်ရှိတတ်ဖို့၊ အရာရာကို မျှော်လင့်ချက်ဆိုတဲ့အမြင်လေးနဲ့ ကြည့်တတ်ဖို့ရယ် လိုလာပါတယ်။ မကြည့်တတ်ရင် ဒါလည်း ပြဿနာတွေဖြစ်လာတာပဲ။

#ကိုယ်နှင့်စိတ်တို့၏ဟန်ချက်

▪️တန်ဖိုး-၁၂၀ဘတ်
▪️စာမျက်နှာ-၁၀၆

✅ထိုင်းနိုင်ငံအနှံ့ပို့ပေးပါသည်။

စာချစ်သူအားလုံးစိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ...🌼🌸

Mr.Book💙

ကြိုးစားခြင်းဆိုတာ လုပ်အားပဲ။      အဲဒီ 'လုပ်အား' ဆိုတာက ခွန်အားဗလ ရှိသူတိုင်း လုပ်လို့ရတယ်။လုပ်နိုင်ကြတယ်။       လုပ်အာ...
11/11/2024

ကြိုးစားခြင်းဆိုတာ လုပ်အားပဲ။

အဲဒီ 'လုပ်အား' ဆိုတာက ခွန်အားဗလ ရှိသူတိုင်း လုပ်လို့ရတယ်။လုပ်နိုင်ကြတယ်။
လုပ်အားကို ဉာဏ်ပညာ မပေါင်းနိုင်သမျှတော့ ကြိုးစားနေခြင်းက အရာထင်ဖို့ ခက်ခဲနေဦးမှာပါပဲ။
လူတိုင်း သူတို့ လိုချင်၊ရချင်၊ဖြစ်ချင်တဲ့ တစ်စုံတစ်ခုအတွက် ကြိုးစားနေကြတာ သဘာဝပါ။ဒီတော့ ကိုယ်လည်းသဘာဝအတိုင်း တစ်စုံတစ်ခုအတွက် ကြိုးစားနေတယ်ဆိုရင်-
ပထမဆုံး ကိုယ် လိုချင်၊ရချင်၊ဖြစ်ချင်တဲ့ တစ်စုံတစ်ခုက ကိုယ့်အတွက် အမှန်တကယ် အသုံးဝင်ရဲ့လား၊အမှန်တကယ်လိုအပ်ရဲ့လားဆိုတာကို စဉ်စားရမှာ ဖြစ်ပါတယ်။
အမှန်တကယ် အသုံးဝင်နိုင်တယ်၊
အမှန်တကယ် လိုအပ်နိုင်တယ်ဆိုရင် မဆုတ်မနစ်တဲ့ ဇွဲနဲ့ ကြိုးစားသင့်ပါတယ်။
အဲဒီလို ကြိုးစားတဲ့အခါမှာလည်း နည်းလမ်းမှန်ဖို့ လိုအပ်သလို ကိုယ်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကလည်း အဓိပ္ပာယ် ရှိနေဖို့ အရေးကြီးပါတယ်။
အားလုံးသော အကြောင်းတရားတွေနဲ့ ကိုက်ညီသွားပြီ ဆိုရင်တော့ ကြိုးစားမှုကို နောက်ဆုံးသော နည်းနဲ့ဆန်းစစ်နိုင်ဖို့ လိုအပ်သွားပါပြီ။
'ကိုယ်ရဲ့ကြိုးစားမှုက ဖြစ်နိုင်ချေ ရှိရဲ့လား' ဆိုတာကို ကိုယ်တိုင်ဆန်းစစ်ကြည့်သင့်သလို ကိုယ့်ထက်သိသူ၊တတ်သူ၊အမြင်ကျယ်သူတွေထံ မေးမြန်းတိုင်ပင်ကြည့်ဖို့ပါပဲ။
ဒါဆိုရင် ကြိုးစားမှုက အရာထင်ဖို့ သေချာသွားပါပြီ။

#ကြိုးစားခြင်းနဲ့အောင်မြင်ခြင်း

▪️တန်ဖိုး-၁၂၀ဘတ်
▪️စာမျက်နှာ-၁၂၇

✅ထိုင်းနိုင်ငံအနှံ့ပို့ပေးပါသည်။

စာချစ်သူအားလုံးစိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ...🌼🌸

Mr.Book💙

အမေရိကန်နိုင်ငံရဲ့ ပထမဆုံးသော လူမည်းသမ္မတကတော် တစ်ဦးအကြောင်း။ (လူမည်းလို့ ထည့်ပြောရခြင်းက ချိုးနှိမ်လိုသော ဆန္ဒမပါ ၊ သူမ...
10/11/2024

အမေရိကန်နိုင်ငံရဲ့ ပထမဆုံးသော လူမည်းသမ္မတကတော် တစ်ဦးအကြောင်း။ (လူမည်းလို့ ထည့်ပြောရခြင်းက ချိုးနှိမ်လိုသော ဆန္ဒမပါ ၊ သူမရဲ့ အံ့ဩလေးစားဖွယ် အရည်အချင်းတွေကို တန်ဖိုးထားခြင်းတွေ အပြည့်အဝ ဖော်ကြူးလိုတဲ့ သဘောပါ)

ဒီစာအုပ်လေးကို ဖတ်ရင် သူမရဲ့ဖြစ်တည်ခြင်းသာမက ဘားရက်ရဲ့ ဖြစ်တည်ခြင်းအကြောင်းကိုပါ သိရမယ်။ သူမရဲ့ ဖြစ်တည်ခြင်းကို ဖော်ညွှန်းရေးသားပြလိုတာထက် ဘားရက်ဟာ ဘယ်လို ( ကောင်းမွန်တဲ့) လူတစ်ယောက်ဖြစ်တယ်ဆိုတာကို လူအများကို ချပြ၊ ရှင်းပြလိုတဲ့ သဘောမျိုးလို့ ယူဆမိတယ်၊ (ဒါဟာ ဘားရက်ကို သူမ ဘယ်လောက်ထိ မြတ်နိုးတန်ဖိုးထားသလဲဆိုတဲ့ အဓိကအချက်ပဲ။)

ဘားရက်ရဲ့ စိတ်ဓာတ်ခံယူချက် သဘောထား အမျိုးမျိုးက ဪဒီလို အံ့မခန်းတဲ့ စိတ်ထားမြင့်မြတ်ပုံတွေကြောင့် ဘားရက်အိုဘားမား ဆိုပြီး တစ်ကမ္ဘာလုံးက လူသိများတာကိုး လို့ ဩချရလောက်အောင် သူ့ရဲ့ တွေးခေါ်ပြုမူပုံတွေက အရမ်းကို လေးစားအတုယူဖွယ်ရာတွေ များပြားလှတယ်။

မီရှယ်လ်ရဲ့ ဖြစ်တည်ခြင်းကိုပဲ သက်သက် လေ့လာရမယ်ဆိုရင်တော့ သူမကမိန်းမသားတစ်ဦးဖြစ်တာနဲ့အညီ စိတ်ခံစားချက်ကို အနည်းငယ် ရှေ့တန်းတင်တယ်ထင်ရသော်လည်း သူမရဲ့ စိတ်ဓာတ်မာကြောကြံ့ခိုင်မှုနဲ့ ဘဝကို ပိုမိုတိုးတက်ကောင်းမွန်အောင် တည်ဆောက်ပုံတွေက အမျိုးသမီးတိုင်း အတုယူလိုက်နာကျင့်သုံးသင့်တဲ့ အချက်တွေအားလုံး ဖြစ်တဲ့အပြင် အချို့ယောက်ျားတွေထက်ကို စိတ်ဓာတ်ခိုင်မာတဲ့ အံ့ဖွယ်အမျိုးသမီးတစ်ယောက်အဖြစ် မြင်တွေ့ရတယ်။

ဒီစာအုပ်မှာဆိုရင်တော့ Michelle ရဲ့ရိုးရှင်းပြီးချစ်စရာကောင်းတဲ့ အဖေ၊ အမေ၊ အကို တို့ကိုပိုင်ဆိုင်ထားတဲ့ သူမရဲ့ငယ်ဘ၀အကြောင်းအရာတွေ လူမည်းမလေးတစ်ယောက်ပေမဲ့ အရာရာကိုကြိုးစားပြီးတော့ အရွယ်ရောက်လာပြီး ရှေ့နေ ဖြစ်လာတဲ့သူမ ဒီလိုနဲ့ သူမဆီ အလုပ်သင်အနေနဲ့ ရောက်ရှိလာတဲ့ Barack Obama နဲ့ တွေ့ဆုံတဲ့အခါသူတို့နှစ်ယောက် ဖူးစာဆုံသွားပြီးတော့ ချစ်စရာအရမ်းကောင်းတဲ့ သမီးလေးနှစ်ယောက်ရှိလာတဲ့သူမ Barack က အမေရိကန်သမ္မတ ရွေးကောက်ပွဲ၀င်ဖို့အတွက် ဆုံးဖြတ်ချက်ချလာတဲ့အချိန် သူမရဲ့သဘောထားကရော??

စတဲ့ စိတ်၀င်စားစရာကောင်းတဲ့သူမရဲ့ဘဝြဖတ်သန်းလာပုံတွေကို တဝြကီးဖတ်ရှုရမှာဖြစ်ပါတယ်။

မိန်းမသားတစ်ယောက်ပေမဲ့ ကြံ့ခိုင်တဲ့စိတ်ဓာတ်ရှိပြီး မိဘ မိသားစုအပေါ်မှာလည်းသိတတ်တဲ့သူမ၊သူမရဲ့ သမီးနှစ်ယောက်အပေါ်မှာ အလုပ်များပေမဲ့ မိခင်မေတ္တာအပြည့်အဝပေးတဲ့သူမBarackအတွက်ဆိုရင်လည်း အမြဲတမ်း support ပေးနေတဲ့ ဇနီးကောင်းတစ်ယောက်အဖြစ်အမြဲ ရှိနေပေးတဲ့ သူမ ဒီစာအုပ်လေးမှာ Michelle ရဲ့ သူမဘဖြစ်တည်ခြင်းတွေကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

#ဖြစ်တည်ခြင်း

▫️တန်ဖိုး-၂၅၀ဘတ်
▫️စာမျက်နှာ-၅၆၅

✅ထိုင်းနိုင်ငံအနှံ့ပို့ပေးပါသည်။

စာချစ်သူအားလုံးစိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ...🌸🌸

Mr.Book💙

ที่อยู่

Bangkok

เบอร์โทรศัพท์

+66628680147

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Mr.Bookผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Mr.Book:

แชร์