Novel Book ဝတ္ထုတို၊ ဝတ္ထုရှည်နှင့် ကဗျာများအား တင်ပေးပါမည်။

27/10/2024

မကြာခင်မှာ Misser Infinity အတွက် Online ပြိုင်ပွဲလေး စတင်တော့မှာဖြစ်ပါတယ်။

ပြိုင်ပွဲလေးကတော့ LGBT နယ်ပယ်စုံက Rainbow 🌈 လေးတွေကို ယှဉ်ပြိုင်စေမှာပါ။ LGBT နယ်ပယ်က မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ဆုတွေနှင့် ဆုကြေးငွေကို ပေးအပ်ချီးမြင့်သွားမှာပါ။

ဉာဏ်ရည်နှင့် လုပ်နိုင်စွမ်း၊ အလှပနှင့် ဖျော်ဖြေမှုတို့ကို အချိုးကျပေါင်းစပ်ထားပြီး LGBT နယ်ပယ်အကျိုးပြုလုပ်ငန်းများကိုလည်း ပြုလုပ်စေမှာပါ။

ဆုတွေကတော့

Misser Infinity ( Main Award )
Misser Universe
Misser World
Misser Earth

လေးဆုရွေးချယ်မှာဖြစ်ပြီး Misser Infinity သည် အမြင့်ဆုံးဖြစ်ပြီး ဆုရှိသူသည် ဆုကြေးငွေနှင့် တစ်နှစ်တာကာလပတ်လုံး လစဉ်ဆုကြေးငွေလည်း ရရှိမှာဖြစ်ပါသည်။ ပရဟိတ အကျိုးပြုလုပ်ငန်းများ၌လည်းပါဝင်ခွင့် ရရှိပါမည်။

Misser Universe ဆုရှိသူသည် ဆုကြေးငွေနှင့် အကျိုးပြုလုပ်ငန်းများ၌ ပါဝင်ရမည်ဖြစ်ပါသည်။ Misser World နှင့် Misser Earth တို့သည်လည်း ထိုက်သင့်သော ဆုကြေးငွေ ရရှိပါမည်။

အခြား Title Award တွေကတော့

The Best of Social Award
The Best of Fashion Award
The Best of NC Myanmar Award
The Best of LGBT Knowledge Award
LGBT Power of The Year Award
Admin Team Choice Award တို့ပဲဖြစ်ပြီး ဆုကြေးငွေတွေလည်း ရရှိပါမည်။

Online ကနေ အပျော်တမ်းလေး ပြိုင်ရမှာမို့ ပေါ့ပါးပြီး ဝန်လည်း မပိပါဘူးနော်။ Admin Team ကလည်း LGBT တိုးတက်စေချင်တာရယ် LBGT နယ်ပယ်ကသူတွေကို စည်းလုံးပျော်ရွှင်စေချင်တာကြောင့် ဒီပွဲလေးကို ကိုယ်တိုင် စိုက်ထုတ်ပြီး စီစဉ်ရခြင်းပါ။

စိတ်ဝင်စားသူများ Like and Share လေး လုပ်ရင်း စောင့်မျှော်ပေးကြပါနော်။ မကြာမှီ လာမည်။

Design ... Nay Myo Lwin

Admin Team
Misser Infinity Group

ချစ်ခြင်းတစ်ခုမှာလေ ... _အပြောက လူတိုင်း အဆင်ပြေအောင် ပြောနိုင်တယ်။  _လုပ်ရပ်တွေကပဲ သက်သေမပြနိုင်တာ။  _သက်သေမပြနိုင်တဲ့ ...
02/03/2024

ချစ်ခြင်းတစ်ခုမှာလေ ...

_အပြောက လူတိုင်း အဆင်ပြေအောင် ပြောနိုင်တယ်။

_လုပ်ရပ်တွေကပဲ သက်သေမပြနိုင်တာ။

_သက်သေမပြနိုင်တဲ့ ချစ်ခြင်းတွေက ဝဋ်ကြွေးတစ်ခုလိုပဲ။

_အရမ်းပင်ပန်းတယ်။

ရဲရင့်မာန်

တစ်နေ့......လေပြေညင်းတွေ တိုက်ခတ်နေတဲ့ တစ်နေ့....မိုးသားမိုးဖွဲလေးတွေ ကျဆင်းနေတဲ့ တစ်နေ့...တေးသီငှက်တွေ သီကျူးနေတဲ့ တစ်န...
27/02/2024

တစ်နေ့......

လေပြေညင်းတွေ တိုက်ခတ်နေတဲ့ တစ်နေ့....

မိုးသားမိုးဖွဲလေးတွေ ကျဆင်းနေတဲ့ တစ်နေ့...

တေးသီငှက်တွေ သီကျူးနေတဲ့ တစ်နေ့....

ပန်းကလေးတွေ လှပစွာ ဖူးပွင့်နေတဲ့ တစ်နေ့...

လောကလူသားတွေအားလုံး ပြုံးပျော်နေတဲ့ တစ်နေ့....

အမှောင်လောကကနေ ငါထွက်ချင်တဲ့ တစ်နေ့....

ငါမျက်ရည်တွေခမ်းခြောက်လာမဲ့ တစ်နေ့...

အားလုံးကို ငါစွန့်လွတ်ချင်လာတဲ့ တစ်နေ့...

လွတ်လပ်စွာနဲ့ ငါပျံသန်းလာချင်တဲ့ တစ်နေ့...

ခရမ်းပြာရောင် ပန်းကလေးတွေ ကျဆင်းလာတဲ့ တစ်နေ့...

အေးချမ်းစွာနဲ့ ငါ့ရဲ့ကောင်းကင်ဘုံကို ပြန်တဲ့ တစ်နေ့

တစ်နေ့..... ခရစ်တော်မှာ ငါအိပ်ပျော်တဲ့ တစ်နေ့

ငါ ဒီလောကကနေ လွတ်မြောက်တဲ့နေ့.......

ရဲရင့်မာန်

အနက်ရောင်မျက်ရည်+++++++++++++++လွယ်အိတ်ကိုလွယ်ပြီးအမေထည့်ထားတဲ့ထမင်းချိုင့်ငယ်ကိုဆွဲအနာဂတ်လမ်းအတွက်..ကျောင်းကိုထွက်ခဲ့တာ...
11/02/2024

အနက်ရောင်မျက်ရည်
+++++++++++++++

လွယ်အိတ်ကိုလွယ်ပြီး
အမေထည့်ထားတဲ့ထမင်းချိုင့်ငယ်ကိုဆွဲ
အနာဂတ်လမ်းအတွက်..ကျောင်းကိုထွက်ခဲ့တာပါ
ဦးရေပြားတွေကျွတ်ထွက်..
သွေးစက်လက်နဲ့..အနာဂတ်ပျောက်ဖို့မှမဟုတ်တာ
ထမင်းချိုင့်ငယ်ဟာငိုကြွေးနေလေရဲ့
ပိုင်ရှင်ငယ်လေး.. ထမင်းလာမစားတော့လို့တဲ့
ပြန်လာလို့မရတော့တာသူ..သိနေခဲ့တာမို့
အမေအိုကိုဘယ်လိုပြောရပါ့
ထမင်းချိုင့်ငယ်ဟာ...တွေးမရခဲ့ဘူး
အမေအို..ရင်တွေကွဲလို့ငိုနေသံကို
ထမင်းချိုင့်ငယ်လေးမကြားချင်အဆုံးပါပဲတဲ့လေ
အနာဂတ်တွေ..ရှာမရတော့ဘူး ပေါ့။

ကိုယ်ချင်းစာစိတ်တဲ့လား
ဘယ်မှာသွားရှာရမလဲ..မသိတော့ဘူး
ရေနွေးပူတစ်စက်ထိရင်ဖြင့်
ဆက်ဆက်တုန်အောင်ခုန်ပေါက်ကြတယ်
အခုတော့..မကြားနာရက်တော့ပါဘူး
အရှင်လတ်လတ်.. မီးရှို့ပစ်လိုက်ကြသတဲ့
လုပ်ရက်..လိုက်လေခြင်းကွယ်..
ရဲရဲနီတဲ့သူရဲကောင်းဟာတော့..
နာကျင်မှုတွေ ကိုအံတု
ပူလောင်မှုတွေကိုကျောခိုင်းရင်းညည်းတွားသတဲ့
မီးလောင်တာ..ကြာလိုက်တာတဲ့လေ
သူဘယ်လောက်တောင်နာကျင်ရှာမလဲ။

ယုတ်မာညံ့ဖျင်းလွန်းတဲ့စိတ်တွေ
ရက်စက်ရိုင်းစ်ိုင်းလွန်းတဲ့လုပ်ရက်တွေနဲ့
ကမ္ဘာမှာ..မြန်မာဟာအရှက်ကွဲခဲ့ပြီ
ရဟန်းသံဃာ..သိီလရှင်..မကျန်
ဆန့်ကျင်သမျှ...အကုန်ရှင်းလို့
အိုးအိမ်တွေ....ပြာကျခဲ့..ပါပြီ
ကျောင်းသားလူငယ်လူမမယ်တွေ
အသက်တွေပေးခဲ့ကြရပြီ
ငါ့အိမ်ငါ့ကား..ငါ့သားငါ့မယား
ငါ့ရပ်..ငါ့ရွာ..ငါ့ကမ္ဘာ...မဟုတ်တော့
လုပ်ကြဦးပေါ့....အယုတ်တမာတွေရယ်
ငါ့တို့အလှည့်..ငါတို့ဇာတ်ရောက်တဲ့တနေ့
ကိုယ်ချင်စားတရားအကြောင်းမပြောကြေး။

အမုန်းရိုင်း.-LGBT(nmkk)
#ကော်ပီရင်လဲcrdတော့ပေးသွား ကြပါနော်



#နေမုန်းခါးခါး

ယနေ့ကျရောက်သော အမေများနေ့အား လေးစားဂုဏ်ယူ ဂုဏ်ပြုလိုက်ပါသည်။ မိခင်များအားလုံး ကျန်းမာချမ်းသာ၍ ရွှင်လန်းချမ်းမြေ့ကြပါစေ။ ...
25/01/2024

ယနေ့ကျရောက်သော အမေများနေ့အား လေးစားဂုဏ်ယူ ဂုဏ်ပြုလိုက်ပါသည်။
မိခင်များအားလုံး ကျန်းမာချမ်းသာ၍ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ခွန်း

" အနမ်းလေးတစ်ပွင့် "        လွင့်မျောစွာ တိုက်ခတ်လာသော လေပြည်လေးများက သူ့ရဲ့ အတွေးစလေးတွေကို ပို၍ပင် အားပေးနေသယောင်ပင်။ ...
25/01/2024

" အနမ်းလေးတစ်ပွင့် "

လွင့်မျောစွာ တိုက်ခတ်လာသော လေပြည်လေးများက သူ့ရဲ့ အတွေးစလေးတွေကို ပို၍ပင် အားပေးနေသယောင်ပင်။ ညနေစောင်းလို့ မှောင်လုလုလေးပင် ဖြစ်နေပေမဲ့ သူတစ်ယောက်တည်း ထိုနေရာလေးမှာ ရပ်နေမိနေသေးသည်။ အရာအားလုံးဟာ တိတ်ဆိတ်နေလျက် သူ့ကိုအဖော်ပြုပေးနေသလားတောင် ထင်ရသည်။ သို့ပေမဲ့ သူ့ရဲ့ရင်ထဲမှာတော့ ခံစားမှုပေါင်းမျိုးစုံနှင့် သူခံစားနေရကာ ရင်တွင်းတိုက်ပွဲဖြစ်နေသလိုပင်။ လှမ်းကြည့်လိုက်လို့ မြင်နေရသည့်အရာတွေက လောကရဲ့ဓမ္မတရားတွေပါ။ ပြေး၍ပင် မလွတ်မြောက်သော သင်္ခါရတရားတွေကို အကောင်းဆုံးဖော်ပြပေးနေသော သုသာန်ပါ။

သူတို့အားလုံး အေးချမ်းစွာနှင့် ရင်ခွင်တော်မှာ မှေးစက်အိပ်ပျော်နေကြပေမဲ့ ကျန်ရစ်ခဲ့တဲ့သူတွေမှာတော့ ပုထုဇဥ်ပီပီ မဖြေဆည်းနိုင်ကြသေးတော့ ပူလောင်နေရသေးသည်။ သူကတော့ ပိုဆိုးတာပေါ့ သူဆိုတာ ဖြိုးရန်ကျော်။ တိုက်ခတ်လာသောလေပြည်များနှင့် တိတ်ဆိတ်ခြောက်ကပ်နေသောနေရာလေးမှာ ဖြိုးရန်ကျော်ရဲ့ အတွေးတွေက အတိတ်ကို ပြန်ရောက်သွားလေပြန်တော့သည်။ သူ့ရဲ့အရှေ့မှာတော့ သခင်ဘုရားရဲ့ ရင်ခွင်တော်မှာ အေးချမ်းစွာ အိပ်စက်သွားတဲ့ သူ့ရဲ့အချစ်ဆုံးလူသားတစ်ယောက် ထူးခက်အောင်ရဲ့ ဂူဗိမ္မာန်လေးပါ။

" ဖြိုး..... "

အားလုံးက သူ့ကို ဖြိုးရန်ကျော်လို့သာ ခေါ်ကြပေမဲ့ သူကတော့ ဖြိုးလို့သာ တစ်လုံးတည်းခေါ်တက်တဲ့ကောင်လေး။ သူကတော့ စိတ်အလိုရှိလျှင် အထူးလို့ ချစ်စနိုးလေးနဲ့ ခေါ်တက်ပေသည်။ သို့ပေမဲ့ အခေါ်နည်းပါသည် သူ " အထူး " လို့ ခေါ်လိုက်တိုင်း ပျော်ရွှင်သွားသော သူ့ရဲ့ မျက်နှာလေးက တကယ့်ကိုလိုချင်သော မုန့်လေးကိုရသွားတဲ့ ကလေးလေးတစ်ယောက်ပမာပါ။ သို့ပေမဲ့ အဲကောင်လေးကို သူနားမလည်စွာနှင့် အချိန်တွေအကြာကြီး ခံစားနေရအောင် စိတ်ဒုက္ခတွေပေးနေမိခဲ့သည်။ တကယ်တော့ အထူးဆိုတဲ့ကောင်လေးက သိပ်ကိုချစ်စရာကောင်းသော ကောင်လေးတစ်ယောက်ပါ။ အပြစ်ကင်းပြီး အေးချမ်းတဲ့ မျက်နှာပိုင်ရှင်မျိုးလေးလေ။ သူကတော့ ပြောရရင် ဂျစ်ဘွိုင်းပေါ့ သိတယ်မဟုတ်လား ခပ်ပေတေတေဆိုးဆိုးလေးပေါ့ ပြောရရင် လူငယ်သဘာဝ ခပ်ဂျစ်ဂျစ်ရယ်။

" အထူး ... သူတို့က ဘယ်သူတွေလဲ ဘာလို့မင်းအနားမှာ ကပ်ပြီးစကားတွေပြောနေကြတာလဲ "

" ဘာလို့လဲ ဖြိုးရဲ့ သူတို့က အထူးကိုချစ်ကြတဲ့ သူငယ်ချင်းတွေပါ "

" မင်းသူငယ်ချင်းတွေက ပုံမလာဘူးနော် ကိုယ်မကြိုက်ဘူးကွာ အဲကောင်တွေမျက်လုံးက မရိုးသားဘူး ကိုယ်မြင်နေရတယ် "

အထူးဆိုသော အဲကောင်လေးဘေးမှာ ပေါင်းသင်းနေတဲ့ဆိုတဲ့ အကောင်တွေ​က အထူးကိုတစ်ခုခုလိုချင်လို့ ပေါင်းသင်းနေတာကို သူသိနေလေသည်။ ဒါကိုပြောတိုင်းလည်း အထူးက ရိုးသားစွာဖြင့် ဘာမှမသိသလိုနဲ့ သူ့အားငြင်းမြဲငြင်းနေသည်။

" ဖြိုးက အရမ်းဒေါသကြီးတာပဲ အဲဒေါသတွေနဲ့ ဖြိုးတစ်နေ့ဒုက္ခရောက်မယ် "

" တော်စမ်းပါ အဲကောင်တွေအကြောင်းကို ငါသိနေတယ် "

" ဘာတွေသိတာလဲ "

" အဲကောင်တွေက မကောင်းဘူး "

" ဒါဆို အထူးကရော "

ဟုတ်ပါသည် သူလည်း ကောင်းတဲ့လူတော့ မဟုတ်ပေ။ ဒါပေမဲ့မယုတ်မာတက်ဘူး လူကြီးတွေက သူ့နဲ့မပေါင်းသင်းဖို့ အမြဲပြောတက်ပေမဲ့ အမြဲကန့်လန့်တိုက်ပြီး သူ့ကိုပေါင်းသင်းနေတာက အထူးပါ။ ငယ်ငယ်လေးကတည်းနေ သူ့ကို လွန်စွာသံယောဇဥ်ရှိသော အထူးပါ။ ခပ်ပျော့ပျော့နွဲ့နွဲ့လေးနဲ့ နေနေသော အထူးပါ မိန်းကလေးတစ်ယောက်ပမာ နူးညံ့လွန်းတဲ့အထူးလေးပါ။

" မသိဘူးကွာ ကိုယ်မကြိုက်ဘူး အဲကောင်တွေနဲ့ဆက်ပက်သက်နေရင် ကိုယ်ပြဿနာရှာမှာနော် အဲတော့မှ ကိုယ့်အဆိုးမဆိုးနဲ့ "

သူက ပြောရင်ပြောသည့်အတိုင်း လုပ်တက်တာကို အထူးကသိလေတော့ သူ့ကို အလိုလိုက်တဲ့စိတ်နဲ့ သူ့အပေါင်းသင်းအချို့ကိုလည်း စွန့်ပစ်ခဲ့ဖူးသည်။ အရာရာမှာ သူ့သဘောကျတိုင်းနီးပါးလိုလို နေပေးခဲ့သည့် အထူးလေးပါ။ ဒါတွေကို အစကတော့ သူသိပ်မမြင်ပေ မဟုတ်သေးဘူး မမြင်တာမဟုတ်ဘူး မကြည့်ဖြစ်တာ။

" အေးပါ ဖြိုးမကြိုက်ဘူးဆိုရင် အထူးသူတို့နဲ့ မပက်သက်တော့ဘူး "

အထူးရဲ့ပြောစကားလေးတွေက သူ့ကိုသိပ်သဘောကျစေလေသည် တစ်ခုခုကိုအနိုင်ရသွားတဲ့ကလေးတစ်ယောက်ပမာ သူပြုံးရွှင်သွားသည်။ သူ့ရဲ့အပြုံးဟာ ပြုံးခဲပေမဲ့ သူပြုံးလိုက်တိုင်း သူ့ကိုကြည်နူးမှုအပြည့်ဖြင့် ကြည့်နေပေးသူကလည်း အထူးတစ်ယောက်တည်းပါ။

သူတို့နှစ်ယောက်ကို ပတ်ဝန်းကျင်က တိုးတိတ်စွာနဲ့ မကောင်းကြောင်းပြောနေပေမဲ့ သူတို့ပက်သက်မှုက သူငယ်ချင်းအဆင့်သာပါ။ ဟုတ်တယ်လေ ဖြိုးရန်ကျော်ဆိုတဲ့သူက ထူးခက်အောင်ဆိုတဲ့ အထူးလေးကို သူငယ်ချင်းတစ်ယောက်သာသာလေးသာ ပေါင်းတာပါ။ ဒါပေမဲ့ အခြားဘော်ဒါတွေထက်တော့ ပိုချစ်ပါသည်။

" ဖြိုး ဆေးလိပ်တွေသောက်နေတာလား " ဆိုပြီး သူသောက်နေတဲ့ ဆေးလိပ်ကို ခပ်တည်တည်နဲ့ ကောက်ယူပြီးအဝေးသို့ ပစ်ထုတ်လိုက်ရင်း ထူးခက်အောင်က ပြောလိုက်လေတော့သည်။

" မင်း ဘာလုပ်တာလဲ "

" ပစ်ထုတ်လိုက်တာလေကွာ "

" ဘာလို့လဲကွ "

" မကြိုက်လို့ပေါ့ကွာ "

" မကြိုက်ရအောင် မင်းကဘာလဲ ငါ့ကို အဲလိုအချိုးတွေနဲ့ လာမလုပ်နဲ့ ဘော်ဒါတွေဆိုပြီး ပုံစံကသိပ်မကျတာ မလုပ်နဲ့ ငါမုန်းမိလိမ့်မယ် "

" ငါကမင်းအတွက်ပြောနေတာလေ မင်းကျန်းမာရေးထိလိမ့်မယ်ကွ "

" သွားပါကွာ မင်းပြောသလိုဆို လူတော်တော်များများက သေကုန်ပြီးပေါ့ "

" ဖြိုး.... "

" တော်တော့ကွာ မင်းကလေ မင်းမလုပ်တက်တာနဲ့ မင်းမကြိုက်တာနဲ့ အပြစ်ဘဲ မြင်နေတော့တာပဲ ငါ့စော်တောင် ငါ့ကိုဘာမှမပြောဘူး "

" ဘာ မင်းဘာပြောလိုက်တာလဲ မင်းစော်ဟုတ်လား "

" အေးလေ ငါ့စော်လေ ဘာလို့လဲ "

" မင်းဘယ်တုန်းက စော်ရသွားတာလဲ ငါလည်းမသိပါလား "

" ဟ နေရာတကာပြောနေရတောင် မင်းကလည်း ဘာလဲကွာ ငါယောက်ျားလေးတစ်ယောက်လေးကွာ စော်ထားတာဆန်းလို့လား "

" မဟုတ်သေးဘူးလေကွာ "

" တော်တော့ ငါသွားတော့မယ် အားနေဘုန်းကြီးဝတ်မဲ့အတွေးတွေနဲ့ပဲ နေနေ "

အခြေတင်လေးတွေနဲ့ စကားများရတိုင်း ကြိတ်ငိုနေခဲ့ရတာက အထူးပါ။ ဒါတွေလည်း သူနောက်မှသိတာပါ ယောက်ျားလေးပီပီ ပြောပြီးပြီးသွားသည်ဟု သတ်မှတ်ထားသောသူနဲ့ အရာရာကို ခံစားလွယ်သောအထူးတို့က ထပ်တူတော့မကျခဲ့ပေ။

" ခွပ်..... "

" အား.... "

သုံးယောက်တစ်ယောက်နဲ့ အနိုင်နိုင်သူထိုးကြိတ်နေရသည်။ လူငယ်သဘာဝ စကားများထားဖူး ပြဿနာတက်ဖူးတာကို အငြိုးထားပြီး သူ့ကိုစောင့်ပြီးတွယ်ဖို့လုပ်နေတဲ့ အကောင်သုံးကောင်နဲ့ ဖြိုးရန်ကျော်ပြဿနာတက်နေတာပါ။ သုံးယောက်တစ်ယောက်မို့ အတော်လေးတော့ ကြိုးစားပြန်ချနေပေမဲ့ သူလည်းအတော်လေးကို ခံနေရသည်။ အခုတော့ သူ့ကိုတစ်ယောက်က ချုပ်ထားလိုက်လေပြီး။ တစ်ယောက်ကတော့ သူ့ကိုအပီကစ်ဖို့ ပြေးဝင်လာလေတော့သည်။

" ဒုတ်.... "

ပြေးဝင်လာသူမှာ အနောက်နေရုတ်တရက်ရိုက်ချလိုက်သော တုတ်အားကြောင့်ပြိုလဲသွားလေတော့သည်။ အငိုက်မိနေတုန်း နောက်တစ်ယောက်ကိုပါ ထိုသူက ထပ်တွယ်သွားလေပြန်သည်။ ဟုတ်ပါသည် အထူးပါ။

" မင်း "

သူလည်း ထိုသူတွေကိုထိုးကြိတ်လိုက်ရင်း ထိုနေရာကနေပြေးထွက်လာနိုင်လေတော့သည်။ ဟုတ်ပါသည် အထူးရဲ့ကျေးဇူးကြောင့်ပါ။

" မင်း ဘယ်လိုရောက်လာတာလဲ "

" ဒီလိုပဲ သွားရင်းနဲ့ ပြဿနာဖြစ်နေတာတွေ့တော့ ကြည့်မိတော့ မင်းဖြစ်နေတာလေ အဲတာနဲ့ ငါလည်း ဝင်တွယ်လိုက်တာ ကံကောင်းလို့ ချက်ကောင်းမိလို့ ဟား...ဟား... "

ပြောနေရင်းနဲ့ ရယ်လိုက်သေးသည်။ အထူးကိုသူကြည့်ပြီး သူလည်းပြန်ပြုံးလိုက်လေတော့သည်။ တကယ်တော့ အထူးသည် သူ့ကိုအ​မြဲတမ်းစိုးရိမ်တစ်ကြီးနဲ့ မျက်ခြည်ပြတ်မခံတာတွေကို သူမသိခဲ့။ သူ့အနောက်မှာအမြဲလိုလို ရှိနေတာတွေ သူမသိခဲ့ပေ။ မိရာနဲ့ကောက်တွယ်လိုက်ပါတဲ့ဆိုတဲ့ သစ်သားတုတ်ချောင်းက အထူးရဲ့ အမြဲသူ့ကိုကာကွယ်ဖို့ ပြင်ဆင်ထားတာတွေဆိုတာ သူမသိခဲ့ပေ။

" ဆိုင်ထိုင်စားမယ် ဟုတ်လားဖြိုး "

" ဘာလဲ မင်းကမလိုက်ချင်ဘူးလား "

" မဟုတ်ဘူးလေကွာ မင်းဘယ်ဆိုင်မှာ ဘာလုပ်မလို့လဲ "

" ဟိုရောက်ရင် သိမှာပေါ့ လိုက်ခဲ့ကွာ သိပ်စကားများတာပဲ မိန်းမကြီးလိုပဲ "

သူရဲ့အတင်းလိုက်ဖို့ခေါ်ခဲ့သော​ကြောင့် အထူးလိုက်ခဲ့လေသည်။ သိပ်တော့ လိုက်ချင်ပုံမရ အထူးကိုခေါ်သွားတာက အကြောင်းရှိတယ် အခြားကောင်တွေဆို အခုလိုမျိုးခေါ်သွားဖို့ မဖြစ်ပေ။ အထူးကတော့ ပြေမယ်ထင်လို့ခေါ်သွားတာ။

" ဒီဆိုင်လား "

" အေးလေ ဘာလို့လဲ "

" မင်းကလည်း ဒီဆိုင်ကသိပ်စျေးကြီးတာ "

" တစ်ခါတစ်လေပဲကို မင်းကလည်း လာပါကွာ "

ဆိုင်ထဲသို့ရောက်တော့ သူ့မိတ်ဆက်ပေးတော့ ရုတ်တရက်ဆို မျက်နှာပျက်သွားသောအထူး။ သို့သော် ချက်ခြင်းပြင်ဆင်ပြီး လှပစွာပြုံးလို့ အလိုက်တသိဖော်ရွေပေးသောအထူးပါ။

" သူက ဆူးတဲ့ ငါ့ကောင်မလေး "

" မင်းကောင်မလေး ဟုတ်လား "

ခေတ်ဆန်ဆန်နဲ့ အတိုအပြတ်လေးတွေနဲ့ စတိုင်ကျလှပနေသော ကောင်မလေးဆူးကိုကြည့်ပြီး ရုတ်တရက်အံ့အားသင့်ပေါင်းများစွာနဲ့ သူ့ကိုကြည့်နေတာက အထူးပါ။

" အေးလေ ဘာလို့လဲ လန်းတယ်မဟုတ်လား "

အထူးဘာမှတော့ ပြန်မပြောဘဲနဲ့ ခေါင်းလေးသာငြိမ့်လိုက်သည်။ ထို့နောက် အစားသောက်တွေမှာစားလေတော့လည်း သူက သူ့ကောင်မလေးကို ဂရုတစိုက်နဲ့ ထည့်ပေးလုပ်ပေးမိသေးသည်။ အထူးကိုခေါ်လာပြီးတော့ ရှိသည်လို့တောင်မထင်။ ကောင်မလေးကတော့ သူထည့်ပေးသမျှလေးကို ခပ်တည်တည်နဲ့ ကောက်ဝါးနေလေတော့သည်။ နောက်မှ သတိရပြီး အထူးပန်းကန်လေးထဲသို့ ဟင်းတစ်တုံးထည့်ပေးလေတော့ ကောင်မလေးက ထိုဟင်းတုံးလေးကို ခပ်တည်တည်နဲ့ လုကောက်ပြီး စားလိုက်သေးသည်။ အထူးကဘာမှမပြောပေမဲ့ ဒေါသထွက်သွားတာတော့ သူသိလိုက်ပေမဲ့ ဘာမှမပြောလိုက်။ သူ့ကိုလည်း ဟင်းထည့်ပေးဖို့ပြောတော့မှ ဆူးက သူ့အားဝတ်ကျေကျေလေးနဲ့ ထည့်ပေးလိုက်တာ။ သူသိပါသည် အထူးလိုမဟုတ်မှန်းသိသည်။ ဒါပေမဲ့လည်း သူကျေနပ်နေလေတော့သည် အထူးဆို သူ့ထက်အများကြီး ဂရုစိုက်ပြီး သူ့အကြိုက်အားလုံးသိကာ သူ့ကိုအလိုလိုက်မှန်း ကြာလေသိလေပါပဲ။

ပြန်လာပြီးကတည်းက အထူး သူ့ကိုရှောင်နေတာ သူသတိထားမိလာသည်။ သူ့ကို ရှောင်နေမှန်းသိလို့ သူ အထူးသွားတက်လာတက်တဲ့နေရာတွေမှာ စောင့်ဖမ်းတာတောင် အထူးက အပုန်းအရှောင်ကောင်းစွာနဲ့ သူ့ကိုကွက်ကျော်ရိုက်ပြီး ရှောင်ပြေးနေလေတော့သည်။ နောက်ဆုံးသူမနိုင်တော့တဲ့အဆုံး အထူးအိမ်ရှေ့သွားပြီး သွားသောင်းကျန်းမှ အထူးကိုမိလေတော့သည်။

" မင်းဘာတွေဖြစ်နေတာလဲ ဖြိုး "

" အဲတာငါကမေးရမှာ မင်းဘာတွေဖြစ်နေတာလဲ "

" ငါဘာမှမဖြစ်ဘူး "

" ဒါဆို ဘာလို့ငါ့ကိုရှောင်နေတာလဲ "

" မရှောင်ပါဘူး "

" ဘာလဲ ဆူးကမင်းကိုပေးတဲ့ဟင်းတုန်းကိုလုစားလိုက်လို့လား မင်းကလည်းကွာ သူကမိန်းကလေးလေ သူ့ကိုပြိုင်မနေနဲ့ မင်းကယောကျ်ားလေးပဲ ဘာလို့ပြိုင်ကောက်နေတာလဲ နားလည်မှုထားစမ်းပါကွာ "

" တော်တော့အဖြိုး.... တစ်နေ့တော့မှတန်ဖိုးထားတက်မှုဆိုတာ ဘာလဲဆိုတာမင်းသိမယ် "

ကြိုးစားပြီးအဖြေညို့ဖို့သူသွားပေမဲ့ ပြဿနာလေးသာတက်ခဲ့လေတော့သည်။ အထူးဆီကမျက်ရည်လေးစို့တက်သွားတာတော့ သူတွေ့လိုက်ပေမဲ့ သူဒီအတိုင်းထားခဲ့လေတော့သည်။

" အားနေမျက်ရည်ကျဖို့ပဲ ဘာကောင်လဲ "

" ဖြိုး.... "

" ဘာလဲ "

" မင်း ကောင်မလေးကိုဖြတ်လိုက်တော့ "

" ဟာ ဘလိုင်းကြီးပါလား ဘာလို့ဖြတ်ရမှာလဲ မင်းပြောတိုင်းငါကလုပ်ရမှာလား "

" မဟုတ်ဘူး သူကမင်းအချစ်နဲ့မတန်ဘူးကွ "

" မတန်ရအောင် သူက ဘာမို့လဲကွ "

" ငါ...ငါ မပြောထွက်ဘူးကွာ "

" တော်စမ်းပါ မင်းမနာလိုနေတာ မဟုတ်လား မင်းသူ့ကိုသဘောမကျတာ ငါသိတယ် မင်းသူ့ကိုမနာလိုနေတာလည်း ငါသိတယ် ဒါပေမဲ့ မင်းကငါ့သူငယ်ချင်းလေကွာ ငါမင်းကို အဲလောက်ထိ​ပြောဆိုလာလိမ့်မယ်လို့မထင်ဘူး "

" တော်တော့ကွာ မင်းစကားတွေ "

" အဲတာဆို မင်းပြောလေ သူကဘာဖြစ်နေလို့လဲ "

" သူက မိန်းမပျက်ကွ မင်းဆီကနေချူစားဖို့ကြူနေတာ မင်းအပြင် သူ့မှာတကယ်တွဲနေတဲ့ ဘဲလည်းရှိတယ်ကွ "

" ခွပ်.... "

" မင်းတော်တော့.... "

ပါးစပ်ကနေလည်းပြောရင်း လက်သီးကပါတန်းသွားလိုက်သော ဖြိုးရန်ကျော်၏ အထိုးကို သူအသာတကြည်ခံလိုက်လေတော့သည်။ နုနယ်သောသူရဲ့နှုတ်ခမ်းပါးလေးကို ပြင်းထန်သော ဖြိုးရန်ကျော်ရဲ့လက်သီးကထိမိလိုက်တဲ့အခါမှာတော့ နှုတ်ခမ်းကနေ သွေးတွေစီးကျလာလေတော့သည်။

" မင်းသွားလိုက်တော့.... ငါ့ရှေ့ကနေမင်းထွက်သွားတော့ နောက်ဆိုငါမင်းကိုသတ်မိလိမ့်မယ် "

" ဖြိုး..... "

" ဘာသူငယ်ချင်းလဲ မင်းငါ့စော်ကိုကြိုက်နေတာလား ရွံစရာအလုပ်တွေ မင်းလုပ်မယ်လို့ ငါလုံးဝမထင်ထားဘူး မင်းသွားလိုက်တော့ "

အထူးတစ်ယောက် လုံးဝကိုထွက်သွားတာပါ တကယ်ကိုထွက်သွားတာပါ သူ့အနားကနေ ဘယ်ကိုပြေးသွားမှန်းသူမသိတော့ပါဘူး။ အထူးအနားမှာမရှိတုန်းကတော့ စစချင်း သူဘာမှမသိပ်သာပေမဲ့ တကယ်တမ်းကြာလာတော့ သူအထူးကို သတိရလာလေသည်။ သူနဲ့အထူး သွားခဲ့တဲ့နေရာလေးတွေ၊ အထူးနဲ့အတူ စားခဲ့တာလေးတွေ၊ အထူးကိုသူပြဿနာရှာတာတွေ၊ အထူးသူ့ကို လှပစွာပြုံးပြတာတွေ၊ အထူးတစ်ခြားသူတွေနဲ့ ပြောဆိုနေတာတွေကို သူမကြိုက်တာတွေ၊ အထူးရဲ့ သူ့အပေါ်ပြောဆိုဆက်ဆံတာတွေ အများအများကြီးပါပဲ။

တကယ်လည်း အထူးပြောခဲ့တာတွေက အမှန်ပဲ။ ဆူးဆိုသောကောင်မလေးက တကယ်ကို သူ့ကိုအသုံးချခဲ့တာ သူကိုယ်တိုင်သိခဲ့လေတော့သည်။ သူသိပ်ချစ်သော ချစ်သူနဲ့ အဆင်ပြေဖို့အတွက် ဖြိုးရန်ကျော်ဆိုသောသူ့ကို အသုံးချခဲ့လေတော့သည်။ ဒါကိုနားမလည် မိုက်တွင်းနက်ပြီး ချစ်သူကိုယုံကာ အထူးကို ပြဿနာရှာပြီး အဝေးကိုထွက်သွားစေခဲ့တော့သည်။ ဆူးဆိုသော ကောင်မလေးကိုလည်း သူအကြီးကျယ်ကိုပေါက်ကွဲခဲ့ပြီး သူ့ရည်းစားဆိုသောကောင်လေးနဲ့ပါ ပြဿနာတွေဖြစ်ခဲ့ကြလေတော့သည်။

အခုဆို အထူးကလည်း သူ့အနားမှာမရှိတော့သလို အထူးရဲ့မိဘတွေကလည်း သူ့ကိုစကားတောင်မပြောမခံတော့ပေ။ ဘယ်နေရာမှာရှိနေမှန်း ဘယ်သွားဘယ်လာနေမှန်းလဲ သူမသိရပေ။ အထူးနဲ့ပက်သက်ပြီးသိတဲ့လူတွေ အထူးသူငယ်ချင်းတွေကိုလည်း မေးမရ။ သူ့ကိုပင်မပက်သက်ချင်လောက်အောင်ကို ရွံရှာတဲ့အမုန်းနဲ့ကြည့်နေကြလေတော့သည်။ တကယ်ဆို သူဘာလုပ်လုပ်ထောက်ခံပေးတာ အထူးတစ်ယောက်တည်းရှိမှန်းသူသိလာလေတော့သည်။ အထူးကို သူသိပ်သတိရလေတော့သည်။ သူအထူးကို ကြိုးစားရှာဖွေလေတော့သည်။ သို့ပေမဲ့ လုံးဝမတွေ့ခဲ့ပေ။

ညလေးရဲ့မီးတိုင်တွေက ခပ်မှိန်မှိန်လေးတော့လင်းနေပါရဲ့ ရီဝေဝါးစွာသော အကြည့်တွေနဲ့ ဖြိုးရန်ကျော်တစ်ယောက် လမ်းလေးထဲလျှောက်ဝင်လာလေတော့သည်။ အရက်လေးတွေမူးပြီး တစ်ယောက်တည်းလျှောက်လာနေတာ ဖြိုးရန်ကျော်ဆိုတဲ့ အထူးက ချစ်စနိုးလေးနဲ့ခေါ်နေတဲ့ ဖြိုးဆိုတဲ့သူပါ။

" အထူး မင်းဘယ်မှာဘာတွေလုပ်နေတာလဲ ပြောတော့ ငါ့လိုဘော်ဒါကြီးကို ချစ်တယ်ဆိုကွာ ဟား အခုတော့ ငါ့ရဲ့လက်သီးလေးတစ်ချက်နဲ့ မင်းပြေးသွားတာလား "

မူးမူးနဲ့ လျှောက်ပြောနေရင်း သူခြေလှမ်းလေးတွေက ထိုရပ်ကွက်ထဲဝင်ရောက်လာလေတော့သည်။ အဝတ်အစားလေးတွေက မညီညာဘဲနဲ့ တကယ့်ကို တေလေဂျပိုးလေးတစ်ယောက်ပမာ။

" ဟုတ်တယ် မိန်းမတွေက မကောင်းဘူး အထူးသဖြင့် ဆူးဆိုတဲ့မိန်းမက ပိုမကောင်းဘူး ငါ့အသည်းကိုခွဲတာအားမရလို့ ငါ့နဲ့အထူးကိုဝေးအောင် လွင့်အောင် လုပ်တဲ့တရားခံက ဆူးဆိုတဲ့မိန်းမနဲ့ ငါ့ရဲ့အသုံးမကျတဲ့စိတ်ပဲ "

" ငါ့ကိုဆွဲမထည့်ပါနဲ့ နင့်ဟာနင်အသုံးမကျတာ နင့်ကိုနင်မသိတာ ဘာသူငယ်ချင်းလဲ ဟိုကနင့်ကိုကြွေနေတာ နင်ကရော အတူတူပဲ သူ့ကိုမသိမသာချစ်နေတာ အဲလိုအုံပုံးကောင်တွေကို ငါကကြိုက်စရာလား ရွံစရာ...ထွီး "

ဆူးဆိုတဲ့ကောင်မလေးရဲ့အသံက ထွက်ပေါ်လာလို့ ဖြိုးရန်ကျော်တစ်ယောက်ကြည့်လိုက်လေတော့ ဆူးတစ်ယောက်တည်းမဟုတ်ပေ။ အခြားသော လူသုံးယောက်လည်းပါခဲ့သေးသည်။

" မင်းကငါ့ကို ဘာလုပ်တာလဲဆူး "

" ဆူးဆိုတာ ဘယ်လောက်စူးနစ်ဝင်လဲဆိုတာ ရှင့်ကိုသိစေချင်လို့ "

" ကဲ ဝိုင်းသမတော့ အဲကောင်ကို "

ညကမှောင် မီးကမှိတ်တုတ်တုတ်နှင့် လူသုံးယောက်က သူ့အားပြေးဝင်တိုက်ခိုက်လေတော့သည်။ သူရီဝေစွာမူးနေပေမဲ့ သူသိလိုက်သည် လင်းကနဲဆို တစ်ချက်လက်သွားသည် ဟုတ်သည် ဓားတိုတစ်ချောင်းပါ သူသိနေပေမဲ့ သူရီဝေနေပြီး သူမကာကွယ်နိုင်တော့ပေ။ ထိုသူသည် သူ့အားပြေးဝင်လာကာ ထိုးနှက်လေပြီး။.

" အား..... " ဗိုက်ကလေးကိုဖိရင်း သွေးတွေစီးကျနေသူက အထူးပါ။

" ဟင် အထူး.... အထူး... "

" ဝိုင်းဖမ်းကြဟေ့ ဒီမှာဓားထိုးမှုဖြစ်နေတယ် "

ရပ်ကွက်ကလူတွေရောက်လာကြလေတော့သည် သူတို့လေးယောက်ကိုလည်း ဝိုင်းဖမ်းဆီးသွားကြသည်။

" အထူး.... အထူး.... မင်းဘာမှမဖြစ်ဘူးနော် အားတင်းထားနော် ငါဆေးရုံပို့ပေးမယ် "

" လုပ်ကြပါဦးဗျာ အထူးကို ဆေးရုံပို့ပေးပါ.... " သူနာကျင်စွာ အော်ဟစ်လေတော့သည်။ သူရဲ့ရင်ခွင်ထဲမှာ ဓားဒဏ်ရာနှင့် လဲကျနေသူက အထူး၊ သူ့ကိုသိပ်ချစ်ရှာသောအထူး၊ သူ့အသက်ထက် သူ့ကိုပိုချစ်သောအထူး။

" ဖြိုး.... ငါမင်းကို တစ်ခုလေးဘဲ တောင်းဆိုချင်တယ် "

" ဘာလဲပြောအထူး.... "

"မင်းရဲ့နဖူးလေးကို တစ်ချက်လောက်တော့ ပေးနမ်းပါလား ခွင့်ပြုပေးပါလားကွာ ငါမသေခင်လေး မင်းကိုအနမ်းလေးတစ်ချက်တော့ ပေးခွင့်ပြုပါ "

" အထူး မင်းကဘာလို့သေရမှာလဲ မင်းမသေရဘူး ပြီးတော့ တစ်ချက်မဟုတ်ဘူး အများကြီးနမ်းလို့ရတယ် ကြိုက်တဲ့နေရာ ကြိုက်တဲ့အချိန်နမ်းလို့ရတယ်ကွာ မင်းမသေရဘူးကွာ "

အထူးတစ်ယောက် နောက်ဆုံးအားတွေနဲ့ သူ့ကိုအနမ်းလေးတစ်ပွင့်ပေးသွားသည်။

" အဘဘုရားရဲ့အိမ်တော်မှာ ပြန်ဆုံကြမယ်နော် ငါသွားနှင့်ပြီး ငါမင်းကိုသိပ်ချစ်တယ် ဖြိုး.... "

" အထူး...... အထူး.... "

သူအော်ဟစ်လိုက်သော နာကျင်မှုတွေစီးမျောနေသော အသံသည် ဟိန်းထွက်သွားလေတော့သည်။ သို့သော်လည်း အထူးတစ်ယောက်တော့ မကြားနိုင်ပေတော့။ စီးကျလာသောမျက်ရည်တွေက သူ့ရဲ့ပါးပြင်မှတစ်ဆင့် အသက်မဲ့နေသော အထူးရဲ့ပါးပြင်လေးဆီသို့ စီးကျသွားလေတော့သည်။

ပြီးပါပြီး။
***အနမ်းလေးတစ်ပွင့်***

ရဲရင့်မာန်
02:30
Saturday
27.Feb.2021
Bangkok Thailand

#ခွန်း
#ရဲရင့်မာန်
#ဝတ္ထုတိုလေးများ

** One Short Story **" ညဥ့်ငှက်ကလေးရဲ့ အိမ်ပြန်ချိန် "   " သား သားဖေဖေလေ ကင်ဆာဖြစ်နေတာတဲ့ "    " ဟင် မေမေ ဖေဖေကကင်ဆာဖြစ်...
17/01/2024

** One Short Story **

" ညဥ့်ငှက်ကလေးရဲ့ အိမ်ပြန်ချိန် "

" သား သားဖေဖေလေ ကင်ဆာဖြစ်နေတာတဲ့ "

" ဟင် မေမေ ဖေဖေကကင်ဆာဖြစ်နေပြီ ဟုတ်လားမေမေ "

" ဟုတ်တယ်သားရယ် သားရဲ့ညီမလေးကလည်း ဒီနှစ်ဆယ်တန်းတက်ရတော့မယ် "

" လောလောဆယ် သားညီမကိစ္စထက် သားဖေဖေဆေးဝါးခက ပိုအရေးကြီးနေတာ "

မာတာမိခင် ကျေးဇူးရှင်၏ မျက်ရည်တွေကျပြီး ငိုသံတွေနဲ့ ပြောစကားတွေက ဝဿန်ရဲ့ရင်ထဲကို ဆူးတစ်ချောင်းစီနှင့် ထိုးသွင်းပြီး ပြောနေသလိုနှင့်တူလှသည်။ သူ၏ရင်ထဲမှာ အပူမီးတွေကပ်နေပါပြီ မိခင်မှာလည်း သောကတွေများရသလို သူလည်းခေါင်းမီးတောက်နေရပါပြီ။ ဝဿန်သည် မပြေလည်သော မိသားစုကပေါက်ဖွားခဲ့ပြီး အထက်တန်းအောင်တော့ ငွေကြေးအခက်ခဲ၊ မိသားစု၏အခက်ခဲတွေကြောင့် ပညာရေးကိုစွန့်လွတ်ကာ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ထွက်လာပြီ အလုပ်လုပ်နေသူတစ်ယောက်ပါ။

စားသောက်ဆိုင်တစ်ခုမှာ ဝိတ်တာအဖြစ်အလုပ်လုပ်နေရင်း မိသားစုကို ထောက်ပံ့နေသူပါ။ နေတာလည်း သုံးနှစ်လောက်ရှိနေတော့ ထိုင်စကားလည်း အတော်လေးကျွမ်းသလို အထက်တန်းအထိနေဖူးတော့ အင်္ဂလိပ်စကားလည်း ထိုက်သင့်သလောက် ပြောတက်လေတော့ သူအတွက်အလုပ်လုပ်ဖို့က သိပ်မခက်ခဲလှပေ။ အဆောင်တစ်ခုမှာ အဆောင်နေ သူငယ်ချင်းတစ်ယောက်နဲ့ အတူတူငှားနေလေတော့သည်။ တစ်ယောက်တည်းလစာနဲ့ ဘန်ကောက်မှာ အဆောင်တစ်ခုမှာ တစ်ယောက်တည်း အခန်းသီးသန့်ငှားဖို့က အဆင်မပြေနိုင်ပေ။ အထူးသဖြင့် သူတို့လို ငွေကြေးပြဿနာလိုအပ်နေသူတွေက ပိုပြီးချွေတာသုံးစွဲရတာမို့ အခုလို အခန်းဖော်တွေနဲ့ အတူနေရလေသည်။

အချို့တွေကတော့ ဘန်ကောက်မှာအလုပ်လုပ်နေတာ ငွေရနေတာပဲ ပေါ့ပါးနေတာပဲ ဘာတွေအဆင်မပြေဖြစ်လို့လဲ ပြောကြပေလိမ့်မည်။ ကိုယ်တိုင် မနေဖူးသေးသရွေ့ ထိုခံစားချက်ကို နားလည်နိုင်မည်မဟုတ်ပေ။ ဟုတ်ပါတယ် သူတို့တွေပြောသလိုပါပဲ တိုက်ခန်းကျဥ်းကျဥ်းလေးမှာနေရတယ် ရွာမှာနယ်မှာ နေတာထက်စာရင် အဆင့်အတန်းလေးမဆိုသလို မြင့်ကောင်းမြင့်ပါတယ်။ ဘန်ကောက်ဆိုတော့ တိုက်တာအဆောက်ဦးတွေ၊ အကောင်းစားဘတ်စ်ကားတွေ၊ မိုးပျံရထားတွေ၊ သန့်ရှင်းနေသော လမ်းမကြီးများတွေက လူတွေသတ်မှတ်ထားသော အဆင့်အတန်းနှင့် လူ့ဘောင်ယဥ်ကျေးမှုတွေကို မြင့်မားနေစေတဲ့နေရာတစ်ခုဆိုလျှင်တော့လည်း မှားမည်မဟုတ်ပေ။

သို့ပေမဲ့လည်း ထိုနေရာသည် မိမိတိုရဲ့အမိမြေမဟုတ် တိုင်းတစ်ပါးရဲ့မြေ၊ ခဏတာလာခိုလှုံရတဲ့ ဆင်းရဲတဲ့နိုင်ငံတစ်ခုကနေလာပြီ အလုပ်လုပ်လာတဲ့ နိုင်ငံသားတစ်ယောက်ရဲ့ ခံစားချက်တွေကို ဘဝတူတွေပဲခံစားနိုင်မည်ထင်တယ်။ အလုပ်ရှင်သူဌေးတွေရဲ့ မတူမတန်သလိုပြောဆိုမှုတွေ၊ အထက်လူကြီးတွေရဲ့ အဆင့်အတန်းခွဲခြားဆက်ဆံမှုတွေ၊ စားသုံးသူတွေရဲ့ မတန်သလိုပြောဆိုမှုတွေဟာ ဘန်ကောက်ရောက် မြန်မာနိုင်ငံသားတွေအဖို့ လူတိုင်းလိုလိုကြုံတွေ့ခံစားရတာတွေပါ။ ဒီကြားထဲ မြန်မာအချင်းချင်း အသားထဲကလောက်ထွက် အမျိုးယုတ်တဲ့သူတွေကရှိနေသေး။

မိခင်စကားကြောင့် သောကများနေရချိန် အဆောင်နေသူငယ်ချင်းဖြစ်သူကလည်း ပြန်ရောက်လာလေတော့သည်။

" ဝဿန် မင်းမျက်နှာလည်းမကောင်းပါလား ဘာဖြစ်နေတာလဲကွာ "

" ငါ့အဖေလေ ကင်ဆာဖြစ်နေတာတဲ့ "

" ဟာ ဘယ်လိုဖြစ်ရတာလဲကွာ "

" အေးခုနလေးကပဲ ငါ့အမေဖုန်းဆက်လာတာ "

" အေးပါကွာ အားမငယ်ပါနဲ့ ပိုက်ဆံရှိရင်ဆေးကုနိုင်ရင်ရပါတယ်ကွာ သူငယ်ချင်းရာ "

" မင်းလည်းသိတဲ့အတိုင်းပဲလေ ကင်ဆာဆိုတာ သူဌေးရောဂါလိုပဲ အချိန်ပြည့်ငွေသုံးနေရတာလေကွာ ငါတို့မိသားစု အခြေအနေလည်းမင်းသိသားနဲ့ အဆင်မပြေဘူးလေ ငါပေးပို့နေတာတောင် တစ်ခါတစ်ခါပြတ်လပ်ပြီး ငတ်ပြတ်နေသေးတာကို "

" ကြိုးစားရင်ရပါတယ်ကွာ လူပဲ ငွေဆိုတာလူကလုပ်တာပါကွ အရမ်စိတ်ဓာတ်ကျမနေနဲ့ "

" ပြီးတော့ ညီမလေးကလည်း ဆယ်တန်းတက်ရပြီးကွ "

" မိသားစုတိုင်းကတော့ အပူရှိတာပေါ့ကွာ လူဆိုတာ ဒီလိုပါပဲကွာ ငါတို့နိုင်ငံခြားရောက်နေတာ ပိုက်ဆံရှာမလို့ပဲ လောကဓံဆိုတာကလည်း အဲတာပဲလေ ငါတို့ကိုပိုပြီးရှာစေချင်လို့ ကျီစယ်နေတာထင်ပရဲ့ကွာ "

အခုညတော့ သူငယ်ချင်းဖြစ်သူ ညီနိုင်ရဲ့စကားတွေက သူ့အား ခဏတာတော့ စိတ်ဖြေဖျောက်စေနိုင်လေသည်။ ညီနိုင်သည်လည်း သူလိုပါပင် အဆင်မပြေသောမိသားစုဘဝကနေကြီးပြင်းလာပြီ ဘန်ကောက်လာကာ အလုပ်လုပ်နေတာပါ။ သို့ပေမဲ့ အမှန်ပြောရရင် ညီနိုင်သည် သူ့ထက်ငွေရွှင်သည် ဘာအလုပ်လုပ်လဲ တိတိကျကျသူမသိပေမဲ့ ကလပ်တွေများတဲ့ Silom ဘက်ခြမ်းက စားသောက်ဆိုင်မှာလုပ်တာတော့သူသိသည်။ တစ်ခါတစ်ခါညဘက်တွေလည်း ပြန်မလာဖြစ်တာလည်းရှိသည်။ မေးခဲ့လျှင်လည်း အလုပ်ကျသည်ဟုဖြေတက်လေသည်။ သူ့ထက်ဝင်ငွေကောင်းတာတော့သေချာသည်။ ပြီးတော့ ညီနိုင်သည် ထိုအလုပ်လုပ်မှအရင်ကထက် ပိုမိုပြင်ဆင်လာသလို ပိုပြီးတော့လည်းချောမောလာတာတော့လည်းအမှန်ပါ။

တစ်လတာကုန်သွားပေမဲ့ ရတဲ့လစာနဲ့ အခန်းလဖယ်စားဖို့အနည်းငယ်ဖယ်ပြီး ကျန်တာအကုန်အပို့ပေးပေမယ့် ငွေကမလောက်ပေ။ အဖေ့ဆေးဖိုးတောင်အနိုင်နိုင်ဖြစ်လာလေတော့သည်။ နောက်ဆုံးမရတော့ သူငယ်ချင်းဖြစ်သူညီနိုင်ကို အကျိုးအကြောင်းပြောပြကာ အကူညီတောင်းလေတော့သည်။ ညီနိုင်ကလည်း ပထမကလက်မခံပေမဲ့ ဝဿန်ကခဏခဏပြောလာတော့ သူလက်ခံပေးလေတော့သည်။

ညီနိုင်သည် ဝဿန်အား သူ့ဆိုင်ပိုင်ရှင်ဆီသို့ ခေါ်သွားစေပြီး အပ်နှံပေးလေတော့သည်။ ဝဿန်သည်ပြောရရင်ကြည့်ကောင်းသော ကောင်လေးတစ်ယောက်ပါ။ အရပ်ငါးပေဆယ်လက်မခန့်ရှိပြီ ခန္ဓာကိုယ်ကလည်း အားကစားမလုပ်ထားရပေမဲ့ ကြည့်ကောင်းရှူပျော်သော ရုပ်ရည်လေးရှိသူပါ။ သူဌေးက ဝဿန်အားသေချာကြည့်ပြီး လက်ခံပေးလိုက်လေတော့သည်။ အမှန်ပြောရရင် ညီနိုင်သွင်းပေးလို့သာ သူအလုပ်ရပေမဲ့ ဝိတ်တာလေးလို့သာသူသိထားလေတော့သည်။ အထူးငှားသော ဧည့်သည်တွေကို ဝန်ဆောင်ပေးရမဲ့အလုပ်ပေါ့။

ဝဿန်သည် အလုပ်စဆင်းပြီး တစ်ပတ်အတွင်း တိတိကျကျအလုပ်မလုပ်ရဘဲ မန်နေဂျာက သင်ပြပေးရင်းနဲ့သာပြီးသွားသည်။ ဝတ်ပုံစားပုံနဲ့ စကားပြောဆိုပုံတွေကအစ သင်ကြားပေးလေသည်။ သေချာတာကတော့ သူစားသောက်ဆိုင်လုပ်ဖူးသမျှနဲ့တော့ မတူတာသေချာသည်။ နောက်တစ်ခုက သူအလုပ်ဝင်သောဆိုင်မှဝန်ထမ်းများသည် မချောကြတာတောင် ကြည့်ကောင်းကြသည်။ လိုအပ်တာထက်ပိုမိုပြင်ဆင်သည်ဟု သူထင်မိသည်။ နောက်တစ်ခုကလည်း သူ့ရောက်ရောက်ချင်း တိုးတိုးလေးပြောကြတာ ကြားမိလိုက်လေသည်။

" အလတ်စင်လေး ဘယ်လိုပုံစံနဲ့ ပထမဆုံးအလုပ်ကိုလက်ခံမလဲသိချင်မိတယ်ကွာ "

အဘယ်သို့သောအရာကို ရည်ညွှန်းမှန်းသူမသိပေမဲ့ စကားပြောပုံကတော့ ပုံမှန်မဟုတ်တာသူသိသည်။ ထိုညမှာပင် သူငယ်ချင်းဖြစ်သူညီနိုင်ကိုမေးမည်ဆိုပြီး ညီနိုင်ကိုရှာတော့ နိုင်ငံခြားဧည့်သည့်အခန်းမှာ ဝန်ဆောင်ပေးနေတာသူတွေ့ရသည်။ ဝန်ဆောင်ပုံက အရက်လေးငှဲ့ပေးချည်းတာမဟုတ်ပဲ ထိုနိုင်ငံခြားသား ဧည့်သည်၏ ပေါင်ပေါ်တွင် ထိုင်ကာ စကားတွေပြောနေပြီး ရယ်မောနေကြတာကိုသူသိလိုက်သည်။ အလုပ်ပြန်တော့ နေ့စဥ်မုန့်ဖိုးအနေနဲ့ သူဘတ်သုံးရာလောက်ထပ်ရလေတော့ သူ့အတွက်တော်တော်အဆင်ပြေသည်ပြောရပေမည်။

ဒီညလေးသည် သူ့အတွက် နိင်ငံခြားသားဧည့်သည့်ကို ပထမဆုံးလက်ခံပေးရမည့်ညလေးဖြစ်သည်။ မန်နေဂျာကလည်း သူ့အားအကြိမ်ကြိမ်မှာကြားလေသည်။ အကောင်းဆုံးဝန်ဆောင်မှုပေးဖို့နှင့် အလုပ်သဘောကို နားလည်ကာ ကြိုးစားဖို့ပြောပြီး သူ့အားလက်မအရွယ်အနက်ရောင်ဘူးလေးလည်း ပေးလိုက်သေးသည်။ ဧည့်သည်လည်းအမြန်ခေါ်နေ၍ ဘာမှန်သေချာမမေးရသေးဘဲ အရက်သောက်ရလို့မူးလာရင်ရှူဖို့ဆိုပြီး ပေးခဲ့လေတော့သည်။ သူလည်ဆေးလေးကိုယူပြီးဧည့်သည်ဆီအပြေးလာလေတော့သည်။

သူလက်ခံရတဲ့ဧည့်သည်သည် အင်္ဂလန်နိုင်ငံသား အသက်လေးဆယ်အရွယ် လူကောင်သန့်သန့်လေးပါ။ စားစရာလေးနဲ့သောက်စရာ အရက်တစ်ချို့သူယူလာပြီး ဧည့်သည်အားငှဲ့ပေး၍ စတင်ဝန်ဆောင်လိုက်သည်။ စကားအနည်းငယ်လည်းပြောဆိုကြလေသည်။ သူရဲ့ပထမဆုံးသော ဝန်ဆောင်မှုဆိုတာ သူသိကြောင်းဧည့်သည်ကပြောလေတော့သူလန့်သွားသေးသည်။ သူဝန်ဆောင်ပေးတာ အဆင်မပြေတာလားပေါ့။ မတော်တဆ ဧည့်သည်က မကျေနပ်လို့မန်နေဂျာနဲ့တိုင်ရင် အလုပ်ပြုတ်နေမှာလေ။ အလုပ်ကရတာမကြာသေး မုန့်ဖိုးငွေဝင်ပေါက်လည်းရှိတော့ အခုအလုပ်လေးကိုသူအဆင်မပြေတာ မဖြစ်စေလိုပေ။

ထို့နောက်ဧည့်သည်က သူ့အားအရက်ထပ်ယူခိုင်းလေတော့သည်။ သူသွားယူလာပြီးပြန်လာတော့ ထိုဧည့်သည်က သူ့အတွက်ဟုဆိုကာ အရက်တစ်ခွက်ထည့်ထားလေတော့သည်။ ဧည့်သည်တိုက်တော့ သူသောက်ရပေတော့သည်။ သူကမသောက်တက်တာမဟုတ်ပေမဲ့ အလုပ်မှာတော့သူမသောက်ချင်။ သူငြင်းတော့ဧည်သည်ကအတင်းတိုက်လေပြန်သည်။ နောက်ဆုံးသူသောက်လိုက်လေတော့သည်။

တစ်ခွက်ကနေ နှစ်ခွက်၊ နှစ်ခွက်ကနေသုံးခွက်ဖြစ်လာလေတော့ သူမူးလာလေတော့သည်။ သို့သော်အရင်လိုမူးခြင်းနဲ့မတူတာတော့ သူသတိထားမိသည်။ သူ့စိတ်တွေသည် ပုံမှန်မဟုတ် လူငယ်သဘာဝအရ သွေးသားတွေဆူပွက်လာသလိုဖြစ်လာသည်။ ခါတိုင်းသူမူးရင်အခုလိုမခံစားရပေ။ ဒီတစ်ခါကတော့ အတော်လေးထူးဆန်းနေသည်။ ထိုအချိန်ဧည့်သည်က သူ့အနားလာကာ သိုင်းဖက်လိုက်လေတော့သည်။ ထိုအခါသူ့စိတ်တွေပိုဆိုးဝါးလာလေတော့သည်။ ထိုလူ၏အထိတွေ့က သူ့စိတ်ထဲ၌ဖြစ်နေသော စိတ်ကိုပိုမိုနိုးကြွလာစေတော့သည်။ သူ၏လိင်ပိုင်းဆိုင်ရာ အင်္ဂါရပ်တို့သည်လည်း ပုံမှန်မဟုတ်တော့မှန်းသူသိလာသည်။

ဧည့်သည်ကသူ့အား သိုင်းဖက်ရာမှနေ အဆင့်တက်ပြီးလည်တိုင်လေးအားနမ်းလေတော့ သူ့အတွေးကမ္ဘာသည်အမှောင်ဘက်သို့ကူးပြောင်းနေလေပြီ။ ငါတော်တော်မူးနေပြီး မန်နေဂျာပြောတာကိုသတိရကာ ထိုရှူဆေးဘူးလေးကိုသူရှူလိုက်မိပြန်သည်။ ထိုအခါမှာတော့ သူ့၏စိတ်အစဥ်သည် လုံးဝထိန့်မရတော့ပဲ ကာမစိတ်တို့၏ထကြွသောင်းကျန်းမှုအနောက်သို့ ပျော်ပျော်ကြီးလိုက်သွားလေတော့သည်။ သို့သော်သူ့စိတ်ကိုသူမထိန်းနိုင်ခဲ့ပေမဲ့ သူ့အသိစိတ်တွေကလည်း လုံးဝမပျောက်သွာလေတော့...

အခုဆိုသူဒီအလုပ်ကိုလုပ်လာတာ အတော်လေးအဆင်ပြေနေပြီ။ ဧည့်သည်တွေရဲ့အလိုကိုလည်း တန်းသိနိုင်သလို ဒီလောကလေးမှာလည်း နာမည်လေးရလာကာ အပြင်ထိပါခေါ်ယူနိုင်သော Great customer ကိုရလာလေပြီ။ ဆိုင်မှာလည်း ဝင်ငွေရှာပေးနေသော ဝန်ထမ်းကောင်းဖြစ်သလို အရင်ကထက်ပြင်ဆင်တက်လာပြီး အချိန်ပြည့်လန်းဆန်းတက်ကြွနေကာ စကားတွေကိုလည်း အပြောချိုချိုလေးတွေလည်းပြောတက်လာသလို ဟန်ဆောင်အပြုံးတွေလည်းရလာသည်။ ဝင်ငွေကလည်း ခါတိုင်းထက်ကို လေးငါးဆပိုရလာပြီးမိသားစုကိုလည်း ပိုမိုထောက်ပံ့လာနိုင်သည်။

အရာရာမှာ အကောင်းအဆိုးဒွန်တွဲသလို ဘယ်အရာမှကလည်း ပေါ့ပေါ့ပါးပါးနဲ့ မရခဲ့ပေ။ အခုဆို သူဒီအလုပ်လုပ်တာ တစ်နှစ်နီးပါးရှိလာပြီ။ အလုပ်ကဝင်ငွေတွေရနေပေမဲ့ သူမပျော်နိုင်ပေ။ ဟန်ဆောင်နေရတဲ့လောကကြီးကို သူသိနေရတော့ မပျော်နိုင်။ ငွေရသလောက်လည်း နားကျည်းရခဲ့သည်။ ပထမဆုံးသောဧည့်သည်နဲ့ ဝန်ဆောင်မှုအပြီးမှာ သူ့အသိစိတ်တွေပုံမှန်ပြန်ဖြစ်တဲ့အချိန်မှာ သူ့ခန္ဓာသည်ပုံမှန်ပြန်မဖြစ်တော့မှန်းသူလက်ခံခဲ့ရပေသည်။ တစ်ညတာလုံးငိုကြွေးခဲ့ရသလို လက်ထဲ၌လည်း တစ်လလောက်အလုပ်လုပ်မှရသော ငွေပမာဏာကိုလည်းသူရထားပေသည်။ သူ့ဘဝကိုသူသိခဲ့လိုက်ရပေမဲ့ လွန်သွားလေပြီ။ နောက်ပိုင်းလည်း ဧည့်သည်ကောင်းလည်းတွေ့သလို ဆိုးဝါးတဲ့ဧည့်သည်တွေလည်းသူရခဲ့သည်။ တစ်ခါတစ်ခါအသက်ပင်ပါမလားတောင် သူကြုံခဲ့ရသည်။ ထိုဆိုင်မှထွက်လာတိုင်း ဆိုးဝါးသောအကြည့်တွေဒဏ်ကို ညတိုင်းသူခံရလေတော့သည်။

အရင်ကထက်ပိုမိုများပြားသော ငွေတွေပို့ပေးနိုင်သောကြောင့် မိခင်ဖြစ်သူကပြောလာလေသည်။

" သား ပိုက်ဆံပို့တာပိုပိုများလာတော့ မေမေဝမ်းသာတယ် ဒါပေမဲ့ ဒီလောက်ငွေတွေသားဘယ်လိုရနေတာလဲ "

အမျိုးမျိုးသောလှည့်ပတ်ဖြေဆိုခြင်းတွေနဲ သူဖြေဆိုရပေသည်။ ငွေသည် အသုံးတွေဝင်နေပေမဲ့လည်း အသက်ကိုမဝယ်နိုင်။ ကင်ဆာရောဂါသည်ဖခင်ကိုသူဆုံးရှုံးရပြန်သည်။ ဖခင်ကြီးလောကကနေထွက်ခွာတော့ သူပြန်ခဲ့သည်။ ဖခင်နာရေးမှာ အဆင်ပြေချောမွေ့အောင် သူအစအဆုံးစီစဥ်ခဲ့ရသည်။ ဖခင်နောက်ဆုံးအထိ သူပို့ပေးနိုင်ခဲ့သည်။ သားကောင်းတစ်ယောက်တော့ သူဖြစ်ခဲ့သည်။ သို့သော်.....

သုံးနှစ်တာကာလမှာ သူအမျိုးမျိုးကျော်ဖြတ်ခဲ့ရသည်။ ဘဝတူသူငယ်ချင်းတွေရလာသည်။ အချို့ကျတော့ ဝါသနာပါလို့ကို လုပ်နေကြတာ၊ အချို့ကျတော့ ချစ်သူ၏အကျင့်ယုတ်မာမှုကြောင့်မထင်မှတ်ဘဲ ရောက်လာခဲ့ကြတာ၊ အချို့ကတော့ တုံးတုံးအအနဲ့ ရောက်လာခဲ့တာ၊ အချို့ကျတော့ ဘဝကိုပင်ပင်ပန်းပန်းမရှာဖွေချင် အလွယ်ရလိုသူတွေ၊ အချို့ကျတော့ ဆေးဝါး၏နှိပ်စက်မှုကြောင် ပျက်စီးကာငွေကြောင့်ရောက်လာကြသူ၊ သူလိုကဲ့သို့မိသားစု၏ အခက်ခဲအမျိုးမျိုးကြောင့် ရောက်လာကြသူ တကယ့်ကိုများပြားပါသည်။ ဘဝမတူတာတွေကနေရောက်လာကြပြီး ဘဝတူတွေဖြစ်ကုန်သည်။ ဘဝတူဘဝကနေ ရုန်းထွက်ကြပြီး ပျော်ပျော်ကြီးကျန်နေခဲ့တဲ့လူလည်းရှိသလို အကြောင်းအမျိုးမျိုးကြောင့်ရုန်းထွက်မနိုင်သေးတဲ့လူတွေလည်းရှိနေပြန်သည်။ ရုန်းထွက်ဖို့ကြိုးစာနေရင်းနဲ့ လမ်းခုလတ်မှာ အနားယူလိုက်လိုက်ရတာလည်း အများကြီးပါ။

ဧည့်သည်ကောင်းခြင်းဆိုးခြင်းက ကံနဲ့ဆိုင်ပေမဲ့ ရဲလက်ကပြေးဖို့ကတော့ ဥာဏ်နဲ့သာဆိုင်ပြန်သည်။ ထိုင်းရဲတွေလက်ကလည်း ပြေးဖို့လိုအပ်သလို မိခဲ့ရင်လည်း အဆင်ပြေဆုံးနဲ့ အမြန်ဆုံးပြန်လွတ်ဖို့သာကြိုးစားရသည်။ စခန်းရောက်သွားခဲ့ပြီးဆိုရင်တော့ မလွယ်ပေ။ ကြားထဲမှာ ထိုင်းရဲတွေကို အခမဲ့ဝန်ဆောင်မှုတောင်ပေးရတာကလည်းရှိသေးပြန်သည်။ သူတို့ဘဝသည် မသိခဲ့ပါက အပေါ်ယံကြည့်ရင် အရမ်ကိုပေါ့ပါးလွန်းသည်ဟုထင်ရပေမဲ့ တကယ်တော့ ငရဲပါပဲ။

အပြင်မှာပြောပြန်ရင်လည်း LGBT အချင်းချင်း ဂုဏ်သိက္ခာကျဆင်းအောင်လုပ်မိနေသော မိမိတို့ကို့သာ အပြစ်တင်ကြလေမလား။ တစ်နေ့တစ်နေ့ A ကိုက်ပြီးဆုံးသွားပြီးဆိုသော သတင်းတွေကလည်း ခဏခဏကြားရသား။ကောင်းမွန်စွာရုန်းထွက်နိုင်သူတွေက ရှိပေမဲ့ နည်းပါးလေပြန်တော့ သူရော ဘယ်တော့မှရုန်းထွက်နိုင်မလဲ။ အမေ့အိမ်လေးကိုလည်း သူပြန်ချင်နေပြီ အမေ့အိမ်လေးသည် အဖေမရှိတော့ပေမဲ့ အရင်လိုမစုတ်ချာနေတော့ တိုက်ပုလေးပင်ဖြစ်နေသလို တက္ကသိုလ်တက်နေသော ညီမချောလေးလည်းရှိနေပြီ။ ဘာဘဲဖြစ်ဖြစ်နှစ်ကုန်ရင်တော့ သူအပြီးပြန်တော့မည်။ ဒီလောကကနေသူအပြီးရုန်းထွက်တော့မည်လို့ သူဆုံးဖြတ်လိုက်သည်။ သူငယ်ချင်းညီနိုင်ကတော့ ကံကောင်းပြီး ဆွစ်ဇာလန်နိုင်ငံကိုရောက်သွားပေတော့သည်။ သူလည်းကြုံရပေမဲ့ မိခင်နဲ့ညီမဖြစ်သူကိုမပစ်နိုင်တော့ ငြင်းပယ်ခဲ့ရပေသည်။ အဲတာကြောင့်လည်း အခုလိုဘဝမျိုးမှာ ကျင်လည်နေဆဲ။

သူအိမ်ပြန်ခဲ့လေပြီး အရမ်းကိုပျော်ရပေတော့သည်။ မိခင်ရဲအပြုံး၊ ညီမဖြစ်သူရဲ့ ချစ်ခင်မှု၊ ကိုယ်ပိုင်ငွေလို့သတ်မှတ်ထားတဲ့ငွေနဲ့ဆောက်ထားတဲ့အိမ်လေးရဲ့နွေးထွေးမှုတွေက သူ့ကိုကြည်နူးစေသည်။ နားထဲမှာလည်း စကားလုံးလေးကို ကြားယောင်မိလာသည်။

" ဖက်နာန်ငန် နွတ်ဟူး "

အဓိပ္ပါယ်လေးကတော့ အလုပ်သမား ဇီးကွတ်ပါတဲ့။ ဗန်းစကားလေးတစ်ခုပါ။ ဇီးကွတ်တွေက ညပိုင်းပဲထွက်တာကိုမှီခိုပြောရင်း သူတို့လိုလုပ်သားဘဝကို ပြောဆိုထားတာပါ။ သူအိမ်ပြန်ချိန်ဟာ စောလွန်းတာလား နောက်ကျသွားတာလား သူဝေခွဲမရတော့ပေ။ကံတရားကမကောင်းတာလား ဘုရားသခင်ရဲအလိုတော်အရလားပေါ့။ အိမ်ရောက်ပြီးမှ ကျန်းမာရေးက သိသိသာသာဆိုးဝါးလာလေတော့ နောက်ဆုံး မသင်္ကာလို့ ဆေးစစ်လေတော့ Positive ဆိုသောအဖြေလေးကို သူရခဲ့ပေတော့သည်။ ထိုနေ့သည် သူကမ္ဘာကြီးပြိုကျခဲ့ရလေတော့သည်။ သူ့အတွေးတွေ ရည်းမှန်းထားတာတွေ ပျောက်ပျက်သွားသည်။

ဆေးဝါးကောင်းတွေရှိနေပေမဲ့ သူကပဲအားငယ်လွန်းတာလား ကံတရားကပဲသူ့ကိုမျက်နှာသာမပေးတာလား သူမသိတော့။ ပတ်ဝန်းကျင်က ရိုက်ခတ်လာတာတွေလည်း သူမခံစားနိုင်တော့။ အိမ်ထဲကနေအပြင်ကိုသူမထွက်တော့။ ကောင်းကင်ပြာကြီးကို သူမကြည့်တော့သလို လေပြည်ညင်းကိုလည်း သူမတွယ်တာတော့။ သူ့ရဲ့အခန်းကျဥ်းလေးထဲ၌သာ နေ့ရက်တွေသူဖြတ်သန်းနေရတာ သူအရမ်းနာကျင်လာသည်။ မိခင်ဖြစ်သူ၏ မျက်ရည်တွေလည်း မကြည့်ရက်နိုင်တော့သလို ညီမဖြစ်သူ၏ ဝမ်းနည်းနေတဲ့ မျက်နှာလေးတွေလည်း သူမမြင်ချင်တော့ပေ။ သူရဲ့စိတ်ကူးလေးကို သူပြန်တွေးလိုက်ရင်း သူအိပ်ပျော်သွားသည်။

နိုးထလာတော့ သူ့ကမ္ဘာဟာလှပနေလေသည်။ ကောင်းကင်ကြီးလည်းသာယာနေသလို ပန်းလေးတွေလည်းဖူးပွင့်နေသည်။ သူတိတ်တခိုးလေးချစ်ခဲ့ရသော ကောင်လေးတစ်ယောက်လည်း သူတွေ့လေသည်။ အိမ်လှလှလေးမှာ အမေ့ကသူ့အားဆီးကြိုနေသလို ခြံဝန်းထဲမှာပြေးဆော့နေသော ညီမလေးနဲ့ သူအရမ်းလိုချင်သော ခွေးအမွေးပွလေးလည်းရှိနေပြန်သည်။ သူနာကျင်ရသမျှ အကုန်လွင့်စင်သွားလေပြီ။ ထိုစဥ်နားထဲကြားလာရသော ကြေးစည်ထုတဲ့ အသံလေးကြောင့် သူလန့်သွားသည်။

" ဒူ..ဒူ....ဒူ... "

သူသေချာကြည့်လိုက်တော့ မောင်ဝဿန် အသက် ( ၂၆ ) နှစ်။

The End
00:30
05 August 2021
Bangkok Thailand

ရဲရင့်မာန်

ที่อยู่

Soi 12 Petchburi , Ratchthewi
Bangkok

เบอร์โทรศัพท์

+66909785372

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Novel Bookผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Novel Book:

แชร์