Bingo Online Shop

Bingo Online Shop Thai Online Shop Service

06/05/2024

စီးပွားရေးလုပ်ငန်းတိုင်းမှာ PRODUCT (ထုတ်ကုန်) ဆိုတာရှိတယ်။

ဒါပေမယ့် ထုတ်ကုန် တစ်ခုကပဲ‌ ငွေဝင်တာမဟုတ်ဘူး။

ထုတ်ကုန်ဆိုတာ ASSET ဖြစ်တယ်။ ASSET တိုင်းက တန်ဖိုးတစ်စုံတစ်ရာရှိနေတယ်။ အဲဒီ Assets တန်ဖိုးပြောင်းလဲမှုတွေကနေလဲ ငွေဝင်နိုင်တယ်။

➖➖➖➖🏆🏆🏆➖➖➖➖
ကိုယ်မပါပဲ ငွေဝင်နေဖို့ဆိုတာ ကိုယ်မရှိပဲလဲ တန်ဖိုးရှိနေ၊ ဖြစ်နေတဲ့ ASSETS တွေကိုလုပ်ငန်းထဲမှာ များများဖန်တီးဖို့လိုတယ်။

#မာသင်
➖➖➖➖🏆🏆🏆➖➖➖➖

အမှန်တော့ "စီးပွားရေးလုပ်ငန်းတိုင်းရဲ့ ခရီးလမ်း ဆိုတာ တန်းဖိုးဖန်တီးမှု လမ်းစဉ် ပေါ်ကနေသွားနေရတာ"

ဒါကြောင့် .. "The entrepreneurial journey is actually a journey of asset creation" လို့ Denial ကပြောခဲ့တာ။

ဒါကြောင့် လုပ်ငန်း ခရီးလမ်းမှာ ငွေဝင်နိုင်တဲ့ Assets တွေကို များများဖန်တီးခဲ့ဖို့လိုတယ်။

မိမိလုပ်ငန်းထဲမှာ ဖန်တီးလို့ရတဲ့ Assets ပေါင်း (၃၀ ) မျိုးရှိတယ်။ ခေါင်းစဉ်အားဖြင့် (၇) ခုရှိတယ်။

💥💥💥
ခေါင်းစဉ် (၇) ခုကို လိုတိုရှင်းဖော်ပြရမယ်ဆိုရင် ...

🏆1. IP Assets လို့ခေါ်တယ်။ ရရှိထားတဲ့ လိုင်စင်တွေ၊ မူပိုင်ခွင့်တွေ၊ Trade mark တွေ၊ ထိတွေ့ကိုင်တွယ်လို့မရတဲ့ တန်ဖိုးရှိတဲ့ assets တွေပေါ့။

🏆2. Product Assets လို့ခေါ်တယ်။ ထုတ်ကုန်ဆိုတာ asset ပဲ။ ကိုယ်ဖန်တီးထားတဲ့အရာတစ်ခုမှ တန်ဖိုးမရှိရင် လုပ်ငန်းဆိုတာဘယ်လိုလို့ရှိတော့မတုန်း။ သူကပဲ ဝင်ငွေဆိုတာကိုရှာပေးနေတာ။ မိမိလုပ်ငန်းရဲ့ ထုတ်ကုန်ဆိုတာ ကိုယ်မပါလဲ သူ့မှာ တန်ဖိုးရှိနေတယ်။ အဲဒါ assets ရဲ့ အလှတရားပဲ။ ဒါကြောင့် .. ထုတ်ကုန် တစ်မျိုးတစ်ခုတည်းကိုပဲ အားကိုးပြီးလုပ်ငန်းကို မရပ်တည်နဲ့။

🏆 3. Market Assets လို့ခေါ်တယ်။ ကိုယ့်လုပ်ငန်းက စျေးကွက်လွမ်းခြုံပိုင်ဆိုင်မှုအနေအထားဆိုတာ asset ပဲ။ လုပ်ငန်းချင်းတူပေမယ့် စျေးကွက်လွမ်းခြုံပိုင်ဆိုင်မှုအနေအထားမတူနိုင်ဘူးလေ။ စျေးကွက်ဝေစုများတဲ့လုပ်ငန်းက ပိုပြီးတန်ဖိုးကြီးရမှာပေါ့။ စျေးကွက်လွမ်းခြုံပိုင်ဆိုင်မှု ဆိုတာအကြောင်းအရာ(၃) ရပ်ပေါ်မှာ မူတည်နေတယ်။ Distribution Channels လို့ခေါ်တဲ့ ဖြန့်ဝေမှုလမ်းကြောင်းပိုင်ဆိုင်မှုအနေအထား၊ Marketing Channels ဆိုတဲ့ စိတ်ကွက်ဝေစုလမ်းကြောင်းပိုင်ဆိုင်မှုအနေအထား၊ Customer Database ဆိုတဲ့ စားသုံးသူတွေရဲ့ ဒေတာပိုင်ဆိုင်မှုအနေအထား ဆိုတဲ့အရာပေါ်မှာမူတည်တယ်။

🏆 4. Brand Assets လို့ခေါ်တယ်။ ဘရန်းဆိုတာ တန်ဖိုးရှိတယ်။ ဘရန်းတန်ဖိုးဆိုတာ အကြောင်းအရာ (၃) ခုပေါ်မှာ မူတည်တယ်။ philosophy ဖီလော်ဆော်ဖီပြန့်နှံ့မှု၊ Brand identity ဘရန်းသက်သေခံအချက်အလက်၊ brand ambassadors ဘရန်းကိုယ်စားပြုသူ ဆိုတဲ့အချက်တွေပေါ်မှာမူတည်ပြီး တန်ဖိုးကြီးမြင့်လာတယ်။

🏆 5. System Assets လို့ခေါ်တယ်။ လုပ်ငန်းတွင်းလည်ပတ်မှုဆိုင်ရာစနစ်တွေမှာ တန်ဖိုးရှိတယ်။ တန်ဖိုးရှိလို့ပဲ ဖရန်ချိုက်လုပ်ငန်းတွေမှာ အဲဒီစနစ်ကိုပဲ သီးသန့်စျေးကြီးပေးဝယ်ကြရတာမဟုတ်လား။ ကိုယ့်လုပ်ငန်းနဲ့ သူလုပ်ငန်း တူချင်တူနိုင်ပေမယ့် သူ့လည်ပတ်ပုံစနစ်နဲ့ ကိုယ့်လည်ပတ်ပုံစနစ်မတူညီကွဲပြားတာနဲ့ တန်ဖိုးဆိုတာ ကွဲပြားသွားနိုင်တယ်လေ။

🏆 6. Talent & Management Assets လို့ခေါ်တယ်။ စီးပွားရေးလုပ်ငန်းတစ်ခုအောင်မြင်တယ်ဆိုတာ လူမှန်နေရာမှန်၊လူတော်လူကောင်းတွေအများကြီးလိုတယ်မဟုတ်လား။ အဲဒီလိုလူတွေကိုယ့်ဆီမှာအနည်းနဲ့အများရှိနိုင်တယ်လေ။ အနည်းအများပေါ်မူတည်ပြီးလုပ်ငန်းရဲ့ တန်ဖိုးကလဲ ကွာဟသွားနိုင်တယ်လေ။ ပိုက်ဆံရှိပေမယ့် လူမှန်နေရာမှန်၊ လူတော်လူကောင်းတွေမရှိရင် လုပ်ငန်းကို လည်ပတ်လို့မရဘူးမဟုတ်လား။

🏆 7. Financing Assets လို့ခေါ်တယ်။ လုပ်ငန်းမှာ ငွေကြေးလိုအပ်လာလို့ ရှာမယ်ဆိုရင် လွယ်လွယ်ကူကူရှာလို့ရနိုင်ခြင်း၊ မရနိုင်ခြင်းဆိုတာ လုပ်ငန်းတစ်ခုနဲ့တစ်ခု မတူဘူး၊ အဲဒါကို Financing Viable လို့ခေါ်တယ်။ ကိုယ့်ဆီမှာ အချက်(၄) ချက်အဆင်သင့်ပြင်ဆင်ထားနိုင်ရမယ်။ အဲဒါတွေက Business Plan လုပ်ငန်းအစီအစဉ်၊ Valuation လုပ်ငန်းတန်ဖိုးသတ်မှတ်မှု၊ Structure လုပ်ငန်းအထာကျမှု၊ Risk Mitigation ဆုံးရှူံးနိုင်မှုအခြေအနေများကာကွယ်ထားနိုင်မှု ဆိုတဲ့အချက်တွေပေါ်မှာ မူတည်ပြီး ငွေကြေးရင်းနှီးမြုပ်နှံလိုတဲ့ လူ နဲ့ ဘဏ်အဖွဲ့အစည်းတွေရဲ့ စိတ်ဝင်စားမှုကိုရယူနိုင်လို့ပဲဖြစ်တယ်။

ဒီလောက်ဆိုရင် သဘောပေါက်ပြီထင်ပါတယ်။ Assets အမျိုးပေါင်း (၃၀) ကိုတော့ စာရှည်မှာဆိုတော့ နောက်မှပဲ ရေးပေးတော့မယ်။ ဒီနေ့ တော့ခေါင်းစဉ် နဲ့တင်ကို လိုတိုရှင်းဆိုပေမယ့် စာရှည်သွားပြီ။

တစ်ခုတော့ ရသွားစေချင်တယ်။

➖➖➖➖➖⭐⭐⭐➖➖➖➖➖➖
"စီးပွားရေးလုပ်ငန်းမှာ ကိုယ်မပါပဲ ငွေဝင်နေဖို့ဆိုတာ

ကိုယ်မရှိပဲလဲ တန်ဖိုးရှိနေ၊ တန်ဖိုးဖြစ်နေတဲ့ ASSETS တွေကို

လုပ်ငန်းထဲမှာ များများဖန်တီးဖို့လိုတယ်။"
➖➖➖➖➖⭐⭐⭐➖➖➖➖➖➖

ကဲ. .ဒီနေ့ကစပြီး စီးပွားရေးခရီးလမ်းမှာ ...

Assets တွေတစ်ခုပြီးတစ်ခု ဖန်တီးတည်ဆောက်နိုင်ကြပါစေခင်ဗျာ။ ။

#မာသင်
စီးပွားရေးအကြံပေး

03/04/2024
02/03/2021

အားနည်းချက်ကို အားသာချက်အဖြစ်ပြောင်းလဲပါ

30/09/2020

ခြေလှမ်းမှန်မှန် လှမ်း
Crd::

25/09/2020

Money education is what?

21/09/2020

အသက် ၂၄ နှစ်နဲ့ အောင်မြင်ခဲ့သူ
Success is never lose
Crd....

20/09/2020

Intelligence

ဘ၀မှာလမ်းပျောက်သလိုခံစားရတိုင်း မိမိကိုယ်ကိုပြန်မေးရမည့် မေးခွန်းကြီး (၅)ခု�လူလမ်းပျောက်သလိုလိုတိုင်း လူတိုင်း တနေ့နေ့ တ...
19/09/2020

ဘ၀မှာလမ်းပျောက်သလိုခံစားရတိုင်း မိမိကိုယ်ကိုပြန်မေးရမည့် မေးခွန်းကြီး (၅)ခု

�လူလမ်းပျောက်သလိုလိုတိုင်း လူတိုင်း တနေ့နေ့ တချိန်ချိန်မှာ ၊ ဘယ်လို ရှေ့ဆက်ရမှန်း မသိတော့လောက်အောင်၊ ရှေ့ဆက်ပြီး ဘယ်ဆီကိုဦးတည်မှန်း မသိတော့သည်ထိ ခံစားရဖူးပါလိမ့်မယ်။

အထူးသဖြင့် ကိုယ်ပိုင်ခံယူချက်၊ ယုံကြည်မှု၊ တန်ဖိုးထားမှု ကင်းမဲ့နေခဲ့ရင်၊ ခိုင်မာပြတ်သားတဲ့ရည်ရွယ်ချက်မျိုး ပြဌာန်းမထားမိရင် လမ်းပျောက်မယ့်အဖြစ်ဆိုးမျိုး ကြုံရဖို့အသေအချာပဲ ဖြစ်ပါတယ်။

အသက်အရွယ်လည်းရလာ၊ အတွေ့အကြုံလည်းရင့်သန်ပြီး စာဖတ်အားကောင်းတဲ့သူတွေအဖို့တော့ ကျော်လွှားပစ်ဖို့မခက်ခဲလှပေမယ့် စာဖတ်အားနည်းတဲ့သူတွေ၊မိတ်ဆွေကောင်း၊ဆရာကောင်းမရှိတဲ့သူအဖို့တော့ အတော့်ကို ထိတ်လန့်စရာကောင်းလှပါတယ်။

�ကြိုးစားပါလျက်နဲ့ ဖြစ်ချင်တာတွေဖြစ်မလာသေးတာ ဘာ့ကြောင့်လဲ❓
ကြိုးစားလို့ အရှိန်ရလာပါလျက်နဲ့ လမ်းပျောက်သလိုလိုဖြစ်သွားရတာဘာ့ကြောင့်လဲ❓

အကြမ်းအားဖြင့် ကျွန်တော်တို့ဘ၀ကို အခန်းကဏ္ဍလေးတွေ ခွဲကြည့်လိုက်ကြပါစို့။

(၁) ငွေကြေးစီမံမှု
(၂) အလုပ်အကိုင်နှင့်စီးပွားရေး
(၃) မိသားစုဆက်ဆံရေး၊ အချစ်ရေးနှင့်အိမ်ထောင်ရေး
(၄) ကျန်းမာရေးနှင့်အားကစား
(၅) အပန်းဖြေအနားယူမှု
(၆) ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှု
(၇) ပတ်၀န်းကျင်နှင့်သဟဇာတဖြစ်တည်နေထိုင်မှု
(၈) အများအကျိုးသယ်ပိုးခြင်းနှင့် အလှူဒါနပြုလုပ်ခြင်း ဆိုပြီး အပိုင်း(၈)ပိုင်းခွဲခြားကြည့်ပါစို့။

ယခုစာဖတ်သူအနေနဲ့ ကိုယ့်ဘ၀ကိုယ်စိတ်တိုင်းမကျဖြစ်နေတယ်၊ အလိုမကျဖြစ်နေတယ်ဆိုရင် ဘယ်တခုကို အရင်းခံပြီး ဖြစ်လာတာလဲဆိုတဲ့ မေးခွန်း မေးကြည့်ရပါမယ်။

အဖြေကိုတော့ မှတ်စုထဲ သေချာလေးချရေးထားလိုက်ပါ။

ပြီးရင် နောက်ထပ်အရေးကြီးတဲ့ မေခွန်း ၅ခုဆက်မေးရပါမယ်။

(၁) ကိုယ်အမှန်တကယ် လိုလားတဲ့အရာ၊ လိုချင်တဲ့အရာဟာ ဘာလဲ❓

လူအများစုဟာ ဘ၀မှာ ဘာမှ ဖြစ်မလာတာဟာ ကိုယ်ဘာလိုချင်လဲတိတိကျကျမသိကြလို့ပါ။
ကိုယ်လိုချင်တဲ့အရာဟာ ရှင်းလင်းတိကျမှုရှိလေလေ စိတ်စွမ်းအားတွေဟာ ထိုအရာကို စူးစိုက်မိလေလေဖြစ်တာကြောင့်
ကိုယ်အမှန်တကယ်လိုချင်တဲ့အရာဟာ ဘာလဲ
ဘယ်လိုရလဒ်ကို ဖော်ဆောင်မှာလဲသိဖို့ဟာ ပဏာမအရေးအကြီးဆုံးအချက်ပဲဖြစ်ပါတယ်။

မိဘက ဖြစ်စေချင်တာ၊
ဆရာသမားကဖြစ်စေချင်တာ၊
မိတ်ဆွေသူငယ်ချင်း လုပ်ဖော်ကိုင်ဖက်ကဖြစ်စေချင်တာ၊
အိမ်နီးနားချင်ကဖြစ်စေချင်တာမျိုးတွေမဟုတ်ဘဲ...

ကိုယ်အမှန်တကယ်လိုချင်တဲ့အရာဟာ ဘာများဖြစ်သလဲဆိုတာ..ရှင်းရှင်းလင်းလင်း တိတိကျကျ အဖြေရသည်အထိ အချိန်ယူ ရှာဖွေဖို့သ

စီးပွားရေးသမားတိုင်း ဖတ်သင့်တယ်... #ကြက် နဲ့  #နွား တခါက ရွာလေးတရွာမှာ ကပ်စေးနဲတဲ့ အဖိုးကြီး အဖွားကြီး ၂ယောက် ရှိကြသတဲ့။...
17/09/2020

စီးပွားရေးသမားတိုင်း ဖတ်သင့်တယ်...

#ကြက် နဲ့ #နွား

တခါက ရွာလေးတရွာမှာ ကပ်စေးနဲတဲ့ အဖိုးကြီး အဖွားကြီး ၂ယောက် ရှိကြသတဲ့။

သားသမီးလည်းမရှိပဲ ၂ယောက်တည်း နေကြရတယ်။

တနေ့တော့ အဖိုးကြီးက အသည်းအသန်ဖြစ်ပြီး သေခါနီး ကယောင်ကတမ်းနဲ့ အဖွားကြီးကို မှာသတဲ့။

" ငါ အရင်ကဘာကုသိုလ်ကောင်းမှုမှလည်း မလုပ်ခဲ့ဘူး မိန်းမရေ။ ငါသေရင် ဘဝကူးကောင်းအောင် အိမ်ကနွားလေးကို ရောင်းပြီး တဝက်ကို ငါ့အတွက် ရည်စူးပြီးလှူ။ တဝက်ကို နင်လုပ်ကိုင်စားသောက်ဖို့ ယူ" တဲ့ ။

အဖွားကြီးကလည်းမျက်ရည်စက်လက်နဲ့ ကတိပေးလိုက်မိတယ်။

အဖိုးကြီးသေပြီး၂ရက်လောက်နေတော့ အဖွားကြီး ကပ်စေးနဲစိတ်ပြန်ဝင်လာတယ်။

"ဒီနွားလေးပဲငှားစားနေရတာ၊ရောင်းပြီး တဝက်လှူလိုက်ရင် ငါ့နှယ်ဒုက္ခ။" ဆိုပြီး အကြံထုတ်နေရှာတယ်။ ကတိကိုလည်း မဖျက်ချင်ဘူး။ ဒါနဲ့ နောက်နေ့ အိမ်ရှေ့မှာ ကြက်နဲ့ နွား ပူးချည်ထားပြီး ဆိုင်းဘုတ်ရေးတယ်။

" နွားရောင်းမည်။ ၂၀၀၀ ကျပ်
ကြက်ရောင်းမည်။ ၂သိန်းကျပ်
မှတ်ချက်။ ။ ခွဲမရောင်းပါ" တဲ့
(စျေးပြောင်းပြန်ကြီးမို့)

လူတွေကလည်းအထူးအဆန်းဆိုပြီး လာကြည့်ကြတယ်။ အဲ့ဒီထဲကကြိုက်တဲ့သူတယောက် ဝယ်သွားတယ်လေ။ ရက်လည်ကျတော့ နွားရောင်းလို့ရငွေ ၂၀၀၀ ထဲက တဝက်ခွဲ ၁၀၀၀ ကိုဆန်ပြုတ်ချက်ပြီး ဘုန်းကြီးလှူလိုက်တယ်။ ကြက်ရောင်းတဲ့ ပိုက်ဆံ၂သိန်းနဲ့ နွားပေါက်တကောင်ပြန်ဝယ်လိုက်တယ်။
ကတိမပျက်ဘူး!!!!

ငယ်ငယ်ကတော့ ကာတွန်းထဲ ဖတ်မိလို့ ရယ်စရာအဖြစ်သာ ပေါ့ပေါ့ပါးပါး မှတ်ယူထားမိလိုက်ပါတယ်။ စီးပွားရေးလုပ်လာတော့ ဒါက တကယ့်ကို မဟာဗျူဟာကျတဲ့ အခင်းအကျင်းကြီးတစ်ခုလို့ ကွက်ကွက်ကွင်းကွင်း မြင်လာမိပါပြီ။

လူတွေကို စျေးရောင်းတဲ့အခါ လူ့စိတ် လူ့မနောကို အခြေခံကျကျ သိထားမှ အရောင်းသွက်တာ။

အဘွားကြီးလုပ်ပုံကိုကြည့်
၁။ ကတိမပျက်ဘူး
၂။ အများစိတ်ဝင်စားတယ်
၃။ ဝယ်သူလည်း မနစ်နာ ဒီ၃ချက် ကိုက်ညီတယ်။

နွားတကောင် ၂သိန်းဆိုလည်း ပေါက်စျေးနဲ့ တန်တယ်ထင်ရင် ဝယ်မှာပါပဲ။ ဒါပေမယ့် ၁သိန်းပြန်လှူရမယ့်ကတိ မဖျက်ချင်။ ဒီတော့ ကြက်ကို ဂျမ်းတုံးခုလိုက်တာ။

ဆိုပါတော့

လမ်းဘေးမှာ ခေါက်ဆွဲကြော်တပွဲ ၁၅၀၀ဆို အတော်လက်ရာကောင်းကောင်းရယ်။
အဲကွန်းခန်းတွေ သပ်သပ်ရပ်ရပ် စားပွဲထိုးတွေ အခန်းအပြင်အဆင် ကြီးကြီးကျယ်ကျယ်တွေ ၃၅၀၀ဖိုး ထပ်ပေါင်းပြီး ၅၀၀၀ကျပ်နဲ့ ရောင်းတော့လည်း လမ်းဘေးဆိုင်ထက်တောင် ပိုစည်သေး။
ခေါက်ဆွဲကြော် ၄၀၀၀ Service Chg ၁၀၀၀ ခွဲမရောင်းပါ ဆိုတဲ့သဘော။ ဒါပေမယ့် တန်ဖိုးသတ်မှတ်ချက် ပြောင်းပြန်ဆိုတာ မသိရှာကြ။ ကောင်းကောင်းစားရတာ တန်ပါတယ်လေ။

ဆိုပါတော့

ဖုန်းတစ်လုံး ၁သိန်းခွဲ
ဂိုထောင်ထဲက ရောင်းမကုန်တဲ့ Power Bank, Stand, ကာဗာ, မှန်မကွဲ, နားကြပ်, ဆောင်းဘောက် ၁၅၀၀၀ဖိုးလောက် ထပ်ပေါင်းထည့်။ ၁၆၅၀၀၀နဲ့ရောင်း။
ဒါလည်း အဘွားကြီးနည်းပဲ။
ထပ်ကွန့်လိုက်သေး။ ယခင်စျေး ၂သိန်း။ ယခု ...% အထူးပရိုမိုးရှင်း ဒစ်စကောင့် ၁၆၅၀၀၀။ ပိုကြိုက်ပေါ့။

ဆိုပါတော့

ပစ္စည်းလေး ၁၀မျိုး ၁၅မျိုးလောက်ပဲရောင်းတဲ့ အွန်လိုင်းစတိုးက ၁သောင်းတန်ကို ၁၅၀၀၀ရောင်းတယ်။ ဘယ်ကမှာမှာ ပို့ခ Free ငွေကြိုလွှဲစရာမလို ဆိုတော့ကာ ပုံသေတွက်မရတဲ့ ပို့ခကို ပျမ်းမျှ ၅၀၀၀တွက်ပြီး ပိုပေါင်းထားတာ။ ပို့ခအများဆုံးကျမယ့် ကော့သောင်းက မှာမယ်။ စာတိုက်စနစ်နဲ့ပို့ရင် ပို့ခ ၃၅၀၀။ မရွေးလို့ ပြန်လာရင် Return Fee ၂ထောင်ကျော်။ ၅၀၀ရှုံးသေးတာ။ ဒါပေမယ့် နီးနီးနားနား ပို့ရရင် ကိုက်တယ်။ ကော့သောင်းလည်း ရွေးယူရင် ကိုက်သေးတယ်။

အတော်များများက ပစ္စည်း ၁၀၀၀၀+ ပို့ခ ၅၀၀၀ (ခွဲမရောင်းပါ/ ဆိုင်လာဝယ်လို့မရပါ) ဆိုတဲ့ သဘောတရားကိုမမြင်။ ကိုယ့်အရပ်ဒေသမှာ လိုက်ရှာဝယ်လို့ ဆီကုန် တာယာပါး ဖိနပ်ပေါက်မယ်။ ရှာတွေ့ချင်မှတွေ့မယ်။ ဆိုတဲ့အတွေးနဲ့ တန်တယ်ပေါ့။

ခက်တာက ပစ္စည်းဖိုးသပ်သပ် ပို့ခသပ်သပ် ခွဲရောင်းတဲ့ဆိုင်ကျတော့ ပို့ခ ၃၅၀၀ဆိုရင် အင်သွား နင်သွားတယ်။ အဘွားကြီးနည်းက အိုင်တီခေတ်ထိ သက်ဝင်နေတုန်းပါပဲ။

(ကျနော်တို့ဆိုင်ကတော့ အဘွားကြီးနည်းကို လုပ်ငန်းထဲ ထည့်မသုံးမိလို့ ကော့သောင်း၊ ကလေး၊ စစ်တွေ၊ တာချီလိတ်တို့က ကာစတန်မာတွေ မဝယ်ကြတော့တာများပါတယ်။ သို့သော် အခြားနမယ်တခုနဲ့ အဘွားကြီးနည်းကို သုံးထားတော့ အဲ့ဘက်ပြန်ရောက်လာကြပါတယ်။ စကားချပ် )

ဆိုပါတော့

သင်္ဘောကြီးတစ်စင်း ပင်လယ်ထဲမှာ ပျက်နေတာ ၃ရက်ကျော်ပြီ။ ပါလာတဲ့ အင်ဂျင်နီယာကြီးတွေ ဘယ်လိုပြင်ပြင် စက်မနိုး။ ငါးဖမ်းစက်လှေလေးတွေ့လို့ လှမ်းခေါ် အကူအညီတောင်းကြည့်တယ်။ ပေတိပေစုတ် အဖိုးကြီးတယောက် တက်လာပြီး အင်ဂျင်ကိုကြည့်တယ်။ ပြီးတော့ ဂွလေးနဲ့ ၂ချက် ၃ချက် ကျပ်လိုက်တယ်။ စက်နိုးသွားတယ်။ ကပ္ပတိန်က ပြင်ခ ဥာဏ်ပူဇော်ခ ဘယ်လောက်ပေးရမလဲ ဆိုတော့ 205$ တောင်းတယ်။ ဂွလေးကျပ်တာ အဲ့လောက်တန်လို့လား ဆိုတဲ့အထာနဲ့ ပြောတော့ ဂွကျပ်ခက 5$ ဘယ်နားကျပ်ရမယ်ဆိုတာ သိနိုင်တဲ့ပညာအတွက် 200$ တဲ့။ သိပ်ဘဝင်မကျချင်။ တကယ်ဆို မဆီမဆိုင် နော်ဇယ်တွေဖြုတ်ဆေး၊ ပလန်ချာလဲ၊ အင်ဂျင်ဝိုင်လဲ အားလုံးကျသင့်ငွေတွက်ပြီးမှ 203$ပဲယူ။ + Service Chg 2$ ဆိုရင် သိပ်သဘောကျသွားမှာ။ ဘယ်လိုပေးရပေးရ စက်ကောင်းသွားဖို့ အဓိကပဲ ဆိုပေမယ့် ဂွကျပ်တဲ့ ခေါင်းစဉ်နဲ့ 205$ ပေးရတော့ အထက်လူကြီးကို တင်ပြရင် ဘက်ဂျက်ချပေးပါ့မလား။

ဘာတဲ့

ကြောင်ဖြူတာ မည်းတာ အရေးမကြီးဘူး။
ကြွက်ခုတ်တတ်ဖို့ပဲလိုတယ် တဲ့။

ဒါပေမယ့်ဗျာ
ခုခေတ်က ကြွက်ခုတ်စေချင်လို့ မွေးကြတာမဟုတ်တော့ဘူး။ အလှမွေးကြတာဆိုတော့ အစာခွက်ထဲ ကြွက်လာလုစားရင်တောင် မုဒိတာပွားနိုင်တဲ့ ယိုးဒယားကြောင် ဖက်တီးကြီးတွေ ၃သိန်းကျော် တန်နေလေရဲ့

ရောက်တတ်ရာရာ ကျပန်းအတွေးမျှသာ...

Credit to U Kyaw

14/09/2020

Self-Education

13/09/2020

Problem is your income money

ที่อยู่

Bangkok

เบอร์โทรศัพท์

+66824212122

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Bingo Online Shopผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Bingo Online Shop:

แชร์