NDM Online Book Store

NDM Online Book Store NDM Online Book Store မင်္ဂလာပါရှင်
ဒီPage ကထိုင်းနို?

အခုလက်ရှိရရှိမဲ့စာအုပွတွေဖြစ်ပါတယ်
12/04/2021

အခုလက်ရှိရရှိမဲ့စာအုပွတွေဖြစ်ပါတယ်

26/02/2021
26/02/2021

ဘဝဆိုတာ ဘယ်​တော့မှ
မလွယ်ကူဘူး။
အမြဲတမ်း ခက်ခဲ​နေမှာပဲ။
တာကို ရင်ဆိုင်လိုက်စမ်းပါ။💪💪💪

#လုံးဝလက်မလျော့လိုက်ပါနဲ့

05/12/2020

#အောင်မြင်ချင်လို့ကျောင်းထွက်ကြည့်မလား?
အင်တာနက်ပေါ်မှာ (ရေခံမြေခံမတူတဲ့ ဆီကနေ) အင်္ဂလိပ်ဘာသာကနေမြန်မာကို ဘာသာပြန်ပြီးရေးထားတဲ့ တက်ချို့သော motivation စာတွေရှိတယ်။ ဥပမာ မက်ဇူကာဘတ်က ကျောင်းထွက်ပြီး Facebook ထောင်တယ်တို့ Bill Gate ကကျောင်းထွက်ပြီး Microsoft လုပ်ငန်းထောင် တယ်တို့။မမှားပါဘူး။သူလို့ထွက်တဲ့ကျောင်းက ကမ္ဘာပါကျော်ဟားဗတ်တက္ကသိုလ် နေတာကအမေရိကနိုင်ငံ။
ဒီလိုမျိုး(တိုက်ရိုက်ဘာသာပြန်ပြီး)ကြည့်ကောင်းတဲ့ အပိုင်းလေးတစ်ခုကိုပဲရေးနေတာကတစ်ချို့လူငယ်တွေအတွက် အယူမှာရင်တလွဲဖြစ်နိုင်တယ်လို့မြင်တယ်။တစ်ချိန်ကအဲလို အယူမှားတဲ့ လူငယ်တွေထဲမှာ ကျနော်လည်း ပါခဲ့ဖူးတယ်။
ဒီလိုအောင်မြင်နေတဲ့ မက်ဇူကာဘတ်တို့ Bill Gate တို့က တခေတ်တစ်ယောက်လူတွေပဲလို့ ကျနော်ကတယူဆတယ် ။ဒါပေမယ့်လည်း သူတို့ရဲ့ကြိုးစားအားထုတ်မှုကြောင့် ဖြစ်လာခဲ့တာတော့ ငြင်းလို့မရပါဘူး။ဒါကအဓိကပဲ။
တစ်ကယ်ကအမေရိကန်လိုဖွံ့ ဖြိုးပြီးနိုင်ငံမှာ ကျောင်းထွက်နှုန်းက 8 ရာခိုင်းနူန်းအထိရှိတယ်။ဒါနဲ့ ပတ်သက်ပြီး ကျွန်‌တော် ဖတ်ဖူးတဲ့ စာတစ်ကြောင်းကို တောတော်ကြိုက်လို့မျှချင်တယ်။ သင်္ဘောတစ်စီးမြုပ်သွားလို့ အသက်ရှင်ကျန်ရစ်သူတွေက ဘုရားစာရွတ်လို့သူတို့ အသက်ချမ်းသာ ရခဲ့တယ်လို့ ဆိုတယ်။ဒါပေမယ့်‌ရေနစ်သွားခဲတဲ့ လူတွေကလည်း သူတို့နောက်ဆုံးချိန်ထိ ဘုရားစာရွတ်ချင် ရွတ်နေမှာ။ ဒါပေမဲ့ သူတို့မှာ ပြောဖို့ အခွင့်မရှိတောဘူးလေ။
မြန်မာ ပြည်မှာဖြစ်ဖြစ် အမေရိကန်မှာဖြစ်ဖြစ် တစ်ကမ္ဘာလုံးမှာ ဘွဲ့မရတဲ့ အောင်မြင်နေတဲ့လူ‌တွေ အများကြီးပါ။ ဒါပေမဲ့ ဘွဲ့ရပြီး အောင်မြင်နေသူတွေက အများကြီးအများကြီး ပိုများပါတယ်။

05/12/2020

Writer: Mark Manson(ချမ်းမြေ့ဝင်း)`ဂရုမစိုက်ခြင်း အနုပညာ´ စာအုပ်မှ ထုတ်နုတ်ထားသော အတွေး (၂၃)ချက်
_____________________________________//

1.ကိုယ့်ကိုယ်ကိုသိပါ။ ကိုယ့်အရှိအတိုင်း လက်ခံတတ်ပါစေ။

2.ကိုယ်ဖြစ်ချင်တာကို သိပါ။ ကိုယ်ဖြစ်ချင်တာ သိပြီး ဖြစ်ချင်တဲ့ဆီကို သွားနေရင်းနဲ့ တလွဲတွေ ဖြစ်နေတဲ့ လောကကြီးထဲက ကိုယ်ဖြစ်ချင်တာတွေနဲ့ မဆိုင်တဲ့ အရေးမပါတဲ့အရာတွေကို ဂရုမစိုက်ပဲ နေတတ်ပါစေ။

3.အားနာတတ်တာကို လျှော့ပြီး ငြင်းပယ်တတ်ပါစေ။ SAY “NO”

4.နာကျင်စရာ ဒုက္ခတွေကို တည့်တည့်ရင်ဆိုင်ပါ။ ထပ်တူညီတဲ့ ဒုက္ခတွေ နောက်တစ်ခါ မဖြစ်အောင် ရှောင်။

5.သုခနဲ့ ဒုက္ခက ဒွန်တွဲနေတာမို့လို့ ဘယ်လို ဒုက္ခ လိုချင်လဲဆိုတာ တွေးပြီး ဘဝကို ဖြတ်သန်းပါ။

6.မိမိကိုယ် မိမိ သာမာန်လူတစ်ယောက်ပဲ ဆိုတာ လက်ခံရမယ်။ ကိုယ့်ဒုက္ခတွေဟာ သူများတွေနဲ့ အတူတူပဲဆိုတာ နားလည်ရမယ်။

7.ထူးထူးခြားခြားဖြစ်ချင်တယ်ဆိုတာ မကောင်းဘူး။ ကိုယ့်အခြေအနေ ကိုယ်သိပြီး သာမာန်လူလို ကြိုးစားရင်းနဲ့မှ ထူးခြားလာတာမျိုး။ တမင်တကာကြီး ထူးခြားဖို့ စကြိုးစားရင်တော့ စိတ်ကူးယဉ်တာများပြီး ရွာသာကြီး ရောက်သွားနိုင်ပါတယ်။

8.ကိုယ်တန်ဖိုးထားတဲ့ အရာတွေကို သေချာသိပါစေ။ ကိုယ်တန်ဖိုးထားတဲ့ အရာတွေကို ဘယ်ပေတံနဲ့တိုင်းနေတာလဲဆိုတာ သေချာသိပါစေ။

9.ကိုယ့်စိတ်ကို ကိုယ်တာဝန်ယူပါ။ ကိုယ့်ပတ်ဝန်းကျင်က ဖြစ်သမျှကို လိုက်မထိန်းချုပ်နိုင်ပေမယ့် ကိုယ့်စိတ်ကိုတော့ ကိုယ်ပိုင်ပါသေးတယ်။

10.ရွေးချယ်မှုတစ်ခုလုပ်ခဲ့ရင်လဲ ကိုယ့်ရွေးချယ်မှုကနေ ရလာမယ့် အကျိုး အကြောင်း အကောင်း အဆိုး အကုန် တာဝန်ယူတတ်ပါစေ။

11.ကိုယ့်အမှား ကိုယ်သိပါ။ အမှားများရာကနေ နည်းရာကို သွားပါ။ အမှားမရှိတဲ့ဘဝမျိုး ဆိုတာတော့ မရှိပါဘူး။

12.မသိဘူးဆိုတာကို ရဲရဲဝံ့့ဝံံ့ လကခြံတတပြါစေ။

13.ကိုယ့်ခံယူချက်နှင့် ယုံကြည်ချက်တွေကို အမြဲပြန် ဆန်းစစ်ပါ။

14.ခံစားနေရတဲ့ စိတ်နှင့် တကယ်ဖြစ်နေတဲ့ လက်တွေ့ကို အမြဲ ကွဲကွဲပြားပြား သိပါစေ။

15.စဉ်းစားနေမယ့်အစား တစ်ခုခုထလုပ်လိုက်၊ လုပ်နေမှ ဖြစ်ချင်စိတ်တွေကို ပိုဖြစ်လာတာ။

16.ယုံကြည်မှုရအောင် ရိုးသားမှုကို အရင်တည်ဆောက်ပါ။

17.သဘောထားကွဲလွဲမှုကို လက်ခံပါ။

18.ချစ်ရတဲ့သူအချင်းချင်းတောင် သူ့စည်း၊ ကိုယ့်စည်း ခွဲခြားပါ။

19.တည်ငြိမ်တဲ့လွတ်လပ်မှုကိုရှာပါ။

20.သေခြင်းတရားကို အမြဲသတိရပါ။ သေရမှာ ကြောက်တဲ့စိတ်ဟာ ရှင်ရမှာ ကြောက်တဲ့စိတ်နဲ့ တွဲပါလာတာမျိုး။

21.ကိုယ်မရှိတဲ့အခါ ကမ္ဘာကြီးကို ဘယ်လို ခြေရာတွေ ချန်ခဲ့ချင်လဲလို့ တွေးပြီး ရှင်သန်ပါ။

22.ဘယ်အရာမှ၊ ဘယ်တော့မှ ကြောက်စရာ မလိုဘူး။

23.မကြိုးစားပဲနဲ့ ဘာမှမရဘူး။

Writer: Mark Manson(ချမ်းမြေ့ဝင်း)

2021 Better life Planner Pre order မှာပြီးကြပြီလား
30/11/2020

2021 Better life Planner
Pre order မှာပြီးကြပြီလား

2021 Better life Planner
စာအုပ်ကို 🇹🇭🇹🇭ထိုင်နိုင်ငံ​မှာရှိတဲ့
🇲🇲🇲🇲 မြန်မာနိုင်ငံသူ/မြန်မာနိုင်ငံသားများ
စာအုပ်များမမှာယူရ​သေးပါက
အမြန်ဆုံးမှာယူကြပါရန် လေးစားစွာ​​
မေတ္တာရပ်ခံပါတယ်ရှင့်။
30-11-2020 ဒီ​နေ့​နောက်ဆုံးရက်ထားပြီး
📌📌 NDM Book Store📌📌 မှ
Orders လက်ခံသွားမယ်ဖြစ်ပါတယ်ရှင့်။
2021 နှစ်သစ်ကူးမတိုင်ခင်
2021 Better life Planner
စာအုပ်ကို Orders မှာထား​သော ထိုင်းနိုင်ငံ Customers တစ်​ယောက်ချင်းဆီ လက်ထဲမှာ
စာအုပ်များပိုင်ဆိုင်မယ် ဖြစ်ပါတယ်။

2021 Better life Planner
Pre- order now

ဒီ​နေ့ (23-11)ရက်​နေ့အတွက် NDM Book Store မှ မှာယူထားတဲ့ Orders အကုန်ပို့​ပေးလိုက်ပြီ​နော်။
23/11/2020

ဒီ​နေ့ (23-11)ရက်​နေ့အတွက်
NDM Book Store မှ မှာယူထားတဲ့
Orders အကုန်ပို့​ပေးလိုက်ပြီ​နော်။

ที่อยู่

Bangkok

เบอร์โทรศัพท์

+66992245152

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ NDM Online Book Storeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง NDM Online Book Store:

แชร์