Sui Sui ပစ္စည်း မျိုးစုံရတယ်နော်❤️❤️

စိတ်ထားဖြူစင်သူကို ပေါင်းသင်းပါယဥ်ကျေးတဲ့သူကို အတုယူပါသစ္စာရှိတဲ့သူကို မှီခိုပါနားလည်ပေးတတ်သူကို အဆုံးရှုံးမခံပါနဲ့ Sui ...
10/04/2026

စိတ်ထားဖြူစင်သူကို ပေါင်းသင်းပါ
ယဥ်ကျေးတဲ့သူကို အတုယူပါ
သစ္စာရှိတဲ့သူကို မှီခိုပါ
နားလည်ပေးတတ်သူကို
အဆုံးရှုံးမခံပါနဲ့

Sui

ချူချာတဲ့ ကလေးရေ ...အစစအရာရာ ဂရုစိုက်မှပေါ့ ဟုတ်တယ်မလားမနက်မျက်နှာသစ်ရင်ခြေထောက်ကိုရေလောင်းတတ်တဲ့အကျင့်လေးလည်း ပြင်ဦးပြ...
10/04/2026

ချူချာတဲ့ ကလေးရေ ...

အစစအရာရာ ဂရုစိုက်မှပေါ့ ဟုတ်တယ်မလား

မနက်မျက်နှာသစ်ရင်
ခြေထောက်ကိုရေလောင်းတတ်တဲ့
အကျင့်လေးလည်း ပြင်ဦး
ပြီးရင် ဘယ်တော့မှ ရေပြောင်အောင် မသုတ်ချင်ဘူးလေ ။

မတည့်တာတွေမှ
တောင့်တတတ်တဲ့ အစာအိမ်ကလည်းဆိုးတယ်
စားချင်ပြန်ပြီဟဲ့ဆို
အချဥ်အစပ်
ပြီးရင် ဗိုက်နှိပ်ပြီး နေရတယ်မဟုတ်လား

ရေချိုးရင် မကြာနဲ့ဆို
အနည်းဆုံး နာရီ၀က်ပဲ
ခေါင်းလျှော်မလို့နော်ဆို မေ့လောက်တယ်

ခေါင်းခြောက်အောင် မသုတ်တတ်ဘူး
ဘယ်တော့မှ ...
ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဘူး

အေးတာ ကြိုက်တယ်ဆိုပြီး
လက်ပြတ်လေးနဲ့
မနက်ကျ ဖျားတာလည်း အဲ့ကလေးပဲ မဟုတ်လား

မင်းက ...
ချူချာတယ်လေ ကလေးရဲ့
အများကြီး ဂရုစိုက်မှပေါ့ ...

ကော်ဖီတွေ အများကြီးမသောက်နဲ့
ရေခဲမုန့်တွေ အများကြီးမစားနဲ့
လကုန်ခါနီးရက်တွေမှာ
လက်ဖက်တွေ မစားနဲ့ ...

ကိုယ်ဖြစ်ရင် ... လှိမ့်နေအောင် ခံရတာလည်း
သိရဲ့သားနဲ့
နည်းနည်းလေးတော့ဂရုစိုက်မှပေါ့နော် ။

နေကောင်းကျန်းမာအောင်ပဲ နေပေးပါကလေးရယ်
အများကြီးလည်း ဂရုစိုက်မယ်
အများကြီးလည်း ချစ်မယ်
ပြီးတော့ အများကြီး စိတ်ပူတယ်

အဆင်ပြေပြေလေး
ရှိနေရုံနဲ့ ဖြစ်ပါတယ် ။

#ကျေးကို

🍁မေတ္တာဆိုသည်မှာ ပေးဆပ်သူ၏ စေတနာနှင့် လက်ခံသူ၏ တန်ဖိုးထားမှုတို့ ပေါင်းစပ်မှသာ ပြည့်စုံသောအရာ ဖြစ်သည်။လောကကြီးတွင် လူအမျ...
09/04/2026

🍁မေတ္တာဆိုသည်မှာ ပေးဆပ်သူ၏ စေတနာနှင့် လက်ခံသူ၏ တန်ဖိုးထားမှုတို့ ပေါင်းစပ်မှသာ ပြည့်စုံသောအရာ ဖြစ်သည်။

လောကကြီးတွင် လူအများစုက "မေတ္တာထားလျှင် အေးချမ်းရမည်" ဟု ယုံကြည်တတ်ကြသည်။ အမှန်စင်စစ် မေတ္တာဆိုသည်မှာ ပေးကမ်းသူအတွက်တော့ ကြည်နူးစရာကောင်းသော ကုသိုလ်တစ်မျိုးဖြစ်သော်လည်း၊ ထိုမေတ္တာသည် အေးချမ်းမှုအစစ်အမှန်ကို ပေးနိုင်မပေးနိုင်ဆိုသည်မှာ တစ်ဖက်သား၏ "သိတတ်မှု" အပေါ်တွင် များစွာမူတည်နေတတ်သည်။

🍁 မျှော်လင့်ချက်နှင့် လက်တွေ့ဘဝ

ကျွန်ုပ်တို့သည် တစ်စုံတစ်ဦးအပေါ် မေတ္တာစစ်ဖြင့် ချစ်ခင်ကြင်နာသည့်အခါ ထိုသူထံမှ နွေးထွေးမှုကို ပြန်လည်ရရှိရန် မျှော်လင့်တတ်ကြသည်မှာ လူ့သဘာဝပင်ဖြစ်သည်။ သို့သော် လက်တွေ့ဘဝတွင် မေတ္တာဆိုသည်မှာ အပြန်အလှန် လမ်းကြောင်းနှစ်သွယ် (Two-way street) ဖြစ်မှသာ အေးမြနိုင်ပါသည်။ ကိုယ့်ဘက်က ဘယ်လောက်ပင် စေတနာထားပါစေ၊ တစ်ဖက်သားက ထိုစေတနာကို အလေးမထားဘဲ လျစ်လျူရှုသည့်အခါ သို့မဟုတ် မသိနားမလည်ဘဲ ဖျက်ဆီးသည့်အခါတွင်တော့ ထိုမေတ္တာသည် ကိုယ့်အတွက် "အပူမီး" တစ်ခုအဖြစ် ပြောင်းလဲသွားရစမြဲ ဖြစ်သည်။

🍁 မသိတတ်သူနှင့် ဆုံတွေ့ခြင်း
"မသိတတ်ခြင်း" ဆိုသည်မှာ မေတ္တာကို ရိုက်ချိုးလိုက်သည့် လက်နက်တစ်ခုကဲ့သို့ပင်။ မိမိ၏ ပေးဆပ်မှုကို သာမန်အရာတစ်ခုလို သဘောထားခြင်း၊ တန်ဖိုးမထားဘဲ အခွင့်အရေးယူခြင်း သို့မဟုတ် အမြဲရှိနေမည့်အရာဟု ထင်မှတ်ကာ လျစ်လျူရှုခြင်းတို့သည် မေတ္တာရှင်၏ ရင်ထဲတွင် မီးခဲကို ဆုပ်ကိုင်ထားရသလို ခံစားရစေသည်။ ထိုအခါတွင် မေတ္တာဆိုသည်မှာ အေးချမ်းမှုမဟုတ်တော့ဘဲ စိတ်ပျက်ခြင်း၊ ဝမ်းနည်းခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ကို ဖြစ်စေသော အရင်းအမြစ် ဖြစ်လာတတ်သည်။

🍁 ကိုယ့်ကိုယ်ကိုယ် ပြန်လည်ချစ်ခင်ခြင်း

မေတ္တာသည် တစ်ဖက်သတ်ပေးဆပ်မှုသက်သက်နှင့်တင် "အပူ" ဖြစ်နေပြီဆိုလျှင် ကျွန်ုပ်တို့ ပြန်လည်သုံးသပ်ရန် လိုအပ်လာပါသည်။ မေတ္တာဆိုသည်မှာ ပေးဆပ်ရုံဖြင့် မပြည့်စုံဘဲ "ထိုက်တန်သည့်နေရာ" သို့ ရောက်ရှိရန်လည်း လိုအပ်သည်။ မသိတတ်သူတစ်ဦးထံတွင် မေတ္တာကို အတင်းအဓမ္မ ပုံအောပေးနေခြင်းသည် မိမိကိုယ်တိုင် လောင်မြိုက်ရန် မီးကို ပိုက်ထားသကဲ့သို့ပင် ဖြစ်သည်။

🍁🍁🍁
မေတ္တာရှိလျှင် အေးချမ်းရမည်ဆိုသည်မှာ မှန်ကန်သော်လည်း၊ ထိုအေးချမ်းမှုသည် သိတတ်သူနှင့် ဆုံတွေ့သည့်အခါမှသာ အမြဲထာဝရ တည်တံ့နိုင်မည်ဖြစ်သည်။ မသိတတ်သူနှင့် ဆုံတွေ့သောအခါ မေတ္တာကြောင့် လောင်မြိုက်ရသည့် အပူကို ရှောင်လွှဲနိုင်ရန်မှာ "မိမိကိုယ်ကို ပြန်လည်ချစ်ခင်ခြင်း" နှင့် "နေရာမှန်ကို ရွေးချယ်တတ်ခြင်း" သာလျှင် အကောင်းဆုံးသောဖြေဆေးဖြစ်ပါကြောင်း......



ကျွန်မသိတာပေါ့ဘယ်သူတွေ ကိုယ့်အပေါ်စိတ်ရင်းအမှန်နဲ့ ခင်မင်ပြီးဘယ်သူတွေက လိုအပ်မှရောက်လာတယ်ဆိုတာ သိပ်သိတာပေါ့တမင် မသိသလို ...
08/04/2026

ကျွန်မသိတာပေါ့
ဘယ်သူတွေ ကိုယ့်အပေါ်
စိတ်ရင်းအမှန်နဲ့ ခင်မင်ပြီး
ဘယ်သူတွေက လိုအပ်မှ
ရောက်လာတယ်ဆိုတာ သိပ်သိတာပေါ့
တမင် မသိသလို နေပေးနေတာ

#သျှင်ယွန်း

ကိုယ့်အပေါ်မကောင်းတာကိုသိသားနဲ့ဘာလို့ကောင်းနေတာလဲ? တဲ့သိတယ်လေ ကလေးမှမဟုတ်ဘဲကောင်းတဲ့လူတွေရော မကောင်းတဲ့လူတွေရောအကုန်သိပါ...
08/04/2026

ကိုယ့်အပေါ်မကောင်းတာကိုသိသားနဲ့
ဘာလို့ကောင်းနေတာလဲ? တဲ့

သိတယ်လေ ကလေးမှမဟုတ်ဘဲ
ကောင်းတဲ့လူတွေရော မကောင်းတဲ့လူတွေရော
အကုန်သိပါတယ်

အစကတည်းက
သူတို့ကောင်းတာကို မျှော်လင့်ပြီး
ကောင်းခဲ့တာမှ မဟုတ်ဘဲ
ကိုယ်တတ်နိုင်သလောက်ကောင်းပေးမယ်လို့ပဲ
စိတ်ထဲရှိတယ်

နေမင်းကြီးက သူ့အလင်းရောင်တွေကို
ဘယ်လောက်ပေးပေး မှိန်သွားမယ် မထင်လို့ပါ

ဒါပေမဲ့
လက်ခံတဲ့သူတွေက တန်ဖိုးထားမယ်ဆိုရင်
တောက်ပတဲ့ အလင်းရောင်တွေနဲ့ပျော်ရွှင်ရပြီး

လက်ခံတဲ့သူတွေက တန်ဖိုးမထား
မသိတတ်ဘူးဆိုရင်တော့
ပူလောင်ခြင်းတွေကိုပဲ သူတို့ရလိမ့်မယ်

ဘယ်အရာမဆို
စေတနာအပြည့်နဲ့ လုပ်ပေးလိုက်ပါ။
လောကကြီးက မျှတပါတယ်။

#ဘဝအတွတ်စာဖတ်ပါ
#ခွန်အားရှိသောစာတ်ိုများ
#ဆရာအောင်သင်းစာပေ
#စာပေဗဟုသုတများ


👋 စာပေ Channel လေးပါ 👋

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မေ့နေတဲ့အထိကျုပ်တို့မှာ ပူပင်စရာတွေ သိပ်များခဲ့ပါတယ်။ဒါကြောင့်အရာအားလုံး အဆင်ပြေသွားတဲ့တစ်...
20/03/2026

ကိုယ့်ကိုယ်ကိုယ်
ဂရုစိုက်ဖို့ မေ့နေတဲ့အထိ
ကျုပ်တို့မှာ ပူပင်စရာတွေ သိပ်များခဲ့ပါတယ်။

ဒါကြောင့်
အရာအားလုံး အဆင်ပြေသွားတဲ့
တစ်နေ့ကျရင်တော့
ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင်
အရင်ဆုံး ပြန်ထားရဦးမယ်

🍂🍃🍀

စိတ်ကို မထိန်းနိုင်ရင် ဘဝက မတည်ငြိမ်နိုင်ဘူးကိုယ့်စိတ်ကို မထိန်းနိုင်ရင် ဘဝကို မထိန်းနိုင်ဘူးဘဝမှာ အောင်မြင်ချင်ရင်တခြား...
10/03/2026

စိတ်ကို မထိန်းနိုင်ရင် ဘဝက မတည်ငြိမ်နိုင်ဘူး

ကိုယ့်စိတ်ကို မထိန်းနိုင်ရင်
ဘဝကို မထိန်းနိုင်ဘူး

ဘဝမှာ အောင်မြင်ချင်ရင်
တခြားသူတွေကို အနိုင်ယူဖို့ထက်
ကိုယ့်စိတ်ကို အရင်နိုင်အောင်
ကြိုးစားရပါတယ်။

စိတ်က စွမ်းအားကြီးမားပါတယ်။
စိတ်က ဦးဆောင်နေတာဖြစ်လို့
စိတ်ကို ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။

ခက်ခဲပေမယ့် အေ,သအချာ
လေ့ကျင့်သွားမယ်ဆိုရင်
မိမိရဲ့ စိတ်ကို ထိန်းသိမ်းလာနိုင်မယ်။
ဒါကလည်း မဖြစ်မနေလုပ်ရမယ့်အရာပါ။

ဘာဖြစ်လို့လဲဆိုတော့
ဦးဆောင်တဲ့ စိတ်က
စည်းမဲ့ကမ်းမဲ့ ဖြစ်နေရင်
ဘဝဟာလည်း ပရမ်းပတာ ဖြစ်နေပါလိမ့်မယ်။

ဒါကြောင့်
ဘဝကို ပိုင်စိုးချင်ရင်
မိမိရဲ့စိတ်အလိုကို
အရင်ထိန်းချုပ်နိုင်အောင်
ကြိုးစားဖို့ပဲ လိုပါတယ်...✅

#တံခါးဝ

နေလောင်ဒဏ်တွေကြောင့်လား  ဆောင်းတွင်းရဲ့အအေးဒဏ်ကြောင့်ပဲ ဖြစ်မလား ခြောက်သွေ့နေတဲ့အသားအရေကို အစိုဓါတ်ပြန်လည်ဖြည့်တင်းပေးမယ...
08/02/2026

နေလောင်ဒဏ်တွေကြောင့်လား ဆောင်းတွင်းရဲ့အအေးဒဏ်ကြောင့်ပဲ ဖြစ်မလား ခြောက်သွေ့နေတဲ့အသားအရေကို အစိုဓါတ်ပြန်လည်ဖြည့်တင်းပေးမယ့် Success more ရဲ့ Bella Lotion လေးမှာတော့ ဒီလိုကောင်းကျိုးတွေကို ရရှိစေမှာပဲ ဖြစ်ပါတယ်

အသားအရေ ညစ်ညမ်းမှုလျော့ချပေးခြင်း
အသားအရေကြည်လင်ဝင်းပစေခြင်း
တင်းတိပ် ၊ အမဲစက်များကို သက်သာစေပြီး နူးညံ့စေခြင်း
အရေပြားယားယံခြင်း ၊ ရောင်ရမ်းခြင်းကို သက်သာစေခြင်း
Sensitive အသားအရေရှိသူများအတွက်လည်း အဆင်ပြေစေခြင်း စတဲ့ကောင်းကျိုးများကို ခဏအတွင်းမှာ ရရှိစေမှာမို့ ဘယ်လိုရာသီဥတုမျိုးမှာမဆို သင့်အသားအရေကို ရေဓါတ်ပြည့်ဝစွာ Bella Lotion နှင့်အတူ ထိန်းသိမ်းလိုက်ပါနော်

ုတ်ကုန်ပစ္စည်းအမျိုးမျိုး
#လက်လီလက်ကားဖြန့်ချီရေး

ရင်မှာ မင်းရှိပေမယ့် မင်းမှာ ရင်မရှိဘူး 💔
01/02/2026

ရင်မှာ မင်းရှိပေမယ့် မင်းမှာ ရင်မရှိဘူး 💔

အရမ်းလှပီ ချစ်စရာကောင်းတဲ့ဘေးရူံ့ကြိုးလက်တွန့်ပါဂါဝန်ရောင်စုံး💚💚💚Ws 20800Rt 210005ထည်တစီးlb.80 to 130
29/01/2026

အရမ်းလှပီ ချစ်စရာကောင်းတဲ့ဘေးရူံ့ကြိုးလက်တွန့်ပါဂါဝန်ရောင်စုံး💚💚💚

Ws 20800
Rt 21000

5ထည်တစီး
lb.80 to 130

ที่อยู่

Bangkok

เบอร์โทรศัพท์

+96892771636

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Sui Suiผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Sui Sui:

แชร์