03/01/2026
📚 နုမှာငါးရာ၊ ရင့်မှာတစ်ကျိပ် ဆိုတဲ့အတိုင်း... ပါရမီရင့်သန်ချိန် ဇာတ်ကြီးဆယ်ဖွဲ့ကို လွယ်ကူရှင်းလင်းစွာ လေ့လာနိုင်ကြဖို့...
ဘုရားအလောင်းတော်ရဲ့ ပါရမီဖြည့်ဖက် လုပ်ဆောင်ချက်တွေ၊ တုန်လှုပ်ခြောက်ခြားဖွယ်ရာ စွန့်လွှတ်မှုတွေ၊ ကြက်သီးထဖွယ်ရာ ဖြည့်ကျင့်မှုတွေကို အစုံလင်ဆုံး ဖော်ပြထားတာကတော့ "ဇာတ်ကြီးဆယ်ဖွဲ့" ပဲ ဖြစ်ပါတယ် 🍀
တေမိယဇာတ် တစ်ခုတည်းကို ပြည့်ပြည့်စုံစုံ ဖတ်ကြည့်ရင်တောင် "ဪ... ဒါကြောင့် ဘုရားဖြစ်တာကိုး" လို့ ယုံကြည်သက်ဝင်သွားနိုင်လောက်တဲ့အထိ အနှစ်သာရတွေ ပြည့်နှက်နေပါတယ် 🙏
ဒါပေမဲ့ ရှေးယခင်က ဇာတ်ကြီးဆယ်ဖွဲ့ကို ဖတ်မယ်ဆိုရင် စာမျက်နှာ ၁၂၀၀ ကျော်ရှိပြီး ရှေးစကားပြေအရေးအသားတွေမို့ ခေတ်လူငယ်တွေအတွက် အဓိပ္ပာယ်ကောက်ယူဖို့ ခက်ခဲတတ်ကြပါတယ်။
ဒါကြောင့် ဝေမိုး(ကျွန်းလှ) က-
✅ ခေတ်ကာလအလိုက် သိလွယ်မြင်လွယ်သော အဓိပ္ပာယ်ဖွင့်ဆိုချက်များ
✅ လွယ်ကူရိုးရှင်းသော အရေးအသားများ
✅ ဇာတ်တော်တစ်ခုချင်းစီအလိုက် ပြန်လှန်သုံးသပ်ချက်များ စသည်တို့ဖြင့် "ဇာတ်တော်တစ်ဆယ် သိမှတ်ဖွယ်" စာအုပ်ကောင်းတစ်အုပ်ကို ပြုစုရေးသားထားပါတယ်။
တိပိဋကဆရာတော်ကြီးတစ်ပါးရဲ့ တိုက်တွန်းချက်နဲ့အညီ မဖြစ်မနေသိသင့်သည်များကို သေချာစိစစ် ရေးသားထားတာဖြစ်လို့ ရဟန်းရှင်လူ ပညာရှင်များပါ လက်ခံအားပေးသင့်တဲ့ ရတနာသိုက်သဖွယ်စာအုပ်ကြီး တစ်အုပ်ဖြစ်ပါတယ်။
📖 "ဇာတ်တော်တစ်ဆယ် သိမှတ်ဖွယ်" စာအုပ်ကို ဖတ်ရှုပြီး အလောင်းတော်ကြီးရဲ့ စိတ်ဓာတ်ခွန်အားများကို ရယူလိုသူများ page cb တွင် မှာယူရရှိနိုင်ပါပြီ 💌
#ဇာတ်တော်တစ်ဆယ်သိမှတ်ဖွယ် #ဝေမိုးကျွန်းလှ #ဇာတ်တော်ကြီးဆယ်ဖွဲ့