Phyu Sin Thu နိုင်​ငံ​ရေး

19/06/2021

နိုင်​ငံ​ရေး
မင်းနဲ့ဆိုင်​လားတဲ့

နိုင်​ငံ​ရေးဟာ ပညာ​ရေးပဲ
(နိုင်​ငံ​ရေးမ​ကောင်း​တော့ ပညာ​ရေးကစမ်းတဝါးဝါး)

နိုင်​ငံ​ရေးဟာ ကျန်းမာ​ရေး
(နိုင်​ငံ​ရေးမ​ကောင်း​တော့
ကျန်းမာ​ရေးဘက်​ကိုအဖက်​မလုပ်​နိုင်​ဘူး)

နိုင်​ငံ​ရေးဟာ လုံခြုံ​ရေး
(နိုင်​ငံ​ရေးမ​ကောင်း​တော့ လုံခြုံမှုကမရှိ)

နိုင်​ငံ​ရေးဟာ စီးပွား​ရေး
(နိုင်​ငံ​ရေးမ​ကောင်း​တော့ စီးပွား​ရေးကလုပ်​မရ)

အေး ဒါကိုမဆိုင်​ဘူးဆိုလဲ
ခေါင်းမရှိတဲ့လူပဲဖစ်​မယ်

နွေရယ်​ရွက်​​ဟောင်း​ကြွေတာနားလည်​​ပေမယ့်​ခုမှဖူးတဲ့ရွက်​နု​လေး​တွေကိုဇွတ်​ခူး​ခြွေတာ​တော့မ​ကောင်းပါဘူးတမာရွက်​နုမို့ မ...
06/03/2021

နွေရယ်
ရွက်​​ဟောင်း​ကြွေတာနားလည်​​ပေမယ့်
ခုမှဖူးတဲ့ရွက်​နု​လေး​တွေကို
ဇွတ်​ခူး​ခြွေတာ​တော့မ​ကောင်းပါဘူး
တမာရွက်​နုမို့ မန်​ကျည်းရွက်​နု
ညောင်​ရွက်​နုစသည်​ဖြင့်​အနု​လေး​တွေကို
ခူးကြတယ်​​နော်

ဒါ​ပေမယ့်​ အချိန်​တန်​လာတဲ့အခါ
ဘယ်​​လောက်​ခူးခူး ဘယ်​​လောက်​​ခြွေ​ခြွေ
ဝေတာဟာ​ဝေတာပါပဲ
အရိပ်​​ကောင်းတဲ့သစ်​ပင်​ကြီးဖြစ်​လာတာပဲ
ခူး​ခြွေတိုင်းသာထပ်​မနုရင်
အပင်​ကြီး​သေသွားမှာ​ပေါ့

27/02/2021

စစ်တပ်လုပ်ရပ်မှန်တယ်လို့
ထင်နေတဲ့သူတွေ ကြည့်
ဂျပန် ဆိုတာနဲ့လွတ်ပေးလိုက်ရတယ်။
ဘာကြောင့်လဲဆို​တော့ ဂျပန်ဆိုတဲ့နိုင်ငံကြီးသားဖြစ်နေလို့။
အနိုင်မကျင့်ရဲလို့
အရည်အချင်းလည်းမရှိလို့။
အဓိက က သူ့နောက်မှာရှိတဲ့
ဂျပန်အစိုးရ ကိုကြောက်လို့ပဲ။

ငါတို့တွေကော ဒီလို အစိုးရ
မလိုချင်ဘူးလား။
မြန်မာပြည်ကိုလည်း
နိုင်ငံတကာက လေးစားရ
ကြောက်ရတဲ့ အနိုင်မကျင့်ရဲတဲ့
နိုင်ငံဖြစ်အောင် စစ်မှန်တဲ့
ဒီမိုကရေစီ စနစ်နဲ့အုပ်ချုပ်မှ ရမှာ။
စစ်တပ်က ဖိနှိပ်အုပ်ချုပ်နေလို့
ကတော့ ဘယ်တော့မှ ဖြစ်လာမှာ
မဟုတ်ဘူး။

စစ်​တပ်​​ထောက်​ခံသူ​တွေဟာဥာဏ်​နည်းတယ်​ဆိုတာကို​ဖော်​ပြတာပဲ၁. ​ဘောလုံးဆိုတာမဲ​ပေးရတာမဟုတ်​ပါဘူး(အခုက မဲ​ပေးဆုံးဖြတ်​ရတာ​...
23/02/2021

စစ်​တပ်​​ထောက်​ခံသူ​တွေဟာ
ဥာဏ်​နည်းတယ်​ဆိုတာကို​ဖော်​ပြတာပဲ

၁. ​ဘောလုံးဆိုတာမဲ​ပေးရတာမဟုတ်​ပါဘူး
(အခုက မဲ​ပေးဆုံးဖြတ်​ရတာ​လေ)
၂. ပြည်​သူ​တွေညီလဲ ​​ဘောလုံးသမား​တွေမညီရင်​မရပါဘူး
(ခုပြည်​သူ​တွေညီကြတယ်​)
၃. ပြည်​သူ​တွေရဲ့ကြံ့ခိုင်​မှုကသူတို့နဲ့မဆိုင်​ပါဘူး
(အနိုင်​ကျင့်​ခံရ​ပေမယ့်​ ပြည်​သး​တွေဟာကြံ့ခိုင်​ပါတယ်​)
၎. ပြည်​သူ​တွေရဲ့​ထောက်​ပံ့မှုကလဲမတူပါဘူး
(​ဘောလုံးကိုနိုင်​​စေချင်​​ပေမယ့်​ ​ထောက်​ပံ့မှုက
တစ်​လကို ​မော်​ဒယ်​တစ်​​ယောက်​ရဲ့ဓာတ်​ပုံရိုက်​ခ​လောက်​ပဲ)

ကျန်​တာ​တွေကို ထပ်​ဖြည့်​စဉ်းစား​ပေါ့
ဘာလို့ဒီ​လောက်​အ​တွေးပဲရှိတာလဲမသိဘူး
ယူတို့အ​တွေးက ​ငှက်​ချင်းအတူတူ
ကြက်​တူ​ရွေး စကားတတ်​​တော့
ကျန်​တဲ့ငှက်​နဲ့မတူတာကို ဇွတ်​ယှဉ်​​နေကြတာပဲ

22/02/2021

မြန်​မာစစ်​တပ်​ဟာ ဘယ်​​လောက်​ယုတ်​မာသလဲ

ပြောမပြနိုင်​​လောက်​​အောင်​ယုတ်​မာကြပါတယ်
နေပြည်​​တော်​မှာဖြစ်​ပွားသွားတဲ့
ဖမ်းစီးပုံဟာ နည်းလမ်းမကျပါဘူး
ဆန္ဒပြသူ​တွေဟာ စည်းမ​ကျော်​ကြပါဘူး
စည်းမ​ကျော်​ဘဲဆန္ဒပြ​ပေမယ့်​လူစုခွဲခိုင်းတယ်
ဒါအပြင်​ အင်​အားသုံးဖြိုခွဲပြီးအတင်းအဓမ္မဖမ်းဆီးတယ်
အချို့ဆိုကွမ်းဝယ်​​နေတုန်း​တောင်​ဖမ်းတယ်
တချို့ ဆိုဆိုင်​ကယ်​စီး​နေတုန်းတားပြီးဖမ်းတယ်
အဆိုးဝါးဆုံးက​တော့ အချို့ဆိုထွက်​ကြည့်​ရုံပဲ
ရောပြီးထွက်​​ပြေးရတယ်

ဒါကိုစစ်​တပ်​က ပြည်​တွင်း​ရေးလို့​ပြောတယ်
ရဲ​တွေနှိမ်​နင်းတယ်​​ပြောတယ်
ဒါ​ပေမယ့်​ ဒီနိုင်​ငံမှာရဲအင်​အားအများကြီးမရှိပါဘူး
ဆန္ဒပြတာ​နေရာတိုင်းမို့ ရဲ​တွေအကုန်​သုံးရင်​​တောင်​မလုံ​လောက်​ပါဘူး
ဒါ​ကြောင့်​ စစ်​သား​တွေဟာရဲဝတ်​စုံဝတ်​ပြီး
ရဲ​တွေနဲ့​ရောကာ ပြည်​သူကိုနှိပ်​စက်​ပါတယ်
သူတို့ကိုခိုင်း​စေသူဟာ
အာဏာရူး မင်း​အောင်​လှိုင်​ပါ
ကူညီပြီးဖမ်း​ပေးကြပါလို့နိုင်​ငံတကာအသိုင်းဝိုင်းကို
တောင်းဆိုပါတယ်
ကျွန်​​တော်​တို့ဟာ လက်​နက်​မဲ့ပြည်​သူ​တွေပါ
လူ့ အခွင့်​​ရေးချိုး​ဖောက်​ခံရသူ​တွေပါ
ဒါ​ကြောင့်​ကူညီပါလို့ ​တောင်းဆိုပါတယ်
တကယ်​လိုအပ်​ချိန်​ကူညီခြင်းဟာမိတ်​​ဆွေ​ကောင်းပါ

How rude is Myanmar Military?

The most awful Military of all kind and cannot find words for their rudeness.
In the case happening in Naypyidaw, their ways were unacceptable.
The protesters didn't cross the warning lines. Even without crossing, they asked to move. And then, they use forces and arrested unfairly.
Some are arrested when buying betal to chew.
Some are arrested when cycling their motorbike.
The worst thing is that some, just looking at the protesters, also need to run away with protesters.
How unacceptable!

Although this is the real situation, the military said this is internal affair.
And that is why, the police are solving.
But in our country, the numbers of police are not that much and the protesters are everywhere.
So, the soldiers change their uniform and arrest, beat and shoot at the peaceful masses. How rude?

The person who ask them is senior General Min Aung Hlaing( He is national criminal in our mind).
So, please help and arrest the crimimals.
We are just the weaponless people.
We have been treated inhumanity.
So request to the world for our freedom.
Please help us.
A friend in need is a friend indeed.

22/02/2021

နေပြည်​​တော်​မှညီအစ်​ကိုများ
ဖမ်းခံရသူ​တွေအတွက်
စိုးရိမ်​​နေကြတာကိုစာနာပါတယ်

အ​မေစုတို့လွတ်​တာနဲ့
ဖမ်းထားတဲ့သူ​တွေကိုလွှတ်​​ပေးရမှာပါ
ဒါ​ကြောင့်​ အကြမ်းမဖက်​ပါနဲ့
ငြိမ်းချမ်းစွာဆန္ဒပြပါ
လကုန်​ထိ​တောင့်​ခံ​ပေးကြပါလို့
မေတ္တာရပ်​ခံပါတယ်​ဗျ

21/02/2021

၂၂၂၂၂ ထွက်​မည့်​သူများ
အ​တွေ့ကြုံတစ်​ခုမျှချင်​ပါတယ်

ကျွန်​​တော်​တို့ထွက်​တဲ့ ငါးရက်​​မြောက်​​နေ့မှာ
လူတစ်​စု​ရောက်​လာပါတယ်
မအလကိုလည်​ဖြတ်​ဆိုပြီး​အော်​တယ်
အဲ့တစ်​စုကိုလူ ငါးဆယ်​​လောက်​ဝိုင်းပြီး
အကြမ်းမဖက်​ဘူးလို့​ပြောလိုက်​ပါတယ်
မ​အော်​ရလို့တားလိုက်​ပါတယ်

ကိုယ့်​ရပ်​ကွက်​ ​ကျေးရွာအလိုက်​လူစုပါ
သူစိမ်းပါရင်​သတိထားပါ
ခဲတစ်​လုံး​တောင်​မ​ကောက်​ပါနဲ့
ကောက်​ပစ်မယ်​လုပ်​ရင်​ထိန်းပါ
ထိန်းမရရင်​ လူစုချုပ်​လိုက်​ပါ

အရင်​ဖြစ်​တဲ့ကိစ္စ​တွေမှာ
ဘောမတစ်​စုက​ပြောတယ်
သူတို့ခဲနဲ့စပစ်​တာတဲ့
(တချို့က​ချေပတယ်​ ခဲနဲ့ထုလို့မ​သေဘူးတဲ့)
အဲ့လို​တွေမထွက်​လာ​အောင်
#ထိပ်​တိုက်​မ​တွေ့ပါနဲ့
#အသက်​ရှင်​မှ​နောက်​​နေ့ဆက်​မှာပါ
#အ​သေခံတိုက်​တဲ့စစ်​ပွဲမဟုတ်​ပါဘူး
#အကြမ်းဖက်​ရင်​ သူတို့အကွက်​ထဲဝင်​မှာ

ဒါ​ကြောင့်​ငြိမ်းချမ်းစွာဆန္ဒပြပါ
အသိ​လေး​တွေ share ကြပါ

21/02/2021

တစ်​ချို့လူ​တွေက​ပြောတယ်
အပြင်​မထွက်​ရင်​ အပစ်​မခံရဘူးတဲ့
ပြည်​သူ​တွေမှားတယ်​တဲ့
အေးဟုတ်​တယ်​ ပြည်​သူ​တွေမှားတယ်
ဘယ်​တုန်းကစမှားတာလဲဆိုရင်​​တော့
မင်းတို့ပ​ထွေး မအလ အာဏာစလုထဲကမှားတာ

ကိုယ့်​ပိုက်​ဆံနဲ့ကို ကိုယ်​ရှာမှစားရတာဆိုတဲ့လူ​တွေ
ကိုယ့်​ပိုက်​ဆံနဲ့ဝယ်​ထားတဲ့ဖုန်း
ဖြတ်​​တောက်​ခံရထဲက
အစိုးရမ​ကောင်းရင်​ ကိုယ့်​ပိုက်​ဆံနဲ့ကိုယ်​​တောင်
ဘာမှလုပ်​မရပါဘူး
OK?
ဒါမှနားမလည်​ရင်​ လဲ​သေလိုက်​​တော့

18/02/2021

မအလ ဟာဘာလို့လိုင်း​တွေပိတ်​လဲ
မအလ ဘာလို့ဆူ​အောင်​လုပ်​လဲ
တွေးမိတဲ့ကျွန်​​တော့်​အ​တွေးပါ
၈၈ မမီတဲ့ကျွန်​​တော်​တို့ဟာ
စစ်​တပ်​ကိုချစ်​ခဲ့ကြပါတယ်
စစ်​သား​တွေကိုသနားခဲ့ကြပါတယ်
ဦးသိန်းစိန်​သမ္မတဖြစ်​လာတဲ့အခါမှာ
ဖုန်း​တွေချ​ပေးတာဟဲ့ ကား​ဈေး​တွေကျတာဟဲ့
စိတ်​ထားတတ်​လိုက်​တာ ​တော်​လိုက်​တာဆိုပြီး
ချစ်​ခဲ့ကြပါတယ်
မဲ​ပေးတဲ့အခါ သူ့ကိုချစ်​တဲ့စိတ်​နဲ့
စိမ်းခဲ့တဲ့သူဖြစ်​ပါတယ်

မအလဟာခုလိုအကွက်​ချိုး​နေတာပါ
နဂိုရမယ့်​အခွင့်​​ရေး​တွေကို
အတင်း အဓမ္မလုယူပြီး
မေ့​လောက်​တဲ့အချိန်​မှာ​တော့
ကယ်​တင်​ရှင်​သမ္မတ တစ်​​ယောက်​ကို
ကောက်​တင်​ချင်​​နေတာပါ

ရှင်းရှင်း​ပြောရရင်
လူသတ်​ဓားပြတိုက်​ပြီးမှ
သူ့ပစ္စည်းပြန်​​ပေးတဲ့ကယ်​တင်​ရှင်​လို
ရှိခိုးခံချင်​​နေတာပါ

ခု​တော့ ရှင်းသွားပြီမို့
ဘိုင့်​ဘိုင်​ ပါ
မအလတပ်​မ​တော်​​ရေ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Phyu Sin Thuผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Phyu Sin Thu:

แชร์