CSS Thrift Store ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก CSS Thrift Store, การช้อปปิ้งและค้าปลีก, Din Daeng, Bangkok.

31/01/2026

ထိုင်းနိုင်ငံတွင်း
နေထိုင်နေတဲ့ မြန်မာအပါအဝင် ရွှေ့ပြောင်းအခြေချသူတွေအတွက်၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ထိုင်းအစိုးရရဲ့ Royal Gazette ကနေ ပညာရေးဥပဒေအသစ်တစ်ခုကို အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။ အခုဥပဒေသစ်အရ ထိုင်းနိုင်ငံထဲမှာ ရောက်ရှိနေထိုင်နေတဲ့ ကလေးငယ်မှန်သမျှ အိမ်ထောင်စုစာရင်း အထောက်အထား ရှိရှိမရှိရှိ၊ ထိုင်းနိုင်ငံသား ဖြစ်ဖြစ်မဖြစ်ဖြစ် ဘယ်သူမဆို ပညာသင်ကြားခွင့် ရရှိမှာ ဖြစ်ကြောင်း......

အရင်က ကန့်သတ်ချက်တချို့ ရှိခဲ့ပေမဲ့ အခုဥပဒေသစ်အရတော့ ပညာရေးအဆင့်အတန်း၊ အမျိုးအစား ဒါမှမဟုတ် နယ်မြေဒေသ ခွဲခြားမှုမရှိဘဲ လူတိုင်းကို တန်းတူအခွင့်အရေး ပေးလိုက်တာပါ။
ကျောင်းအပ်နှံတဲ့အခါမှာလည်း အကယ်၍ ကလေးမှာ ထိုင်းမှတ်ပုံတင်နံပါတ် (၁၃) လုံး မရှိသေးဘူးဆိုရင် ကျောင်းကနေ ငြင်းပယ်လို့ မရတော့ပါဘူး။ ကျောင်းသားမှာ အထောက်အထားမရှိရင် ကျောင်းကနေ G Code လို့ခေါ်တဲ့ အက္ခရာ G ပါတဲ့ ဂဏန်း ၁၃ လုံးပါ ကိုယ်ပိုင်နံပါတ်တစ်ခုကို ထုတ်ပေးပြီး လက်ခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းတွေအနေနဲ့ မိဘတွေနဲ့ ပူးပေါင်းပြီး ဒီကလေးငယ်ကို တရားဝင်အထောက်အထားတွေ ရရှိလာအောင် သက်ဆိုင်ရာ မြို့နယ်ရုံးတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးဖို့လည်း တာဝန်ရှိလာပါတယ်။

အကယ်၍ ဥပဒေအရ တရားဝင် ၁၃ လုံးပါ နံပါတ် မကျသေးရင်တောင်မှ အဲဒီကလေးဟာ ကျောင်းကပေးထားတဲ့ G Code နဲ့ပဲ ကျောင်းပြီးဆုံးတဲ့အထိ ဆက်လက်ပညာသင်ကြားခွင့် ရရှိမှာပါ။
ဒီလိုအခွင့်အရေးပေးရတာဟာ ကမ္ဘာ့ကလေးသူငယ်အခွင့်အရေးကို လေးစားရုံတင်မကဘဲ ထိုင်းနိုင်ငံမှာ ကြီးပြင်းလာမယ့် ကလေးတွေအနေနဲ့ ပညာတတ်ပြီး တိုင်းပြည်အပေါ် ကောင်းမွန်တဲ့ အမြင်တွေရှိလာအောင်၊ ရေရှည်မှာ နိုင်ငံတော်အတွက် အကျိုးပြုမယ့်သူတွေ ဖြစ်လာအောင် ရည်ရွယ်ပြီး ပြင်ဆင်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဥပဒေဟာ အခုလာမယ့် ပညာသင်နှစ်ကစပြီး ပညာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ကျောင်းအားလုံးမှာ အကျိုးသက်ရောက်သွားမှာ ဖြစ်တယ်လို့ matichon သတင်းအရ သိရှိရပါသည်။

#ထိုင်းရောက်မြန်မာ
#ပညာရေး
#သတင်း
30/01/2026
Credit to owner

(ပထုံထာနီ ၊ လန်စစ် အနီးနား နေထိုင်သူဉီးစားပေးမည်တဲ့)ဝန်ထမ်းအမြန်အလိုရှိသည်Heaven နှင့်တူတူလက်လွဲလုပ်ကိုင်ရန် Delivery နှ...
31/01/2026

(ပထုံထာနီ ၊ လန်စစ် အနီးနား နေထိုင်သူဉီးစားပေးမည်တဲ့)
ဝန်ထမ်းအမြန်အလိုရှိသည်

Heaven နှင့်တူတူလက်လွဲလုပ်ကိုင်ရန် Delivery နှင့် သန့်ရှင်းရေး ၀န်ထမ်းတစ်ယောက်အလိုရှိသည်

လစာ ။ ညှိ့နှိုင်း

နားရက်။ တစ်ပတ်တစ်ရက်

Overtime…..

Age 20 to 35

ထိုင်းနိုင်ငံတွင် လက်ရှိရှိနေထိုင်သူဖြစ်ရမည်

စာရိတ္တကောင်းပြီး Teamwork နှင့်လုပ်ကိုင်လိုသူများ ရေရှည်လက်တွဲလိုသူများ
လျောက်ထားနိုင်ပါသည်။

စိတ်ပါဝင်စားသူများ အနေဖြင့်

မူရင်း link 👎
https://www.facebook.com/share/p/176rSC3eE6/
ကိုဆက်သွယ်နိုင်သလို
Ph 0925784510 ကိုလဲတိုက်ရိုက်ဆတ်သွယ်နိုင်ပါသည်ရှင်တဲ့ ✨

ဝန်ထမ်းအမြန်အလိုရှိသည်

Heaven နှင့်တူတူလက်လွဲလုပ်ကိုင်ရန် Delivery နှင့် သန့်ရှင်းရေး ၀န်ထမ်းတစ်ယောက်အလိုရှိသည်

လစာ ။ ညှိ့နှိုင်း

နားရက်။ တစ်ပတ်တစ်ရက်

Overtime…..

Age 20 to 35

ထိုင်းနိုင်ငံတွင် လက်ရှိရှိနေထိုင်သူဖြစ်ရမည်
(ပထုံထာနီ ၊ လန်စစ် အနီးနား နေထိုင်သူဉီးစားပေးမည်)

စာရိတ္တကောင်းပြီး Teamwork နှင့်လုပ်ကိုင်လိုသူများ ရေရှည်လက်တွဲလိုသူများ
လျောက်ထားနိုင်ပါသည်။

စိတ်ပါဝင်စားသူများ အနေဖြင့်

Page ကတဆင့်လဲဆတ်သွယ်နိုင်သည်
Ph 0925784510 ကိုလဲတိုက်ရိုက်ဆတ်သွယ်နိုင်ပါသည်ရှင်✨

31/01/2026

I got over 100 reactions on one of my posts last week! Thanks everyone for your support! 🎉

30/01/2026

မိန်းကလေး (၁) ဦး - ထိုင်းစာဖတ်တတ်ရမယ် ( မတတ်ရင်မရပါ )။ ဝေါ့ပါမစ်ရှိရပါမယ် ။ English လိုပါတတ်ရင်တော့ ဦးစားပေးခေါ်ပါမယ် ။

အလုပ်ကအရမ်းသန့်ပြီး သက်သာပါတယ် ( ပုံထဲကအတိုင်း စားစရာလေးတွေ လုပ်ရမှာပါ ) ။

နေရာက MRT Lumpini မှာပါခင်ဗျာ ။

Salary - 13500 B + OT + ကော်မရှင်ခ

တစ်လ ၄ရက်နား ၊ တစ်ရက် အလုပ်ချိန် ၈ နာရီပါ ။

စမတ်ခမရှိပါဘူးတဲ့
ဒီထဲက အချက်အလက်‌ တွေနဲ့ကိုက်ညီရင်
မူရင်း link မှာ သွား မေးပါရှင့်

https://www.facebook.com/share/p/1csiawA4MP/

26/01/2026

အိမ်ကမြောင်အတိုင်းပဲ ငါ့ကိုလည်း ပြန်ကုတ်ထားတာ 6ချက်မကဘူး 😁

24/01/2026

ပုံပြင်လေးတွေနားထောင်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့လေ့လာကြမယ်

24/01/2026

ငယ်ငယ်ကလေး ကျောင်းသွားရင်သူများတွေလို စက်ဘီးနဲ့လည်းမသွားနိုင်ဘူး
အိမ်ကလည်း လိုက်မပိုနိုင်
အဲတော့ ကိုယ့်လိုသူငယ်ချင်းတွေ ပေါင်းပြီးတော့ ကျောင်းကိုခြေချင်သွားကြရတာ
ကျောင်းနဲ့အိမ်ကလည်း နာရီဝက်လောက်လမ်းလျှောက်ရတယ်
လမ်းမှာတစ်ခါတစ်လေ ဆော့လို့ရပြီး လူယဉ်တဲ့ခွေးတွေနဲ့တွေ့သလို
မျက်စိနောက်ပြီး နောက်ကနေလိုက်ဆွဲတဲ့ခွေးတွေလည်းရှိတယ်
ခွေးလိုက်ဆွဲရင်လည်းဆွဲချင်စရာ ကိုယ်တွေကလည်း လွယ်အိတ်ကြီးနဲ့ဗလုံးရှုတ်ထွေး
တစ်ခါတစ်လေ ခွေးကဆွဲရမလား မဆွဲရမလား အခြေအနေကြည့်နေရင်
ခြေတစ်လှမ်းကုဋေတစ်သိန်းလုပ်ပြီးလျှောက်ရတာ
ပြီးရင်ပြောလိုက်သေးတယ် အချင်းချင်း လက်မဖွက် လက်မဖွက်တဲ့ 🤣
ဘာလိုဖွက်ခိုင်းမှန်းမသိ
ပုံထဲကအတိုင်းပဲ အခု ကျွန်မရဲ့ရဲ့ကျားကျား အဲ့တုန်းက ရည်းစားပေါ့
သူနဲ့ Messenger ကနေ စကားပြောရင် စကားလေးပြောကောင်းမေရင် အဲ့လက်မကြီးက ပို့လာရော
အဲ့လိုပို့လာရင် ထပြီးတော့ကို အနာလာစမ်းဆိုပြီးတော့ ခေါင်းခေါက်ချင်တာ
အဲ့လက်မကြီး ဘယ်လိုမုန်းမှန်းမသိဘူး
ကိုယ်ပြောတာ ထောက်ခံလို့ အဲ့ လက်မကြီးပို့ရင် ကိုယ့်ရွဲ့နေသလို
ရှင်တို့လည်း အဲ့လက်မကြီး မုန်းတယ်ဟုတ် မှန်မှန်လိမ်နော် 😁
#ခွေးဆွဲ #ကျောင်းသူဘဝ #အမှတ်တရ
CSS Thrift Store

ထိုင်းမှာ အလုပ်ရှာနေတဲ့သူ‌ တွေ ဆိုရင် ဒီဆိုင်လေးကိုရှောင်လို့ ရအောင်လို့တင်ပးတာပါ ဒီဆိုင်က Eat Am Are ပါ ညီမအခု အလုပ်မှာ...
23/01/2026

ထိုင်းမှာ အလုပ်ရှာနေတဲ့သူ‌ တွေ ဆိုရင် ဒီဆိုင်လေးကိုရှောင်လို့ ရအောင်လို့တင်ပးတာပါ
ဒီဆိုင်က Eat Am Are ပါ ညီမအခု အလုပ်မှာ အတူတူလုပ် နေတဲ့ အမကလည်း အဲ့ဆိုင်ကထွက်လာတာပါ
အဲဆိုင်က ဈေးချိုချိုရောင်း ပေးတာ့ လူအရမ်းများတယ် ပြော တယ် တစ်စက်ကလေးမှ မနားရဘူးတဲ့ အမြဲတမ်းလက်အိတ်ဝတ်ထားရတော့ လက်သည်းတောင် ပိုးဝင်ပြီး အနာဖြစ်လာတာ အခုထိ မပျောက်ဖူး
Uniform လည်း ရောင်းစားတယ်တဲ့ အထဲက မြန်မာအချင်းချင်းကလည်း ထိုင်းစကားတတ်တဲ့လူက မတတ်တဲ့သူဆို အနိုင်ကျင့်တယ် စကား ပြော လည်း အရမ်းရိုင်းတယ် ပြောကြတယ်
ဝန်ထမ်းခေါ်လည်း ပွဲစားနဲ့ ပေါင်းရိုက်ပြီး ခေါ် တာဆိုတော့ ဝန်ထမ်းမမြဲ လေ သူတို့အတွက်ပွဲစားခ ပိုရလေပဲတဲ့
ဒါကြောင့်ရှောင်လို့ရ ‌ေအာင်တင်ပေးတာပါ ကိုယ့်တွေ့ ကြုံထားတဲ့သူတွေ ရေးထားတာကိုလည်း ဖတ် ကြည့်ပါ လေ့လာပါ တော်ကြာ စားစရာမရှိ လျော်စရာရှိဖြစ်‌ နေမှာစိုးလို့ပါ

ဂလဲ့စား---------ကျနော့်သူငယ်ချင်း ဇော်ကြီးက လူ့ဂွစာ။စကားပြောရင် ဘုဘောက်နဲ့ ပြောတာတော်ရုံလူ သူနဲ့ မတည့်ဘူး။ဖြစ်ချင်တော့.....
22/01/2026

ဂလဲ့စား
---------

ကျနော့်သူငယ်ချင်း ဇော်ကြီးက လူ့ဂွစာ။
စကားပြောရင် ဘုဘောက်နဲ့ ပြောတာ
တော်ရုံလူ သူနဲ့ မတည့်ဘူး။

ဖြစ်ချင်တော့...
တစ်ရက်သား ကိုယ်တွေပူပြီးဖျားလို့ ဆေးရုံတင်လိုက်ရတယ်။

နဂိုကမှ ပြသနာရှာတဲ့လူ
ဆေးရုံတက်ရတော့ ပိုဆိုးတာပေါ့။
မဲမဲမြင်ရာ ရန်သူထင်ပြီး
မြင်မြင်သမျှ ရစ်တော့တာ။

သူရစ်တာကို အဆိုးဆုံးခံရတာက သူနာပြုဆရာမတွေ။

ပူတယ် ပန်ကာဖွင့်ပေး
ပန်ကာလေက များတယ် ပြန်လျှော့ပေး
ပြူတင်းပေါက်က နေထိုးတယ် လိုက်ကာ ကာပေး
အီးပါမယ်
ရှူးပေါက်မယ်
ထမင်းကြီးက မာတယ်
ဟင်းက မကောင်းဘူး
စုံလို့ ရစ်တာ ရစ်တာ

ဆရာမတွေလည်း အံကြိတ်ပြီးတော့သာ သည်းခံနေတာ
တကယ်က ဇော်ကြီးကို အရေခွံ ဆုတ်ပစ်ချင်နေတာရယ်။

အဲ...
ဒီနေ့တော့ အပူချိန်လာတိုင်းတဲ့ ဆရာမကို ရစ်နေချည်ရော...

"အပူချိန်က ခဏခဏကို တိုင်းနေတော့တာပဲ''
"ဒါမှ ရှင် ဖျား မဖျား သိရမှာပေါ့''

"နဖူးစမ်းကြည့်လို့ မရဘူးလား''
"မရဘူး တိတိကျကျသိရအောင် တိုင်းရမယ်''

"ဒစ်ဂျစ်တယ်စက်နဲ့ တိုင်းပေး''
"မရှိဘူး အဲ့စက်က၊ သာမိုမီတာပဲ ရှိတယ်... ကဲ မှောက်လိုက်''

"ဟမ်... ဘာလို့ မှောက်ရမှာလဲ''
"ဖင်ထဲ သာမိုမီတာထည့်ပြီး တိုင်းရမှာလေ''

"ဟာ... ဆရာမ ပါးစပ်ထဲ ထည့်တိုင်းလို့ မရဘူးလားဗျ''
"ရတယ်လေ... ရှင်မရွံတတ်ရင်ပေါ့၊ ဒီသာမိုမီတာက သူများတွေ ဖင်ထဲလည်း ထိုးတိုင်းထားတာကြီး''

"ထွီ... ကဲ တိုင်းဗျာ တိုင်းလှည့်''

ဆိုပြီး ကုတင်ပေါ် မှောက်ပေးလိုက်တယ်။

ဆရာမကလည်း အခွင့်ရပြီလေ
ဒီလောက်တောင် ရစ်တဲ့လူ ပညာပေးအုံးမှ ဆိုပြီး...

သူ့ဖင်ထဲကို သာမိုမီတာ မထည့်ဘဲနဲ့ ဘေးစားပွဲပေါ်က နှင်းဆီပွင့်ကို ယူ့ပီး အရိုးဘက်ကနေ ဖင်ထဲ ထိုးထည့်လိုက်တယ်။

ပြီးတော့ ပြောတယ်... ...

"ကျမ ဟိုဖက်ခန်း ခဏသွားလိုက်အုံးမယ်၊ ငြိမ်ငြိမ်နေနော်၊ သာမိုမီတာ ကျိုးပြီး ဖင်ထဲကျန်နေလို့ ခွဲထုတ်နေရမယ်''

"အေးဘာဗျာ မြန်မြန်တော့ ပြန်လာနော်''

အဲ့မှာ...
ဆရာမက တော်တော်နဲ့ ပြန်မလာဘူး။

ဖင်ပြောင်ပြောင်မှာ နှင်းဆီပန်းပွင့်လေး ထိုးထိုးထောင်ထောင်နဲ့ သူ့အဖြစ်ကို မြင်သူတိုင်းက တဟီးဟီးနဲ့ ရီတာပေါ့။

အဲ့အချိန်မှာပဲ...
ထမင်းလာပို့တဲ့ သူ့အမရောက်လာတယ်။
သူ့အမကလည်း သူ့အဖြစ်ကို မြင်တော့ ရီတာပေါ့

"အို... ဇော်ကြီး ဟီး ဟီး ဇော်ကြီးရယ် ဟီး''

"အမရာ... အပူချိန်တိုင်းတာ ရီစရာပါလား''

"ဟင် ဒါ အပူချိန်တိုင်းတာ?''

"အေးလေ... နင် မမြင်ဖူးဘူးလား''

"အင်း... နှင်းဆီရိုးနဲ့ တိုင်းတာတော့ ဒါ ပထမဆုံး မြင်ဖူးတာပဲ''

"ဘာ...''

ဆိုပြီး...
သူ့ဖင်သူ လည်ပြန်ကြည့်လိုက်တော့မှ...

ဖင်ပေါက်ဝ မှာ ထောင်နေတဲ့ နှင်းဆီပွင့်လေးကို မြင်တော့တယ်။

စိတ်တွေဆိုးပြီး ဆေးရုံက ဆင်းပါမယ် လုပ်နေလို့ မနည်းချော့လိုက်ရတာလေ။

အေး...
ဆေးရုံကသာ ဆင်းလာတယ်
ထပ်ရစ်ဖို့ မပြောနဲ့ စကားတောင် ကျယ်ကျယ် မပြောရဲတော့ဘူးရယ်
သူ့ခမျာ နောင်ကျဥ်သွားရှာတာ။
😁😁😁😁😁


#မူရင်းအားလေးစားစွာကရက်ဒစ်ပေးပါသည်

ที่อยู่

Din Daeng
Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ CSS Thrift Storeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์