mawar myanmar မြန်မာစားသောက်ကုန်နှင့်အဝတ်အထည်များ

ကျွန်မရဲ့ အခက်ခဲဆုံးနေ့ရက်တွေမှာတောင် ကျွန်မရဲ့ကလေးက ကျွန်မကို ပြုံးရယ်ဖို့ အကြောင်းပြချက်တစ်ခု ပေးတယ် 🥺❤️ တခါတလေ အဆင်မပ...
05/02/2026

ကျွန်မရဲ့ အခက်ခဲဆုံးနေ့ရက်တွေမှာတောင် ကျွန်မရဲ့ကလေးက ကျွန်မကို ပြုံးရယ်ဖို့ အကြောင်းပြချက်တစ်ခု ပေးတယ် 🥺❤️
တခါတလေ အဆင်မပြေမှုတွေနဲ့ စိတ်ဓာတ်တွေကျလာတဲ့အခါတိုင်း ဒီလူသားလေးဆီကနေ ခွန်အားတွေယူနေရတယ်...
ဒီလူသားလေးရဲ့ ပွေ့ဖက်မှုဟာ ရှေ့ဆက်ရမယ့် ခွန်အားပဲ...
ပြိုလဲလို့မဖြစ်ဘူးဆိုတဲ့ အသိလေးက ဒီလူသားလေးကသတိပေးနေသလိုပါပဲ...

#မိခင်ဘ၀

 #နို့ချိုဖိုးဆိုတာ...မိခင်နို့ တိုက်လို့ ငွေကုန်ကြေးကျ သက်သာသွားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဒါက အခမဲ့ ရတာတော့ မဟုတ်ပါဘူ...
05/02/2026

#နို့ချိုဖိုးဆိုတာ...
မိခင်နို့ တိုက်လို့ ငွေကုန်ကြေးကျ သက်သာသွားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဒါက အခမဲ့ ရတာတော့ မဟုတ်ပါဘူး။ အဲဒီအတွက် ပေးခဲ့ရတဲ့ တကယ့်တန်ဖိုးကို ကျွန်မကိုယ်တိုင် ပေးဆပ်ခဲ့ရတာမို့ပါ။

အဲဒီကုန်ကျစရိတ်တွေကတော့... ကျွန်မရဲ့ ခန္ဓာကိုယ်၊ ကျွန်မရဲ့ အိပ်စက်ခြင်း၊ ကျွန်မရဲ့ ဟော်မုန်း အပြောင်းအလဲတွေ၊ ကျွန်မရဲ့ နားခိုချိန်တွေနဲ့ ကျွန်မရဲ့ ညပေါင်းများစွာ ဖြစ်ပါတယ်။ ဘယ်သူမှ မသိတဲ့ နေ့ရက်တွေထဲက ကျွန်မရဲ့ စိတ်ကျန်းမာရေးကိုပါ ရင်းနှီးခဲ့ရတာပါ။

အဲဒီနာကျင်မှုတွေအတွက် ပြေစာဆိုတာ မရှိခဲ့ဘူး။ ပင်ပန်းနွမ်းနယ်မှုတွေအတွက်လည်း ဘယ်သူကမှ ပြန်အမ်းငွေ မပေးနိုင်ဘူး။ အရာအားလုံးကို ပေးဆပ်နေရင်း တိတ်တဆိတ် ငိုကြွေးခဲ့ရတဲ့ အချိန်တွေမှာလည်း နားခွင့်ဆိုတာ မရှိခဲ့ပါဘူး။

တကယ်တော့ မိခင်နို့တိုက်ကျွေးတာဟာ ငွေကုန်ကြေးကျ သက်သာစေတာ မဟုတ်ပါဘူး။ ကုန်ကျစရိတ်တွေကို ကုန်ကျစရိတ်တွေကို ကျွန်မကပဲ ခံယူလိုက်တာပါ။

ဒါကြောင့် တစ်စုံတစ်ယောက်က မိခင်နို့တိုက်ရတာ လွယ်ပါတယ်၊ အလကားရတာပဲလို့ ပြောလာရင်... အဲဒီအတွက် ပေးဆပ်ရတဲ့ ရင်းနှီးမှုကို သတိရပေးပါ။

နို့၊ သီး၊ ခေါင်းတွေ ကွဲအက်နာကျင်နေတာတောင် ကလေးဗိုက်ဝဖို့ အံကြိတ်ပြီး တိုက်နေရတဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာ။

ကြိုတင်အသိပေးချက်မရှိဘဲ တက်လိုက်ကျလိုက်ဖြစ်နေတဲ့ ဟော်မုန်းတွေ။

ကိုယ်တိုင်က အိပ်ချင်လွန်းပြီး ပင်ပန်းနေရင်တောင် ကလေးကို ချော့မြှူနို့တိုက်နေရတဲ့ အိပ်စက်ခြင်းမဲ့ ညတွေ။

ကိုယ်တိုင်ကတော့ လူမမြင်သူမမြင် ပျောက်ကွယ်နေသလို ခံစားရပေမဲ့၊ တစ်စုံတစ်ယောက်က ကိုယ့်ကို အမြဲလိုအပ်နေလို့ ဆက်ပြီး တောင့်ခံပေးနေရတဲ့ စိတ်ဓာတ်။

ဒါဟာ ဘယ်တုန်းကမှ အလကား မရခဲ့ပါဘူး။ ကိုယ့်ရဲ့ အရာအားလုံးကို ရင်းပြီး ပေးလိုက်ရတဲ့ "အချစ်" တွေပါ။


(ဘာသာပြန်ရေးသားသည်။)

2026 နှစ်သစ်ကို🥰မိတ်ကပ်မပါအိပ်ရေးမလုံမလောက်ဒါပေမယ့် အချစ်အပြည့်နဲ့ ကြိုမယ့်🤱မေမေ တွေ လက်ထောင်ပါအုံး👆👆👆  #မေမေတို့အတွက်
01/01/2026

2026 နှစ်သစ်ကို🥰
မိတ်ကပ်မပါ
အိပ်ရေးမလုံမလောက်
ဒါပေမယ့် အချစ်အပြည့်နဲ့ ကြိုမယ့်🤱
မေမေ တွေ လက်ထောင်ပါအုံး👆👆👆

#မေမေတို့အတွက်

30/12/2025

လင်မယားဆိုတာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဘဲ🤭🤭🤭

တခါတလေလည်း တစ်လောကလုံးမှာ သူ့သာကြည့်မရဆုံး ...

တခါတလေလည်း တစ်လောကလုံးမှာ သူ့သာအချစ်ဆုံး ....

မုန်းလွန်းလို့ ကွဲပစ်လိုက်ရင်ကောင်းမှာဘဲလို့ တွေးမိတာလဲ တစ်နှစ်မှာ ၃၆၅ ခါမကဘူး .....

ချစ်လွန်းလို့ ဘဝကြီးဟာ သူရှိမှပြည့်စုံတယ်လို့ ထင်ခဲ့တာလဲ တစ်နှစ်မှာ ၃၆၅ ကြိမ်မကဘူး .....

ရန်ဖြစ်တိုင်း ပတ်ပြောလိုက်ရတဲ့သူ့အပြစ်တွေ ဆိုတာလဲ တစ်ဖက်လူမှာ လူယုတ်မာကြီးကိုဖြစ်လို့ .....

ချစ်နေတော့လဲ သူ့ကောင်းကြောင်းတွေပြောလိုက်ရတာ ထာဝရကျေးဇူးရှင်ကြီးကိုဖြစ်လို့ ....

ဒါတွေအားလုံးက တကယ်တော့ ဘာမှမထူးဆန်းတဲ့ လင်မယားတိုင်းဖြစ်နေကျ ချစ်ဇာတ်လမ်းတွေပါ ....

သူများလင်မယားတွေ ရန်ဖြစ်လို့ ကိုယ့်ကို လာပြောတိုင်း သူတို့ပြောတာတွေကို နားထောင်ပေးပြီးရင် ပြန်ပြောနေကျစကားတစ်ခုရှိတယ် -

"ကွဲမယ်ပြောပြီး မကွဲဖြစ်လဲ ဘာမှရှက်စရာ မလိုဘူးသိလား။ လူတိုင်း သူတို့ချစ်တဲ့သူနဲ့ ရန်ဖြစ်ရင် အဲ့လိုပြောတယ် ပြီးရင် တကယ်မလုပ်ဘူး"လို့😂😂😂

အဖေတူသားတဲ့ ရုပ်လေးတူပြီးရင် ရပြီပေါ့ကွယ်🙄အခုတော့ အိပ်နေတဲ့ပုံစံနဲ့ ချိတ်ထားတဲ့ ခြေထောက်ပုံကိုကြည့်🤭🤭🤭ဘယ်နဲ့ညာတောင်မလွဲဘ...
28/12/2025

အဖေတူသားတဲ့ ရုပ်လေးတူပြီးရင် ရပြီပေါ့ကွယ်🙄
အခုတော့ အိပ်နေတဲ့ပုံစံနဲ့ ချိတ်ထားတဲ့ ခြေထောက်ပုံကိုကြည့်🤭🤭🤭ဘယ်နဲ့ညာတောင်မလွဲဘူး ချိတ်ထားတဲ့ပုံက..
#အဖေတူသား
#မေမေချစ်မွှေလေး

သားအမိဟူသည်......(၁)ကျွန်မငိုရင် သူလိုက်ငိုတယ်။ကျွန်မရယ်ရင် သူလိုက်ရယ်တယ်။ကျွန်မစိတ်တိုရင် သူအားငယ်တယ်။ကျွန်မအားငယ်ရင် သ...
26/12/2025

သားအမိဟူသည်......

(၁)ကျွန်မငိုရင် သူလိုက်ငိုတယ်။
ကျွန်မရယ်ရင် သူလိုက်ရယ်တယ်။
ကျွန်မစိတ်တိုရင် သူအားငယ်တယ်။
ကျွန်မအားငယ်ရင် သူဝမ်းနည်းတယ်။

ကျွန်မပျော်အောင် သူလုပ်ပေးတယ်။
ကျွန်မမျက်ရည်တွေ သူသုတ်ပေးတယ်။
ကျွန်မဟာသတွေ သူရီပေးတယ်။
ကျွန်မ ပုံပြင်တွေ သူနားထောင်တယ်။
ကျွန်မကဗျာတွေ သူခံစားပေးတယ်။

ကျွန်မပါးပြင်ကို သူအမြဲနမ်းတယ်။
ကျွန်မလက်ကို သူအမြဲဆုပ်ကိုင်ထားတယ်။
ကျွန်မနောက်မှာ သူအမြဲရှိနေတယ်။
ကျွန်မ အလှဆုံးလို့ သူအမြဲပြောတယ်။
ကျွန်မချက်တဲ့ဟင်း အကောင်းဆုံးတဲ့။

ကမ္ဘာတစ်ခုလုံးမှာ သူအချစ်ဆုံးးက ကျွန်မပါတဲ့။.....

ကျွန်မကို ဖက်ထားးတဲ့ လက်သေးသေးလေးရှိတယ်။
ကျွန်မလုပ်သမျှစိုက်ကြည့်နေတဲ့ မျက်ဝန်းစူးစူးလေးတွေရှိတယ်။
ကျွန်မကိုချစ်တဲ့ နှလုံးသားသေးသေးလေးတွေရှိတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်မကိုပဲအားကိုးတဲ့...
ကျွန်မကြောင့်ရီ၊ ကျွန်မကြောင့်ငိုမယ့် ကလေး သေးသေးလေး တစ်ယောက် ကျမမှာရှိတယ်..

အဲ့တာ ကျွန်မရင်သွေးလေးတွေပါပဲ....။

(၂)သူ့ကြောင့်ကျွန်မအားမွေးရမယ်။
သူ့ကြောင့် ကျွန်မကြိုးစားရမယ်။
သူ့ကြောင့် ကျွန်မကြံ့ခိုင်ရမယ်။
သူ့ကြောင့် ကျွန်မခိုင်မာရမယ်။

ကျွန်မ....
လဲသွားရင် ပြန်ထမည်။
ပျက်သွားလျှင် ပြန်ဆောက်မည်။
ရှုံးသွားလျှင် ပြန်တိုက်မည်။

ဘယ်အခြေအနေမှာပဲဖြစ်ဖြစ်...
သူ့ကို ကျွန်မချစ်ပေးရမယ်။
သူ့ကို ကျွန်မလေးစားရမယ်။
သူ့ကို ကျွန်မအားပေးရမယ်။
သူ့ကို ကျွန်မကာကွယ်ရမယ်။
သူ့ကို ကျွန်မပျိုးထောင်ရမယ်။

ကျွန်မသည် မိခင်ဖြစ်လာပြီ။
သူ့ရှေ့ကအမြဲ၊ သူ့ဘေးကအမြဲ၊ သူနောက်ကအမြဲ လိုအပ်သလို နေပေးရမည်။
ကျွန်မသည် အမေ တစ်ယောက်ဖြစ်လေသည်။

ဒါ့ကြောင့်...
ကျွန်မမှာ အမေတစ်ယောက်ရဲ့ မာန်မျိုး ရှိရမယ်။
ကျွန်မမှာ အမေတစ်ယောက်ရဲ့ ဟန်မျိုး ရှိရမယ်။
ကျွန်မမှာ အမေတစ်ယောက်ရဲ့ သတ္တိ ရှိရမယ်။

ဟုတ်သည်။
ကျွန်မသည် အမေတစ်ယောက်သာ ဖြစ်လေသည်။

တစ်သက်မှာ အချိန်လေးတစ်ချိန်ပဲ ရှိနိုင်တဲ့ လက်သေးသေးလေးအမေ့ကို အပျောက်မခံနိုင်အောင် အားကိုးရချစ်ရတဲ့ လက်သေးသေးလေးအမေ့မျက်...
26/12/2025

တစ်သက်မှာ အချိန်လေးတစ်ချိန်ပဲ ရှိနိုင်တဲ့ လက်သေးသေးလေး

အမေ့ကို အပျောက်မခံနိုင်အောင် အားကိုးရချစ်ရတဲ့ လက်သေးသေးလေး

အမေ့မျက်နှာ ကမ္ဘာကြီးထင်ပြီး အမေ့ရင်ခွင်ထဲက မထွက်ချင်တဲ့ လက်သေးသေးလေး

အမေရယ်နို့ရယ်ရှိရင် အမေဆင်းရဲလား အမေချမ်းသာလားမသိသေးတဲ့ လက်သေးသေးလေး

အမေ့မျက်နှာကို ချွေးသုတ်ပေးတဲ့ လက်သေးသေးလေး

အမေ့မျက်နှာပျက်ရင် အနေရခက်ပြီး မပျော်နိုင်တော့တဲ့ လက်သေးသေးလေး

အမေရယ်မောနေတာကိုပဲ တွေ့မြင်ချင်တဲ့ လက်သေးသေးလေး

မိုးလင်းကနေ မိုးချုပ်အထိ အမေ့နားမှာရှိနေရရင် နေပူပူ မိုးရွာရွာ နှင်းပဲကျကျ ဘာမှမလိုတဲ့ လက်သေးသေးလေး

အမေ့ရင်ခွင် ပါးခက်ဆင်ပြီး အမေ့အပြုံးကိုပဲ
မြင်တွေ့ခွင့်ရခဲ့ရင် အကျေနပ်ဆုံးအမူရာနဲ့ ဒီလက်သေးသေးလေးအတွက်

ပင်ပန်းရသမျှ ကျေနပ်ရ အိပ်ရေးပျက်ရသမျှ ကျေနပ်ရတာအမေရယ်ပါ

မေမေဆိုတဲ့ ခေါ်သံလေးနဲ့ ဒီလက်သေးသေးငယ်လေးကို လက်တွဲပြီး
ဒီနေ့သစ်အတွက် ရှေ့ဆက်ရတာ တန်လွန်းပါတယ်

ဒီလက်သေးသေးလေးက ကြီးမြန်လွန်းလို့ အချိန်တွေကို ရပ်ထားလိုက်ချင်အောင် ချစ်ရတဲ့ အမေတွေရဲ့ ရင်ထဲထဲ လက်သေးသေးလေးအတွက် ခွန်အားတွေရပြီး အတူရှေ့ဆက်ကြဖို့ ခွန်အားပေးပါတယ်




မေတ္တာဖြင့်

 #နောက်ရက်တွေကျရင်  #ဒီပေစ့်ကနေပြီး  #အခုပုံမှာပြထားတဲ့  #ချုပ်ပြီးသား  #ဝမ်းဆက်တွေကို #အလကားစျေးနဲ့လည်း  #ရောင်းချမှာဖြ...
18/12/2025

#နောက်ရက်တွေကျရင် #ဒီပေစ့်ကနေပြီး
#အခုပုံမှာပြထားတဲ့ #ချုပ်ပြီးသား #ဝမ်းဆက်တွေကို
#အလကားစျေးနဲ့လည်း #ရောင်းချမှာဖြစ်သလို
#ပီမိုင်လက်ဆောင်အဖြစ်ပေးမှာပါ #အလကားလည်းပေးမှာပါရှင့်....

#အခုပိုစ့်ရဲ့အောက်မှာလည်း ...
#လက်ဆောင်ယူလို့ရေးပြီးမန့်ထားကြပါရေးထားတဲ့သူများကိုမဲလိပ်လုပ်ပြီးပါတိတ်ဝမ်းဆက်၂စုံကို
#ကံထူးရှင်၂ဦးရွေးချယ်ပေးသွားပါမယ်ရှင့်
#အားလုံးမြင်အောင်ရှယ်ပေးခြင်းဖြင့်မေတ္တာတွေမျှဝေပေးလိုက်ကြပါအုံးရှင့်🥰🥰🥰🥰

18/12/2025

ဖခင်ပီသတဲ့ သူတွေမှာ
အမြဲတွေ့ရတဲ့ အချက် (၆)ချက်

၁။ အချိန်ပေးခြင်းနှင့် စိတ်ပါဝင်စားမှု (Presence & Engagement)
ဖခင်ကောင်းတစ်ယောက်ဟာ
ကလေးတွေနဲ့အတူ ရှိနေဖို့ အမြဲတမ်း
ကြိုးစားပါတယ်။
ရုပ်ပိုင်းဆိုင်ရာအရရော၊
စိတ်ပိုင်းဆိုင်ရာအရပါ အနီးမှာ
ရှိနေတတ်ကြပါတယ်။

အလုပ်များနေပေမယ့်လည်း
ကလေးတွေရဲ့ ကျောင်းကိစ္စ၊ ဝါသနာ၊
သူငယ်ချင်းကိစ္စတွေကို
စိတ်ပါဝင်စားစွာ
နားထောင်ပေးတတ်ကြတယ်။

မှတ်သားရန်
ဖုန်းကြည့်နေရင်း အချိန်ပေးတာမျိုး
မဟုတ်ဘဲ၊ တကယ့်ကို အာရုံစိုက်ပြီး
ကလေးတွေနဲ့ ကစားပေးတာ၊
စကားပြောပေးတာမျိုးကို
လုပ်ဆောင်ပေးတတ်ပါတယ်။

၂။ တာဝန်ယူမှုနှင့် စံနမူနာပြ ဖြစ်ခြင်း (Responsibility & Being a Role Model)
ကလေးတွေအတွက် အလိုအပ်ဆုံးက
ဖခင်ရဲ့ စကားထက်၊ ဖခင်ရဲ့ လုပ်ရပ်ပါပဲ။
တကယ် ဖခင်ပီသတဲ့သူဟာ
မိသားစုအပေါ်ရော၊
လူမှုပတ်ဝန်းကျင်အပေါ်ပါ
တာဝန်ယူတတ်သူ ဖြစ်ပါတယ်။

အလေ့အကျင့်
အမှားလုပ်မိရင် ဝန်ခံရဲတာ၊
ကတိတည်တာ၊ အလုပ်ကို
ကြိုးစားလုပ်ဆောင်တာ စတဲ့
ကောင်းမွန်တဲ့ စရိုက်တွေကို
လက်တွေ့ကျင့်သုံးပြီး ကလေးတွေကို
သင်ကြားပေးပါတယ်။

ရှင်းရှင်းပြောရရင်
သူများပြောသလို လုပ်ခိုင်းတာမဟုတ်ဘဲ၊
မိမိကိုယ်တိုင် စံနမူနာကောင်း
ပြပေးခြင်းဖြင့်
သွန်သင်ပေးတတ်ကြပါတယ်။

၃။ မေတ္တာနှင့် အားပေးထောက်ခံမှု (Affection & Unconditional Support)
ဖခင်ကောင်းတစ်ယောက်ဟာ
ကလေးကို အမြဲတမ်း
ချစ်ခင်မြတ်နိုးကြောင်း ပြသတတ်ပြီး၊
သူတို့ရဲ့ အိပ်မက်တွေ၊
ရွေးချယ်မှုတွေကို
အမြဲ ထောက်ခံအားပေးလေ့ ရှိပါတယ်။

ကိုယ်ထိလက်ရောက် ပွေ့ဖက်တာ၊
စကားလုံးနဲ့ ချီးမွမ်းပြောဆိုတာမျိုးကို
မရှက်မကြောက် ပြုလုပ်တတ်ကြတယ်။

အားပေးပုံ
ကလေးတွေ ကျရှုံးတဲ့အခါ
(သို့မဟုတ်) အမှားလုပ်မိတဲ့အခါ
အပြစ်တင်မနေဘဲ သင်ခန်းစာယူဖို့၊
နောက်တစ်ကြိမ် ကြိုးစားဖို့
ခွန်အားပေးတတ်ပါတယ်။

၄။ စည်းကမ်းနှင့် လမ်းညွှန်ပြသမှု (Discipline & Guidance)
ဖခင်ပီသသူဟာ ကလေးကို
ချစ်လို့ အလိုလိုက်တာမျိုး မလုပ်ပါဘူး။
ကလေးကို မှန်ကန်တဲ့
လမ်းကြောင်းပေါ်ရောက်အောင်
တိကျတဲ့ စည်းကမ်းဘောင်တွေ
သတ်မှတ်ပေးပြီး
သင်ကြားပေးတတ်ပါတယ်။

စည်းကမ်းကို ဒေါသနဲ့ မဟုတ်ဘဲ
တည်ငြိမ်ပြီး ခိုင်မာတဲ့ အသံနဲ့
သတ်မှတ်ပေးပါတယ်။
ကလေးကို ခြိမ်းခြောက်တာမျိုး
မလုပ်ဘဲ၊ စည်းကမ်းချိုးဖောက်ရင်
ဘာအကျိုးဆက်ရှိတယ်ဆိုတာ
နားလည်အောင် ရှင်းပြပေးတတ်ပါတယ်။

အဓိကကတော့ ကလေးတွေကို
ကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်းရှိတဲ့၊
တာဝန်ယူတတ်တဲ့ လူကောင်းတစ်ယောက်
ဖြစ်လာအောင် လမ်းညွှန်ပေးဖို့ပါပဲ။

၅။ စိတ်ခံစားချက်ကို
ထုတ်ဖော်ခွင့် ပေးခြင်း
(Allowing Emotional Expression)
ဖခင်ကောင်းတွေဟာ
ကလေးတွေရဲ့ ခံစားချက်တွေကို
အလေးထား နားထောင်တတ်ကြပါတယ်။
"ယောကျ်ားလေးက မျက်ရည်မကျရဘူး"
ဆိုတဲ့ စကားမျိုးအစား၊
သူတို့ရဲ့ စိတ်ခံစားချက်ကို
လွတ်လပ်စွာ ထုတ်ဖော်ခွင့်
ပေးတတ်ပါတယ်။

ကလေးတွေရဲ့ ဝမ်းနည်းမှု၊ ဒေါသ၊
ပျော်ရွှင်မှု စတဲ့ စိတ်ခံစားချက်တွေကို
အကဲဖြတ်ခြင်းမပြုဘဲ
လက်ခံပေးပြီး၊
ဘယ်လိုဖြေရှင်းရမလဲဆိုတာ
သင်ပေးတတ်ပါတယ်။

ဒီလို နားလည်ပေးတာကြောင့်
ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ
ပိုမိုကျန်းမာပြီး ဖခင်ကို ပိုမိုယုံကြည်
အားကိုးကြပါတယ်။

၆။ မိခင်နှင့် အပြန်အလှန်လေးစားမှု (Respect for the Mother/Partner)
ဖခင်ပီသတဲ့သူဟာ
ကလေးတွေရဲ့ မိခင် (သို့မဟုတ်)
မိမိရဲ့ အိမ်ထောင်ဖက်ကို အမြဲတမ်း
လေးစားချစ်ခင်စွာ ဆက်ဆံပါတယ်။

ဇနီးသည်အပေါ် နူးညံ့ပြီး
လေးစားစွာ ဆက်ဆံတာကို
ကလေးတွေ မြင်တွေ့ရတဲ့အခါ၊
မိမိတို့ရဲ့ မိသားစုဘဝဟာ လုံခြုံပြီး
ပျော်ရွှင်စရာကောင်းတယ်လို့
ခံစားရစေပါတယ်။

ဒီလို ပုံရိပ်ကောင်းကို မြင်ရခြင်းက
ကလေးတွေရဲ့ အနာဂတ်
ဆက်ဆံရေးတွေအတွက်လည်း
အကောင်းဆုံး သင်ခန်းစာ ဖြစ်စေပါတယ်။

ဒီအချက်တွေက
ဖခင်တစ်ယောက်အနေနဲ့
မိသားစုကို လုံခြုံမှု၊
ချစ်ခြင်းမေတ္တာနဲ့ မှန်ကန်တဲ့
လမ်းညွှန်မှုတွေ ပေးနေတာကို
ဖော်ပြနေပါတယ်။

ရေးသူ 𝐊 𝐊𝐡𝐚𝐢

#𝐊𝐊𝐡𝐚𝐢

#𝐊𝐊𝐡𝐚𝐢𝐄𝐯𝐞𝐧𝐭
#စာပေဗဟုသုတများ



 #မနက်အိပ်ယာနိုးတော့မေမေမျက်နှာလေးခဏသွားသစ်မလို့ပေါ့နော် #ငါ့သားလေးကိုခြင်ထောင်လေးထဲထည့်ထားခဲ့ရင်တော့ #အဆင်ပြေလောက်ပါတယ်...
16/12/2025

#မနက်အိပ်ယာနိုးတော့မေမေမျက်နှာလေးခဏသွားသစ်မလို့ပေါ့နော်

#ငါ့သားလေးကိုခြင်ထောင်လေးထဲထည့်ထားခဲ့ရင်တော့
#အဆင်ပြေလောက်ပါတယ်လို့ထင်ခဲ့မိသော🤔.. မိမိ🤭🤭

#တကယ်လက်တွေ့မှာတော့👇🤭🤭🤭

#ကျမချစ်မွှေးသားသားလေး
#ဘယ်လိုနေနေချစ်စရာကောင်းနေသောချစ်မွှေးလေးပါ
#မေမေများသာခံစားသိမြင်နိုင်သောချစ်ခြင်း

ที่อยู่

Bangkok
10520

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ mawar myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง mawar myanmar:

แชร์