13/05/2024
စိတ်မမာနိုင်ခဲ့လို့ပါ ။ မဟုတ်ရင် ဘယ်သူ့ကြောင့်မှ စိတ်နာကျင်ရမှာ မဟုတ်ပါဘူး ။
မပြတ်သားနိုင်ခဲ့လို့ပါ ။ မဟုတ်ရင် ဘယ်သူကမှ ထပ်တလဲလဲ ဝမ်းနည်းအောင် မလုပ်နိုင်ပါဘူး ။
အမှတ်မရှိခဲ့လို့ပါ ။ မဟုတ်ရင် အကြောင်းအရာ တစ်ခုတည်းကြောင့်ပဲ အခါခါ မငိုနေရပါဘူး ။
စိတ်မထားတတ်လို့ပါ ။ မဟုတ်ရင် ပြန်တွေးလိုက် ၊ စိတ်မကောင်းလိုက်နဲ့ ဗုန်းဗုန်းလဲပြီး မထနိုင်တာ မဖြစ်တော့ပါဘူး ။
တကယ်တော့ အရာအားလုံးက ကိုယ့်စိတ်ကြောင့်ပါ ။
#ဖြစ်ရိုးဖြစ်စဉ် #မာရင်ရင်