27/03/2024
ကျပ်ငွေတွေ ဆီလိုအပေါက်ရှာပြီးပြည်ပထွက်တိုင်း ကျပ်ငွေစျေးပြုတ်ကျပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းက ဒေါ်လာ သန်းရာနဲ့ချီပြီး မြန်မာနိုင်ငံက
နေပြည်ပထွက်ဖို့ ကြိုးစားနေတဲ့သတင်းသဲ့သဲ့ကြားမိလိုက်
ပါတယ်။ အဲဒီလို ငွေတွေအစုလိုက်အပြုံလိုက် မူးယစ် ဆေးကသော်လည်ကောင်း ၊ ကျားဖြန့် နှင့် အခြားခြားသောလုပ်ငန်းတွေကနေ စသဖြင့် မြန်မာနိုင်ငံကငွေတွေပြည်ပသို့ အလုံးအရင်းနဲ့ထွက်ဖို့ကြိုးစားတဲ့အခါတိုင်းမှာ ငွေစျေး အဆမတန် ထိုးကျပါတယ်။
မှတ်မိသလောက် 2021 ပထမလှိုင်းတုန်းကတစ်ခါ မြန်မာပြည်ထဲကကျပ်ငွေတွေပြည်ပကိုစတင်ထွက်တဲ့အချိန် ဘတ်စျေးဟာ 50 လောက်ကနေ 80 မှ 120 အထိတစ်ကြိမ်ခုန်တက်ဖူးပါတယ်။ နောက်တော့ ၁ ဘတ်လျင်္င်ကျပ် ၉၀ ဖြင့် စျေးငြိမ်သွားခဲ့ပါတယ်။
2023 ခုနှစ်ပါတ်လည်မှာ ဘတ်စျေး 90 ကျော်ကနေ အမြင့်ဆုံး 130 အထိ ခုန်တက်ဖူးပါတယ်။ ယခုရက်ပိုင်းအတွင်းမှာ ငွေစျေးတက်ဖို့ပြင်နေပြီး သတိ အင်မတန်ထားရမဲ့အချိန်လည်းဖြစ်ပါတယ်။ တစ်ချို့ လှိုင်းစီးပြီးအရောင်း
အဝယ်လုပ်ကြတဲ့သူတွေမြတ်ကြပါတယ်။ တစ်ခုပဲသတိ
ပေးချင်တာကညောင်သီး လည်းစား လေးသံလည်း နားထောင်ဖို့ပါ။ လောဘမကြီးဖို့ မိမိ နဲ့ငွေလွဲလုပ်တဲ့သူများဟာ စိတ်ချရဖို့ သတိထားဖို့လိုအပ်ပါတယ်။
ဘန်ကောက် ဖေ့စဘုတ်ဂရုတွေမှာ မပေါက်တဲ့စျေးတွေနဲ့ မက်လုံးပေးပြီး Face to Face ငွေလဲမယ်စသဖြင့် ဖိတ်ခေါ်တာမျိုး ၊ ကျားဖြန့် Victims ပိုက်ဆံ ၊ Black Money တွေကိုလက်ခံမိရင် မိမိရဲ့အကောင့်ပိတ်ခံရမှာဖြစ်သလို ငွေအဝင်လမ်းကြောင်းကို ဖြေရှင်းမပြနိုင်ရင် မြွေပါလည်းဆုံး သားလည်းဆုံး ဖြစ်တတ်ပါတယ်။
မြဝတီ / မဲဆောက် ငွေလဲ လောကမှာတစ်လောတုန်းက ဘတ် ၂/၃ သိန်း အမောင့်လောက်နဲ့ အကောင့်တွေတစ်သီ တစ်တန်းကြီးပိတ်ခံရတာမျိုး ၊ တစ်ချို့ ဘဏ်အကောင့်အပိတ်ခံရလို့ ထိုင်းကိုလာပြီးဖြေရှင်းတုန်း လဝက မှာတင်အဖမ်းခံရတာမျိုးတွေ ကြားရသိရပါတယ်။
ဒါကြောင့် ငွေအဝင်အထွက် Transition တိုင်းကိုသတိထားကြဖို့ လိုအပ်ပါတယ်။ လောဘသားကောင် များမဖြစ်ကြဖို့ သတိပေးနိူးဆော်ပါရစေ ။
#ဘန်ကောက်လမ်းညွှန်ကိုစိုင်း
crd