Ko linn for Myanmar

07/11/2024
စိတ်ကို ကျွဲထိန်းသလို ထိန်းပါတစ်ခါတော့ မြစ်၀ကျွန်းပေါ် ဒေသတစ်ခုသို့ ဆရာတော် တရားဟောကြွလေ၏။ထိုဒေသတွင် မိုးများသည့်အတွက် တ...
05/01/2023

စိတ်ကို ကျွဲထိန်းသလို ထိန်းပါ

တစ်ခါတော့
မြစ်၀ကျွန်းပေါ် ဒေသတစ်ခုသို့
ဆရာတော် တရားဟောကြွလေ၏။

ထိုဒေသတွင် မိုးများသည့်အတွက်
တောင်ယာသမား အများစုသည်
နွားအစားကျွဲများဖြင့်သာ
ထွန်ယက်စိုက်ပျိုးကြရလေ၏။
ကျွဲများသည် သန်မာထွားကျိုင်းပြီး
ချိုကြီးများကားနေ၏။

ဆရာတော်သည်
ကျွဲကြီးများကို မြင်သောအခါ
ထိုဒေသမှ ဒကာကြီးများကို
ယခုကဲ့သို့ မေးကြည့်လေ၏။

ဒကာကြီး
ဒီလောက်သန်မာတဲ့ ကျွဲကြီးတွေက
ဒကာကြီးတို့ကို ပြန်ပြီး
ရန်မမူကြဘူးလား

တစ်ခါတလေတော့ ရန်မူတယ်ဘုရား၊
တလောက ဟိုဘက်ရွာက
တောင်သူတစ်ယောက်
ကျွဲခတ်လိုက်တာ ဗိုက်ပေါက်ပြီး
နေရာမှာတင် ပွဲချင်းပြီးသေတာပါရောလား
ဘုရား

အိုး ကြောက်စရာ ကောင်းလိုက်တာ၊
ကျွဲထိန်းရတာလည်း
တော်တော်အန္တရာယ်များတာပဲ

ဒါက ဖြစ်ခဲပါတယ်ဘုရား၊
သူတို့ ကျွဲထိန်းတဲ့နေရာမှာ
ညှာလိုက်လို့ပါ

ဒကာကြီးက ဘယ်လိုထိန်းလို့လဲ၊
ကြောက်အောင် ရိုက်နှက်ထားလို့လား

တစ်ချက်မှ ရိုက်နှက်စရာမလိုဘဲ
ထိန်းတဲ့နည်းရှိတယ်ဘုရား

ဒကာကြီးတို့နည်းက ဘုန်းကြီးတို့လို
မေတ္တာသမားနဲ့ ကိုက်တာပေါ့၊
ဘယ်လိုထိန်းတာလဲ

အလုပ်နဲ့ ထိန်းတာပါဘုရား၊
လယ်ချိန် လယ်ထွန်တယ်၊
ယာချိန် ယာထွန်တယ်၊
လယ်တွေ၊ ယာတွေ မရှိရင်
ရေခပ်ခိုင်းတယ်၊
ရေစည်ကိုလှည်းပေါ်တင်ပြီး
မြစ်ရေကိုသယ်တယ်၊
ရေသယ်စရာ မရှိရင်
ထင်းလိုက်တယ်ဘုရား

အဲဒီလို မနားတမ်း ခိုင်းနေမယ်ဆိုရင်
ဒီကျွဲဟာပင်ပန်းပြီး
ညောင်းနေတဲ့အတွက်
နားရတဲ့အချိန်လေးမှာ
ငြိမ်နေတာပေါ့ဘုရား။ ဒေါသဖြစ်ချိန်ကို
မပေးတော့ဘူးဘုရား

အို
ဒကာကြီးတို့ပြောတဲ့ ကျွဲထိန်းနည်းက
ဘုန်းကြီးအတွက်တော့
တရားတစ်ပုဒ်ပါပဲ၊
ကျွဲကြီးကို စိတ်နေရာမှာထားပြီး
စိတ်ကိုအလွတ်မထားဘူး
အမြဲခိုင်းနေမယ်ဆိုရင်
လောဘ၊ ဒေါသ၊ မောဟဆိုတဲ့
ကိလေသာတွေ မ၀င်နိုင်ဘူးပေါ့

ဒါကြောင့် ကိုယ်တော်တို့တတွေလည်း
စိတ်ကို အအားမပေးနဲ့၊
စိတ်ဆိုတာ မကောင်းတဲ့ဘက်မှာ
ပျော်တာအားနေရင် စာဖတ်၊ စာရေး၊
တရားနာ၊ တရားဟော
အဲဒီလို မနားတမ်း လုပ်ကြပါလို့
တိုက်တွန်းပါတယ်

ညီမေတ္တာ
(မေတ္တာရှင်သံခဲနှင့် ပန်းပဲဆရာများမှ)
c/o ( MS )

စကားပြောနည်း လူတွေနဲ့စကားပြောရင် သိပ်မပွင့်လင်းနဲ့။ကွယ်ရာကျ ကဲ့ရဲ့တတ်တယ်။လူတွေနဲ့စကားပြောရင် သိပ်မရောလိုက်နဲ့။ကိုယ့်အားန...
05/01/2023

စကားပြောနည်း

လူတွေနဲ့စကားပြောရင် သိပ်မပွင့်လင်းနဲ့။
ကွယ်ရာကျ ကဲ့ရဲ့တတ်တယ်။

လူတွေနဲ့စကားပြောရင် သိပ်မရောလိုက်နဲ့။
ကိုယ့်အားနည်းချက်ကို နင်းသွားတတ်တယ်။

လူတွေနဲ့စကားပြောရင် သိပ်မစပ်စုနဲ့။
အထင်သေး အမြင်သေး ပြန်ကြည့်တတ်တယ်။

လူတွေနဲ့စကားပြောရင် သိပ်မဝေဖန်နဲ့။
ရွံစရာလူလို့ သတ်မှတ်တတ်မယ်။

လူတွေနဲ့စကားပြောရင် သိပ်မချီးကျူးနဲ့။
မရိုးသားသူလို့ မြင်သွားတတ်မယ်။

လူတွေနဲ့စကားပြောရင် ဖြတ်မပြောနဲ့။
မယဉ်ကျေးသူလို့ သတ်မှတ်တတ်တယ်။

လူတွေနဲ့စကားပြောရင် သိပ်မမေးပါနဲ့။
မပေါင်းသင့်သူလို့ သတ်မှတ်တတ်မယ်။

လူတွေနဲ့စကားပြောရင် သိပ်အတင်းမပြောနဲ့။
သူ့အကြောင်းလည်း အခြားလူတွေကို
သင်ပြောမှာပဲလို့ သတ်မှတ်တတ်တယ်။

သိထားရမှာက
လူတိုင်းက စိတ်သောကများကြတဲ့အတွက်
ပေါ့ပေါ့ပါးပါး စိတ်ချမ်းသာစရာစကားပဲ
ကြားချင်ကြတယ်။
သို့ဖြစ်၍ သူတစ်ပါးစိတ်ချမ်းသာဖို့
အဓိကထား ရည်ရွယ်ပြောဆိုပါ။

စကားဆိုတာအမှန်တရားဖြစ်စေဦးတော့
ပြောသင့် မပြောသင့် ချင့်ချိန်ပါ။
မှန်တဲ့စကားက နားထောင်သူအတွက်
အကျိုးရှိကောင်းရှိမယ်။
ပြောတဲ့သူအတွက်တော့ အန္တရာယ်အသွယ်သွယ်
ရန်အသွယ်သွယ် ဖြစ်ပွားတတ်တယ်နော်။
အရမ်းရင်းနှီးသူပင်ဖြစ်ပါစေ။
စကားကို ချင့်ချိန်ပြောလိုက်ပါ။

ကြီးပြင်းခဲ့တဲ့  ပတ်ဝန်းကျင်  ဖြတ်သန်းဖူးတဲ့  ဘဝတွေမတူတော့ အရာဝတ္ထုတစ်ခုပေါ် ကြည့်တဲ့အကြည့်တွေလည်း ခြားနားခဲ့တယ်။ စိတ်ပည...
03/01/2023

ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်
ဖြတ်သန်းဖူးတဲ့ ဘဝတွေမတူတော့
အရာဝတ္ထုတစ်ခုပေါ် ကြည့်တဲ့
အကြည့်တွေလည်း
ခြားနားခဲ့တယ်။


စိတ်ပညာရှင်တစ်ဦးက
(၇)နှစ်အရွယ် ကလေးနှစ်ယောက်ကိုရှာပြီး
ဆန်းစစ်မှုတစ်ခု ပြုလုပ်ခဲ့တယ်။

က အိမ်မှာ မွေးချင်း(၆)ယောက်ရှိတဲ့၊
ဆင်းရဲသားမိသားစုကလာတဲ့
ကလေးဖြစ်တယ်။

က ချမ်းသာတဲ့ ဆရာဝန်တစ်ဦးရဲ့
တစ်ဦးတည်းသောသားဖြစ်တယ်။

ပညာရှင်က ကလေးနှစ်ယောက်ကိုခေါ်ပြီး
ပန်းချီကားတစ်ချပ်ပြခဲ့တယ်။

ပန်းချီကားက ယုန်ကလေးတစ်ကောင်က
ထမင်းစားပွဲမှာထိုင်ပြီး ငိုနေတဲ့ပုံဖြစ်တယ်။

စားပွဲဘေးမှာ
မျက်နှာထားတင်းတဲ့ယုန်မေမေရပ်နေတယ်။

စိတ်ပညာရှင်က ကလေးနှစ်ယောက်ကို
ပန်းချီကားရဲ့အဓိပ္ပာယ်မေးခဲ့တယ်။

ပန်းချီကားကိုကြည့်ပြီး
Tom က "ယုန်ကလေးငိုနေတာက
ဗိုက်မဝသေးလို့ဖြစ်တယ်။

အစာထပ်စားချင်ပေမယ့်
အိမ်မှာစားစရာ မကျန်တော့ဘူး။

ဒါကြောင့် ယုန်မေမေ
စိတ်မကောင်းဖြစ်နေခဲ့တယ်" လို့
ချက်ချင်းပြန်ဖြေတယ်။

"ဒီလိုမဟုတ်ဘူး" Andy က ကြားဝင်ပြီး

"ယုန်ကလေးငိုနေတာ
အစာကိုထပ်မစားချင်တော့လို့ ဖြစ်တယ်။

ဒါပေမယ့် သူ့မေမေက
အတင်းစားခိုင်းနေလို့
ငိုနေတာဖြစ်တယ်" လို့ပြောတယ်။

ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်၊
ဖြတ်သန်းဖူးတဲ့ဘဝတွေ
မတူတော့ အရာဝတ္ထုတစ်ခုပေါ်
ကြည့်တဲ့အကြည့်တွေလည်း ခြားနားခဲ့တယ်။

မတူညီတဲ့ ရှုထောင့်ကနေ
ကြည့်တတ်ရင်မတူတဲ့
အတွေ့အကြုံတွေကို ရနိုင်ပါတယ်။

ဒါကြောင့် ဘက်ပေါင်းစုံကနေပြီး မတူတဲ့လူ၊
မတူတဲ့အရာဝတ္ထု၊ အဖြစ်အပျက်တွေကို
လက်ခံနိုင်အောင်ကြိုးစားပြီး

တစ်ဦးကိုတစ်ဦးလေးစားကြည်ညို၊
ခွင့်လွှတ်နားလည်၊
ကိုယ်ချင်းစာမှုတွေပေးသင့်ပါတယ်။

#မူရင်းရေးသားသူကို လေးစားစွာဖြင့်

2023အတွက် စကားလက်ဆောင်   ၁။ အတိတ်က အဆိပ်တွေကို ထုတ်ခဲ့ပါ။     (လူတိုင်းက အမှားနဲ့ မကင်းကြဘူး။) ၂။ ပစ္စုပ္ပန်မှာ တန်ဖိုးရ...
31/12/2022

2023အတွက် စကားလက်ဆောင်


၁။ အတိတ်က အဆိပ်တွေကို ထုတ်ခဲ့ပါ။
(လူတိုင်းက အမှားနဲ့ မကင်းကြဘူး။)

၂။ ပစ္စုပ္ပန်မှာ တန်ဖိုးရှိစွာ ရှင်သန်ပါ။
(ယခုလက်ရှိအချိန်က အသေချာဆုံးနဲ့
တန်ဖိုးအရှိဆုံးပဲ။)

၃။ မိဘတွေကို အရင်ကထက် ပိုချစ်ပါ။
(မရှိတော့ရင် အစားထိုးလို့ မရဘူး။)

၄။ ပျော်ရွှင်ရည်မောဖို့ မမေ့ပါနဲ့။
(ဒုက္ခမိုးတွေက ကိုယ်တစ်ယောက်ထဲကိုမှ
ကွက်ရွာချတတ်တဲ့ ကွက်ကြားမိုး မဟုတ်ဘူး။)

၅။ ကိုယ့်ရဲ့ဖြစ်တည်မှုကို ကျေနပ်စွာ လက်ခံပါ။
(သူက သူ/ ကိုယ်က ကိုယ်ပါပဲ။)

၆။နဂိုအပူထက် အပိုအပူတွေ မယူမိပါစေနဲ့။
(ဘဝက တိုတောင်းလွန်းတယ်။)

၇။ ကုသိုလ်ပြုဖို့ အချိန်ပေးပါ။
(ကုသိုလ်က နုပျိုစေတယ်။)

၈။ စာဖတ်ပြီး ကမ္ဘာပတ်(ခရီးထွက်)ပါ။
(သက်မဲ့အရာတွေထဲမှာ စာပေက သစ္စာအရှိဆုံးပဲ။)

၉။ လူတွေရှေ့မှာ သိပ်မပွင့်လင်းပါနဲ့။
(ကွယ်ရာကျ မဲ့ကာပြတဲ့သူတွေက များတယ်။)

၁၀။ ကိုယ့်အကြောင်း ကိုယ်သိအောင်လုပ်ပါ။
(များသောအားဖြင့် လူတွေက သူများအကြောင်းပဲ
သိအောင် ကြိုးစားပြီး ကိုယ့်အကြောင်းကို ဘာမှ
မသိပဲ ကြွေလွင့်သေဆုံးသွားကြတာ များတယ်။)

ကဲ!!
ခေတ်ကာလက ရောဂါတွေပို အသက်တွေတိုလာပြီ၊
ဘယ်လောက်နေရမလဲမသိတဲ့ နောက်ဆုံးလက်ကျန်
နေ့ရက်လေးတွေမှာ ဘယ်သူကိုမှ မထိခိုက်ဘဲ
ကိုယ်လိုချင်တာကို ရနေသလိုမျိုး ဘဝကို လွတ်လပ်
ပေါ့ပါးပျော်ရွှင်စွာနဲ့ ရည်မောနေထိုင်သွားကြရအောင်။

Crd မေတ္တာဖြင့်
အရှင်စန္ဒာဝရာလင်္ကာရ🙏
မဟာဂန္ဓာရုံ

ဒီပုံပြင်လေးကိုဖတ်လိုက်ရတာ ရင်ထဲကို နွေးထွေးသွားစေလို့ ...စာပေချစ်သူတို့ဆီ ပြန်လည်ဝေငှပါတယ် ... အမျိုးသားတစ်ယောက်က အဖွား...
24/12/2022

ဒီပုံပြင်လေးကို
ဖတ်လိုက်ရတာ ရင်ထဲကို နွေးထွေး
သွားစေလို့ ...

စာပေချစ်သူတို့ဆီ ပြန်လည်
ဝေငှပါတယ် ...

အမျိုးသားတစ်ယောက်က
အဖွားအိုကြီးရောင်းတဲ့
လိမ္မော်သီးတွေကို အမြဲ ဝယ်လေ့ရှိတယ် .. ။

သူ့စိတ်ကြိုက်
လိမ္မော်သီးတွေ ရွေးပြီးတာနဲ့
ကီလိုချိန်တယ် ..

အဲဒီ့အတွက်
ကျသင့်ငွေတွေရှင်းပြီး
သူ့လွယ်အိတ်ထဲပဲ ထည့်ယူသွားတယ် ... ။

ဒါပေမဲ့
အဲဒီလို လွယ်အိတ်ထဲ
လိမ္မော်သီးတွေထည့်တိုင်း သူလုပ်လေ့ရှိတာကတော့ ..

လွယ်အိတ်ထဲ
ပိုက်ဆံရှင်းပြီးသား
လိမ္မော်သီးအားလုံး ထည့်ပီးတာနဲ့

လိမ္မော်သီးတစ်လုံးကို
အိတ်ထဲက ပြန်ထုတ်တယ် .. ။

ဆိုင်မှာပဲ အခွံခွာပြီး
လိမ္မော်သီးကို စားကြည့်တယ် .. ။

ပြီးတော့
ဒီလိမ္မော်သီးက အရမ်းချဉ်တာပဲ" လို့ လိမ္မော်သီးတစ်စိတ်ကို စားရင်း သူကပြောပြီးတာနဲ့ ကျန်တဲ့ တစ်လုံး လုံးကို

ဆိုင်ရှင်အဖွားကြီးကို
ပေးလိုက်တယ်

အဖွားအိုကြီးကလဲ
တစ်စိတ်စီစားကြည့်ရင်းနဲ့

ဘာဖြစ်လို့လဲ မချဉ်ပါဘူး ..
သူက ချိုပါတယ် လူကလေးရဲ့ " လို့ ပြန်ပြောတယ်ဆိုရင်ပဲ

အဲဒီလူဟာ
သူ့ရဲ့ လိမ္မော်သီးအိတ်
ကလေးလွယ်လို့ ထွက်သွားနှင့်ပြီ ဖြစ်တယ် ..

ဒီအပြုအမူဟာ
သူလိမ္မော်သီးလာဝယ်တိုင်း
လုပ်နေကျပါပဲ ...

တစ်ခါတော့
သူနဲ့ အမြဲတူတူ လိုက်လာတဲ့
ဇနီးဖြစ်သူက နားမလည်နိုင်စွာ မေးတယ် ..

အဲဒီ အမေကြီး ဆိုင်က
လိမ္မော်သီးတွေက အမြဲချိုပါတယ် ..

ဒါပေမဲ့ ရှင်ကဘာကြောင့်
အဲဒီလိုပဲ အမြဲ လုပ်နေရတာလဲ .. "

ထိုအခါ
ယောကျာ်းဖြစ်သူက
ပြုံးပြီးပြောတယ် ..

အမေကြီးက
ချိုမြိန်တဲ့လိမ္မော်သီးတွေ
အမြဲရောင်းပေမဲ့ ပိုက်ဆံမတတ်နိုင်လို့

သူ့လိမ္မော်သီးတွေကို
သူတောင်မစားဖူးဘူး ..

ငါဒီလိုလုပ်လိုက်တဲ့နည်းနဲ့
သူက မြည်းကြည့်ရင်းပဲဖြစ်ဖြစ်
သူ့ပိုက်ဆံတပြားမှ မကုန်ပဲ
လိမ္မော်သီး ချိုချိုလေးတစ်လုံး
စားလိုက်နိုင်တာပေါ့ .. " တဲ့ ။

ဒီလိုပဲ ..
အဖွားအိုရဲ့ ဘေးဆိုင်က
စျေးသည်မိန်းမကလဲ
အဲဒီအမျိုးသားကို ပြစ်တင်ဝေဖန်တယ် ..

ရှင့်ဆိုင်က လိမ္မော်သီးတွေက
ချိုရဲ့သားနဲ့ အဲဒီလူက
အမြဲချဉ်တယ်ပြောတယ် ...

ဒါတောင် ရှင်က အမြဲ
အစစ်ပိုထည့်ပေးတယ်နော် .. "

ဒီစကားကြားတော့
အမေအိုကြီးက ကျေကျေနပ်နပ် ပြုံးလိုက်ရင်း ..

သူဒီလိုလုပ်တာ
ငါ့ကို လိမ္မော်သီး အလကားကျွေးချင်လို့ ဆိုတာ ငါသိတယ် ..

ငါက အစစ်ထည့်ပေးတာ
မဟုတ်ပါဘူး ..

သူ့ရဲ့ မေတ္တာတရားက
အလေးသာသွားတာပါ .. " လို့
ပြောပြလိုက်ပါတယ်

ဘဝရဲ့ ပျော်ရွှင်မှု့တွေဟာ
ဒီလိုသေးငယ်တဲ့ ချစ်စရာ အပြုမူ့လေးတွေလိုပဲ ..

လူသားအချင်းချင်း
အသားရောင်ခွဲခြားမှု့မရှိ ..

ဘာသာရေး ခွဲခြားမှု့တွေ
ကင်းကွာကာ အဆင့်အတန်း ခွဲခြားမှု့တွေက ရုန်းထွက်ရင်း ..

တစ်ဦးပေါ် တစ်ဦး
မေတ္တာထားကြရင်း ..

တစ်ဦးပေါ် တစ်ဦး စာနာ
နားလည်ပေးကြရင်း နဲ့ ..

ဒီလိုနဲ့ ...
ဘဝရဲ့ ပျော်ရွှင်မှု့တွေဟာ
စတင်ကြတယ် ...

oV
မြန်မာမှု့ပြု၍ ဘာသာပြန်သည် ..

....Sayar Soe

ချစ်ခြင်းများဖြင့်...

Moy Tun (စာပေ ပရဟိတ )

"ပြည်သူကိုရန်သူလုပ်မိတာဟာ ဒီစစ်အုပ်စုရဲ့အမှားတကာ အမှားထဲမှာ အဆိုးဆုံးအမှားပဲ"နွေဦးတော်လှန်ရေးမှာက ချစ်မေတ္တာနဲ့ ဥာဏ်ပညာ...
13/06/2022

"ပြည်သူကိုရန်သူလုပ်မိတာဟာ ဒီစစ်အုပ်စုရဲ့အမှားတကာ အမှားထဲမှာ အဆိုးဆုံးအမှားပဲ"

နွေဦးတော်လှန်ရေးမှာက ချစ်မေတ္တာနဲ့ ဥာဏ်ပညာ ဦးစီးတာ

ကိုမင်းကိုနိုင်

 #ဇော်မဲလုံးသို့အိပ်ဖွင့်ပေးစာသို့/      ဇော်မဲလုံး     နေပြည်တော်ဇော်မဲလုံးရေ.. မင်းက NUG ရဲ့ လူကြီးတွေကို မိမိလုပ်ရပ်မ...
06/06/2022

#ဇော်မဲလုံးသို့အိပ်ဖွင့်ပေးစာ

သို့/
ဇော်မဲလုံး
နေပြည်တော်

ဇော်မဲလုံးရေ.. မင်းက NUG ရဲ့
လူကြီးတွေကို မိမိလုပ်ရပ်မှန်တယ်ထင်ရင်
ရှေ့ထွက်လာခဲ့ဆိုလို့ ပြောရတာပါ ။

တော်လှန်ရေးကြီး ဖြစ်လာတယ်ဆိုတာ
ဒေါ်အောင်ဆန်းစုကြည်ကြောင့်လည်းမဟုတ်ဘူး သမ္မတကြီးကြောင့်လဲ မဟုတ်ဘူး ...

ဒေါက်တာ.ဇော်ဝေစိုး
ဒေါက်တာ.ဆာဆာ
မင်းကိုနိုင် မှအစ
NUG ဝန်ကြီး ဝန်လေးတွေကြောင့်မဟုတ်ဘူး ...

အဖ်ိနှိပ်ခံပြည်သူတွေက
မခံမရပ်နိုင်လွန်းတာကြောင့်
ပေါက်ကွဲအား ပြင်းထန်ပြီး လက်နက်ကိုင်
တော်လှန်ရေးကြီး ဖြစ်ပေါ်လာရတာပါ ။

တော်လှန်ရေးကြီး ဖြစ်ပီဆိုရင်
တော်လှန်ရေးကို ဦးဆောင်မယ့်
ခေါင်းဆောင်ပိုင်းဆိုတာ ပေါ်လာရစမြဲပါ ။

ရည်ရွယ်ချက်တူတဲ့
အားလုံးကယုံကြည်လေးစားသူ
ပညာတတ် အသိပညာရှင် အတတ်ပညာရှင်
နိုင်ငံရေးကြွယ်ဝသူများဟာ
သူ့အလိုလို ပေါ်ပေါက်လာစမြဲပါ ။
ဘယ်သူကမှ တွန်းတင်ကြတာမဟုတ်ပါဘူး ...

အရင်တုန်းက
လေပေါ်က အစိုးရဆိုပြီး ဂရုမစိုက်ခဲ့ဘူး
တူမီး နဲ့တော်လှန်ရေးလူငယ်တွေကို
အထင်သေးခဲ့တယ် ။

ခုတော့ လက်နက်အင်အား
လူအင်အား ငွေအင်အား ပြည့်စုံနေတဲ့
တော်လှန်ရေးကြီးကို
လေပေါ်ကလို့ ပြောပါအုန်းလား
မပြောရဲတော့ဘူး မဟုတ်လား ...

ဒီတော့ တော်လှန်ရေးက
လူငယ်တွေနဲ့ NUG အကြား
သွေးခွဲစကား ပြောလာပြန်တယ် ။

ဒီလူငယ်တွေကို
လက်နက်ငွေကြေး ရိက္ခာထောက်ပံ့နေတာ
NUG ပါ ၊ တော်လှန်ရေးမှာ
ငွေရှာသူကရှာ စီမံခန့်ခွဲသူက ခန့်ခွဲ
တိုက်ပွဲဝင်သူက ဝင်နေကြပီး
လက်တွဲညီနေကြတာ တွေ့လေလေ
စကစဟာ သွေးလေခြောက်ခြား
ဖြစ်နေတာ အားလုံးအသိပါ ။

ဇော်မဲလုံး ပြောသလို
NUG အစိုးရဟာ တနေ့ ရှေ့ထွက်လာမှာပါ ။

သိပ်မကြာတော့ပါဘူး
အဲ့တနေ့ ရောက်လာရင်တော့
စကစဟာ ပြေးနိုင်ရင်ပြေး မပြေးနိုင်ရင်
လည်ပင်း ကြိုးကွင်းစွပ်ခံရမယ့်နေ့ဆိုတာ ..

ဇော်မဲလုံးပြောတဲ့
သတ္တိရှိလို့ ရှေ့ထွက်လာတဲ့နေ့ ဖြစ်လာပါလိမ့်မယ် ။

အဲနေ့ဟာ..မငျးတျို့ လည်ပင်း
ကြိုးကွင်း စွတ်တဲ့နေ့..ဂဠုန်ဦးစော ကိုသာ
နမူနာကြည့်ထား..မအလ တွေရေ့ !!!


#မောင်ကြီး
Credit

28/05/2022

ပလ္လင်ပေါ်တက်တဲ့
ခွေး မောင်းချတာ
မဆင်းလို့ ရိုက်ထုတ် ထိုးထုတ် နေပီ သေသေ ရှင်ရှင်
သင်လည်းဝင်ရိုက်ပါ။

"ဗိုလ်ချုပ်က      ဦးနုကိုပြောသတဲ့ ။      ဒီမှာ ... ကိုနု      အသိဉာဏ်ရှိတဲ့ ဒေသမှာ      အမှားနဲ့အမှန်ကို စကားလုံးနဲ့    ...
27/05/2022

"ဗိုလ်ချုပ်က
ဦးနုကိုပြောသတဲ့ ။

ဒီမှာ ... ကိုနု
အသိဉာဏ်ရှိတဲ့ ဒေသမှာ
အမှားနဲ့အမှန်ကို စကားလုံးနဲ့
ခွဲခြားပြီးပြောပြလို့ ရကောင်းပေမယ့်
အသိဉာဏ်မရှိတဲ့ ဒေသမှာ
ဗုဒ္ဓဘုရားရှင် ကြွလာပြီး တရားဟောတောင်
နားညည်းလို့ အပြစ်ပြောမယ့်သူတွေ တပုံကြီး
အဲဒီတော့ ကျုပ်တို့မှာ
လုပ်စရာ တစ်ခုပဲရှိတယ်
ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ
တိုင်းပြည် ကောင်းစားဖို့ဆိုရင်
ဒရွတ်တိုက်ပြီး ဆွဲခေါ်သင့်ရင် ခေါ်ရမှာပဲ ။

(ဗိုလ်ချုပ်အောင်ဆန်း)
လေးစားလျှက်

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ko linnผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์