23/02/2026
Customer ❤️❤️❤️
T.W.W.G.M မှာရှိတဲ့ အကိုအမများအားလုံးကို
တကယ်ကို စိတ်ထဲကနေ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ 🙏
Page လုပ်လာတဲ့သက်တမ်းတစ်လျှောက် Error တွေတော့ တော်တော်ကြုံခဲ့ရပါတယ်။ ဒါပေမယ့် Customer နဲ့ စကားများခဲ့ဖူးတာဆိုလို့ တစ်ယောက်ပဲရှိပါတယ်။ အဲ့တုန်းကလည်း Plates Carrier ကို မရောင်းရလားဆိုပြီး လာပြောတာ၊ ကိုယ်လည်း စိတ်ညစ်နေတဲ့အချိန်ဆိုတော့ စကားနည်းနည်းများသွားတာပါ 😅
အဲဒီတစ်ယောက်ကလည်း မဝယ်ဖြစ်ခဲ့ပါဘူး။
2025 June လောက်ကစပြီး နိုင်ငံအခြေအနေကြောင့် ကားပိတ်တာတွေဖြစ်ပြီး ပစ္စည်းတွေ အဝင်နှေးသွားခဲ့ပါတယ်။
ကျွန်တော်တို့လည်း စောင့်ရ၊ အကိုအမတို့လည်း စောင့်ပေးခဲ့ရနဲ့ အချိန်တော်တော်ကြာသွားခဲ့ပါတယ်။
စောင့်နေရင်းနဲ့ကြာသွားတော့ကဲဒီလိုဆိုရင်တော့မဖြစ်ဘူး ဆိုပြီး Cargo တွေကိုပြန်ချိတ် ပြီး ရုံးမှာသောင်တင်နေတဲ့ပစ္စည်းတွေကို ချက်ချင်းထုတ်ဖို့အတွက် ရုံးကို request လုပ် ပြီး တခြားအဆင်ပြေတာနဲ့ပို့ဆောင်ခဲ့
ပါတယ်နော် ကျနော်တို့ကြောင့်ပစ္စည်းမရတဲ့သူမရှိရအောင်ကျနော်တို့အကောင်းဆုံးလုပ်ပေးပါတယ်ဗျာ
အခုနောက်ဆုံးရောက်လာတဲ့ IDOGEAR Combat Shirt (အမဲ) ဆိုရင်လည်း ပိတ်ထားတဲ့အချိန်ကတည်းက အော်ဒါတင်ထားတာပါ။ ဒီနေ့မှပဲ ရောက်လာတာဆိုတော့ တကယ်ကို စိတ်မကောင်းလည်း ဖြစ်၊ ကျေးဇူးလည်း အရမ်းတင်ပါတယ် 🙏
Error တွေကို နားလည်ပေးပြီး
သည်းခံစောင့်ပေးတဲ့ အကိုအမတို့အားလုံးက တကယ့်ကို အကောင်းဆုံး Customer တွေပါ ❤️
အမြဲယုံကြည်အားပေးနေတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။
နောက်လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါမယ် 💪
ကျနော်တို့နောက်ပိုင်းပစ္စည်းမှာယူရင် Customer မှာတဲ့ပစ္စည်းကို Cargo fee ပါပေါင်းထားပါတယ်
Clothing only လုပ်တာကြောင့် ကန့်သတ်ပစ္စည်းများ
တော့မရနိုင်တဲ့အတွက်၀မ်းနည်းပါတယ်နော်
Online shopping ဖြစ်တာကြောင့် military clothing တင်မဟုတ်ဘူးတခြား cloth တွေနဲ့ အသုံးဆောင်ပစ္စည်းမျိူးမျိုး ရနိုင်ပါတယ်