10/10/2026
နောက်ဆုံးတစ်နေ့ ကိုယ့်အနားမှာ ဘယ်သူတွေကျန်ခဲ့မလဲ ဆိုတာ သိပ်မတွေးဖြစ်တော့ဘူး။ ကိုယ်ပဲကောင်းပြီး တစ်လောကလုံးက ရက်စက်တယ် ဆိုတာမျိုး ဒရမ်မာချိုးဖို့လည်း စိတ်ကူးမရှိဘူး။ လောကရဲ့ ရေစက်ရေပေါက်တွေဆိုတာ ကိုယ့်စိတ်ရဲ့စက်သွားစိပ်နဲ့ သူ့စက်သွားစိပ်လေး ကွက်တိကျတဲ့အခိုက်လေး ခဏတာမျိုးပါပဲ။ ဘဝက ဆက်သွားနေရဦးမှာ။ တချို့လက်တွေကို ဖြုတ်ချမှ ဖြစ်သလို တချို့လက်တွေရဲ့ လွှတ်ချခြင်းကိုလည်း ကြုံရတယ်။ စိတ်မနာပါဘူး။ ကိုယ်ဟာ သာမန်လူဖြစ်တဲ့အတွက် အမြဲတမ်းတော့ မကောင်းမွန်နိုင်ဘူး။ ကိုယ့်ဆိုးကွက်လေးတွေနဲ့ ထိတွေ့သွားသူတွေကို အားနာတယ်။ ကိုယ့်ရဲ့ ကောင်းတယ်ထင်ရတဲ့ အစိတ်အပိုင်းလေးတွေကို ဆက်စပ်ရှိနေပေးသူတွေကိုတော့ ကျေးဇူးတင်တယ်။ ဘဝဟာ အံချော်လေ့ ရှိတဲ့ စက်သွားစိပ်လေးပါပဲ။ အဲဒီအတွက် ကိုယ့်ကိုယ်ကိုရော အခြားသူတွေကိုပါ အပြစ်မတင်ဘူး။
#ခွန်းညိုသွေး