29/01/2023
်ဆိုတာ
🚫 Used, Secondhand အထည်မဟုတ်ပါဘူး။
နိုင်ငံတကာ နာမည်ကြီးတံဆိပ် ဖက်ရှင်ကုမ္ပဏီတွေရဲ့ ပြည်တွင်းအထည်ချုပ်စက်ရုံတွေမှာ CMP (Cut, Make, Pack) စနစ်နဲ့ အပ်ထားတဲ့ နိုင်ငံခြားကိုတင်ပို့ရမယ့် အထည်တွေထဲက အကြောင်းအမျိုးမျိုးကြောင့် ကျန်ခဲ့တဲ့အထည်တွေပဲဖြစ်ပါတယ်။
စက်ရုံတိုက်ရိုက်အထည်လို့ ပြောလည်းရပါတယ်။
#အားနည်းချက်တွေက
၁။ Packaging မလုပ်ထားဘူး။ အမြင်မလှဘူးပေါ့။ (တချို့က အပ်ထည်ကုမ္ပဏီစည်းမျဉ်းကြောင့် တံဆိပ်တွေပါ ဖျက်ထားတတ်တယ်။)
၂။ တချို့က QC မှာကျန်ခဲ့တဲ့အထည်ဖြစ်လို့ error (ချည်ကျော်၊ အရောင်လွဲစသဖြင့်သေးသေးလေးကနေ ခပ်ကြီးကြီးတွေထိ) ပါတတ်တယ်။
၃။ Size အစုံမရနိုင်ဘူး၊ Color မစုံနိုင်ဘူး။
၄။ update မရဘူး။ လိုချင်တိုင်း မရဘူး။
၅။ Made in Myanmar အထည်တွေပဲရမှာ ဖြစ်ပါတယ်။
#အားသာချက်တွေကတော့
၁။ စျေးနှုန်းအဆမတန် သက်သာတယ်။ (စက်ရုံတိုက်ရိုက်ဆိုတော့) လက်လီစျေးတင်ပဲ အနည်းဆုံး ၄-၅ ဆလောက်ကစကွာတယ်။
၂။ နာမည်ကြီး တံဆိပ်တွေကို မဖြစ်နိုင်တဲ့စျေးနဲ့ ရနိုင်တယ်။
၃။ Used မဟုတ်တော့ စိတ်ရှင်းရတယ်။
၄။ တခါတလေ ကံကောင်းရင် တံဆိပ်အပြည့်အစုံနဲ့ packaging ပါတဲ့အထည်တွေရနိုင်သေးတယ်။
၅။ နိုင်ငံခြားက နာမည်ကြီးတံဆိပ်တွေရဲ့အပ်ထည်ထဲကဖြစ်လို့ ပိတ်စ အရည်အသွေး၊ cutting တွေ၊ ချုပ်ရိုးချုပ်သားတွေက စျေးကွက်ထဲမှာရတဲ့ တရုတ်၊ ယိုးဒယားကတင်သွင်းလာတဲ့ အထည်တွေထက် အများကြီးသာတယ်။ (စျေးကြီးပိတ်စဝယ်ချုပ်ရင်တောင် ငွေကုန်ကြေးကြများပြီး အဆင်ပြေချင်မှ ပြေတတ်တာမျိုးရှိသေးတယ်လေ။)
၆။ နာမည်ကြီးတံဆိပ်တွေရဲ့ တန်ဖိုးကို ကို ငွေကုန်ကျမှု အများကြီးမရှိပဲ ရယူနိုင်တယ်။ (Official Brand ဆိုင်မှာ ပုံမှန် ၁ ထည်ဝယ်တဲ့တန်းဖိုးက Export ထည် ၄-၅ ထည်ထိရနိုင်တယ်။)
၇။ Officialဆိုင်က အထည်ပဲဖြစ်ဖြစ်၊ Export ထည်ပဲဖြစ်ဖြစ် လျော်လိုက်တာနဲ့ အနေအထားက အတူတူပဲဖြစ်သွားလို့ အရည်အသွေးက မလျော့သွားပါဘူး။
ဒီခက်ခဲတဲ့ကာလထဲမယ် ချွေတာရာလဲရောက်၊ Local ထုတ်ကို support လုပ်ရာလဲ ရောက်ဖို့ export ထည်လေးတွေ ဝတ်ကြစို့နော်။
Crd to original uploader