06/03/2021
Crd..
ကော်ရည်ခေါက်ဆွဲ ချက်နည်း😍😍😍
━━━━━━━━━━━━👇👇👇
(အဆင်ပြေအောင် (2) နည်းတင်ပေးထားပါတယ်
ကော်ရည်ခေါက်ဆွဲ လုပ်တော့မယ်ဆိုလျှင် ဂျုံခေါက်ဆွဲခြောက် ၊ ကြက်သား ၊ မှိုခြောက် ၊ ပန်းခြောက် ၊Sausage(ကြိုက်လို့တမင်ထည့်တာပါ၊ သာမန်အားဖြင့်မထည့်စားတတ်ကြပါဘူး ) ၊ ကော်မှုန့် ၊ ဘဲဥ ၊ ကန်စွန်းရွက် ၊ ပဲငံပြာရည် ၊ ဆား ၊ သကြား နဲ့ ရေတို့ အဓိက လိုအပ်ပါတယ် ။ ငရုပ်ကောင်း ၊ ကြက်သွန်ကြော်နဲ့ ငပိထောင်းလည်း လိုအပ်ပါသေးတယ် ။
ပထမဆုံး ဂျုံခေါက်ဆွဲခြောက်ကို ပျော့အိလာစေဖို့ ပွက်ပွက်ဆူနေတဲ့ ရေထဲ ခဏနှစ်ထားပေးရပါမယ် ။ ကိုယ်ကြိုက်တဲ့ အနေထား အပျော့မာကိုကြည့်ပြီး ခေါက်ဆွဲကို ပြန်ဆယ်ထားကာ …
ရေအေးထဲ နှစ်ပြီး ခဏ အအေးခံရပါမယ် ။
ကျွန်မကတော့ ရေအေးနဲ့ အအေးခံတဲ့အပြင် ၊ ရေအေးထဲက ဆယ်ပြီးသား ခေါက်ဆွဲကို စကာထဲထည့်ပြီး …ရေခဲတုံးတွေပါ ခေါက်ဆွဲပေါ်တင်ပြီး … အအေးခံထားလိုက်ပါတယ် …. ။အဲ့လိုမှ အအေးမခံလျှင် ၊ ခေါက်ဆွဲတွေလုံးထွေးပြီး ကပ်ကုန်နိုင်တာကြောင့်ပါ ။
ပြီးတာနဲ့ ဟင်းရည်အတွက် ကြက်သားကို …ပဲငံပြာရည် ၊ ဆား ၊ သကြားနယ်ပြီး … နူးနေအောင် ပြုတ်ပေးရပါမယ် ။ ကြက်သားနူးပြီဆိုလျှင် အသားတွေကို ဆယ်ပြီး အတုံးသေးလေးတွေဖြစ်အောင် နုတ်နုတ်စင်းပေးရပါမယ် ။
ပွက်ပွက်ဆူနေတဲ့ကြက်ပြုတ်ရည်ထဲကိုစင်းထားတဲ့အသားတုံးတွေပြန်ထည့် ပြီးလျှင်
ကော်မှုန့်ကို ရေနဲ့ ဖျော်ပြီး လိုသလောက်ထည့်ရပါမယ် ။
အဲ့ဒီနောက် မှိုခြောက် ၊ ပန်းခြောက်နဲ့ ၊ sausage တွေကိုလည်း လိုသလောက် ထည့်ပေးရပါမယ် …
၊ ပြီးတာနဲ့ ကြက်ဥ နှစ်လုံးကို အကာရော ၊ အနှစ်ပါရောမွှေထားတဲ့ အရည်ကို ….ပွက်ပွက်ဆူနေတဲ့ ဟင်းအိုးထဲ ဇွန်း တစ်ဇွန်း နဲ့ .. ဖြည်းဖြည်း ချင်း လောင်းထည့်ပေးရပါမယ် ။ ဒါမှသာ ပွက်ပွက်ဆူနေတဲ့ အိုးထဲ ကျလာတဲ့ ဘဲဥအရည်က အမျှင်လေးတွေ ဖြစ်စေမှာပါ ။
ဆား ၊ သကြား လိုသလောက်ထည့်ပြီးတာနဲ့ … ငရုပ်ကောင်းလေးနည်းနည်း ဖြူးထည့်ပေးရပါမယ် ။
ငရုပ်ကောင်းနံ့လေးမွှေးလာတာနဲ့ ဟင်းရည်အိုးကို မီးပိတ်ပြီး ကန်စွန်းရွက်တွေကို အပေါ်က ဖြန့်ထည့် ၊ အဖုံး ပြန်အုပ်ထားရပါမယ် ။(တစ်ချို့က ငရုပ်ကောင်းကို ပန်းကန်ထဲရောက်မှ လိုသလိုလည်း ထည့်စားတတ်ကြတယ်) ။
ဟင်းအိုးမီးပိတ်ပြီးမှ ၊ ကန်စွန်းရွက်ကို နောက်ဆုံးမှ ထည့်တာ ၊ စိမ်းနေအောင်လို့ပါ ကန်စွန်းရွက် နွမ်းသွားလျှင် စားချင်စရာမကောင်းတော့လို့ပါ ။
သုံးမိနစ်လောက်ကြာတာနဲ့ ဟင်းရည်အိုး အပူရှိန်ကြောင့် ကန်စွန်းရွက်လည်း စားလို့ ရတဲ့ အနေထား ရောက်ပါပြီ ။
ဒါဆိုလျှင် ကော်ရည်ခေါက်ဆွဲ အတ