08/03/2023
International Women’s Day မှာ ကိုယ် တကူးတက သေချာမှာထားတဲ့ ဒီစာအုပ်လေးနှစ်အုပ်ကို မိတ်ဆက်ပေးချင်ပါတယ်။
ဒီနှစ်ရဲ့ women’s day hashtag က တော့ တဲ့ သာတူညီမျှမှုတွေကို ထွေးပိုက် လက်ခံ မြှင့်တင်ဖို့ပေါ့။ သာတူညီမျှမှုတွေကို လက်ခံမြှင့်တင်ဖို့ ဒီလိုလှုပ်ရှားမှုတွေ လုပ်နေရခြင်းဟာ ကျမတို့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ကျားမ ခွဲခြားဖိနှိပ်မှုတွေရှိနေသေးလို့ပါပဲ။ ဒီဖိနှိပ်မှုတွေကို တိုက်ထုတ်ချင်တယ်ဆိုရင် ကျမတို့ဟာ ဒီလိုဖိနှိပ်မှုတွေ တည်ရှိနေတယ်ဆိုတဲ့ အမှန်တရားကိုလက်ခံဖို့ လိုပါတယ်။
“ကျွန်ုပ်တို့ အားလုံး ဖီးမီးနစ် ဘာကြောင့်ဖြစ်သင့်သလဲ။” နဲ့ “ဖီးမီးနစ် အကြံပြုချက် ၁၅ ချက်” ဘာသာပြန်စာအုပ်နှစ်အုပ်ကတော့ ကျမတို့ နေ့ဒဓူဝ ရှင်သန်လှုပ်ရှားမှုတွေကြားက မသိမသာ၊ သိသိသာသာ တည်ရှိနေတဲ့ ကျားမ ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုတွေနဲ့ ဒါတွေကို ဘယ်လို ရင်ဆိုင်ရမလဲ၊ သာတူညီမျှမှုတွေကို ဘယ်လိုနှိုးဆော်ရမလဲ ဆိုတာကို အရိုးရှင်းဆုံး အမြင်သာဆုံး ဘက်လိုက်မှု မရှိဘဲ ရေးသားဖော်ပြထားတဲ့ စာပေများဖြစ်ပါတယ်။
Feminism ကို ပထမဆုံးစတင် လေ့လာလိုတဲ့ အမျိုးသားများ အမျိုးသမီးများအတွက်လဲ သင့်လျော်ပါတယ်။
စာအုပ်တန်ဖိုးကတော့ တစ်အုပ် 10 NZD ဖြစ်ပါတယ်။
ဒါပြင့် Women’s day နေ့အထိမ်းအမှတ် အထူးအစီအစဉ်အဖြင့် စာအုပ်တစ်စုံကို မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။ ဒါကတော့ နယူးဇီလန် နိုင်ငံတွင်းပါပဲ။
မဲနှိုက်ဖို့ကတော့
၁။ Water Bottle Store page လေးကို like and follow ပြုလုပ်ပါ။
၂။ ဒီ post လေးကို share ပါ။
၃။ comment မှာ ကျားမ သာတူညီမျှမှုမှာ ဘာတွေပါမယ်ထင်လဲ မိမိ အမြင်ကို မန့်ပေးပါ။
နောက်အပတ် စနေနေ့မှာ ကံထူးရှင်ကို ကြေညာပါမယ်။
ကျမတို့ရဲ့ အနာဂတ် ရင်သွေးငယ်တွေအတွက် ဖိနှိပ်မှုကင်းတဲ့ ကမ္ဘာကြီးကို အတူတူတည်ဆောက်ကြရအောင်။ 💜