Pyate Sone Hein

Pyate Sone Hein 0168208476

13/07/2023

🔸အသည်းအဆီဖုံးရောဂါအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ

အသည်းအဆီဖုံးရောဂါသည် နာတာရှည် အသည်းရောဂါများအနက်တွင် အဖြစ်အများဆုံး ဖြစ်သည်။

အဝလွန်သူများ၏ ၉၀%၊ ဆီးချိုရောဂါရှိသူများ၏ ၅၀-၇၀% သည် အသည်းအဆီဖုံး ဖြစ်နိုင်ခြေရှိသည်။ ဥရောပတိုက်ရှိလူဦးရေ၏ ၂၅% ခန့်သည် အသည်းအဆီဖုံးခြင်းဝေဒနာ ရှိနေသည်ဟု သိရပါသည်။

ယနေ့ခေတ်တွင် အနေအထိုင် အစားအသောက် (Lifestyle) ပြောင်းလဲမှု (ဥပမာ - ကယ်လိုရီတွေကို ခန္ဓာကိုယ် စွမ်းအင်လိုအပ်ချက်ထက် ပိုမိုစားသောက်မိခြင်း၊ လှုပ်ရှားမှုနည်း၍ အထိုင်များခြင်း) ကြောင့် အဖြစ်များလာရခြင်းလည်း ဖြစ်သည်။

ထို့ကြောင့် အသည်းအဆီဖုံးခြင်းနှင့် ပတ်သက်၍ လူတိုင်းသိသင့်သော ဆောင်ရန် ရှောင်ရန်အချက်များကို အလျဉ်းသင့်၍ မျှဝေပေးလိုက်ပါသည်။

(၁) ကိုယ်အလေးချိန် လျှော့ချပါ။
----------------------------
ကိုယ်အလေးချိန်များသူများနှင့် အဝလွန်သူများသည် ကိုယ်ခန္ဓာအလေးချိန်၏ ၁၀% ကျော်ကို လျှော့ချပစ်ရန် လိုအပ်ပါသည်။ အသည်းအခြေအနေ ဆိုးလေလေ၊ ကိုယ်အလေးချိန် ပိုချဖို့လိုလေလေ ဖြစ်သည်။
ကိုယ်အလေးချိန် မများသူများ (BMI ပုံမှန်ရှိနေသူများ) ပင်လျှင် ကိုယ်ခန္ဓာအလေးချိန်၏ ၃-၅% ကို လျှော့ချရန် လိုအပ်သည်။ ဗိုက်ရွှဲသူများသည်လည်း ကိုယ်အလေးချိန်လျှော့ချရန် လိုအပ်သူများတွင် အကျုံးဝင်သည်။

(၂) ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပါ။
----------------------------
• လမ်းသွက်သွက်လျှောက်ခြင်း၊ ရွရွ/နှေးနှေးပြေးခြင်း (Jogging)၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ကခြင်း (ဥပမာ - အေရိုးဗစ်၊ Zumba dance) စသည်တို့ကို တစ်ပတ်လျှင် အနည်းဆုံး ၃ ရက် (သို့) တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ လုပ်ပါ။ သို့မဟုတ်
• အလေးမခြင်း၊ ဒိုက်ထိုးခြင်း၊ ထိုင်ထလုပ်ခြင်းနှင့် Elastic band များအသုံးပြု၍ လုပ်ရသော လေ့ကျင်ခန်းများကို တစ်ပတ်လျှင် အနည်းဆုံး ၂ ရက်လုပ်ပါ။
• အထက်ပါနှစ်မျိုးပေါင်း တစ်ပတ်လျှင် ၃-၅ ကြိမ်ခန့် ပြုလုပ်ပါ။
• အထိုင်များခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းများကို လျှော့ချပါ။

(၃) စားသောက်သင့်သော အစားအသောက်များ
----------------------------
• အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ
• ငါးအမျိုးမျိုး
• သံလွင်ဆီ
• အခွံမာသီး၊ အစေ့အဆံ၊ ပဲတောင့်ရှည်မျိုး ဖြစ်သော ပဲများ၊
• အမျှင်ဓာတ်များသော၊ ဂျုံနှင့်လုပ်သော အစားအစာများ (ဥပမာ - ဆီးချိုပေါင်မုန့်)
• သစ်ကြားသီး
• အဆီနည်းသော အသားများ
• အဆီလျှော့ထားသော နို့နှင့် နို့ထွက်ပစ္စည်းများ
• ကျန်းမာရေးနှင့်ကိုက်ညီအောင် ပြုလုပ်ထားသော “အိမ်ချက်” အစားအစာများ
အထက်ပါ မြေထဲပင်လယ် ပတ်ဝန်းကျင်ဒေသများတွင် စားသောက်လေ့ရှိသော အစားအသောက်ပုံစံမျိုးမှာ အသည်းအဆီဖုံးရောဂါအတွက် အထူးသင့်တော်ပါသည်။ ရေများများသောက်ပါ။ ကော်ဖီသောက်ပါ။

(၄) ရှောင်ကြဉ်ရမည့် အစားအသောက်များ
----------------------------
❌ ပြည့်ဝဆီများ (ဥပမာ - ဝက်ဆီ)
❌ အထူးပြုပြင်ထားသော အစားအသောက်များ (Ultra-processed food) (ဥပမာ - အာလူးချောင်းကြော်၊ အသားညှပ်ပေါင်မုန့်)
ခေါက်ဆွဲခြောက်ထုပ်ကဲ့သို့သော Fast food များ
❌ ပြုပြင်ထားသော အသားများ (ဥပမာ - ကြက်/ဝက်အူချောင်း)
❌ အချိုကဲသော အစားအသောက်များ (ဥပမာ - ကိတ်မုန့်၊ ရေခဲမုန့်)
❌ အဆီများသော / သကြားထည့်ထားသော နို့နှင့် နို့ထွက်ပစ္စည်းများ (ဥပမာ - ချိုအောင် ပြုလုပ်ထားသော ဒိန်ခဲ၊ ဒိန်ချဉ်၊ နို့)
❌ ဆေးလိပ်
❌ အရက်၊ ဘီယာ၊ ဝိုင်
❌ အချိုရည်များ

(၅) လိုအပ်သော ကုသမှုများကို ခံယူပါ။

မိမိ၏ရောဂါအခြေအနေပေါ်မူတည်၍ လိုအပ်သော ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက် အတိုင်း မှီဝဲသင့်သလို ဆရာဝန်နှင့် ပုံမှန်ပြသ၍ အစစ်ဆေးခံရန်လည်း လိုအပ်ပါသည်။

အသည်းအဆီဖုံးရောဂါအတွက် သီးသန့် အစွမ်းထက်သောဆေးများ မပေါ်ပေါက်သေးသော်လည်း အတိုင်းအတာတစ်ခုအထိ အကျိုးပြုနိုင်သောဆေးများ ရှိနေပြီဖြစ်ပါသည်။ ဆီးချိုရောဂါ ကုသရာတွင် အသုံးပြုသော ပိုင်ရိုဂလီတဇုန်း (Pioglitazone) ဆေးနှင့် လီရာဂလူတိုက်၊ စီမာဂလူတိုက် (Liraglutide, semaglutide) စသော ဆေးများသည် အသည်းအဆီဖုံးရောဂါကုသရာတွင် အသုံးပြုနိုင်ပါသည်။ ဆီးချိုနှင့် အသည်းအဆီဖုံး တွဲနေသူများတွင် ပို၍ အဆင်ပြေပါသည်။ ဗီတာမင်-အီး သည်လည်း အသည်းအဆီဖုံးခြင်းကြောင့်ဖြစ်သော အသည်းရောင်ရမ်းခြင်းကို သက်သာစေနိုင်ပါသည်။

နိုင်ငံတကာ သုတေသနများအရ အသည်းအဆီဖုံးရောဂါ ကုသရာတွင် အသုံးပြုနိုင်သော သဘာဝဆေးများနှင့် ဖြည့်စွက်စာများမှာ-

🔹 ပရိုဘိုင်အိုတစ်များ
🔹 အိုမီဂါ-၃
🔹 ကာကူမင် ဒြပ်ပေါင်း (နနွင်း)
🔹 ဆယ်လီမရင် ဒြပ်ပေါင်း (Silymarin)
🔹 လက်ဖက်စိမ်း (Green tea)
🔹 ဗီတာမင်-ဒီ

အထက်ပါဆေးများသည် ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ခြင်း၊ အသည်းအဆီစုခြင်းကို ဟန့်တားပေးနိုင်ခြင်း၊ သွေးတွင်းအဆီဓာတ်နှင့် အချိုဓာတ်ကို ကျဆင်းစေခြင်း၊ အသည်းရောင်ခြင်းကို လျော့နည်းစေပြီး အသည်းအင်ဇိုင်းများကို ကျဆင်းစေခြင်း၊ အသည်းခြောက်/ကျုံ့ခြင်းကို လျော့နည်းစေခြင်း စသော အာနိသင်များရှိသောကြောင့် အသည်းအဆီဖုံးရောဂါရှိသူများတွင် အသုံးဝင်သော သဘာဝဆေးများ ဖြစ်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

👉https://t.me/drkhinmaunglwin
👉https://t.me/drkhinmaunglwingroup

13/07/2023
30/10/2022

📝ဗီဇာလျောက်ထားပေးခြင်းဝန်ဆောင်မှု📝

နိုင်ငံအသီးသီးသို့အလည်အပတ်နှင့်ဖြစ်စေ
အလုပ်ကိစ္စနှင့်ဖြစ်စေလူကြီးမင်းတို့ဗီဇာလျောက်ထားရန်
လိုအပ်သောဝန်ဆောင်မှုများကိုကျွန်တော်တို့
Than Than Travel မှာရရှိနိုင်ပါတယ်ခင်ဗျာ
အတွေ့အကြုံရင့်ကြတ်ပြီးဗီဇာရရှိမှုရာနှုန်းပြည့်
သေချာအောင်အသေးစိတ်ရှင်းလင်း
ဖြေကြားပေးနိုင်သောကျွမ်းကျင်Visa Advisor များက
မိတ်ဆွေတို့၏ဗီဇာဝန်ဆောင်မှုများကို
အချိန်ပြည့်ကူညီဆောင်ရွက်ပေးနေပီဖြစ်လို့
ယုံကြည်စိတ်ချစွာအပ်နှံနိုင်ပါကြောင်း
သတင်းကောင်းပါးလိုက်ပါတယ်😊✍️

✅ရလာဒ်ကောင်းတွေအခိုင်အမာရရှိထားပီဖြစ်လို့လုံးဝစဉ်းစားနေဖို့မလိုအပ်တာကအားသာချက်တစ်ခုပါ✅

🇺🇸အမရေိကားဗီဇာ (student)
🇬🇧အင်္ဂလန်ဗီဇာ
🇨🇦ကနေဒါဗီဇာ
🇦🇺သြစတြေးလျဗီဇာ
🇹🇷တူရကီဗီဇာ
🇧🇷ဘရာဇီးဗီဇာ
🇪🇬အီဂျစ်ဗီဇာ
🇯🇵ဂျပန်ဗီဇာ
🇰🇷ကိုရီးယားဗီဇာ
🇨🇳တရုတ်ဗီဇာ (business)
🇭🇰ဟောင်ကောင်ဗီဇာ
🇹🇼ထိုင်ဝမ်ဗီဇာ
🇹🇭ထိုင်းဗီဇာ
🇲🇾 မလေးဗီဇာ (Evisa)
🇩🇪 ဂျာမဏီဗီဇာ
🇨🇭 ဆွစ်ဇလန်ဗီဇာ
🇫🇷 ပြင်သစ်ဗီဇာ
🇸🇪 ဆွီဒင်ဗီဇာ
🇮🇹 အီတလီဗီဇာ
🇳🇱 နယ်သာလန်ဗီဇာ
🇦🇪 ဒူဘိုင်းဗီဇာ (Evisa)

နိုင်ငံကြီးဗီဇာတွေလျှောက်ထားဖို့ရွေးချယ်ကြပီဆိုရင်တော့အမှန်ကန်ဆုံးနှင့်အမြန်ဆန်ဆုံးဆောင်ရွက်ပေးနေတဲ့ကျွန်တော်တ်ု့သန်းသန်းခရီးသွားလုပ်ငန်းက၁၉၉၂ခုနှစ်ထဲကစတင်ခဲ့တာဖြစ်လို့မိတ်ဆွေတို့အတွက်ယုံကြည်အားထားရာအစစ်အမှန်ပါ👍

အသေးစိတ်အချက်အလက်များကိုလည်းchat box (သို့)ဖုန်းကနေတဆင့်မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ😊

📞 - 09454520005 09454520006

☎️ - 018240625 018392293

📱 - 09795172822 ( Viber )

🏫 - No-395 , First Floor , Room (D) ,
City Shine Condo ,
Corner of BoGyoke St & BoAungKyaw St
KyaukTaDa Township , Yangon

⭐️Our Service⭐️
💎ပြည်တွင်း ၊ ပြည်ပလေယာဉ်လက်မှတ်
💎ပြည်တွင်း ၊ ပြည်ပဟိုတယ်များ
💎ဗီဇာဝန်ဆောင်မှုများ
💎ပြည်ပစရိတ်ငြိမ်းခရီးစဉ်များ
💎ခရီးသွားအာမခံများ
💎သင်္ဘောခရီးစဉ်နှင့်ရထားလက်မှတ်များ
ကိုအိမ်အရောက်ဝန်ဆောင်မှုပေးနေပါပြီ

💡ဘဏ်မှလည်းငွေပေးချေနိုင်ပါပီ💡

🌎Global Ticketing Since 1️⃣9️⃣9️⃣2️⃣

08/09/2022

စက်တင်ဘာလ ၅ရက်နေ့ အတွက် ငွေကျပ်တစ်သန်း ကံထူးရှင် ပေါ်ထွက်လို့လာပါပြီ။

စက်တင်ဘာလ ၅ရက်နေ့ တစ်သန်းကျပ်ကံထူးရှင် ဦးသီဟအောင် အား ကမ္ဘောဇဘဏ်မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ ဆုငွေအား ကံထူးရှင်၏ ငွေစာရင်းအကောင့်သစ် (သို့) ပုံမှန်အပ်ငွေစာရင်းသို့ တိုက်ရိုက်ဖြည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ နေ့စဉ်တိုင်းမှာ ငွေကျပ်တစ်သန်းရရှိနိုင်မယ့် အစီအစဉ်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ (ဘဏ်ဖွင့်ရက်များသာ) အထိပြုလုပ်သွားမှာဖြစ်ပြီး သင်လည်း ကျပ်တစ်သန်း ကံထူးရှင်ဖြစ်နိုင်လို့ ခုပဲပါဝင် ကံစမ်းလိုက်ပါ။

ကံထူးသူစာရင်းကို သိရှိရန် နှင့် အစီအစဉ်အကြောင်း ပိုမိုသိရှိလိုပါရန် အောက်ပါလင့်ခ် တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://bit.ly/3cOcxWV

08/09/2022

CB Bank အမည်အားအသုံးပြု၍ မသမာသူများသည် ပြည်ပဖုန်းနံပါတ်များဖြင့် Customer များထံဆက်သွယ်ပြီး Customer များ၏ငွေစာရင်းအားပိတ်မည်ဟုအကြောင်းကြားခြင်းများ ရှိနေကြောင်း သိရှိရပါသည်။

CB Bank သည် ၎င်းကိစ္စရပ်များနှင့် သက်ဆိုင်မှုမရှိသည့်အပြင် Contact Centre ၏ ဖုန်းနံပါတ်မှာ (၀၁-၂၃၁၇၇၇၀) သာဖြစ်ကြောင်း Customer များအားလေးစားစွာ ထပ်မံသတိပေးအပ်ပါသည်။

ထို့အပြင် CB Bank ဝန်ထမ်း များသည် မည်သည့်အခြေအနေတွင်မဆို သုံးစွဲသူများ၏ OTP နံပါတ် နှင့် လျှို့ဝှက်နံပါတ် (Password) များအား တောင်းခံခြင်း မရှိပါကြောင်းကိုလည်း လေးစားစွာ သတိပေးအကြောင်းကြားအပ်ပါသည်။

08/02/2022
I miss my mom
09/05/2020

I miss my mom

စေတနာ ကောင်းရင်  ကံကောင်းမှာ ပါ .....
06/05/2020

စေတနာ ကောင်းရင် ကံကောင်းမှာ ပါ .....

Address

Shah Alam
40000

Telephone

+60168208476

Website

Alerts

Be the first to know and let us send you an email when Pyate Sone Hein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pyate Sone Hein:

Share