Htet htet

Htet htet လူသုံးကုန်ပစ္စည်းနှင့်အလှကုန်ရောင?

14/06/2021
Powderမှကြိုက်သူများအတွက်,😍😍😍
30/05/2021

Powderမှကြိုက်သူများအတွက်,😍😍😍

Green tea ကထုပ်တဲ့face maskလေးလာပါပြီ
30/05/2021

Green tea ကထုပ်တဲ့face maskလေးလာပါပြီ

ကြွက်နဲ့အခြားအကောင်တွေအတွက်စိတ်ညစ်မခံနဲ့တော့နော်👌
14/09/2020

ကြွက်နဲ့အခြားအကောင်တွေအတွက်စိတ်ညစ်မခံနဲ့တော့နော်👌

09/09/2020
28/08/2020
19/08/2020
03/08/2020

အိပ်ယာဝင်ခါနည်း အသားရေထိန်းသိမ်းခြင်း

အလှအပရေးရာလို့ဆိုလိုက်တာနဲ့ ဘယ်အသက်အရွယ်ဖြစ်ဖြစ် မိန်းကလေးတိုင်း စိတ်ဝင်စားကြတဲ့ ခေါင်းစဉ်တစ်ခုပါ။ ဆက်ကျော်သက်အရွယ်ကစလို့ အသက်ကြီးတဲ့အထိ ပျိုပျိုအိုအို အနည်းနဲ့အများတော့ အလှအပကို စိတ်ဝင်စားကြတာပါပဲ။ မိနိးကလေးတို့အတွက် အသားရေလှပစေမယ့်နည်းလမ်းတွေ ပြောပြပေးခဲ့ရာက ဒီတစ်ခါ ညအိပ်ရာမ၀င်ခင် အသားရေကောင်းအောင် လုပ်ဆောင်သင့်တဲ့အလှအပရေးရာနည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။

တစ်နေကုန် အလုပ်တွေများပြီး ပင်ပန်းနေပါစေ မနက်တည်းက လိမ်းထားတဲ့မိတ်ကပ်တွေကို ညအိပ်ရာမ၀င်ခင် စနစ်တကျပြန်ဖျက်ဖို့လိုပါတယ်။ မိတ်ကပ်ဖျက်ပြီးမှ အိပ်ရာဝင်တာဟာ မျက်နှာအသားရေကို ကြည်လင်ဝင်းပစေပြီး အရေးအကြောင်းတွေကို ကာကွယ်ပေးပါတယ်။ ညဘက်အိပ်နေစဉ်မှာ pores ပွင့်လာပြီး သူ့ဘာသာသူ ပြန်ကုစားလေ့ရှိပါတယ်။ ဒီအချိန်မှာ မျက်နှာပေါ်က မိတ်ကပ်အကျန်တွေကြောင့် အပေါက်တွေပိတ်နေပြီး ၀က်ခြံနဲ့အဖုအပိမ့်တွေ ဖြစ်လာတာပါ။

Toner ကလည်း ပျိုမေတို့အတွက် မရှိမဖြစ်သုံးသင့်တဲ့ပစ္စည်းပါ။ ညအိပ်ရာဝင်ခါနီး မိတ်ကပ်ဖျက်၊ မျက်နှာကို သေချာသန့်စင်ပြီးတာနဲ့ toner လိမ်းပေးပါ။ တိုနာက မျက်နှာပေါ်က PH level ကို ထိန်းညှိပေးတာကြောင့် အသားရေကို ပြင်ပကပိုးမွှားမ၀င်အောင် ခုခံကာကွယ်ပေးပါတယ်။ တစ်နေကုန် ညစ်ပေနေတဲ့ဖုန်မှုန့်တွေကို ဖယ်ရှားသန့်စင်ပေးတာမို့ အထူးသဖြင့် အဆီပြန်တဲ့အသားရေ၊ ၀က်ခြံအထွက်များတဲ့ အသားရေရှိသူတွေဆို ပုံမှန်သုံးပေးသင့်ပါတယ်။

နေ့ခင်းဘက် ပျိုမေတို့လက်ချောင်းလေးတွေ နူးညံ့အောင် hand cream လိမ်းသလို ညဘက်မအိပ်ခင်မှာလည်း ထပ်လိမ်းသင့်ပါတယ်။ မအိပ်ခင်လက်ကို ဆပ်ပြာနဲ့သေချာဆေးကြောပြီးတာနဲ့ တဘက်နဲ့ခြောက်အောင်ပြန်သုတ် hand cream လိမ်းပါ။

အသက်အရွယ်အိုမင်းလာတာကို သိသာစေတာက မျက်လုံးတစ်ဝိုက်က အရေးအကြောင်းတွေပါပဲ။ ဒီလို အရေးအကြောင်းတွေမဖြစ်အောင် ကြိုတင်ကာကွယ်ထားချင်တယ်ဆိုရင် ညအိပ်ရာမ၀င်ခင် မျက်လုံးတစ်ဝိုက် က မိတ်ကပ်တွေဖျက်ပြီးတာနဲ့ eye cream ကို မဖြစ်မနေလိမ်းဖို့ အကြံပေးချင်ပါတယ်။ မျက်လုံးတစ်ဝိုက်က အရေပြားက နူးညံတာကြောင့် အသက်ကြီးလာတာနဲ့အမျှ တင်းတင်းရင်းရင်းမရှိတော့ပဲ လျော့ရဲသွားပါတယ်။ eye cream က လိုအပ်တဲ့အစိုဓာတ်တွေ ပြန်လည်ဖြည့်တင်းပေးပြီး မျက်ကွင်းညိုခြင်းနဲ့ အရေးအကြောင်းဖြစ် ခြင်းကို ကာကွယ်ပေးပါတယ်။

ဆံစကနေခြေဖျားအထိ လှချင်တဲ့ပျိုမေတွေအတွက် ညအိပ်ရာမ၀င်ခင် လုပ်ဆောင်ရမယ့် အလှအပရေးရာအချက်တွေထဲမှာ လက်ကိုနူးညံ့လှပအောင်လုပ်သလို ခြေထောက်လေးတွေ လှနေအောင် petroleum jelly လိမ်းသင့်ပါတယ်။ အိပ်ရာမ၀င်ခင် ရေခပ်နွေးနွေးထဲကို ခြေထောက်စိမ်ပြီး သန့်စင်ပြီးတာနဲ့ တဘက်နဲ့ခြောက်အောင် ပြန်သုတ်ပါ။ ပြီးရင် petroleum jelly ကို ခြေထောက်ပေါ်မှာ လိမ်းပေးမယ်ဆိုရင် ခြောက်သွေ့ပြီး ကြမ်းတမ်းအက်ကွဲမှုမဖြစ်အောင် ထိန်းသိမ်းပါတယ်။

မျက်နှာအသားရေလေး ကြည်လင်လှပနေဖို့ဆိုရင် အိပ်စက်ချိန်ကလည်း အရေးကြီးပါတယ်။ ညကို အနည်းဆုံး ၇ နာရီလောက် အိပ်ရေး၀၀အိပ်ဖို့လိုပါတယ်။ ဒါဟာ ကျန်းမာရေးအတွက် အရေးပါသလို အလှအပအတွက်လည်း အထောက်အကူပြုတဲ့ အချက်ပါ။ ညဘက်အိပ်ရေးပျက်မခံပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် မအိပ်ခင် တရားထိုင်တာဖြစ်ဖြစ်၊ စာအုပ်ဖတ်တာဖြစ်ဖြစ် လုပ်ပေးပါ။ ညဘက်အိပ်ရေးဝတဲ့သူတွေဟာ အရွယ်မတိုင်ခင် အရေအကြောင်းဖြစ်ခြင်း၊ အမည်းစက်နဲ့ အရေပြားပြဿနာတွေကနေ ကင်းဝေးစေပါတယ်။

အလှအပနဲ့ပတ်သက်ပြီးမှန်ကန်တဲ့ဗဟုသုတတွေတိုးစေဖို့
တင်ဆက်ပေးလျက်ရှိပါသည်။
တစ်ကယ်ကျေနပ်မိလို့ဒီPageလေးမှတင်ဆက်သမျှတွေကို အချိန်နဲ့တပြေးညီသိရှိစေဖို့ Like &Share လုပ်ပေးထားဖို့မေ့မသွားပါနဲ့ခင်ဗျ

Address

Kota Tinggi
81###

Telephone

01137737800

Website

Alerts

Be the first to know and let us send you an email when Htet htet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share