Channel Myanmar News

31/01/2023

Song - Vote
Artist - G Fatt
Music Producer- Be Bee
Violinist - Saw Noel
Mixing and Mastering - Ko Thant Cin
Lyrics Video - Treezy Peace

YouTube Link: https://bit.ly/3kZmswx

အစကတော့ ထမင်းနဲ့ရေပဲအခုတော့ထမင်းနဲ့မမဖြစ်သွားပြီ😚Credit : Soe Moe Thu
27/01/2023

အစကတော့ ထမင်းနဲ့ရေပဲ
အခုတော့ထမင်းနဲ့မမဖြစ်သွားပြီ😚

Credit : Soe Moe Thu

အမေရိကန်နိုင်ငံသားတွေ ဒုက္ခသည်ခေါ်ယူခွင့်ရမယ့်အစီအစဉ် သမ္မတဘိုင်ဒင်အတည်ပြု~~~~~■ အမေရိကန်နိုင်ငံသား ဒါမှမဟုတ် အမေရိကန်မှ...
20/01/2023

အမေရိကန်နိုင်ငံသားတွေ ဒုက္ခသည်ခေါ်ယူခွင့်ရမယ့်အစီအစဉ် သမ္မတဘိုင်ဒင်အတည်ပြု
~~~~~
■ အမေရိကန်နိုင်ငံသား ဒါမှမဟုတ် အမေရိကန်မှာ အမြဲတမ်းနေထိုင်ခွင့်ရထား တဲ့သူတွေအနေနဲ့ မြန်မာနိုင်ငံကဒုက္ခသည်တွေအပါအဝင်၊ ကမ္ဘာအရပ်ရပ်က အကူအညီလိုနေတဲ့ဒုက္ခသည်တွေကို တာဝန်ယူပြီးခေါ်နိုင်မယ့် ပုဂ္ဂလိက အစီအစဉ်တစ်ရပ်ကို သမ္မတ ဂျိုးဘိုင်ဒင်က မနေ့က ဇန်နဝါရီ ၁၉ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။

“Welcome Corps ဆိုတဲ့ ဒီအစီအစဉ်ကိုစတင်လိုက်တဲ့အတွက် ကျနော်တို့ရဲ့ အကူအညီလိုနေတဲ့ ကမ္ဘာအရပ်ရပ်ကဒုက္ခသည်တွေကိုကြိုဆိုလက်ခံဖို့၊ ကူညီတတ်တဲ့စိတ်ဓါတ်နဲ့စေတနာရှိကြတဲ့ အမေရိကန်ပြည်သူတွေအနေနဲ့ ကိုယ်တိုင်ပါဝင်လုပ်ကိုင်ပေးလာနိုင်မှာဖြစ်ပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကပြောပါတယ်။

ဒီအစီအစဉ်မှာပါဝင်ချင်တဲ့သူတွေက ငါးယောက်အဖွဲ့၊ ဒါမှမဟုတ် ငါးယောက် ထက်ပိုတဲ့အဖွဲ့ဖွဲ့ပြီး စပွန်ဆာလို့ခေါ်တဲ့ လက်ခံကူညီမယ့်သူတွေအဖြစ် လျှောက်ထားရမှာဖြစ်ပါတယ်။ ပထမနှစ်မှာ ဒုက္ခသည်ခေါ်မယ်လို့အဆိုပြု တဲ့သူ တစ်သောင်းကိုခွင့်ပြုဖို့ရည်ရွယ်ထားပါတယ်။

ခေါ်မယ့်သူတွေက ဒုက္ခသည်တွေရောက်လာရင်ထားမယ့်အိမ်အတွက် အိမ်လခ၊ အိမ်ထောင်ပရိ ဘောဂ၊ မီးဖိုချောင်သုံးပစ္စည်း၊ အဝတ်အထည်၊ စောင်နဲ့အနွေးထည်၊ စတဲ့အခြေခံလိုချက်တွေ ထောက်ပံ့ကူညီရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒုက္ခသည်တစ်ယောက်အတွက် အနည်းဆုံး ၂၂၇၅ ဒေါ်လာ ထောက်ပံ့နိုင်တယ်ဆိုတာကို ခေါ်မယ့်သူကပြရမှာဖြစ်ပါတယ်။ ဒီကူညီငွေကို အစိုးရက ပြန်ပေးမှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။

ပြောင်းရွှေ့အခြေချခွင့်ရမယ့်ဒုက္ခသည်အရည်အတွက်ကိုတော့ သမ္မတ ဘိုင်ဒင် က တစ်နှစ်ကို တစ်သိန်းနှစ်သောင်းခွဲ ရည်မှန်းထားတယ်လို့ဆိုပါတယ်။

အခုဆိုရင် ယူကရိန်း၊ အာဖဂန်နစ္စတန်၊ မြန်မာ၊ ဗင်နီဇွဲလားနဲ့ ဘူရ်ကီနီဖာဆို နိုင်ငံတွေကဒုက္ခသည် သန်းတစ်ရာလောက်ရှိနေတယ်လို့ ကုလသမဂ္ဂကပြော ထားပါတယ်။

Photo: AFP

CNF/CNA ဌာနချုပ် Camp ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ တိုက်ခိုက်နေဇန်နဝါရီ ၁၀ ရက်။အိန္ဒိယ-မြန်မာနယ်စပ် ထန်တလန်မြို့နယ်...
10/01/2023

CNF/CNA ဌာနချုပ် Camp ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ တိုက်ခိုက်နေ

ဇန်နဝါရီ ၁၀ ရက်။

အိန္ဒိယ-မြန်မာနယ်စပ် ထန်တလန်မြို့နယ်အတွင်းရှိ ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဌာနချုပ်ကို ဒီနေ့ဇန်နဝါရီ ၁၀ ရက် ညနေပိုင်း ၄နာရီ ဝန်းကျင်ကစပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က ဖေ့ဘုတ်လူမှုကွန်ရက်မှာအတည်ပြုရေးသားထားပါတယ်။

တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကိုထပ်မံဖော်ပြပါ့မယ်။

Photo By CHRO and Chinland Information Center

ရန်ကုန် တစ်မြို့လုံး လျှပ်စစ်မီး ပြတ်နေ−−−−−−ယနေ့ည ဇန်နဝါရီ ၉ ရက် ည ၆ နာရီခန့်မှစတင်ကာ ရန်ကုန်တစ်မြို့လုံးနီးပါး လျှပ်စစ...
09/01/2023

ရန်ကုန် တစ်မြို့လုံး လျှပ်စစ်မီး ပြတ်နေ
−−−−−−
ယနေ့ည ဇန်နဝါရီ ၉ ရက် ည ၆ နာရီခန့်မှစတင်ကာ ရန်ကုန်တစ်မြို့လုံးနီးပါး လျှပ်စစ်မီးပြတ်တောက်လျက်ရှိသည်ဟု မြို့နေသူများက ပေးပို့သည်။ အလှည့်ကျမီးပေးစနစ်ဖြင့် လျှပ်စစ်ဓာတ်အားပေးဝေမှု၏ ပုံမှန်လာရမည့် မြို့နယ်များပါ ပြတ်တောက်နေခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်း၏ ထုတ်ပြန်ချက်တွင်မူ ရန်ကုန်တိုင်းသို့ သဘာဝဓာတ်ငွေ့များပို့လွှတ်နေသည့် ရတနာကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းများ အရေးပေါ်ပြင်ဆင်နေရသည့်အတွက် လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်ဟု ကြေညာထားသည်။ (ဓာတ်ပုံများ − ပေးပို့)

မင်းအောင်လှိုင်၏ နေပြည်တော်အိမ်ကို ဂြိုလ်တု မြေပုံများက တစ်ဆင့်သွားရောက်ခြင်း ဗိုလ်ချုပ်မှူးကြီးအိမ်ရှိရာတွင် Mytel VIP ...
04/01/2023

မင်းအောင်လှိုင်၏ နေပြည်တော်အိမ်ကို ဂြိုလ်တု မြေပုံများက တစ်ဆင့်သွားရောက်ခြင်း

ဗိုလ်ချုပ်မှူးကြီးအိမ်ရှိရာတွင် Mytel VIP တာဝါတိုင်စိုက်ထူထားပြီး ထို နေရာမှာ အတိအကျအားဖြင့် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၁ မိနစ် ၃၃.၄ စက္ကန့် နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒဂရီ ၁၉ မိနစ် ၂၈.၈ စက္ကန့်တွင် (19°51'33.4"N 96°19'28.8"E) ဖြစ်သည်။

Myanmar Now ၏ ဆောင်းပါးဟောင်းကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။

https://myanmar-now.org/mm/news/9310

ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲပေးမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ကတိထပ်ပေး ပုဂ္ဂိုလ်ရေးလွန်ကဲစွာယုံကြည်မှုက ဒီမိုကရေစီနဲ့...
04/01/2023

ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲပေးမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ကတိထပ်ပေး

ပုဂ္ဂိုလ်ရေးလွန်ကဲစွာယုံကြည်မှုက ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်လို့လည်းပြောပြန်

အထွေထွေရွေးကောက်ပွဲကိုကျင်းပပေးပြီး အနိုင်ရပါတီကို နိုင်ငံတော် တာဝန်လွှဲအပ်ဖို့ဆိုတဲ့ရှေ့လုပ်ငန်းစဉ် အတိုင်း ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီလ ၄ ရက် ဒီကနေ့ကျရောက်တဲ့ ၇၅ နှစ် မြောက်စိန်ရတု၊ လွတ်လပ်ရေးနေ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အဲဒါအပြင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရာမှာ ဒီမိုကရေစီနဲ့ ပတ်သက်လို့၊ ဖက်ဒရယ်စနစ်နဲ့ ပတ်သက်လို့ တိုင်းရင်းသားပြည်သူတွေအကြား အယူအဆ ဘယ်လို ကွဲပြားမှုတွေရှိနေရှိနေ မိမိနိုင်ငံနဲ့ ကိုက်ညီ သဟဇာတဖြစ်တဲ့အရာကို ရွေးချယ်ဖို့ လိုအပ်တယ်လို့ စစ်ကောင်စီခေါင်းဆောင်က ဒီကနေ့မှာပဲ သတိပေးပြောဆိုလာပါတယ်။

ပုဂ္ဂိုလ်ရေးအရ လွန်ကဲစွာယုံကြည်ကိုးကွယ်ခြင်းကလည်း လူ့အဖွဲ့အစည်းအတွင်း ကွဲပြားမှုများကို ဖြစ်ပေါ်နိုင်ပြီးတော့ အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေနိုင်တဲ့အတွက် ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်လို့လည်း ထည့်သွင်းပြောခဲ့ပါသေးတယ်။

ဒီသတင်းအပြည့်အစုံနဲ့ ဘီဘီစီရဲ့ ထိပ်တန်းသတင်းများ စုစည်းတင်ဆက်မှု
https://www.bbc.com/burmese/articles/cx0ly02p3zjo

#ဘီဘီစီမြန်မာပိုင်း #စစ်ကောင်စီ #လွတ်လပ်ရေးနေ့ #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

◼NUG, PDF နဲ့ EAOs တို့ကို ထောက်ပံ့ကူညီမယ့် NDAA ဥပဒေကို အမေရိကန် သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးပြီဒီဇင်ဘာ(၂၄)ရက် |||...
24/12/2022

◼NUG, PDF နဲ့ EAOs တို့ကို ထောက်ပံ့ကူညီမယ့် NDAA ဥပဒေကို အမေရိကန် သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးပြီ

ဒီဇင်ဘာ(၂၄)ရက် ||| နွေဦးအသံ |||

နည်းပညာနဲ့ လက်နက်မဟုတ်တဲ့ အကူအညီကို (၈)နှစ်စာ ထောက်ပံ့ပေးမယ့် အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA)ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီဇင်ဘာ ၂၃ ရက်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

အဲဒီဥပဒေက အာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တာဝန်ရှိသူတွေအပြင် သူတို့ကို တနည်းနည်းနဲ့ထောက်ခံ ပတ်သက်သူတွေကိုပါ ဒဏ်ခတ် ပိတ်ဆို့အရေးယူမှာမို့ ခရိုနီတွေအတွက်လည်း စိုးရိမ်ကြီးစရာ ဖြစ်နေပါတယ်။

©The Voice of Spring
https://t.me/VOStelegram
https://youtube.com/c/TheVoiceOfSpringTV


✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring Youtube Channel ကို Subscribe လုပ်နိုင်ပါပြီ။

Address

Bagan Lalang

Alerts

Be the first to know and let us send you an email when Channel Myanmar News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Channel Myanmar News:

Share