01/01/2024
အင်္ဂလိပ်လို ပြောတတ်စေချင်လိုက်တာဆိုရင်
E to E သင်ကြားပေးမယ့် ဒီအတန်းလေးကို တက်ပါရှင့်...
အင်္ဂလိပ်ဘာသာစကားမှာ အရေးကြီးတဲ့ အပြောစွမ်းရည်နဲ့ နားထောင်မှုစွမ်းရည်ကို ရပြီဆိုရင် ကိုယ့်ရဲ့ ကလေးက အင်္ဂလိပ်လို ကိုယ်တိုင် ပြောတတ်မယ်၊ သူများပြောတာ နားလည်မယ်။ အင်္ဂလိပ် စာကြောင်း အတို/ အရှည်တွေ ဖတ်တတ်တယ်။ စကားလုံးတွေတော့ သိတယ်။ အင်္ဂလိပ်လို မပြောတတ်သေးလို့ စသင်ချင်တဲ့ ကလေးတွေ နဲ့ အပြောပိုင်းကို ပိုရစေချင်တဲ့ ကလေးလေးတွေ တက်ရောက်လို့ရပါတယ်။
🍊 ဘယ်သူတွေတက်သင့်လဲ...
✅အခြေခံအတန်းသစ်လေးမို့
✅အခြေခံကောင်းရချင်ရင် တက်ပါ...
✅ရေရှည်တက်ပြီး တိုးတက်မှုရချင်တာဆိုတက်ပါ...
✅ကျောင်းစာကလွဲပြီး ဘာမှ မသင်ထားဖူးရင်တက်ပါ...
✅Four Skills သင်ဖူးပေမယ့် အားမရဘူး...ဆိုရင် တက်ပါ...
✅နောက်ပိုင်းမှာ Cambridge Exam တွေအထိ ဖြေသွားချင်တာဆို တက်ပါ...
🍊ဘယ်လိုပုံစံသင်ကြားပေးမှာလဲ ...?
အပြောပိုင်းကို ဦးစားပေး သင်ပေးတာမို့ သင်ပြပေးတဲ့ ဆရာမ ကိုယ်တိုင် စာသင်ချိန် တစ်ချိန်လုံး အင်္ဂလိပ်လို ပြောပေးပြီး သင်ပေးတာမို့ အင်္ဂလိပ်လို နားထောင်တတ်တဲ့ အကျင့်ရပြီး နားထောင်မှု စွမ်းရည် တိုးလာပါလိမ့်မယ်။ နားထောင်မှု စွမ်းရည် ရလာပြီဆိုရင် ပြန်လည်ပြောဆိုတတ်စေဖို့ အထောက်အကူရသွားပြီး အပြောပိုင်း စလေ့ကျင့်ရပါတော့မယ်။
🍊ဘယ်လို စာအုပ်တွေနဲ့ သင်ပေးမှာလဲ ..?
Oxford University ကထုတ်ဝေထားတဲ့ Four Skills စာအုပ်တွေနဲ့ သင်ပေးတာဖြစ်လို့ Listening / Speaking/ Reading / Writing က ဟန်ချက်ညီညီပါဝင်တာမို့ Four Skills အားလုံးကို သင်ယူရမယ်။သင်ပေးမယ့် ဆရာမကလည်း နည်းမှန် လမ်းမှန်နဲ့ သင်ပေးဦးမှာဆိုတော့ စာသင်ယူမှု (၄) လအပြီးမှာ တိုးတက်မှုက ရလာမှာပါပဲ။
🍊ဘယ်လိုအခက်အခဲတွေရှိနိုင်လဲ ..? အဆင်ရောပြေပါ့မလား ...
ဒီလို E to E သင်တန်းတက်တဲ့အခါ ကလေးအနေနဲ့ အစပိုင်းမှာတော့ နားမလည်ဘူးဆိုတဲ့ အခက်အခဲရှိနိုင်တာပေါ့။ အဲ့ဒီလို နားမလည်တာ ဘာသာစကားစသင်တဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝ အမှန်တရား တစ်ခုပါ။ ဒါပေမယ့် သင်ပေးမယ့် ဆရာမက ကလေး နားလည်အောင် Teaching Strategies & Methods များကို အသုံးပြု သင်ကြားပေးမှာမို့ နားမလည်မှာ စိတ်ပူစရာ မလိုပါဘူး။ ဘာသာစကားသင်တဲ့အခါ နားမလည်တဲ့ အဆင့်ကို ကျော်ဖြတ်ပြီးမှ နားလည်တဲ့ အဆင့်ကိုရမှာပေါ့။ သင်ယူမှုမှာ အချိန်ပေးလိုက်တာနဲ့ နောက်ပိုင်းမှာ သိသာတဲ့ တိုးတက်မှာကို မြင်ရမှာ အမှန်ပါ။
🍊ဘာတွေပြင်ဆင်ထားပေးရမလဲ ..?
အွန်လိုင်း သင်ကြားရေး ဖြစ်တာမို့ အသုံးပြုသင်ကြားမယ့် ဖုန်း/တက်ဘလက်/ ကွန်ပြူတာ တစ်ခုခုထဲမှာ Zoom Application ထည့်ပေးထားရင် ရပါပြီ။ သင့်တင့်မျှတသော အင်တာနက်လိုင်းကောင်းရပါမယ်။ ကလေးစာသင်ယူနေချိန်တွင် ဆူညံသံ မရှိသော နေရာတွင် ထားပေးဖို့ လိုအပ်ပါတယ်။
🍊 ဘယ်အချိန်တွေ တက်ရမှာလဲ ..?
Sat/ Sun - 9:00 to 11:00 AM
Starting Date - 6.1.2024
သင်တန်းကာလ - (၄) လ
သင်တန်းကြေး - ၄၅၀၀၀ ( ၁လ)
စာအုပ်ဖိုး - ၁၈၀၀၀
❇️ ပထမလမှာ သင်တန်းကြေး ၄၅၀၀၀+ စာအုပ်ဖိုး ၁၈၀၀၀ စုစုပေါင်း ၆၃၀၀၀ ကို ပေးသွင်းရပါမယ်
(အသက် ၆/၇ နှစ် အနည်းဆုံး ကျောင်းသုံး G1- English Textbook ကို ပြီးဆုံးအောင် သင်ယူထားဖူးသူဖြစ်ရပါမယ်)
✳️ 15.12.2023 ရက်နေ့ မတိုင်ခင်အပ်နှံသူများအတွက်
Discount ၅၀၀၀ ကျပ် လျော့ပေးမှာ ဖြစ်လို့ အမြန်ဆုံး ကျောင်းအပ်နှံနိုင်ပါပြီရှင် ✳️
📌 Deli များဖြင့် အိမ်အရောက်ပို့ဆောင်ပေးမည်ဖြစ်ပြီး Deli ခ ကို စာအုပ်ရမှ သက်ဆိုင်ရာ Deli ကို ရှင်းပေးရမှာ ဖြစ်ပါတယ်။
📌 ကားဂိတ်ဖြင့် ပို့ရမည်ဆိုပါက
သင်တန်းကြေး + စာအုပ်ဖိုး နဲ့အတူ သင်တန်းမှ သက်ဆိုင်ရာ ကားဂိတ်သို့ ပို့ခ ၂၀၀၀ ကိုပါ တပါတည်း ပေးသွင်းရပါမယ်။
🍊ဘယ်လို သင်တန်းအပ်ရမှာလဲ ..?
အောက်မှာ ပေးထားတဲ့ link ကို နှိပ်ပြီး chat box မှာ မေးတဲ့ မေးခွန်း ၄ ခုကို တိကျမှန်ကန်စွာဖြေပေးထားပြီးရင် သင်တန်း တက်လို့ ရ/မရ စာပြန်ထားပေးပါတယ်။ တက်ရောက်ခွင့်ရသူများအနေနဲ့ သင်တန်းကြေး ပေးသွင်းရန် K pay / Wave pay သက်ဆိုင်ရာ နံပါတ်များ ပို့ပေးပါလိမ့်မယ်။ မေမေတို့က ငွေသွင်းပြီးတဲ့အခါ ID ပါတဲ့ ပြေစာကို ပြန်ပို့ထားပေးပြီးရင် တက်ရောက်ခွင့် ရပါပြီ။
သင်ယူချင်တဲ့ကလေးငယ်များအတွက် အသေးစိတ်အချက်အလက်တွေ ထပ်ပြီးတော့ စုံစမ်းချင်ရင် ဒီလင့်လေးကို နှိပ်လိုက်ပါနော်
m.me/fun4kidsworld
#ကလေးတို့ကမ္ဘာ