H.M.N

H.M.N Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from H.M.N, Vintage Store, No. 808/Thuzitar (9)Street/2 Quarter/North okkalapa, Yangon.

🙋H.M.N vintage house မှ ကြိုဆိုပါတယ်ရှင်🤗🏡မင်မင်က ရန်ကုန်ကပါနော်👗👚👖 မင်မင်တို့ pageမှာ thrift အထည် သန့်သန့် လှလှလေးတွေကိ...
10/08/2023

🙋H.M.N vintage house မှ ကြိုဆိုပါတယ်ရှင်🤗
🏡မင်မင်က ရန်ကုန်ကပါနော်
👗👚👖 မင်မင်တို့ pageမှာ thrift အထည် သန့်သန့် လှလှလေးတွေကို စျေးနှုန်း သက်သက်သာသာနဲ့ ရောင်းချပေးမှာ ဖစ်ပါတယ်
😍မင်မင် ကိုယ်တိုင် အဝတ်အစားများကို သေချာ လျှော်ဖွတ် မီးပူတိုက်ပီးမှ ရောင်းချပေးသွားမှာ ဖစ်လို့ သဲလေးတို့ ready to wear ပါနော်💁thrift ထည်လေးများ ဖြစ်တာကြောင့် error ပိစိလေးများ ပါလာတတ်ပါတယ် နားလည် လက်ခံနိုင်မှ ဝယ်ယူ အားပေးပါရှင့်🙏
🤗😍မင်မင်တို့ဆီက အထည်လေးများ ဝယ်ယူ အားပေးလိုပါက chat box မှ တစ်ဆင့် အမည်/ဖုန်း/နေရပ်လိပ်စာ အပြည့်အစုံပေး၍ မှာယူ အားပေးနိုင်ပါတယ်ရှင်🙏
👉မှာယူ ဝယ်ယူပီးသော အထည်များ ❌No cancel ❌No exchange ပါရှင့်🙏
🤑ရန်ကုန် အိမ်ရောက် ငွေချေ ရပါတယ်ရှင့်
နယ်မြို့များ ငွေကြိုလွှဲပါ
အကယ်၍ ပို့လို့ရတဲ့ နယ်မြို့များဆိုရင် မြို့တွင်း အိမ်အရောက် ငွေချေ ပို့ပေးပါတယ်ရှင့်
❤💛💜မင်မင့် pageလေးကို ယုံကြည် စိတ်ချစွာ ဝယ်ယူ အားပေးနိုင်ပါတယ်နော်🙏
🙏မင်မင့် pageလေးကို လာရောက် ကြည့်ရှုသူများ အားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ
အသက်ရှူတိုင်း ငွေတွေ ဝင်ကြပါစေလို့ မင်မင်က ဆုတောင်းပေးပါတယ်ရှင့်🙏

H.M.N vintage house
Viber -09772903274 or cb

😁😁သတိလာပေးတာနော်Photocrd
24/05/2023

😁😁သတိလာပေးတာနော်
Photo
crd

ဂုဏ်တော်ကွန်ချာ ဂါထာတော်~~~~~~~~~~~~~~~~~~၁။သော ဘဂဝါ ဣတိပိ အရဟံ၊ အရဟံ ၀တ သော ဘဂဝါ၊ အရဟန္တံ သရဏံ ဂစ္ဆာမိ၊ အရဟန္တံ သိရသာ န...
24/05/2023

ဂုဏ်တော်ကွန်ချာ ဂါထာတော်
~~~~~~~~~~~~~~~~~~

၁။သော ဘဂဝါ ဣတိပိ အရဟံ၊ အရဟံ ၀တ သော ဘဂဝါ၊ အရဟန္တံ သရဏံ ဂစ္ဆာမိ၊ အရဟန္တံ သိရသာ နမာမိ၊ ပထမော ၀ဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ အရဟံ။

၂။သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓေါ
၀တ သော ဘဂဝါ၊ သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ၊ ဒုတိယော
၀ဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။

၃။သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော၊
ဝိဇ္ဇာစရဏသမ္ပန္နော ၀တ သော ဘဂဝါ၊
ဝိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ၊ ဝိဇ္ဇာစရဏသမ္ပန္နံ
သိရသာ နမာမိ၊ တတိယော ၀ဇီရပါကာရော၊ သော
ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော။

၄။သော ဘဂဝါ ဣတိပိ သုဂတော၊ သုဂတော ၀တ
သော ဘဂဝါ၊ သုဂတံ သရဏံ ဂစ္ဆာမိ၊ သုဂတံ
သိရသာ နမာမိ၊ စတုတ္ထော ၀ဇီရပါကာရော၊ သော
ဘဂဝါ ဣတိပိ သုဂတော။

၅။သော ဘဂဝါ ဣတိပိ လောကဝိဒူ၊ လောကဝိဒူ ၀တ
သော ဘဂဝါ၊ လောကဝိဒုံ သရဏံ ဂစ္ဆာမိ၊
လောကဝိဒုံ သိရသာ နမာမိ၊ ပဉ္စမော ၀ဇီရပါကာရော၊
သော ဘဂဝါ ဣတိပိ လောကဝိဒူ။

၆။သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ
ဒမ္မသာရထိ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ ၀တ
သော ဘဂဝါ၊ အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သရဏံ
ဂစ္ဆာမိ၊ အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သိရသာ နမာမိ၊
ဆဋ္ဌမော ၀ဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ
အနုတ္တရော ပုရိသ ဒမ္မသာရထိ။

၇။သော ဘဂဝါ ဣတိပိ သတ္ထာ ဒေ၀မနုဿာနံ၊
သတ္ထာ ဒေ၀မနုဿာနံ ၀တ သော ဘဂဝါ၊
သတ္ထာရံ ဒေ၀မနုဿာနံ သရဏံ ဂစ္ဆာမိ၊ သတ္ထာရံ
ဒေ၀မနုဿာနံ သိရသာ နမာမိ၊ သတ္တမော
၀ဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သတ္ထာ
ဒေ၀မနုဿာနံ။

၈။သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ၊ ဗုဒ္ဓေါ ၀တ သော
ဘဂဝါ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဗုဒ္ဓံ သိရသာ နမာမိ၊
အဋ္ဌမော ၀ဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ
ဗုဒ္ဓေါ။

၉။သော ဘဂဝါ ဣတိပိ ဘဂဝါ၊ ဘဂဝါ ၀တ သော
ဘဂဝါ၊ ဘဂ၀န္တံ သရဏံ ဂစ္ဆာမိ၊ ဘဂ၀န္တံ သိရသာ
နမာမိ၊ နဝမော ၀ဇီရပါကာရော၊ သော ဘဂဝါ
ဣတိပိ ဘဂဝါ။

၁၀။သော ဘဂဝါ ဣတိပိ လောကဝိဒူ၊ လောကဝိဒူ
၀တ သော ဘဂဝါ၊ လောကဝိဒုံ သရဏံ ဂစ္ဆာမိ၊
လောကဝိဒုံ သိရသာ နမာမိ၊ ပဉ္စမော ၀ဇီရပါကာရော၊
သော ဘဂဝါ ဣတိပိ လောကဝိဒူ။

၁၁။သော ဘဂဝါ ဣတိပိ သုဂတော၊ သုဂတော
၀တ သော ဘဂဝါ၊ သုဂတံ သရဏံ ဂစ္ဆာမိ၊ သုဂတံ
သိရသာ နမာမိ၊ စတုတ္ထော ၀ဇီရပါကာရော၊ သော
ဘဂဝါ ဣတိပိ သုဂတော။

၁၂။သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ
ဒမ္မသာရထိ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ ၀တ
သော ဘဂဝါ၊ အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သရဏံ
ဂစ္ဆာမိ၊ အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သိရသာ နမာမိ၊
ဆဋ္ဌမော ၀ဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ
အနုတ္တရော ပုရိသ ဒမ္မသာရထိ။

၁၃။သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော၊
ဝိဇ္ဇာစရဏသမ္ပန္နော ၀တ သော ဘဂဝါ၊
ဝိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ၊ ဝိဇ္ဇာစရဏသမ္ပန္နံ
သိရသာ နမာမိ၊ တတိယော ၀ဇီရပါကာရော၊ သော
ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော။

၁၄။သော ဘဂဝါ ဣတိပိ သတ္ထာ ဒေ၀မနုဿာနံ၊ သတ္ထာ ဒေ၀မနုဿာနံ ၀တ သော ဘဂဝါ၊ သတ္ထာရံ ဒေ၀မနုဿာနံ သရဏံ ဂစ္ဆာမိ၊ သတ္ထာရံ ဒေ၀မနုဿာနံ သိရသာ နမာမိ၊ သတ္တမော ၀ဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သတ္ထာ ဒေ၀မနုဿာနံ။

၁၅။သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓေါ ၀တ သော ဘဂဝါ၊ သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ၊ ဒုတိယော ၀ဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။

၁၆။သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ၊ ဗုဒ္ဓေါ ၀တ သော ဘဂဝါ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဗုဒ္ဓံ သိရသာ နမာမိ၊ အဋ္ဌမော ၀ဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ။
၁၇။သော ဘဂဝါ ဣတိပိ အရဟံ၊ အရဟံ ၀တ သော ဘဂဝါ၊ အရဟန္တံ သရဏံ ဂစ္ဆာမိ၊ အရဟန္တံ သိရသာ နမာမိ၊ ပထမော ၀ဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ အရဟံ။

၁၈။သော ဘဂဝါ ဣတိပိ ဘဂဝါ၊ ဘဂဝါ ၀တ သော ဘဂဝါ၊ ဘဂ၀န္တံ သရဏံ ဂစ္ဆာမိ၊ ဘဂ၀န္တံ သိရသာ နမာမိ၊ နဝမော ၀ဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ဘဂဝါ။

 #လူတွေကမကောင်းဘူးဆိုပြီး  ************************အပြစ်  မတင်  လိုက်ပါနဲ့ရှောင်တတ်   ဖို့  တော့ ကိုယ့်ဘာသာ  ကြိုးစား  ယ...
13/11/2020

#လူတွေကမကောင်းဘူးဆိုပြီး
************************
အပြစ် မတင် လိုက်ပါနဲ့

ရှောင်တတ် ဖို့ တော့
ကိုယ့်ဘာသာ ကြိုးစား ယူရမှာပါ

လူတွေက
ကိုယ်ချင်းစာတရား မရှိဘူး
ဆိုပြီး တွေးမနေ ပါနဲ့

မစာနာ တတ်တဲ့
လူတွေနဲ့ မပတ်သတ်ပဲ
နေတတ်အောင် နေပါ

ဒါဆို
ကိုယ့်စိတ် ကို
ဒုက္ခပေးနိုင်သူ လျော့သွားပါ ပြီ

ဘယ်သူတွေ ဘယ်လိုပဲ
ကိုယ့် အပေါ် မှာ
မကောင်းမြင် နေကြပါစေ..

သွားပြီး အပြစ်တင်မနေ ပါနဲ့
နေတတ်အောင်
ကင်းကင်းရှင်းရှင်း လေး နေလိုက်ပါ

ဘယ်သူမှ မကောင်းဘူး ဆိုတာ
မျိုးတော့မရှိဘူး

ကိုယ့်ကို မေတ္တာ
အစစ် အမှန် ပေးသူ ရှိဦးမှာပါ

ကိုယ်ဘက် ကလည်း
ကိုယ့်ကို ချစ်တဲ့သူတွေ ကို
နားလည် ပေးတတ် ဖို့နဲ့

ကိုယ့်ကို မချစ်တဲ့သူတွေ ဆီမှာ
တွယ်ကပ် မနေ မိဖို့

နေတတ်အောင် နေဖို့
ကြိုးစား ပြီး

မိမိ စိတ်လေးကို
ပြင်ဆင်ထားလိုက်ပါ
သူငယ်ချင်း . . .
Crd

အောင်မြင်မှုရရှိဖို့ဘယ်လို Mindset တွေရှိသင့်လဲ1.သူများဆီကအကူအညီရဖို့မျှော်လင့်နေမဲ့အစား ကိုယ့်ကိုယ်ကိုယုံကြည်လိုက်ပါ 2....
07/10/2020

အောင်မြင်မှုရရှိဖို့ဘယ်လို Mindset တွေရှိသင့်လဲ

1.
သူများဆီကအကူအညီရဖို့မျှော်လင့်နေမဲ့အစား ကိုယ့်ကိုယ်ကိုယုံကြည်လိုက်ပါ

2.
ကိုယ့်ရဲ့ ရင်ထဲကစကားသံ ကိုနေ့တိုင်းနားထောင်ပေးပါ

3.
လူတွေ ကိုယ့်အပေါ်ယုံကြည်မှုကုန်ဆုံးသွားတဲ့အချိန်မှာ “ ကိုယ့်ကိုယ်ကိုအဆုံးထိယုံကြည်ထားပါ

4.
ပိုပိုပြီးတိုးတက်လာဖို့ “ ပြသာနာ” တွေ့ကြုံတဲ့အခါ အဆင်သင့်ဖြစ်အောင်လုပ်ထားပါ

5.
“ အထင်သေး” တဲ့စကားလုံးကို “ပန်းတိုင်သစ်အဖြစ်” ပြောင်းလဲလိုက်ပါ

6.
ကိုယ့်မှာရှိတဲ့အရည်အချင်းတွေ သိအောင်လေ့လာပြီး အသုံးချနိုင်အောင် ကြိုးစားပါ

7.
“ ရန်သူ “ ကို “ ဆရာကောင်း” အဖြစ်ပြောင်းမြင်လိုက်ပါ

8.
“ အကြောင်းပြချက် “ ဆိုတဲ့စကားလုံးကိုဖျက် သုညမှစပြီးလက်တွေ့ကျကျလုပ်ဆောင်လိုက်ပါ “

9.
ဘယ်လောက်ပဲကျရူံးကျရူံး၊ပြသာနာတွေကြုံတွေ့နေပါစေ” မရပ်လိုက်ပဲရှေ့သို့ဆက်လျှောက်သွားပါ

10.
ကောင်းကျိုး 80% ကိုတည်ဆောက်နိုင်မယ့် 20% အစကိုရအောင်ရှာပါ

11.
“ လက်ခံ” တာထက် ပို “ပေး” ပါ ကိုယ့်ပတ်လည်ကလူတွေကိုအလေးထားပါ

Crd.

06/10/2020

ပိုက်ဆံမကုန်ပဲ တစ်ကယ် ပိန်ချင် သူများ အတွက် (၇)ရက်တွင်း ပိန်နည်း

တကယ် ပိန်ချင် သူများ အတွက် ဆေးဝါး အကူ မလိုဘဲ၊ မိမိ ဖာသာ အစား အသောက် ဖြင့် ဝိတ်ချ လို့ရတဲ့ နည်းလမ်း ကောင်း ရှိပါတယ်။ ဒီနည်း က ရက် သတ္တ ( ၁ ) ပတ် အတွင်း ကိုယ် အလေးချိန် ၆ မှ ၈ ကီလို ထိ ကျစေ တဲ့ နည်းလမ်း ဖြစ်တယ် လို့ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ လ ( ၄ ) ရက် နေ့စွဲပါ American Health Digest မှာ ဖော်ပြ ထားခဲ့ ပါတယ်။ သို့သော် ( ၇ ) ရက် တိတိ သူ့အညွှန်း အတိုင်း လိုက်နာ နိုင်မှသာ ကိုယ် အလေးချိန် သိသိ သာသာ လျော့ကျ စေမှာ ဖြစ်လို့၊ တကယ် ပိန်ချင် လိုစိတ် ပြင်းပြ သူများ ကြိုးစား အားထုတ် ကြည့်စေ လိုပါတယ်။

ပထမနေ့

တသက်တာ လုံး စားသောက် လာခဲ့သမျှ ခန္ဒာကိုယ် ထဲမှာ ပုန်းအောင်း နေတဲ့ အဆိပ် အတောက် တွေ ကို ဖယ်ထုတ် ပေးရမှာ ဖြစ်လို့ ပထမနေ့က အရေးကြီး ဆုံး ပါဘဲ။ ဒါကြောင့် ရေဓာတ် ပါဝင်မှု များတဲ့ သစ်သီး ဝလံများ ဖြစ်ကြတဲ့ ဖရဲသီး၊ စတော်ဘယ်ရီ၊ သခွား မွှေး၊ ဂရိတ်ဖရု၊ နာနတ်၊ လိမ္မော်၊ စပျစ်သီး၊ သင်္ဘောသီး၊ ပန်းသီး၊ တရုပ် ဇီးသီးကြီး စသည့် အဆင်ပြေ ရာ သစ်သီး တို့ကို ဗိုက် ဆာတဲ့ အခါ တိုင်း ထမင်းလွတ် စားပေးရမှာ ဖြစ်ပါတယ်။ သောက်ရေ ကိုတော့ အနည်းဆုံး ဖန်ခွက် ၆ - ခွက်မှ ၈ - ခွက် အထိ သောက် ပေးပါ။ ( ပထမနေ့မှာ ဌက်ပျောသီး စားခွင့် မရှိပါဘူး ရှင် )

ဒုတိယနေ့

ဒီနေ့မှာ တော့ ပန်းဂေါ်ဖီ စိမ်း ( ခေါ် ) ဘရိုကိုလီ၊ မုန်လာဥနီ၊ ပဲသီး အမျိုးမျိုး၊ သခွားသီး၊ ဂေါ်ဖီထုပ် စတဲ့ ဟင်းသီး ဟင်းရွက် တွေ ကို အစိမ်း လိုက် ( သို့မဟုတ် ) ပြုတ်၍ ( သို့မဟုတ် ) အပူပေးကာ ဟင်းချို / စွပ်ပြုတ် ဖြစ်ဖြစ် နှစ်သက် သလို စားနိုင် ပါတယ်။ သို့သော် ဆီ ( လုံးဝ ) မထည့် ပါနဲ့။ ဒုတိယ ရက်မှာ အာလူး ကို ရှောင်နိုင် လေ ကောင်းလေ ပါ။ အကယ်၍ အားလူး စားချင် စိတ် ရှိပါက ပြုတ်၍ နံနက် စာ အဖြစ် သာစားပါ။ ( ပထမနေ့ အတိုင်း ရေသောက် ဖို့မမေ့ပါနဲ့ )

တတိယနေ့

ဒီနေ့အတွက် သစ်သီး ဝလံ နဲ့ဟင်းသီး ဟင်းရွက်တွေ ကို တလှည့် စီ စားလို့ရပါပြီ။ ဒါပေမယ့် အာလူး တော့ မစား ပါနဲ့ဦး။ နံနက်စာ ကို သစ်သီး ဝလံ စားပါ။ နေ့လည်စာ ကို ဟင်းသီး ဟင်းရွက် စားပါ။ ညနေပိုင်း အဆာ ပြေ သစ်သီး ထပ်စား ပြီးနောက်၊ ညစာ ကိုတော့ ဟင်းသီး ဟင်းရွက်တွေ ရော သစ်သီး ဝလံများ ပါ ၂ - မျိုးရော စားနိုင် ပါတယ်။ ( ပထမနေ့အတိုင်း ရေသောက်ဖို့မမေ့ပါနဲ့ )

စတုတ္ထနေ့

ဒီနေ့ကတော့ ပျော်စရာ နေ့လေးပါဘဲ။ တနေ့တာ လုံးအတွက် ဌက်ပျောသီး ၈ - လုံး အထိ စားလို့ရပြီး၊ နွားနို့၃ - ခွက် အထိ သောက်ခွင့်ရှိပါတယ်။ နံက်စာ၊ နေ့လည်စာနဲ့ ညစာတွေကို ဌက်ပျောသီး ၂-လုံးနဲ့၊ နွားနို့ ၁-ခွက် စီသောက်ပေးပါ။ ညနေစာ ကိုတော့ အဆာ ပြေ ဌက်ပျော် သီး ၂ လုံးလောက် စားပေး နိုင်ပါ တယ်။ ( ပထမ နေ့အတိုင်း ရေသောက် ဖို့မမေ့ ပါနဲ့)

ပဉ္စမနေ့

ဒီနေ့မှာ တော့ ခရမ်းချဉ်သီး မှည့် ( အလုံးကြီးကြီး ) ၁၀ - လုံးနဲ့ ထမင်း ပန်းကန်လုံး သေး ၁ - ခွက် စား လို့ရပါ တယ်။ ထမင်း ပန်းကန် လုံးသေး ၁ - ခွက်ကို နေ့လည်စာ အဖြစ် စားပြီး၊ နံက် / နေ့လည် / ညစာတွေ အတွက် ခရမ်းချဉ်သီး ၁၀ - လုံးကို အဆင်ပြေ သလို စား နိုင်ပါ တယ်။ ပဉ္စမ နေ့က ရေတိုး သောက်ပေး ရမယ့် နေ့ဖြစ်လို့ ယခင် သောက်ရေ ဖန်ခွက် ၈ - ခွက်မှ ယခု ၁၂ - ခွက်အထိ သောက် ပေး ရပါမယ်။

ဆဌမနေ့

ဒီနေ့မှာ လည်း နေ့လည်စာ ကို ထမင်း ပန်းကန် လုံးသေး ၁ - ခွက် စားလို့ရပါတယ်။ သို့သော် သစ်သီးဝလံ တို့စားခွင့် မရှိပါဘူး။ ဒုတိယ နေ့က အတိုင်း ဟင်းသီး ဟင်းရွက် တွေကို တော့ အလုံအလောက် စားပေး နိုင်ပါတယ်။ ( ပဉ္စမ နေ့ပမာဏ အတိုင်း ရေများများ တိုးသောက် ဖို့မမေ့ပါနဲ့ )

သတ္တမနေ့

( အားတင်း ထားနော် နောက်နေ့က စလို့ကိုယ် ကြိုက်တာ အစားစုံ စားလို့ရပြီ လေ ) ပျော်စရာ နေ့ကြီးပါ။ ဒီနေ့ မှာတော့ ထမင်း ပန်းကန် လုံး သေး ၁ - ခွက်စာ အပြင်၊ ဟင်းသီး ဟင်းရွက် တွေနဲ့ သစ်သီး ဝလံတွေ ပါ စားခွင့် ရှိပါတယ်။ မှန်ကြည့် လိုက်ပါဦး သင့် မျက်နှာ အသား အရေ ပိုကောင်း လာပြီး ယခင် က ထက် ပိုမို ဝင်းပ နေတာကို တွေ့ရပါ လိမ့်မယ်။ ကိုယ် အလေးချိန် ချိန်ကြည့် တဲ့ အခါ မှာလည်း အနည်းဆုံး ၆ - ကီလိုလောက် ကျသွား တာမို့ ဒါဟာ သင့်ရဲ့ မဆုတ် မနစ် ဇွဲ ရှိရှိဖြင့် ကြိုးစား အားထုတ်မှု ရလာဘ် တွေ ဖြစ်ပါ တယ်။

Credit : နန်းအိအိဇာ

😍ဝိတ်မြန်မြန်ကျလိုသူများတွက် အသုံးဝင်မယ်လို့ထင်ပါတယ်
05/10/2020

😍ဝိတ်မြန်မြန်ကျလိုသူများတွက် အသုံးဝင်မယ်လို့ထင်ပါတယ်

တစ်ချို့တွေက ဝိတ်ကျအောင် gym တွေကစားကြတယ်။ တစ်ချို့တွေက အစားရှောင်ကြတယ်။ ဒီလိုလုပ်လို အကျိုးရလဒ်တွေ ခံစားရတ....

💁‍♀️ဒီလိုကပ်ရောဂါ ဖြစ်နေချိန်မှာ စိတ်တည်ငြိမ်ဖို့ နဲ့ စိတ်ပျော်ရွှင်ဖို့ ဘာလေးတွေ လုပ်ကြမလဲ⁉️💁‍♀️အခုချိန်မှာ အကုန်လုံးက စ...
05/10/2020

💁‍♀️ဒီလိုကပ်ရောဂါ ဖြစ်နေချိန်မှာ စိတ်တည်ငြိမ်ဖို့ နဲ့ စိတ်ပျော်ရွှင်ဖို့ ဘာလေးတွေ လုပ်ကြမလဲ⁉️

💁‍♀️အခုချိန်မှာ အကုန်လုံးက စိတ်ပူပန်မှု့များစွာ ရှိနေကြမှာပါနော်

🏡အိမ်ထဲမှာ နေရပါများတော့လည်း ငြီးငွေ့နေမှာပေါ့

💁‍♀️ဒီလိုအချိန်မှာ စိတ်ကိုအကောင်းဆုံး အလှဆင်ဖို့ လိုပါတယ်

🤗မျက်နှာအလှဆင်ခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှု့တိုးစေသလို စိတ်ကို အလှဆင်ခြင်းကလည်း ကိုယ့်ကိုအကောင်းဆုံး ပျော်ရွှင်မှု့ရစေမှာပါ

💁‍♀️ဒီတော့ စိတ်ပျော်ရွှင်ဖို့အတွက်ကော ဘာလေးတွေ လုပ်ကြမလဲ

(၁) စိတ်အေးချမ်းမှု့နဲ့ စိတ်ကို ပျော်ရွှင်စေဖို့ တစ်နေ့ကို အနည်းဆုံး (၁၅)မိနစ်မှ (၃၀) မိနစ် တရားထိုင်ပါ တရားထိုင်ခြင်းဟာ စိတ်ကို တည်ငြိမ်ပြီး အေးချမ်းစေပါတယ် စကားပုံတောင် ရှိတယ်မဟုတ်လား စိတ်ပျိုတော့ ကိုယ်နုတယ်ဆိုတာ အဲ့တော့ အချိန်ပေးပြီး တရားထိုင်ပေးပါနော်

(၂)လတ်ဆတ်တဲ့ ပန်းပွင့်များထားရှိခြင်း

သင့်အိမ်ခန်းမှာ ပန်းရောင်(သို့) အဖြူရောင်ခပ်များများပါတဲ့ ပန်းတွေထားရှိခြင်းဟာ သင့်ရဲ့ ပျော်ရွှင်မှုကိုအစပျိုးတာဖြစ်ပြီး ဘဝရဲ့ စိတ်ကျေနပ်စရာကောင်းမှုတွေကိုလည်း မြင့်တက်စေနိုင်မှာဖြစ်ပါတယ်

(၃)အမှတ်တရဓာတ်ပုံများ ထားရှိခြင်း

သင့်ရဲ့ ညမီးအိမ်နဲ့အတူ ရှိနေမယ့် နောက်ဆုံးဖတ်ထားတဲ့စာအုပ်နဲ့ ရေတစ်ဖန်ခွက်အစား မိသားစုဓာတ်ပုံတချို့ကို လဲလှယ်ထားရှိလိုက်ပါ ဓာတ်ပုံဟောင်းတွေကို ပြန်ကြည့်ခြင်းဟာ အကောင်းမြင်စိတ်နဲ့ စိတ်တည်ငြိမ်မှု ရှိစေနိုင်တယ်

(၄)သစ်ခွနံ့ပါဝင်တဲ့ ဖယောင်းတိုင်ထွန်းညှိထားရှိခြင်း

အလုပ်ရဲ့ စိတ်ဖိစီးမှုဒဏ်တွေကို ခံစားနေရချိန်မှာ သစ်ခွနံ့ပါဝင်တဲ့ ဖယောင်းတိုင် ထွန်းညှိထားခြင်းဟာအကောင်းဆုံး အပန်းဖြေမှုတစ်မျိုးဖြစ်ပြီး သင့်ရဲ့ စိတ်ခံစားမှုကိုလည်း ပြေလျော့စေနိုင်မှာဖြစ်ပါတယ်

(၅)ကိုယ်တိုင်ရေးမှတ်စုတိုထားရှိခြင်း

စိတ်ပညာဆိုင်ရာ သိပ္ပံလေ့လာတွေ့ရှိချက်အရ သင်ရေးခဲ့တဲ့ ကိုယ်တိုင်ရေးမှတ်စုတိုများကို ပြန်လည်ဖတ်ရှူခြင်းဟာလည်း သင့်ကိုပျော်ရွှင်စေနိုင်မှာဖြစ်ပါတယ်

(၆)အိမ်မွေးတိရိစ္ဆာန်များမွေးမြူထားရှိခြင်း

လူမှုဆက်ဆံရေး စိတ်ပညာလေ့လာတွေ့ရှိချက်မှာ အိမ်မွေးတိရိစ္ဆာန်တွေဟာ သူတို့ပိုင်ရှင်တွေအပေါ်မှာ အဓိပ္ပာယ်ပြည့်ဝတဲ့ အထောက်အပံ့တွေ ဘဝနေထိုင်မှုပုံစံတွေနဲ့ တစ်ကိုယ်တည်း မဖြစ်စေဖို့ ကူညီပေးတယ်လို့ဖော်ပြထားပါတယ်

(၇)ပန်းရနံ့တစ်ခုခုထားရှိခြင်း

စိတ်ပညာဆိုင်ရာ သိပ္ပံအဖွဲ့အစည်းရဲ့ သုတေသနမှာ သင့်နှာခေါင်းရဲ့ အနံ့ခံအာရုံတွေဟာ ဦးနှောက်ရဲ့ စိတ်ခံစားချက်တွေနဲ့ ဆက်စပ်နေတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့်မို့ သင့်အိပ်ခန်းမှာ ပန်းရနံ့တစ်ခုခုရှိနေခြင်းဟာလည်း သင့်ကို ပျော်ရွှင်စေနိုင်မှာဖြစ်ပါတယ်

(၈)အိပ်ရာကိုသပ်သပ်ရပ်ရပ်ထားရှိသူတွေဟာ ပျော်ရွှင်မှု့ကို ပို၍ ရရှိစေပါတယ်

(၉)အိမ်သုံးပစ္စည်းအနည်းငယ်သာထားရှိခြင်း

တန်ဖိုးကြီး အိမ်သုံးပစ္စည်း အများစုပိုင်ဆိုင်ထားတဲ့ အိမ်ရှင်မတွေဟာ ဒီပစ္စည်းတွေရဲ့ ဖိအားဒဏ်နဲ့ ရှုပ်ပွမှုကို ခံစားရတဲ့အတွက် သင့်အိမ်ကို အိမ်သုံးပစ္စည်းအနည်းငယ်နဲ့ပဲ အလှဆင်ပြီး ရိုးစင်းပျော်ရွှင်တဲ့ ဘဝကို သက်တောင့်သက်သာ ဖန်တီလိုက်ပါ။

(၁၀) အစိမ်းရောင် (သို့) အဝါရောင်
ဖြင့် အခန်းနံရံများကို အလှဆင်ခြင်း အမ်စတာဒမ်ရှိ တက္ကသိုလ်တစ်ခုရဲ့ လေ့လာချက်အရ သက်တံ့ရဲ့ အပြင်ဘက်ဆုံး အရောင်နှစ်ခုဖြစ်တဲ့ အစိမ်းရောင်နဲ့ အဝါရောင်ဟာ ပျော်ရွှင်မှုကို ဖြစ်စေနိုင်တဲ့ အရောင်တွေပဲဖြစ်ပါတယ်။

27/09/2019

🙏မင်မင် မအားလို့ page လေးကိုပစ်ထားမိနေတယ် နက်ဖန်ကစပီးပြန်runပါတော့မယ်နော်🙏

26/05/2019

Hello😍😍😍
မင်္ဂလာပါရှင့်🙏🙏🙏
Page new လေးပါရှင့်
အားပေးကြပါဦးနော်
ချစ်တို့ရေ😘😘😘

Address

No. 808/Thuzitar (9)Street/2 Quarter/North Okkalapa
Yangon

Telephone

+959772903274

Website

Alerts

Be the first to know and let us send you an email when H.M.N posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category