Any Trade

Any Trade တောတွင်းသုံးပစ္စည်း
စက်ဘီးပစ္စည်း
ငါ?

ငရုတ်ဆုံ ကျဉ်ပွေ့အပါ၆ လက်မ ၁၈၀၀၀၇ လက်မ ၂၂၀၀၀၉ လက်မ ၄၄၀၀၀၁၀ လက်မ ၅၃၀၀၀စဉ့်နှီတုံး ၁၀ ၁၄ လက်မ လေးထောင့် ၁၈၀၀၀၁၂ ပတ်လည် အဝိ...
19/01/2026

ငရုတ်ဆုံ ကျဉ်ပွေ့အပါ

၆ လက်မ ၁၈၀၀၀
၇ လက်မ ၂၂၀၀၀
၉ လက်မ ၄၄၀၀၀
၁၀ လက်မ ၅၃၀၀၀

စဉ့်နှီတုံး

၁၀ ၁၄ လက်မ လေးထောင့် ၁၈၀၀၀
၁၂ ပတ်လည် အဝိုင်း ၁၇၀၀၀

ပျဉ်းကတိုးအနှစ်
ကုက္ကိုလ်သားအနှစ်များဖြင့် ပြုလုပ်ထားပါတယ်။

မှာမယ်ဆိုရင် လိပ်စာနဲ့ ဖုန်းနံပါတ်လေးပေးပြီးမှာလို့ရပါတယ်။
ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေ
အခြားမြို့များကတော့ ကားဂိတ်ချပေးပါတယ်။

ဆိုင်မှာ လာဝယ်ချင်တယ်ဆိုရင်တော့
၄၇ ပုသိမ်ညွန့် ၆ လမ်း အောက်ဖက် တောင်ညွန့်
ကြက်ဘဲဈေးအနီးပါ။

၀၉၉၅၂၂၈၈၈၉၀
၀၉၇၉၃၆၆၀၉၃၈

ရေထည့် ဆန်ထည့် ဘာထည့်ထည့်အဆင်ပြေတဲ့ ပီပါခွံတွေ ရပါပြီ ဂါလံ ၄၀ ကျော်ဆံ့ပါတယ်။ အဖုံး သံဂွင်းပတ် ဝါရှာအစုံပါပါတယ်တစ်လုံးကို...
16/09/2025

ရေထည့် ဆန်ထည့် ဘာထည့်ထည့်အဆင်ပြေတဲ့ ပီပါခွံတွေ ရပါပြီ
ဂါလံ ၄၀ ကျော်ဆံ့ပါတယ်။
အဖုံး သံဂွင်းပတ် ဝါရှာအစုံပါပါတယ်
တစ်လုံးကို ၅၅၀၀၀ ပါ
အများဈေး သပ်သပ်ရှိပါတယ်။

ပုသိမ်ညွန့် ၆ လမ်း ကြက်ဘဲဈေးအနီးမှာ လာယူလို့ရပါတယ်။ ရန်ကုန်မြို့တွင်းဆိုရင်တော့ ပို့ခတစ်လုံးကို ၅၀၀၀ နဲ့ ပို့ပါတယ်။

09898989743
09793660938

ဒီရက်ပိုင်း မျှင်ငပိတွေ လေးထပ်ထောင်းလုပ်နေရတာနဲ့ ပို့စ်တောင်မတင်ဖြစ်ဘူး။ နှစ်ထပ်ထောင်း အလုံးလိုက်တွေကတော့ ဒီတခေါက်ရောင်း...
17/02/2025

ဒီရက်ပိုင်း မျှင်ငပိတွေ လေးထပ်ထောင်းလုပ်နေရတာနဲ့ ပို့စ်တောင်မတင်ဖြစ်ဘူး။
နှစ်ထပ်ထောင်း အလုံးလိုက်တွေကတော့ ဒီတခေါက်ရောင်းပြီးရင်ကုန်ပါပြီ။
ဘူးသွပ်ထားတာတွေတော့ရှိပါသေးတယ်။
လောလောဆယ်နှစ်ထပ်ထောင်း အလုံးလိုက် တပိသာ ၂၀၀၀၀ ပါ။
ဘူးနဲ့ကတော့ တပိသာဘူး ၂၂၀၀၀
ငါးဆယ်သားဘူး ၁၂၀၀၀ ပါ။
လေးထပ်ထောင်းကတော့ ငါးဆယ်သားဘူး ၁၅၅၀၀ ပါဗျ။
အစိတ်သားဘူးတွေ ကုန်နေပါတယ်။

ဟိုရက်က ပစ္စည်းပြတ်နေတဲ့ ရွှေပုဇွန်ခြောက်လေးတွေလည်း ပြန်ရပါပြီ။
စျေးကတော့ ၂၅၀၀ တက်သွားပါတယ်။
အစိတ်သားတစ်ထုတ်ကို ၃၅၀၀၀ ပါ။
ရိုးရိုးပုဇွန်ခြောက်ကတော့ အစိတ်သားတစ်ထုတ်ကို ၃၀၀၀၀ ပါပဲ။
သူကတော့ အကောင်လေးနည်းနည်းပိုကြီးပါတယ်။
ပုဇွန်ခြောက်တွေ အကုန်လုံးကတော့ ဆားမပါပါဘူး။
အချိုတွေပါပဲ။ အကုန်ခြောက်အားကောင်းပြီး ကြွပ်ရွနေပါတယ်။
မျှင်ငပိကတော့ သဲမပါဆားပေါ့အရောအနှော ဘာမှမရှိပါဘူး။

လောလောဆယ်တော့ မျှင်ငပိနဲ့ ပုဇွန်ခြောက်ရပါတယ်။
မှာမယ်ဆိုရင် လိပ်စာနဲ့ ဖုန်းနံပါတ်လေးပေးထားပါဗျ။

မျှင်ငပိ တစ်ပိသာနဲ့ အထက်မှာသူတိုင်းကို ငရုတ်ကောင်းဒေသထွက် ငရုတ်ကောင်းစေ့တစ်ဘူးစီလက်ဆောင်ပေးပါမယ်ဗျ။

မျှင်ငပိ အသစ် နှစ်ထပ်ထောင်း အလုံးလိုက်ပြန်ရပါပြီ။ကျနော်တို့ဘက်မှာ ဒီရာသီ ပထမဆုံးရတဲ့ မျှင်တွေ။  အရင်တပတ်ကမှရတဲ့ မျှင်တွေ...
31/10/2024

မျှင်ငပိ အသစ် နှစ်ထပ်ထောင်း အလုံးလိုက်ပြန်ရပါပြီ။
ကျနော်တို့ဘက်မှာ ဒီရာသီ ပထမဆုံးရတဲ့ မျှင်တွေ။
အရင်တပတ်ကမှရတဲ့ မျှင်တွေပါ။
တစ်ပိဿာ ၁၇၀၀၀ စျေးပါ။
အလုံးလိုက်တွေပဲရပါဦးမယ်။ ဘူးမသွပ်ရသေးပါဘူး။
သဲမပါ ဆားပေါ့ အရောအနှောဘာမှမပါပါဘူး။
ပင်လယ်ရေအနက်မှာရတဲ့ဟာတွေကို ချက်ချင်းလှန်း ချက်ချင်းထောင်းထားတာတွေပါ။

အများကြီးလည်း မပြောတော့ပါဘူး။
အမြဲဝယ်ဖူးသူတွေသိပါတယ်။

မှာမယ်ဆိုရင် လိပ်စာနဲ့ ဖုန်းနံပါတ်လေးကို မက်ဆင်ဂျာပို့ထားပေးပါ။
ထုံးစံအတိုင်းပါပဲ ငါးပိသာနဲ့အထက် ပို့ခ အခမဲ့...။
ရန်ကုန်အိမ်အရောက် အခြားမြို့တွေ ကားဂိတ်ကပို့ပါတယ်။

လောလောဆယ် ကျနော့်ဆီမှာ ရတဲ့ ပစ္စည်းတွေလေးတွေကတော့ မျှင်ငပိလေးထပ်ထောင်း တစ်ပိဿာ ၂၆၀၀၀ငပိရေကျိုတစ်ဘူး တစ်ပိဿာခွဲ ၂၂၀၀၀ငပိထ...
26/10/2024

လောလောဆယ် ကျနော့်ဆီမှာ ရတဲ့ ပစ္စည်းတွေလေးတွေကတော့
မျှင်ငပိလေးထပ်ထောင်း တစ်ပိဿာ ၂၆၀၀၀
ငပိရေကျိုတစ်ဘူး တစ်ပိဿာခွဲ ၂၂၀၀၀
ငပိထောင်း ၂၀ သားတစ်ဘူး ၈၀၀၀
မကျီးသီးစိမ်းငပိကြော် ၂၂ ကျပ်သားတစ်ထုတ် ၈၀၀၀
မျှင်ငပိကြော် ၂၂ ကျပ်သား တစ်ထုတ် ၁၁၀၀၀

ပုဇွန်ခြောက်တို့ ငါးခြောက်တို့ကတော့ တခေါက်နဲ့ တခေါက် ကွာလတီမတူ စျေးမတူတာကြောင့်
ရတဲ့အခါကြမှပဲ စျေးနှုန်းနဲ့တကွတင်ပေးပါမယ်။

မျှင်ငပိကရခိုင်မျှင်ငပိပါ။ ပင်လယ်ရေအနက်မှာဖမ်းပြီး ချက်ချင်းနေလှန်း ချက်ချင်းထောင်းတာမို့ ရခိုင်မျှင်ငပိက စျေးကောင်းပါတယ်။
ဗူးနဲ့ တံဆိပ်နဲ့ သေချာလေးလုပ်ထားပြီး ပါဝင်ပစ္စည်းလည်းထည့်ပေးထားတာမို့ နိုင်ငံရပ်ခြားသယ်သွားမယ်ဆိုရင် အဆင်ပြေပါတယ်။
လောလောဆယ်အများဆုံးပို့ဖြစ်တာကတော့ စင်္ကာပူကိုပါပဲ။
အေးဂျင့်တွေကတဆင့်ပို့ဖြစ်ပါတယ်။

ငပိရေကျိုကတော့ ခရမ်းသုံးခွဘက်ကပါ။ လယ်ထဲချောင်းထဲကရတဲ့ ငါးတွေနဲ့ လုပ်ထားတာပါ။
ငါးနဲ့ ဆားနဲ့ပဲလုပ်ထားတဲ့အတွက် ကျိုပြီးရင်လည်း တာရှည်ခံပါတယ်။
အနံ့လည်းမွှေးပြီး စားမယ်ဆိုရင် ငရုတ်သီးမှုန့်တမျိုးထဲထည့်စားရုံနဲ့ အဆင်ပြေပါတယ်။
ငပိရည်ကို ကျိုမယ်ဆိုရင်တော့ အားလုံးသိတဲ့အတိုင်း အပေါ်မှာတက်လာတဲ့ အမြှုပ်တွေတွေကို ဖယ်ထုတ်ပေးပို့တော့လိုပါမယ်။
အဲ့အမြှုပ်တွေက ခါးတတ်လို့ပါ။
ကျနော်ကတော့ ငပိရည်ကျိုရင် ဆနွင်းမှုန့်၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းလေး နည်းနည်းစီထည့်ပြီး ကျိုပါတယ်။ အနံ့ပိုမွှေးအောင်ပါ။

ငပိထောင်းကတော့ ရခိုင်မျှင်ငပိကိုပဲ မွန်နည်းအတိုင်းထောင်းထားတာပါ။
ကြက်သွန်ဖြူကို ကြက်အောင်လှော်၊ ငရုတ်သီးမှုန့်၊ ပုဇွန်ခြောက်နဲ့ ငပိကိုခြောက်နေအောင်ကင်ပြီးထောင်းထားတာမို့ တာရှည်ခံပါတယ်။

မျှင်ငပိကြော်တို့ မကျီးသီးစိမ်းငပိကြော်တို့ကတော့ မျှင်ငပိနည်းနည်း၊ ပုဇွန်ခြောက်များများ၊ ကြက်သွန်များများနဲ့ ကြော်ထားတာမို့ စားဖူးသူတိုင်းကြိုက်တယ်ပြောကြတာပဲ။
စားဖူးသူတွေပဲ ခဏခဏမှာကြတာကိုတွေ့ရပါတယ်။
သူကတော့ သိပ်တာရှည်မခံပါဘူး။ ဒီအကြော်တွေက အမှာပြည့်မှ ကြော်တာဖြစ်လို့ ရက်ကလေးနည်းနည်းတော့ စောင့်ရပါတယ်။

လောလောဆယ်တော့ အဲ့ဒါတွေပါပဲ။
မှာမယ်ဆိုရင် လိပ်စာနဲ့ ဖုန်းနံပါတ်လေးသာ မက်ဆင်ဂျာမှာပို့ထားလိုက်ပါ။
ရန်ကုန်ဆို အိမ်အရောက် ဒယ်လီနဲ့ ပို့ပေးပါတယ်။
အခြားမြို့တွေဆိုရင်တော့ ကားဂိတ်က တင်ပေးပါတယ်။ ဂိတ်ချခပေးစရာမလိုပါဘူး။ ဒါပေမဲ့ တချို့မြို့တွေအတွက်ကတော့ ခေါက်တိုခ ၁၀၀၀ ပေးရပါတယ်။
ကေပေး ဝေ့ပေး စီဘီပေး နဲ့လည်း ရှင်းလို့ရပါတယ်။
ငါးပိဿာနဲ့အထက်ဝယ်သူတိုင်းကိုလည်း ပို့ခ အခမဲ့နဲ့ ပို့ဆောင်ပေးပါတယ်။

ရောင်းသူကတော့ အကောင်းပဲပြောမှာပေါ့လေ။
ကောင်းမကောင်းကတော့ သင်ကိုယ်တိုင် မှာစားရမယ့်အချိန် ရောက်ရှိလို့လာပါပြီ။

ရေကျိုငပိမရောင်းဘူးလား ခဏခဏ မေးလို အခု စရောင်းပါပြီ။ မိုးဦးကျတုန်းက ရတဲ့ ငါးတွေနဲ့ လုပ်ထားတဲ့ ငါးငပိ။ ကျနော်သွားသွားနေတ...
23/10/2024

ရေကျိုငပိမရောင်းဘူးလား ခဏခဏ မေးလို အခု စရောင်းပါပြီ။
မိုးဦးကျတုန်းက ရတဲ့ ငါးတွေနဲ့ လုပ်ထားတဲ့ ငါးငပိ။
ကျနော်သွားသွားနေတဲ့ သန်လျင်ဘက်က ဘော်ဒါတွေ လုပ်တာပါ။
ငါးအစုံပါပဲ။ ငါးသေးများမယ်။ ငါးကြီးနည်းတယ်။
ငဇင်ရိုင်း၊ ငဒေါင်ဇင်း၊ ငဖျင်းဆလပ်၊ ငရံ့၊ ငါးအစုံပါ။

ဒီဘက်က လုပ်တဲ့ နည်းကတော့ ချောင်းထဲ ရိုးထဲ ငါးတွေဆင်းတဲ့ အချိန်ကျားပိုက်နဲ့ ဖမ်း။
ရတဲ့ငါးကို အိတ်ထဲထည့်၊ အပေါ်ကအလေးနဲ့ဖိ။ အရည်စစ်သွားအောင်။
နောက်နေ့ကျရင် ဗိုက်ဖောက် ရေဆေး။
ပြီးရင် ဆားနယ်ပြီး ပုံးထဲထည့်။
နောက်နေ့ ပြန်ထုတ် နေပြ ဆားနယ်ပြီး ပုံးထဲ စဥ့်အိုးထဲ ထည့်ပြီး နှပ်ထားလိုက်တာပါပဲ။
ငါးနဲ့ ဆားနဲ့ပဲပါပါတယ်။

ဘူးခွံတွေ စျေးတက်လို တပိသာခွဲဘူးနဲ့ပဲ ထည့်ထားပါတယ်။
တစ်ပိဿာကို ၁၅၀၀၀ စျေးပါ။ တစ်ပိဿာခွဲ တစ်ဘူးကို ၂၂၀၀၀ ပါ။
သူများဆီက ယူရတာနဲ့ သယ်ယူစားရိတ် ဘူးဖိုးတွေကြောင့် စျေးများသွားတာပါ။
နောက်ပိုင်းမှပဲ ကိုယ်တိုင်လုပ်ပြီး စျေးသက်သက်သာသာနဲ့ ရောင်းပေးပါမယ်။

မျှင်ငပိ လေးထပ်ထောင်းလည်း ရပါသေးတယ်။ တစ်ပိဿာကို ၂၆၀၀၀ စျေးပါပဲ။
အကြော်တွေ အထောင်းတွေလည်း မှာလိုရပါသေးတယ်။
အရင်စျေးပါပဲ။

မှာမယ်ဆို လိပ်စာနဲ့ ဖုန်းနံပါတ်လေး ပေးထားပါဗျ။

စျေးမရောင်းဖြစ်တာလည်းကြာပြီ။ တကယ်ကို မအားတာကြောင့်ပါ။ လမ်းပေါ်မှာချည်းဆိုတော့ မက်ဆေ့တွေလည်း ရပလိုင်းနောက်ကျတာရှိရင် တောင...
13/10/2024

စျေးမရောင်းဖြစ်တာလည်းကြာပြီ။ တကယ်ကို မအားတာကြောင့်ပါ။
လမ်းပေါ်မှာချည်းဆိုတော့ မက်ဆေ့တွေလည်း ရပလိုင်းနောက်ကျတာရှိရင် တောင်းပန်ပါတယ်။

မျှင်ငပိက ရပါသေးတယ်။
စျေးပြောင်းရမှာ အားနာနေလို့ မရောင်းဖြစ်တာပါ။
အခုတော့ တပိသာ ၂၆၀၀၀ စျေးနဲ့ပဲယူပါ။
လေးထပ်ထောင်းမျှင်ငပိ ရှယ်တွေပါ။

သဲမပါ ဆားပေါ့ အရောအနှောဘာမှ မရှိ။
ပင်လယ်ရေအနက်မှာရတဲ့ မျှင်တွေကို ချက်ချင်းနေလှန်း ချက်ချင်းထောင်း။
အထပ်ထပ်နေလှန်းပြီး ထောင်းတာဖြစ်တဲ့အတွက် ကြာရှည်လည်းခံပါတယ်။
မျှင်နဲ့ ဆားပဲ ပါပါတယ်။
ကျနော့် မျှင်ငပိလေးထပ်ထောင်းကို ၂ နှစ်အထိ အာမခံပေးပါတယ်။
၂ နှစ်အတွက် ပျက်သွားခဲ့သည်ရှိသော် အစားထိုးပြန်ပေးပါတယ်။

မှာမယ်ဆိုရင်တော့ မက်ဆင်ဂျာမှာ လိပ်စာနဲ့ ဖုန်းနံပါတ်လေးပေးထားပါဗျ။

ရွှေပုဇွန်ခြောက်တွေ နှစ်သိန်းကျော်သွားလို့ မရောင်းဖြစ်တာကြာပြီ။အဲ့လောက်မရင်းနိုင်ဘူးလေ။  ဒီရက်ပိုင်းတော့ စျေးတွေကျတယ်။ ရ...
04/10/2024

ရွှေပုဇွန်ခြောက်တွေ နှစ်သိန်းကျော်သွားလို့ မရောင်းဖြစ်တာကြာပြီ။
အဲ့လောက်မရင်းနိုင်ဘူးလေ။
ဒီရက်ပိုင်းတော့ စျေးတွေကျတယ်။ ရွှေစျေးကျလို့ လိုက်ကျတာတော့မဟုတ်ပါဘူး။ ကုန်အတက်များလို့ထင်တာပဲ။

ဒီလိုအစကို သေချာရွေးလိုက်ရင်မယ်ဆိုရင် နှစ်သိန်းခွဲစျေးလောက်အသာလေးရတယ်။
ဒါပေမဲ့ ရွေးမနေတော့ဘူး။ ရွေးရင်တကောင်ချင်းရွေးရတာ။
ငါးဖမ်းရာသီလည်းစနေပြီဆိုတော့ ပင်လယ်ဆင်းရမှာနဲ့ အလုပ်တွေများနေတာ။
ဒါကြောင့် ဖုန်သဲခဲဇကာချ၊ အတိုအစတွေဖယ်ပြီးတော့ပဲ သန့်ပလိုက်တယ်။
ပဲကြီးလှော်စားသလို ကျွတ်ကျွတ်လေးစားလို့ရမယ်။
တပိသာကို ၁၇၀၀၀၀ စျေးပါ။
အစိတ်သားထုတ်တွေရပါတယ်။ ၄၂၅၀၀ ပေါ့လေ။

မျှင်ငပိကလည်း လေးထပ်ထောင်းရပါသေးတယ်။ အရင်အတိုင်း ၂၆၀၀၀ စျေးပါပဲ။
မျှင်ငပိထောင်း ၈၀၀၀၊ မျှင်ငပိကြော် ၁၁၀၀၀၊ မကျီးသီးကြော် ၈၀၀၀။
မှာမယ်ဆိုရင် မက်ဆင်ဂျာမှာ လိပ်စာနဲ့ ဖုန်းနံပါတ်လေးပို့ထားပေးပါဗျ။
အမြန်ဆုံး ပို့ပေးပါမယ်။

မျှင်ငပိ နှစ်ထပ်ထောင်းကတော့ ကုန်သွားပါပြီ။ လေးထပ်ထောင်းပဲ ကျန်ပါတော့မယ်။ တပိသာ ၂၆၀၀၀ ပါ။ သူလည်း သိပ်တော့ များများမကျန်တေ...
26/09/2024

မျှင်ငပိ နှစ်ထပ်ထောင်းကတော့ ကုန်သွားပါပြီ။
လေးထပ်ထောင်းပဲ ကျန်ပါတော့မယ်။
တပိသာ ၂၆၀၀၀ ပါ။
သူလည်း သိပ်တော့ များများမကျန်တော့ပါဘူး။
ကုန်ရင်တော့ သူလည်း စျေးတက်မှာပါ။
ရွာမှာတောင် ၂၈၀၀၀ ဖြစ်နေပြီမို့ပါ။
ရန်ကုန်ပို့ထားတာတွေ ရွာပြန်ယူပြီး ရောင်းရင်တော့ မြတ်ပြီ။
စျေးတက်ချင်ပေမဲ့ စျေးမပြောင်းချင်တာကြောင့်ပါ။

မျှင်ငပိထောင်း လက်ဆောင်ပေးစရာတွေကတော့ ကုန်သွားပါပြီ။
မှာချင်ရင်တော့ရပါတယ်။
၂၀ သားဘူး ၈၀၀၀ ပါ။
၁၀ သားဘူးဆိုရင်တော့ ၃၅၀၀ ပါပဲ။

မျှင်ငပိကြော်က ၂၂ ကျပ်သားတထုတ် ၁၀၀၀၀ ပါ။
မကျီးသီးငပိကြော်ကလည်း ၂၂ ကျပ်သားတထုတ်ကို ၈၀၀၀ ပါ။

မှာမယ်ဆိုရင် လိပ်စာနဲ့ ဖုန်းနံပါတ်လေး မက်ဆင်ဂျာမှာ ပေးထားပါဗျ။
ကွန်မန့်မှာမှာဆိုရင် မမြင်ရဖြစ်ပြီး ကျန်ခဲ့တတ်လို့ပါ။
အထောင်းတွေ အကြော်တွေကတော့ ထောင်းပြီးကြော်ပြီးတာနဲ့ ပို့ပေးပါမယ်။

ဒီရက်ပိုင်း စျေးလည်းသိပ်မရောင်းချင်တာနဲ့ ငပိထောင်းကြည့်နေတာ။ ကျနော်တို့ဘက်မှာထောင်းတဲ့ ရခိုင်ငပိ‌‌‌ထောင်းက စျေးကွက်မှာ သ...
17/09/2024

ဒီရက်ပိုင်း စျေးလည်းသိပ်မရောင်းချင်တာနဲ့ ငပိထောင်းကြည့်နေတာ။
ကျနော်တို့ဘက်မှာထောင်းတဲ့ ရခိုင်ငပိ‌‌‌ထောင်းက စျေးကွက်မှာ သိပ်ရောင်းလို့မကောင်းဘူး။
ငရုတ်သီးစိမ်းများများ၊ ငပိနည်းနည်းဆိုတော့ ချက်ချင်းထောင်း ချက်ချင်းစားတာပိုကောင်းတယ်။
ရောင်းလို့သိပ်မကောင်းဘူး။ အစိုထောင်းများတော့ ကြာကြာအထားသိပ်မခံဘူး။

မွန်တို့ မြိတ်တို့ဘက်မှာ ထောင်းတဲ့ပုံစံကတော့ ကြာကြာအထားခံတယ်။
အဲ့တော့ ကျနော်လည်း အဲ့ဘက်က ပုံစံလေးစမ်းထောင်းကြည့်တယ်။
ရခိုင်ငပိကို ရေးဘက်က ထောင်းတဲ့ ပုံစံလေးထောင်းတာပေါ့လေ။
ငပိကိုကင်၊ ပုဇွန်ခြောက်ကိုထောင်း၊ ကြက်သွန်ဖြူကိုလှော်၊ ငရုတ်သီးအလှော်မှုန့်နဲ့ပဲ ထောင်းတာ။

ကျနော်ထောင်းတာတော့ မဟုတ်ပါဘူး။ ရန်ကုန်မှာရှိနေတဲ့ ရေးဘက်က သူငယ်ချင်းထောင်းပေးတာ။
ကျနော့် မျှင်ငပိနဲ့ပဲထောင်းတာ။
ကြာရှည်ခံတယ်လို့တော့ ပြောတာပဲ။ ခြောက်ခြောက်လေးဆိုတော့။
ရောင်းမယ်လို့ စဥ်းစားပြီးမှ မရောင်းချင်သေးတာနဲ့ ဒီရက်ပိုင်း မျှင်ငပိမှာကြသူတွေကိုပဲ လက်ဆောင်ပေးတော့မယ်။
လောလောဆယ်ဘူး ၂၀ ကျော်လောက်ရှိတယ်။ တဘူးကို ၇၀၀၀ နဲ့ ရောင်းဖို့လုပ်ထားတာ။ တဘူးကို ၂၀ သားရှိတယ်။
တဆယ်သားမှ ၃၅၀၀ ပဲရှိတာပေါ့လေ။ ရခိုင်မျှင်ငပိအကောင်းစားနဲ့ ထောင်းထားတဲ့အတွက် ဒီစျေးနဲ့ကတော့ အမြတ်လည်းမကျန်ပါဘူး။
အဲ့တော့ ဒီရက်ပိုင်း မျှင်ငပိများများဝယ်သူတွေကို လက်ဆောင်ပေးမယ်။
လောလောဆယ် မျှင်ငပိကြော်၊ မကျီးသီးကြော်၊ မျှင်ငပိ၊ ဒီသုံးမျိုးပဲ ရပါဦးမယ်။ စျေးတွေကလည်း မပြောင်းပါဘူး။
ပုဇွန်ခြောက်တွေ ငါးခြောက်တွေကတော့ ရောင်းနေရမှာစိုးလို့ ဝယ်မထားဖြစ်သေးပါဘူး။ (ဝယ်ထားပြီး မရောင်းရင်လည်း ပစ္စည်းပျက်တတ်လို့)

လကုန်ပိုင်းလောက်မှာ ကျနော့်ဆီက ငပိဝယ်ထားသူတွေ အကြောင်းကြောင်းကြောင့် ငပိတွေ ဆုံးရှုံး ပျက်စီးသွားရင် အစားပြန်ပို့ပေးဖို့ စီစဥ်ထားပါတယ်။
ရေဘေးဖြစ်ဖြစ် မီးဘေးဖြစ်ဖြစ် တခုခုဖြစ်ရင် ဘယ်သူမှ ငပိဘူးကြီးတော့ သယ်မပြေးကြဘူးလေ။
သယ်လည်းမပြေးကြပါနဲ့။ ပင်ပန်းပါတယ်။
ကျနော့်ကိုသာ လှမ်းပြောလိုက်၊ "ဟေ့လူ..ခင်ဗျားဆီက ဝယ်ထားတဲ့ ငပိကတော့ ရန်သူမျိုးငါးပါးကြောင့် မရှိတော့ဘူးဗျာ" လို့သာ စာလေးပို့လိုက်။
ကျနော့်ဆီက နောက်ဆုံးဝယ်ထားတဲ့ ပမာဏအတိုင်း ပြန်ပို့ပေးလိုက်မယ်။
ကျနော်ကတော့ ဒါလေးပဲလုပ်ပေးနိုင်ပါတယ်။

မျှင်ငပိတွေ ရှိပါသေးတယ်။ အခုလို ရွှေစျေး ဒေါ်လာစျေး ထိုးကျနေတဲ့အချိန် မျှင်ငပိစျေးကတော့ မကျပါဘူး။ ဘာလို့လည်းဆိုတော့ မိုး...
08/09/2024

မျှင်ငပိတွေ ရှိပါသေးတယ်။
အခုလို ရွှေစျေး ဒေါ်လာစျေး ထိုးကျနေတဲ့အချိန် မျှင်ငပိစျေးကတော့ မကျပါဘူး။
ဘာလို့လည်းဆိုတော့ မိုးတွင်းမို့ပါ။
စျေးမကျဘူးဆိုလို့ တက်သွားတယ်လို့လည်း မထင်ပါနဲ့။
အရင်စျေးပါပဲ။ သူများတွေ စျေးတက်တုန်းကလည်း မတက်ခဲ့ပါဘူး။
လေးထပ်ထောင်း တပိသာ ၂၆၀၀၀၊
နှစ်ထပ်ထောင်း တပိသာ ၂၀၀၀၀၊
အကုန်လုံး ဘူးတွေနဲ့ချည်းပါပဲ။

ဒီရက်ပိုင်း မျှင်ငပိ ဝယ်သူတွေကို လက်ဆောင်တွေလည်း ပေးနေပါတယ်။
ဘာလက်ဆောင်ဖြစ်မလဲဆိုတာကတော့ ပစ္စည်းရောက်တဲ့အချိန်စောင့်ကြည့်လိုက်ကြပါ။
လက်ဆောင်က စျေးကြီးတော့ တပိသာနဲ့ အထက်ဝယ်သူတွေကိုပဲ ပေးနိုင်ပါဦးမယ်။
အရင်အခေါက်က မှာသူတွေကိုလည်း လက်ဆောင်ထည့်ပေးထားပါတယ်။

ပုဇွန်ခြောက် အကောင်‌သေးလည်း ရပါဦးမယ်။ ရေးပုဇွန်ခြောက်ပါ။ အစိတ်သား ၁ ထုတ်ကို ၁၇၀၀၀ ပါ။
တပိသာယူမယ်ဆို ၆၇၀၀၀ ပါ။
ငပိကြော်၊ မကျီးသီးကြော်တွေကလည်း အရင်စျေးတွေပါပဲ။

အချို့ကပြောကြတယ်။ ကျနော့်မျှင်ငပိကို စားပြီးရင် အခြားမျှင်ငပိ မတိုးတော့ဘူးဘာညာပေါ့။
တကယ်တော့ ကျနော့်မျှင်ငပိမှမဟုတ်ပါဘူး။
ဇီးဂျိုင်နဲ့ သံတွဲကြားက ကမ်းခြေတလျှောက်မှာ လုပ်တဲ့ ရခိုင်မျှင်ငပိမှန်သမျှ ကျနော့်ငပိလိုပါပဲ။
သိပ်မကွာကြပါဘူး။ အကုန်လုံးကောင်းကြပါတယ်။
ရတဲ့မျှင်ကို ချက်ချင်းနေလှန်း၊ လတ်လတ်ဆတ်ဆတ်ထောင်း၊ နေ ဝအောင် ပြပြီးထောင်းလို့ ကောင်းကြတာပါ။
တခါတလေ လုပ်တဲ့လူအပေါ်မူတည်ပြီး ဆားအနည်းအများတော့ ရှိတတ်ပါတယ်။
ကျနော့်မျှင်ငပိတခုထဲကောင်းတာမဟုတ်ပါဘူး။ ရခိုင်မျှင်ငပိတိုင်းကောင်းကြပါတယ်။
အခြားမျှင်ငပိတွေကိုလည်း မှာစားကြည့်ဖို့ အကြံပြုပါတယ်။

ကျနော့်မျှင်ငပိကို မှာမယ်ဆိုရင်တော့ လိပ်စာနဲ့ ဖုန်းနံပါတ်လေးပေးထားပါဗျ။
ရန်ကုန်ဆို အိမ်အရောက်၊ အခြားမြို့တွေဆိုရင် ကားဂိတ်ကတင်ပေးပါတယ်။
ထုံးစံအတိုင်းငါးပိသာနဲ့အထက် ပို့ခ အခမဲ့။ ဘာပေးညာပေးအကုန်ရပါတယ်။

အရာရာစျေးတက်လိုက်ကျလိုက်ဖြစ်နေပေမဲ့ ကျနော့်ရဲ့ မျှင်ငပိကတော့ စျေးပုံမှန်ပါပဲ။ ဒေါ်လာစျေးတက်တိုင်း တက်ရအောင်လည်း နိုင်ငံခ...
31/08/2024

အရာရာစျေးတက်လိုက်ကျလိုက်ဖြစ်နေပေမဲ့ ကျနော့်ရဲ့ မျှင်ငပိကတော့ စျေးပုံမှန်ပါပဲ။
ဒေါ်လာစျေးတက်တိုင်း တက်ရအောင်လည်း နိုင်ငံခြားကနေ သွင်းရတာမှမဟုတ်တာ။
(အခုမဟုတ်ဘူးပြောတာ၊ နောင်ဆိုရင်တော့ မျှင်ငပိလည်း အင်ပို့ဖြစ်ချင်ဖြစ်သွားမှာ၊ အင်ဒိုနဲ့မလေးမှာလည်း မျှင်တွေရတာကိုး)
သူများတွေစျေးတက်တော့ ကိုယ်လည်းတက်ချင်တာပေါ့ဗျာ။ ခေတ်မီအောင်ပေါ့။
ကိုယ်ကလည်း ငပိချည်းပဲ စားလို့ရတာမှမဟုတ်တာ။ ဆန်တွေဆီတွေဝယ်ရသေးတယ်။
ဆန်ကလည်း ဆန်ကြမ်းကို တသိန်းကျော်တယ်။
ဆီကလည်း ဝယ်ရမလွယ်ဘူး။
ကျ‌နော်တို့ဘက်မှာတော့ အုန်းနို့နဲ့ ဟင်းချက်စားကြတယ်။
အုန်းသီးမှာလည်း ဆီပါတာကိုး။ ချဥ်ပေါင်းဟင်းတောင် အုန်းနို့လေးနဲ့ ချက်ကြတယ်။
အရင်ကပါ အခုတော့ အုန်းသီးလည်းစျေးကောင်းတော့ ရောင်းစားတာက ပိုကောင်းတယ်။
ထားပါတော့လေ။

လေးထပ်ထောင်းဆို တပိဿာ ၂၆၀၀၀၊
နှစ်ထပ်ထောင်းက တပိဿာ ၂၀၀၀၀၊
မျှင်ငပိပုဇွန်ခြောက်ထောင်းကြော်က ၂၂ ကျပ်သား တဘူးကို ၁၁၅၀၀၊
မကျီးသီးမျှင်ငပိကြော်က ၂၂ သားတထုတ်ကို ၈၀၀၀။

ပုဇွန်ခြောက်ကတော့ နောက်တပတ်လောက်မှပဲ ပြန်ရပါတော့မယ်။
အရင်မှာထားသူတောင်ပို့ဖို့ ကျန်နေလို့ပါ။
အရင်ပုဇွန်ခြောက်မှာထားသူတွေ ဒီရက်ထဲ ပို့ပေးပါမယ်ဗျ။

လောလောဆယ် ရှိတာလေးတွေ မှာမယ်ဆိုရင် မက်ဆင်ဂျာမှာ လိပ်စာနဲ့ ဖုန်းနံပါတ်လေးပေးထားပါခင်ဗျ။
မက်ဆင်ဂျာမှာကြတော့ စာရင်းလုပ်ရင်တွေ့ရတယ်။ ကွန်မန့်မှာကြတော့ ကျန်ကျန်သွားတတ်လို့ပါ။
မျှင်ငပိပဲ မှာသူတွေကိုတာ့ အမြန်ဆုံး ပို့ဆောင်ပေးပါမယ်။ (စတော့အသင့်ရှိလို့ပါ၊ ဒယ်လီလည်းအသင့်ပါ)
အကြော်တို့ ငါးခြောက်တို့ ပုဇွန်ခြောက်တို့ကြတော့ ကြော်ရတာနဲ့ ပစ္စည်းမလောက်တာနဲ့ဆိုရင် နည်းနည်းလေးကြာသွားတတ်ပါတယ်။
သီးခံစောင့်ဆိုင်းမှာယူပေးသူတိုင်းကို တကယ်ကျေးဇူးတင်ပါတယ်။
နွေကြမှပဲ ရွာကို အလည်ခေါ်တော့မယ်။

ဟိုရက်က ပုံထဲက ချောင်းထဲကို ငပိတပုံးကျသွားတာ လိုက်ဆယ်တာမရတော့ဘူး။ ၆ သိန်းကျော်ပလုံပဲ။

Address

Pathein Nyunt 7th Street
Yangon
11221

Alerts

Be the first to know and let us send you an email when Any Trade posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Any Trade:

Share

Category

တခုခုတော့ လိုမှာပါ

ငါးမျှားပစ္စည်း

တောတွင်းသုံးပစ္စည်း

သူများထက်ဈေးသက်သာစေရမည်