04/02/2026
🙋🙋🙋 Hello everyone,
ခုတလော ဆရာ၀န် postingခေါ်စာလေးတွေ တွေ့နေရတော့ အလုပ်သင်ဆရာဝန်ဘဝအကြောင်း ကို သတိရနေမိတာပါ
ဒါနဲ့ပဲ ဒီတစ်ပတ် book reviewလေးမှာ အလုပ်သင်ဘဝ အလုပ်သင်ခဏ အမှတ်တရလေးတွေကို စုစည်းရေးသားထားတဲ့ စာအုပ်လေးတစ်အုပ်ကို မိတ်ဆက်ပေးချင်ပါတယ်
စာရေးဆရာမ စိမ့်စမ်းဖြူရဲ့ လေးအုပ်မြောက်ထွက်ရှိထားတဲ့ * #ဆရာဝန်တစ်ယောက်ရဲ့ဒိုင်ယာရီ * စာအုပ်လေးပါ
စာအုပ်အမှာစာ မှာကိုက "နားလည်မှုတံတိုင်းတြွေခားနေသော ပြည်သူလူထုနှင့် ဆေးလောက အကြား ပြတင်းတံခါးလေးတစ်ချပ်အဖြစ်၊
နိုင်ငံအစိုးရက နိုင်ငံ့၀န်ထမ်းဆေးလောကသားများ၏ ဘ၀နှင့် ပြည်သူ့ ကျန်းမာရေးအနေအထားကို လှမ်းမြင်နိုင်မည့် မျှော်စင်လေးအဖြစ်၊
အလုပ်သင်ဆင်းမည့် ဆရာ၀န်လေးများအတွက် အတိုင်းအတာတစ်ခုအထိ အထောက်အပံ့ဖြစ်စေဖို့ မျှော်လင့်ပါသည် " တဲ့
ကောင်းမွန်ပြည့်စုံသည့် ရည်ရွယ်ချက်ကောင်းလေးတွေကိုတွေ့မြင်ရမှာပါ
ဒီစာအုပ်လေးထဲမှာ ချစ်သောအမှား (အလုပ်အကြို ၁)ကနေ လူသားဆန်တဲ့အရည်အသွေး၊ လစ်တမန်ပြုံပင်၊ မပြောဝံ့ ဆေးသမား၊ပျော်စရာရှာ ဆေးရုံမှာတွေ့၊ကောင်းသောခွဲခွာခြင်း ၊ အသွား/အပြန်(အလုပ်သင်ဘ၀၊အလုပ်သင်ခဏ-၂၀)အထိ စိတ်၀င်စားဖွယ် အက်ဆေးစုစုပေါင်း ၂၄ ပုဒ် ပါဝင်ပါတယ်
ဆေးကုသဆောင်တွေထဲက လူနာနဲ့ ဆရာ၀န်တွေကြား ကြုံတွေ့နေရတဲ့ ပြဿနာ၊ ဆရာ၀န်အချင်းချင်း နားလည်မှုလွဲမှားခြင်း၊stressful situationကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲ၊ တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမမှု၊ ဆရာ၀န်ငယ်များလိုက်နာ သင့်သည့် ကျင့်၀တ် သတိထားရမည့်အရာများကို ဝေဝေဆာဆာတင်ပြထားပါတယ်
နာမည်ကြားလိုက်ရုံနဲ့ ဆရာ၀န်တစ်ယောက်အနေနဲ့ရော စာရေးဆရာတစ်ယောက်အနေနဲ့ပါ အောင်မြင်နေမှန်း လူတိုင်းသိသည့် အမျိုးသမီးဆရာ၀န် မရှိသေးပေမဲ့ ဒီစာအုပ်လေးထဲမှာတော့ ထိုကဲ့သို့အောင်မြင်ဖို့ စိတ်အားထက်သန်နေသည့် ဆေးကျောင်းသူလေးတစ်ယောက်ရဲ့ အလုပ်သင်ဘ၀ အခိုက်အတန့်ကို စာရေးသူအနေနဲ့ နှစ်လိုဖွယ်တင်ပြထားတာကို တွေ့မြင်ရမှာပါ
အကြိုက်ဆုံး 'လူသားဆန်တဲ့ အရည်အသွေး' အက်ဆေးလေးထဲက
နားလည်မှု(understanding )၊စာနာတယ်ဆိုတဲ့ Sympathy ထက်ပိုတဲ့ Empathy (Quality of humanity-လူသားဆန်တဲ့အရည်အသွေး) ကို ဆရာ၀န်တွေမှာ လက်ကိုင်ပြုရမည့် ကျင့်၀တ်တစ်ခုအနေနဲ့ပါ အလေးထားရမယ်ဆိုတာကို သေချာရှင်းပြထားတာကို တွေ့ရပါတယ်
စာအုပ်အမည် - ဆရာ၀န်တစ်ယောက်ရဲ့ ဒိုင်ယာရီ
စာရေးသူ -စိမ့်စမ်းဖြူ
ရေးသူ crd
📖
🧑⚕️🕊️