My Unique Land Online Shopping

My Unique Land Online Shopping We provide Unique products with Best Price and Best Services.Customer's satisfaction is our motivation.Thank You So Much For Shopping With Us.

3ပတ်ခန့် အတွင်း အိုမီခရွန် တနိုင်ငံလုံး ပျံ့နှံ့မှုကြီးနိုင်ကြောင်း ကျန်းမာရေးပညာရှင်အချို့နှင့် ဆရာဝန်ကြီးများ သတိပေး…....
08/02/2022

3ပတ်ခန့် အတွင်း အိုမီခရွန် တနိုင်ငံလုံး ပျံ့နှံ့မှုကြီးနိုင်ကြောင်း
ကျန်းမာရေးပညာရှင်အချို့နှင့် ဆရာဝန်ကြီးများ သတိပေး….
……………………………………………………

ကိုဗစ်ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ပျံ့နှံ့မှုကြီးမားပြီး မြန်မာနိုင်ငံမှာ ၃ ပတ်အတွင်းပြန့်နှံ့လာနိုင်ပြီးး အရင်လိုလော့ဒေါင်းတွေ ထပ်ချ‌ကောင်းချရနိုင်တယ်လို့ ဆရာဝန်ကြီးတချို့က မှတ်ချက်ပေးပါတယ်။

ရန်ကုန်မြို့ပေါ်က ပန်းလှိုင်ဆေးရုံနဲ့ အာရှတော်ဝင်ဆေးရုံတို့မှာ ကိုဗစ်လူနာတွေကပြည့်နေပြီး အိုမီခရွန် ကူးစက်မှုနှုန်းများပြားနေတယ်လို့ ရန်ကုန်မြို့နေ အထွေထွေရောဂါကုဆရာဝန်တစ်ဦးကပြောပါတယ်။

‘လွန်ခဲ့တဲ့ နှစ်ပတ်ကက ခရီးသွားပြန်လာတဲ့သူတွေအတော် များများနှာစေးချောင်းဆိုး-ဖျားတာ ဖြစ်တယ်’လို့ သူက ပြောပါတယ်။

လက်ရှိမှာ တာမွေမြို့နယ်အတွင်း ကိုဗစ်ကူးစက်မှုအဖြစ်များနေတယ်လို့လည်း သိရပါတယ်။

‘အခုက လူငယ်တွေအဖြစ်များနေတာ။လူကြီးတွေသိပ်မကူးသေးဘူး။သေတဲ့နှုန်းကတော့ အခုမှ စတာမို့ ’လို့ အထွေထွေရောဂါကုဆရာဝန်ကပြောပါတယ်။

ဖေဖေါ်ဝါရီ ၃ ရက်နေ့ ည ၈ နာရီ ကနေ ဖေဖေါ်ဝါရီ ၄ ရက်နေ့ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၃,၈၂၅) ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၁၉) ဦး တွေ့ရှိခဲ့ကြောင်း။

ဒါ့ကြောင့် ဒီနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၄၆၉,၇၂၄) ခုကို စစ်ဆေးခဲ့ပြီး အတည်ပြုလူနာပေါင်း (၅၃၇,၂၂၃) ဦး ရှိပြီဖြစ်ကြောင်း ဖေဖေါ်ဝါရီ ၄ ရက်နေ့မှာ ကိုဗစ်ရောဂါနဲ့ ထပ်မံသေဆုံးသူ မရှိ တဲ့အတွက် ဒီနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၃၁၀) ဦးရှိကြောင်း ကျကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

#အိုမီခရွန်

Crd

COVID ဖြစ်တယ်လို့ သံသယရှိတာနဲ့ ဒီလို မှတ်တမ်းတွေ ပြုလုပ်ထားရင် ဆရာဝန် ပြရင် အဆင်ပြေပါတယ်နော်။ ဆီးချို မရှိသူတွေအတွက်ကတော...
16/07/2021

COVID ဖြစ်တယ်လို့ သံသယရှိတာနဲ့ ဒီလို မှတ်တမ်းတွေ ပြုလုပ်ထားရင် ဆရာဝန် ပြရင် အဆင်ပြေပါတယ်နော်။ ဆီးချို မရှိသူတွေအတွက်ကတော့ မှတ်ရမှာ ပိုနည်းပါတယ်နော်။

Credit: Doctor Alva

Bloom Blog မှ ကူးယူ ဖော်ပြပါတယ်

11/07/2021

စာရှည်ပေမယ့် အစုံပါတယ်။ သေချာprint ထုတ်ထားရင် ပိုကောင်းမယ်။

♦️အောက်ဆီဂျင် ဘယ်တော့ စရှူရမလဲ?

လူနာအား Oximeter နဲ့ တိုင်းကြည့်ပါ။
SpO2အဖြေက 95% အထက်မှာ ရှိသင့်ပါတယ်။
Oxygen saturation ဟာ 93% to 92% အောက်ရောက်သွားရင် Oxygen ရှူဖို့ လိုအပ်ပါပြီ။

-------------------
🔴အထူးသတိပြုရန်

Oxygen များများ ရှူလို့မရတဲ့ လူနာ

ဆေးလိပ်စွဲသောက်တဲ့သူတွေမှာ COPD လို့ခေါ်တဲ့ နာတာရှည် အဆုတ်လမ်းကြောင်း ပိတ်ဆို့မှုရောဂါရှိတတ်ပါတယ်။

အဲလိုလူတွေမှာ လိုအပ်တဲ့ Oxygen target က 88%-92 % ပါ ။

အဲထက် ပိုပေးမိ ရင် သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုင် ပမာဏက တက်လာပြီး လူနာအန္တရာယ်ရှိပါတယ်။ ခုတ်ရာတစ်ခြား ရှရာတစ်လွဲ ဖြစ်တတ်ပါတယ် ။

ဘယ်သူ့မှာ COPD ရောဂါအခံရှိနေမှန်းကို သာမန်အားဖြင့် မသိရှိနိုင်တာကြောင့် Oxygen ပေးရမယ့်အခြေအနေရှိနေပါက ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုအပ်ပါတယ်။

=====================

♦️လူနာကို ဘယ်လောက် L/min ရှူခိုင်းမှာလဲ?

ဘယ်လိုပေးမလဲဆိုတာမလာခင် ဘယ်တော့ ပေးရမလဲဆိုတော့ အကြမ်းမျဉ်းတော့ သွေးတွင်းအောက်ဆီဂျင်(SaO2) 94% အောက် ရောက်ရင် ပေးမယ်လို့ အကြမ်းမျဉ်းမှတ်

ဒါပေမယ့်လည်း အောက်ဆီဂျင်က ရှားပါးဖြစ်နေတော့ SaO2 94-90 ကြားရဖြစ်နေရင် အသက်ရှူ လေ့ကျင့်ခန်းလေး
အဆင်ပြေရင် 94 အပေါ် ဒါမှမဟုတ် ပတ်ချာလည်လေးဆိုရင် ပေးစရာ မလိုတော့ဘူး (အောက်ဆီဂျင်က ပေးတိုင်းလည်း မကောင်းဘူး ဘေးထွက်ဆိုးကျိုးတွေရှိတယ်)

94-88 ကြားထဲဆိုရင် ပထမဆုံး Nasal prong (NP) လို့ခေါ်တဲ့ နှာခေါင်းထဲထိုးတဲ့ရှုတဲ့ဟာလေးနဲ့ စပေးကြည့် O2 ဘယ်လောက်နဲ့ စပေးမလဲဆိုရင်
2 L/min ကနေ စပေး
(အဲ့မှာ L/min ဆိုတာ Litre per minute လို့ ခေါ်တယ် တစ်မိနစ်မှာ ထွက်လာမယ့် ပမာဏ (O2 ရဲ့ Litre) ထွက်လာမယ့် အရှိန် ဒါပေမယ့် ခင်ဗျားအနေနဲ့ L/min ပေးမယ့် ယူနစ်တစ်ခုလို့ပဲ ခဏမှတ်,,, အဲ့တာလေးကို Oxygen flow meter မှာ ကြည့်လို့ရတယ် သူကတော့ 5, 10 , 15 ရယ်ပဲ စာရေူထားတာ ကျန်တာ အတုံးလေးတွေနဲ့ပြမှာ ကွကိုယ်တွက်)

SaO2(သွေးတွင်းအောက်ဆီဂျင် ပမာဏ , နောက်တစ်ခါထပ်မပြောပြဘူး) 94 ကျော်လာပြီဆိုရင်အိုကေတယ် ,, မတက်လာသေးဘူးဆိုရင် 3,4,5,6 တင်သွား 6 L/min က NP နဲ့ ပေးလို့ရတဲ့ ဂိတ်ဆုံးပဲ
များသောအားဖြင့်တော့ SaO2 88 ထိကတော့ ကိုဗစ်လူနာတွေမှာ NP 6 L/min နဲ့ စပေးလို့ ရလေ့ရှိ အဆင်ပြေလေ့ရှိတယ်

SpO2 88-80 ဆိုရင် (ဒါမှမဟုတ် အပေါ်ကအနေအထားနဲ့ NP နဲ့ ပေးရင်နဲ့ မတက်ရင်) oxygen facemask (FM) ဆိုတာနဲ့ပေးမယ် သူက အနိမ့်ဆုံး 6 (5စ ကထဲရေးတာ) ကနေ အများဆုံး10 L/minထိ ပေးလို့ရတယ်
6 L/min ကပဲ စပေး SaO2 မတက်သေးရင် တင်တင်သွား ,,,
10 L/min က FM နဲ့ O2 အများဆုံးပေးလို့ရတဲ့ ဟာလို့ ထပ်မှတ်

ဟုတ်ပြီ SaO2 80 အောက်ဆိုရင် (ဒါမှမဟုတ်အပေါ်က FM နဲ့ တိုးလာရင်း အဆင်မပြေရင်) oxygen facemask with reservior bag (FM RB လို့မှတ်) ဆိုတာ ရှိတယ် သူ့ကိုသုံးပြီး ပေးရမယ် သူက 8L/min ကနေ 15 L/min (ဂိတ်ဆုံးလို့မှတ်) ထိပေးလို့ရတယ် အပေါ်ကလိုပဲ SaO2 90-94 လောက်ထိရအောင် ဒါမှမဟုတ် 94 ကျော်အောင် 8 ကနေ စတင်သွား ဂိတ်ဆုံးက 15 L/min
(သူ့ (FM RB)မှာ အရေးကြီးတာ နှစ်ခုရှိတယ် တစ်ခုက သူနဲ့ပေးပြီဆိုရင် သူ့မှာ ပါတဲ့ ပလပ်စတစ်အိတ်ကလေး ဖောင်းနေဖို့ အရေးကြီးတယ်မဖောင်းရင် အဆင်မပြေဘူး နောက်တစ်ခုက သူ့ရဲ့ နှာခေါင်းဖုံးဘေးတစ်ဖက်တစ်ချက်မှာ ပလတ်စတစ်အဝိုင်းပြား အဆို့ရှင်လေး ပါရမယ် အဲ့တာလေးက အထူးအရေးကြီး သူက အသက်ရှူတဲ့အချိန် အပြင်လေလာမရောပဲ O2 သီးသန့် ရှူမိအောင် FMRBကိုပိတ်ပေးတယ် အသက်ရှူထုတ်တဲ့အချိန် မကောင်းတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ကို အပြင်ထွက်လို့ရအောင် ဖွင့်ပေးတယ် သေချာကြည့် သေချာတပ်)

*** FM ရော FM FB ရောက O2 6 L/min အောက်နဲ့ သွားပေးလို့မရဘူး လူနာမွန်းပြီး သေလိမ့်မယ် သတိအထူးထား***

လွယ်လွယ်မှတ်ရင်တော့ လူနာ နည်းနည်းမောတယ်ထင်ရင် နည်းနည်းနဲ့စပေး များမောတယ်ထင်ရင် များများစပေး
NP က 2-6 L/min
FM က 6-10 L/min
FM RB က 8-15 L/min

နောက်တစ်ခုက လူနာSaO2 94 ကျော်လာပြီဆိုရင် ပေးထားတဲ့ O2 L/min ကို ဖြေးဖြေးချင်း လျှော့လိုက် လူနာခံနိုင်လားစောင့်ကြည့်လိုက် ခံနိုင်ရင် နည်းနည်းထပ်လျှော့လိုက် လုပ်ရမယ် မခံနိုင်င်နည်းနည်းပြန်တင်ပေါ့

ဒါပေမယ့် ဒါပေမယ့် အရေးကြီးဆုံးက လူတစ်ယောက်မောပြီဆိုတာနဲ့ နီးစပ်ရာဆရာဝန်နဲ့ ပြသဆွေးနွေးတိုင်ပင်ရမယ် မောရခြင်းကအများကြီးရှိတယ် ကိုဗစ်တစ်ခုတည်းမဟုတ်ဖူး

-------------------------

♦️Water Level
Oxygen အိုး Flow meter က water level ကိုရေအမြဲဖြည့်ပါ။ ရေသန့် နဲ့ဖြည့်ပါ။

ရေကဘာကြောင့်ထည့်ရတာလဲဆိုရင် စိုထိုင်းဆ moisture ရချင်လို့ပါ။

Moisture မရှိရင် Oxygen ကြောင့် နာရီကြာလာရင် နှုတ်ခမ်း ၊ နှာခေါင်းအတွင်းပိုင်း ခြောက်သွေ့ကွဲအက်မှာစိုးလို့ စိုထိုင်းဆရအောင် ရေကိုထည့်ထားခြင်းဖြစ်ပါတယ်။

ရေရှိမှ အောက်ဆီဂျင် ရတာမဟုတ်သလို oxygen ထွက်ဖို့ မရှိမဖြစ် လိုအပ်နေခြင်းလဲ မဟုတ်ပါဘူး။

အောက်ဆီဂျင် ရှူနေရတဲ့လူနာက အောက်ဆီဂျင်အရေးပေါ် လိုအပ်နေရင် ရေဖြည့်တာကို အချိန်လုပြီး လုပ်စရာမလိုပါဘူး။ ရေဖြည့်ဖို့အတွက် oxygen အပြတ်မခံသင့်ပါ။

ဘေးမှာ အောက်ဆီဂျင်အိုးအပိုနဲ့ Oxygen ပိုက်အပိုကို ဆောင်ထားသင့်ပါတယ်။ ရေဖြည့်နေစဉ် အရန်တစ်အိုးနဲ့ ပေးထားရင် ပိုကောင်းပါသည်။

📍 သတိပြုဖို့က ရေဖြည့်ရင် water Level ရဲ့ သတ်မှတ်ထားတဲ့ Scale ကို ကျော်လွန်ပြီး မထည့်ပါနဲ့။ Level ကျော်သွားရင် ရေက oxygen ဖြတ်လို့ ပွက်လာတဲ့အခါ ပိုက်ထဲသို့ ဝင်ရောက်နိုင်သောကြောင့် ဖြစ်ပါတယ်။

Nasal Cannula နဲ့ဆိုရင် နှာခေါင်းထဲတိုက်ရိုက်ရောက်သွားပြီး အသက်ရှူခြင်းကို ဒုက္ခပေးနိုင်သလို Oxygen Mask သုံးနေသူဆိုလည်း မျက်နှာကို ရေများ ရွှဲစိုသွားနိုင်ပါတယ်။

ထိုကြောင့် ရေကို water Level scale ကို မကျော်လွန်ပဲ ထည့်ရန် လိုပါတယ်။

📍 ရေဖြည့်ပြီးရင် ခွက်ကိုလုံအောင် လှည့်ပိတ်ပေးဖို့ သတိပြုရမှာပါ။ ခွက်ကိုလှည့်ပိတ်တဲ့အခါလည်း တစောင်းအနေထား ဖြစ်နေရင် အရစ်ပြည့်ပြီးပြီလို့ မှားပြီး ထင်တတ်လို့ သတိထားပါ။ flow level အမြင့်ဆုံးပေးထားရင် မလုံတဲ့နေရာက တရှူးရှူး အသံမြည်လို့ သိရှိနိုင်ပေမယ့် flow level နည်းရင် လက်နဲ့ စမ်းကြည့်ပြီး လက်ကိုလေလာတိုးမှ သိပါတယ်။

လုံအောင်မပိတ်မိရင် Oxygen တွေက အဲဒီမလုံတဲ့အပေါက်ကနေ စိမ့်ထွက်သွားပြီး လူနာက ပေးသလောက် Oxygen ကို အပြည့်မရတော့ပါဘူး။ SpO2 တွေပါ ကျလာတတ်ပါတယ်။
-------------------------

♦️ပိုက်သန့်ရှင်းရေး

ရေရှည် အောက်ဆီဂျင်ရှူနေမည့်သူများသည် ပိုက်များကို သန်ရှင်းအောင်ထားဖို့၊ လဲလှယ်ဖို့ လိုပါတယ်။ အောက်ဆီဂျင်ပိုက်များမှ တဆင့် အခြား Virus များ အသက်ရှူလမ်းကြောင်းကို ဝင်ရောက်နိုင်လို့ ဖြစ်ပါတယ်။

==========================
လက်ကျန်oxygenကြာချိန်

Oxygen Cylinder ထဲမှာပါတဲ့လေ နဲ့ ခံတဲ့ကြာချိန်တလွဲကြီး share နေကြတာတွေ့လို့ပါ

Oxygen Cylinder Size - 10L/15L/40L ဆိုတာက cylinder ရဲ့ volume (water capacity) ကိုပြောတာပါ

Cylinder တွေထဲပါတဲ့ oxygen volume ကတော့ Pressure ပေါ်မူတည်ပါတယ်

အလွယ်မှတ်ရင် ဒီမှာရတဲ့ cylinder တွေက 40L အိုးဆိုရင် 1500 psi အထိပဲသွင်းကြတာများတယ်

40L အိုး 1500 psi ဆိုရင် Oxygen Volume 5000 L ပါတယ်လို့အကြမ်းဖျင်းပြောလို့ရပါတယ်

oxygen flow 5L/min - 16 hrs 40 min
oxygen flow 10L/min - 8 hrs 20 min
oxygen flow 15L/min - 5 hrs 30 min
HFNC 60L/min - 1 hr 20 min

10L / 15L အိုးတွေကိုပုံမှန်စက်ရုံတွေမှာ ဖြည့်ပေးတာမရှိလို့ 40L အိုးက နေပြန်ခွဲတဲ့အတွက် 1000 psi ပတ်ဝန်ကျင်ပဲရှိတတ်ပါ တယ်

10L Cyliner 1000 psi - Oxygen Volume less than 1000 L

oxygen flow 5L/min - 3 hr 20 min
oxygen flow 10L/min - 1 hr 40 min

အဲ့ဒါကြောင့် ညရေးညတာအတွက်ဆိုရင် 40 L water Capacity အိုးဆောင်ထားမှစိတ်ချရမှာဖြစ်ပါတယ်

မန္တလေး တမြို့လုံးမှာ လည်ပတ်နေတဲ့စက်ရုံ နဲ့ တနေ့ထုတ်လုပ်နိုင်တဲ့ ပမာဏလေးပါ သိသလောက် ရေးပေးလိုက်ပါတယ်

Mann Shin Oxygen - 160m3/hr - 770 cyl/Day
Yadanar Pon Oxygen - 200m3/hr - 1000 cyl/Day
Sein Sune Nyo - 240m3/hr - 1150 cyl/day
Arkar Moe - 50m3/hr - 240 cyl/day
MEC - 50m3/hr - 240 cyl/day

တရက်ထုတ်လုပ်နိုင်တဲ့ပမာဏ တရက် အလုံး ၃၀၀၀ ထက်မပိုပါ

အဲ့တော့ Covid မဖြစ်အောင်သာဂရုစိုက်နေထိုင်ကြပါ

တကယ်ဖြစ်လာရင် Oxygen တောင်မလောက်ပါ

Remdesivir (antiviral) & Tocilizumab (Monoclonal antobodies) တွေဆိုတာ instock မရှိကြပါ

ခုနက Oxygen Cylinder အကြောင်းပြောပြီးပြီဆိုတော့ ဒီတခါ Oxygen Concentrator အကြောင်းပြောပြချင်ပါတယ်

Oxygen Concentrator ဝယ်မယ်ဆိုရင် Brand ရှိတဲ့ အထဲကဝယ်ပါ မရဘူးဆိုရင် အရေးအကြီးဆုံးက Maximum Flow မှာရတဲ့ Oxygen Purity ကအရေးကြီးပါတယ်

စျေးကွက်ထဲက အတော်များများ က 5L/min စက်ဆိုပါတော့ သူက 5L/min ပြောပေမဲ့ 1-2 L/min မှာပဲ သူပြောတဲ့ 93+-3% oxygen purity ကိုရပါတယ်
Maximum Flow 5L/min ကိုတင်လိုက်ရင် တချို့ဆိုးဆိုးဝါးဝါးစက်တွေဆိုရင် Oxygen Purity ~ 30% အထိကျသွားပါတယ်
ပတ်ဝန်းကျင်လေထုထဲမှာကို Oxygen က 21% ရှိပြီးသားဆိုတော့ Oxygen Concentraor မဝယ်ခင် စစ်နိုင်အောင်လို့ပါ



♦️Oxygen Concentrator

အားသာချက်က မီးရှိရင် ပလပ်ထိုးပြီး သုံးရုံပါပဲ။
ပြန်ဖြည့်ဖို့ မလိုပါဘူး။ သူက လေထုထဲကလေကို ယူပြီး အောက်ဆီဂျင်များများပါတဲ့ လေဖြစ်အောင် ပြန်စုပေးတဲ့စက်ပါ။

ဆက်တိုက်သုံးရင်စက်ပူပါတယ်။ တခါတလေ သိပ်ပူရင် စက်ကြောင်တတ်ပါတယ်။ 6 နာရီ လောက်ဆက်တိုက်မောင်းပြီးရင်တော့ ခဏ နားသင့်ပါတယ်။

Oxygen Concentrator ရွေးမယ်ဆိုရင်

Oxygen Concentrator စက်က Liter တစ်ခုထဲပေါ်မှာ အခြေခံတာမဟုတ်ဘူး

အောက်ကရေးပြထားတဲ့ အချက် (၄) ချက်ပေါ်မှာ အခြေခံတာပါ

Concentration (%)
* 90% -96% ရရင် ဝယ်
*အဲ့လောက်မှ မရရင် မဝယ်နဲ့
*အပြင်အလကားရတဲ့လေသာရှူကြ

Output Pressure (kpa)
* 30kpa - 60kpa ရရင် ဝယ်
* အဲ့ဒါအဆုတ်အတွက်အကောင်းဆုံး Range
* အဲ့ထက် ပိုနေ/ လိုနေလဲ အဆင်မပြေ

Flow rate (liter/min)
* Medical grade မှာ တစ်မိနစ်တိုင်း 1 liter ကနေ 5 liter အထိပေးလဲ concentration 96% မှာ အငြိမ်ရှူနေရုံပဲ (10 liter ဆိုတာမပါဘူးနော် သေချာကြည့်)
* Non Medical မှာတော့ တစ်မိနစ်တိုင်း liter များလေလေ concentration ကျလေလေပါပဲ
* အဲ့တော့ အပြင်မှာ အလကားရတဲ့လေကလဲ 25% ရနေတာပဲလေ ငွေနဲ့ဝယ်ရှူမနေနဲ့

Consumption (Watt)
* 300W - 400W လောက်ရမှဝယ်ကြ
* အဲ့လောက် watt ရမှ Compressor ကကောင်းကောင်းအလုပ်လုပ်နိုင်မှာ
* အဲဒါမှ လိုချင်တဲ့ Oxygen Pure (%) ထိရောက်အောင်လုပ်ပေးနိုင်မှာ
* အဲ့လောက်မှ မရရင် compressor အတွက်က အပိုပဲ ဝယ်မနေနဲ့

10 Liter က covid အတွက်ပိုကောင်းတယ်လို့
ဘယ်သူညှော်တာလဲ
သူများက 10 Liter ဆိုတိုင်း 10 Liter နေကြတာ
ကိုယ်ကဘာအတွက်တုန်းမှာလဲ သေချာစဥ်းစား သေချာရွေး
10 Liter ဆိုပြီး စျေးတွေအဆမတန်တင်ရောင်းနေကြ
ဘယ်နိုင်ငံကမှ လက်မခံတဲ့ တရုတ်နိုင်ငံကတချို့စက်တွေကို Online Shopping မှာ အဝတ်အစားဝယ်သလိုနဲ့အလုအယက်ဝယ်နေကြတဲ့ ငါတို့ပြည်သူတွေကိုသနားလွန်းလို့ပါ

Credit

အောက်ဆီဂျင်ပေးတာနဲ့ ပတ်သတ်တဲ့ အချက်တွေကို ဖတ်လို့လွယ်အောင် တွေ့တာအထဲက လိုတာတွေ ဖြတ်ပြီး ပြန်စုထားတာပါ။။

ပိုက်ဆံ မကုန် ဘဲ အောက်စီဂျင် တက်လာအောင် မှောက်ရက် အိပ်ပေးပါ ။ ( Proning )ပညာရှင်ပေါင်းစုံ လူပေါင်းစုံက ပေးနေကြတဲ့အကြံဉာဏ...
07/07/2021

ပိုက်ဆံ မကုန် ဘဲ

အောက်စီဂျင် တက်လာအောင်

မှောက်ရက် အိပ်ပေးပါ ။ ( Proning )

ပညာရှင်ပေါင်းစုံ လူပေါင်းစုံက

ပေးနေကြတဲ့အကြံဉာဏ်ကောင်းတွေကို

ကိုယ်နဲ့ ခင်ပြီးတတ်သိနားလည်တဲ့

ဆေးပညာရှင်တွေကို

သေသေချာချာမေးပြီး

သင့်လျော်မယ့်ဟာကို လုပ်ကြပါနော် ။

အရေးကြီးတာတခုထပ်ပြောပါရစေ ။

အိမ်မှာရော( အောက်ဆီဂျင် ပေးထားထား ၊

မပေးထားထား) ဆေးရုံရောက်နေတဲ့လူနာရော

ပိုက်ဆံမကုန်ဘဲ

အောက်ဆီဂျင်တက်အောင်လုပ်တဲ့ကုထုံးပါ။

ဆေးပညာအခေါ်နဲ့ Proning ခေါ်ပါတယ် ။

မှောက်ရက်အိပ်တာပါ ။

ခေါင်းအုန်းပေါ်မှာ မျက်နှာကို

နှာခေါင်းမပိတ်အောင်

တဖက်လှည့် ထားပြီး ၊

ကိုယ်ခန္ဓာကို ( ဖြစ်နိုင်ရင်)

လုံးဝလုံးဝ မှောက် ရက် အနေအထားနဲ့

ပုံ မှာ ပြ ထားတဲ့ အတိုင်း အိပ်ခိုင်းတာပါ၊

အရမ်းဝပြီး

ဗိုက်အရမ်းရွှဲ/ ပူ နေတဲ့လူအဖို့တော့

ခက်နိုင်ပါတယ် ။

ဖြစ်နိုင်သမျှ ကြာကြာ

အဲဒီပုံစံနဲ့မှောက်နေပါ ။

ဆေးရုံရောက်နေတဲ့လူတွေကိုလည်း

မကြာခဏသတိပေးပြီးမှောက်ခိုင်းပါနော် ။

crd. saya Nyunt Thein

posted by Sayar Myat Thu

အောက်ဆီဂျင် အိုး​တွေကိုဝယ်ယူ အိမ်မှာ​ဆောင်ထားကြပြီဆို​တော့ ​ဆောင်ရန် ​ရှောင်ရန်​လေး​တွေ ​ပြော​ပေးပါမယ်​နော်။၁။​အောက်ဆီဂျ...
04/07/2021

အောက်ဆီဂျင် အိုး​တွေကိုဝယ်ယူ အိမ်မှာ​ဆောင်ထားကြပြီဆို​တော့ ​ဆောင်ရန် ​ရှောင်ရန်​လေး​တွေ ​ပြော​ပေးပါမယ်​နော်။

၁။​အောက်ဆီဂျင်ဟာ radiation မဖြစ်ပါဘူး။ ဒါ​ကြောင့် သူ့နားမှာ ဖုန်း​ပြောနိုင်ပါတယ်။

၂။​အောက်ဆီဂျင်ဟာ ကိုယ်တိုင်မီးမ​လောင်နိုင်ပါဘူး၊ ဒါ​ပေမယ့် မီးလောင်ခြင်းကို အား​ပေးပါတယ်။ ဒါ​ကြောင့် မီးဖို​ဘေး၊ မီးနဲ့ပတ်သက်တဲ့ ​နေရာ​တွေနဲ့ ​ဝေး​ဝေးထား​ပေးရပါမယ်။
ဒီအိုးနားမှာ ​ဆေးလိပ်မ​သောက်ရပါဘူး။
မီးပျက်လို့ သူ့​ပေါ်မှာ ဖ​ယောင်းတိုင်​လေးထွန်းတာမျိုး လုံးဝလုံးဝမလုပ်ရပါဘူး​နော်။

၃။​လေဖြည့်ထားတဲ့ ​အောက်ဆီဂျင်အိုးဟာ အတွင်းထဲမှာ ​လေ​ပေါင် pressure 1800psi ရှိတာမို့ ​လေရှိ​နေတဲ့အိုး​တွေကို ထုရိုက်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်းပစ်ချခြင်းမျိုးကို ​ရှောင်ကြဥ်ရပါမယ်။

၄။အ​ရေးအကြီးဆုံးက​တော့ ​အောက်ဆီဂျင်​အိုး​တွေဟာ ဆီမှန်သမျှ​ကြောက်ပါတယ်။ ဓါတ်ဆီ၊ ဒီဇယ်၊ စားဆီ၊ ​ခေါင်းလိမ်းဆီ စသည်များနှင့် လုံးဝမထိမိ​အောင်ထား​စေချင်ပါတယ်။
လှည့်တဲ့ ဝှီးဘား​လေးကြပ်​နေလို့ ဆီ​လေးထည့်လိုက်မယ်ဆိုတာမျိုးတွေ လုံးဝလုံးဝ မလုပ်မိပါ​စေနဲ့။​ filling လုပ်တဲ့အချိန်ပေါက်ကွဲ​စေတတ်ပါတယ်။

၅။​အောက်ဆီဂျင်အိုးကို လဲကျခြင်းမဖြစ်​အောင် ခိုင်မာတဲ့ တစ်ခုခုမှာ ချည်​နှောင်ထားရပါမယ်။

​သတိရှိနိုင်ကြပါ​စေ။

Credit

‼️Oxygen ဘယ်လိုပေးကြမလဲ❓

📍Oxygen ပေးဖို့ Cylinder နဲ့ concentrater
(၂)မျိုးရနိုင်ပါတယ်။
📍Wall line ကတော့ ဆေးရုံမှာမှ ရနိုင်တာပါ။

1️⃣ Concentrator ‼️
👉အခုအတွေ့ရများတာက 5 L per minute နဲ့ 10 L
per minute တွေဆိုပြီး အလာများပါတယ်။

👉5 L per minute ဆိုတာကတော့ ရိုးရိုးရှင်းရှင်း
ပါပဲ တစ်မိနစ်ကို Oxygen 5 L ထိ ထုတ်လွှတ်
ပေးနိုင်ပါတယ်။

👉အားသာချက်က မီးရှိရင် ဖွင့်ပြီးသုံးရုံပါပဲ။

အားနည်းချက်က ——
📍 ဆက်တိုက်သုံးရင်စက်ပူပါတယ် စက်ကြောင်
တတ်ပါတယ်။
📍6 နာရီ လောက်ဆက်တိုက်မောင်းပြီးရင်တော့
ခဏ နားသင့်ပါတယ်။
📍 Flow ကိုတင်လေလေ oxygen concentration
ကျလေလေပါ။
📍5 L စက်ကို 2 - 3 L per minute နဲ့ပေးရင်
Oxygen concentration 97 လောက်ထိပါပေမဲ့
5 L per minute လုံးအပြည့်ပေးလိုက်ရင်
concentration ကျပါတယ်။

2️⃣Oxygen cylinder ‼️

👉ကောင်းတဲ့အချက်က oxygen concentration
ပြည့်ပြည့်ရပါတယ်
👉Flow ဘယ်လောက်တင်တင် ကိုယ်ရတာ 100 to
99-98 % oxygen ပါ

📍အားနည်းချက်ကတော့ ပြန်ပြန်ဖြည့်ရပါတယ်။
( ပြန်ဖြည့်ဖို့နေရာအရမ်းခက်ခဲနေလျှင် ကြိုတွက်
ထားပြီး လုံလုံလောက်လောက် ရှာထားပါ )

‼️Oxygen ဘယ်လိုပေးကြမလဲ❓

👉 ဘယ်လောက် liter နဲ့ ပေးမလဲ ဆိုတာတရားသေ
ပြောလို့မရပါဘူး။ (Titrate လုပ် ချိန်ဆပြီးပေး)

👉တတ်နိုင်သမျှတော့ oxygen ကို 90%အထက်မှာ
ထားချင်ပါတယ်။

👉‼️Oxygen တိုင်းကြည့်လို့90%ပတ်ချာလည်ဆို
ရင်တော့ Nasal prongs or nasal cannula
နဲ့ 2 to 5 liter perminute နဲ့ စပေးပါ။
( Oxygen ကိုတိုင်းကြည့်ပါ ကိုယ်ဘယ်လောက်ပေးရင်ဘယ်လောက်တက်လာလဲဆိုတာပြန်ချိန်ပါ
အတိုးအလျော့ လုပ်ကြည့်ပါ )

👉‼️5 liter per minute နဲ့ပေးလို့မှ တက်မလာဘူး
ဆိုရင် Face mask နဲ့ပြောင်းပေးပါ။
( 5 to 10 liter ထိကိုFace mask နဲ့ပေးလို့အဆင်ပြေပါတယ် oxygen ကိုတောက်လျှောက်တိုင်းကြည့်ရပါမယ် အ​ပေါ်ကပြောခဲ့သလိုပဲ ချိန်ဆကြည့်ပါ ကိုယ်ပေးတဲ့ Oxygen liter နဲ့ ပြန်တိုင်းလို့ရတဲ့ oxygen ပမာဏ ကိုချိန်ဆပါ )

👉‼️လူနာအခြေအနေပိုဆိုးလာလို့ oxygen 5 to
10 liter နဲ့ မလုံလောက်တော့ဘူးဆိုရင် Face
mask with reservior bag နဲ့ပြောင်းပေးတာ
ကောင်းပါတယ်။
( Flow meter တော်တော်များများမှာ 15 to 20 liter ထိပါလေ့ရှိပါတယ်။ အပေါ်မှာပြောထားသည့်အတိုင်းချိန်ဆ ပေးပါ )

‼️Flow meter ကိုရေအမြဲဖြည့်ပါ ရေသန့် နဲ့ဖြည့်ပါ

‼️Oxygen ကိုပေးပြီးတိုင်း ပစ်မထားရပါ ပြန်ပြန်
တိုင်းပါ လိုအပ်ရင်အတိုးအလျှော့လုပ်ပါ

‼️Oxygen အိုးကုန်မကုန် အမြဲ Check ပါ

ကျွန်မတို့ထပ်ပြီး ဆုံးရှုံးရပြန်ပြီ 💔သေမင်းကအကောင်းကြိုက်လွန်းတယ် 😔
23/06/2021

ကျွန်မတို့ထပ်ပြီး ဆုံးရှုံးရပြန်ပြီ 💔
သေမင်းကအကောင်းကြိုက်လွန်းတယ် 😔

   6:35 pm, 14/6/2021"တတိယလှိုင်းနှင့် ရန်ကုန်တိုင်းအတွင်းအစုလိုက်ဖြစ်ပွားမှု"ဒီညနေထုတ်ပြန်တဲ့စာရင်းမှာစုစုပေါင်းပိုးတွေ...
14/06/2021



6:35 pm, 14/6/2021

"တတိယလှိုင်းနှင့် ရန်ကုန်တိုင်းအတွင်းအစုလိုက်ဖြစ်ပွားမှု"

ဒီညနေထုတ်ပြန်တဲ့စာရင်းမှာစုစုပေါင်းပိုးတွေ့လူနာ ၃၇၃ ဦးမှာ ရန်ကုန်တိုင်းက စုစုပေါင်းပိုးတွေ့သူ ၂၂၆ ယောက်ရှိပါတယ် ဒီတော့ကာ စုစုပေါင်းပိုးတွေ့မှုရဲ့ ၆၀.၆% ရှိနေပါတယ်

ဒီနေရာမှာလှည်းကူးကပိုးတွေ့လူနာ ၂၁၁ ယောက်ရှိနေတာမို့ အားလုံးက စိုးရိမ်တကြီးမေးမြန်းလာကြတဲ့အတွက် သတင်းမှားတွေဖြစ်မှာစိုးလို့ အတိုချုပ်တင်ပြလိုက်ပါတယ်

ပိုးတွေ့သူအားလုံးဟာ လှည်းကူးမြို့နယ်ရှိ ကိုယ်ပိုင်ကျောင်းတစ်ခုက ဖြစ်ပါတယ် ၁၀/၆/၂၀၂၁ မှာကျောင်းသူတစ်ယောက်မှာ အနံ့ပျောက်ရာကစပြီးစစ်ဆေးလိုက်တဲ့အခါ ပိုးတွေ့ရှိကြောင်းသိရပါတယ် နောက်ထပ်ကျောင်းသူနှစ်ဦးအနံ့ပျောက်တာကြောင့် ထပ်မံစစ်ဆေးတဲ့အခါမှာ ပိုးတွေ့ရှိပါတယ် သူတို့ကိုတော့ လှည်းကူးဆေးရုံမှာတင်ပြီးကုသမှုပေးထားပါတယ်

ဆရာမတစ်ယောက်ကတော့ အသက်ရှူရခက်တယ် မောတယ်ဆိုပြီးစစ်ဆေးတဲ့အခါ အောက်ဆီဂျင်အလွန်ကျနေပြီး လှိုင်သာယာဆေးရုံတင်ပို့ကုသခဲ့ရာ ပိုးတွေ့ရှိတာကို တွေ့ရပြီး ယင်းနေ့တွင်ပင် သေဆုံးခဲ့ပါတယ် နောက်ထပ်ဆရာမတစ်ဦးမှာလဲ ပိုးတွေ့ခဲ့ပါတယ်

အဆိုပါကျောင်းရှိ ဆရာ ဆရာမများ ကျောင်းသားကျောင်းသူ ဝန်ထမ်း ၄၅၆ ဦးကို RDT ဖြင့် စစ်ဆေးခဲ့ရာ ၂၄၆ ဦးပိုးတွေ့ရှိခဲ့ပါတယ် ပိုးတွေ့မှုရာနှုန်း ၅၂.၉% ရှိပါတယ်

ကိုဗစ်ပိုးတွေ့လူနာ ၂၄၆ ဦးကို သီးခြားခွဲထုတ်၍ အဆောင်တွင်သီးသန့်ခွဲထားပြီး လိုအပ်သည့်ကုသမှုပေးလျက်ရှိပါသည် ၎င်းတို့တွင် ရောဂါလက္ခဏာများ မပေါ်သေးသော်လည်းစောင့်ကြည့်နေစဉ် ရောဂါလက္ခဏာပေါ်လာပါက ဖောင်ကြီးကိုဗစ်စင်တာ လှိုင်သာယာပြည်သူ့ဆေးရုံနှင့် လှည်းကူးဆေးရုံများသို့ ဆက်လက်ပေးပို့ရန်အဆင်သင့်ပြင်ဆင်ထားပါသည်

မနက်ဖြန်တွင် ၎င်းတို့ကို RT-PCR နည်းပညာဖြင့် ဓာတ်ခွဲနမူနာ ဒုတိယအကြိမ် ထပ်မံရယူစစ်ဆေးမည်ဖြစ်ပါသည်

ရန်ကုန်တိုင်းသည် ယခုအခါ ပိုးတွေ့လူနာတွေ့ရှိမှုတွင် စစ်ကိုင်းကိုကျော်လွန်၍ ပထမနေရာကို ပြန်လည်ရယူလိုက်ပြီဖြစ်သဖြင့် မမေ့မလျော့ မပေါ့မဆပဲ ကိုဗစ်စည်းကမ်းများဖြစ်သည့် mask တပ်ခြင်း လူအုပ်စုရှောင်ခြင်း တယောက်နဲ့တစ်ယောက်ဝေးဝေးနေခြင်း လက်ကိုသန့်ရှင်းအောင်ထားခြင်း လေကောင်းလေသန့်ရသည့်နေရာတွင် နေထိုင်ခြင်းကို ဂရုပြုဆောင်ရွက်ကြပါရန် မေတ္တာဖြင့် သတိပေးအပ်ပါသည်

မင်မင်ဗုဒ္ဓဘာသာဝင်ပါ ဒါပေမယ့် အစ္စလာမ်ဘာသာဝင်တို့ရဲ့မွန်မြတ်လှတဲ့နေ့ထူးနေ့မြတ်လေးမှာ အစ္စလာမ် မိတ်ဆွေ သူငယ်ချင်းများနှင်...
14/05/2021

မင်မင်ဗုဒ္ဓဘာသာဝင်ပါ ဒါပေမယ့် အစ္စလာမ်ဘာသာဝင်တို့ရဲ့မွန်မြတ်လှတဲ့နေ့ထူးနေ့မြတ်လေးမှာ အစ္စလာမ် မိတ်ဆွေ သူငယ်ချင်းများနှင့် ချစ်Customerများကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်❤️
Eid Mubarak Everyone ❤️
ဘာသာဝင်အားလုံး ဒီ့ထက်မကပိုမိုစည်းလုံးညီညွတ်ချစ်ခင်စွာရှေ့ဆက်ကြရအောင်နော် 🤝

မင်မင်လဲစျေးရောင်းရပ်ထားတာကြာပြီမို့ စျေးပြန်ရောင်းခွင့်ပြုပါရှင် အရေးကြီးပို့စ်တွေကြား ရှုပ်သွားရင် တောင်းပန်ပါတယ်နော် ...
23/04/2021

မင်မင်လဲစျေးရောင်းရပ်ထားတာကြာပြီမို့ စျေးပြန်ရောင်းခွင့်ပြုပါရှင် အရေးကြီးပို့စ်တွေကြား ရှုပ်သွားရင် တောင်းပန်ပါတယ်နော် 🙏

BkkမှာPolo Saleချနေလို့ခုချိန်ဝယ်ရင်အရမ်းကိုတန်ပါတယ် Polo T shirtတွေကအရမ်းဝတ်လို့ကောင်းပြီး အသားအေးအေး အိအိလေးနဲ့ ရေလျှော်လို့လဲမရွဲပါဘူးရှင့် Bahtစျေးတွေအရမ်းတက်နေတဲ့အချိန် မင်မင်ကအသက်သာဆုံးရောင်းပေးထားပါတယ် ❤️

အချိန်လေးတော့limited saleမလို့ sundayနောက်ဆုံးထားပြီးအော်ဒါတင်ပေးပါရှင့်

💵Price- 14000 Kyats
👉Color-Color as photos
👉Size- M to 2xl
👉Order Waiting time- 3 weeks
👉Order Confirmဖြစ်ဖို့အတွက် Cb or Viber ကနေ
💙Name
💚Address,
💙Phone Number,
💚Order Items &
💙Sizeကိုပို့ပေးရပါတယ်ရှင့်
📞Phone/Viber - 09977142283
🚗ရန်ကုန်မြို့တွင်းDelivery Serviceရှိပါတယ်
🚙နယ်မှCustomerများအတွက်ကားဂိတ်မှတဆင့်ပို့ပေးပါတယ်ရှင့်
တန်ဆာခကို Customerဖက်ကပေးချေရပါတယ်ရှင် ဝယ်ယူအားပေးကြတဲ့Customerတွေကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင့် 😍
Customer's Satisfaction Is Our Motivation

မင်မင်လဲစျေးရောင်းရပ်ထားတာကြာပြီမို့ စျေးပြန်ရောင်းခွင့်ပြုပါရှင် အရေးကြီးပို့စ်တွေကြား ရှုပ်သွားရင် တောင်းပန်ပါတယ်နော် ...
22/04/2021

မင်မင်လဲစျေးရောင်းရပ်ထားတာကြာပြီမို့ စျေးပြန်ရောင်းခွင့်ပြုပါရှင် အရေးကြီးပို့စ်တွေကြား ရှုပ်သွားရင် တောင်းပန်ပါတယ်နော် 🙏

မှာရအရမ်းခက်တဲ့ နာမည်ထိုးပေးတဲ့အရုပ်လေးတွေပါ မနက်ဖြန် ည ၈ နောက်ဆုံးမှာပေးပါနော်

ကိုယ်ချစ်ရတဲ့သူတွေအတွက် Customizeလေးတွေပေးတာရတဲ့သူအတွက်လဲ အရမ်းပျော်ရွှင်ရသလို ပေးတဲ့သူကိုလဲအမြဲအမှတ်ရနေစေမှာပါ 😍

တရုပ်မှ 11000 ကျပ်ပါဘဲ

💵Price- 11000 Kyats
👉Color-Color as photos
👉Order Waiting time-2 to 3 weeks
👉Order Confirmဖြစ်ဖို့အတွက် Cb or Viber ကနေ
💙Name
💚Address,
💙Phone Number,
💚Order Items &
💙Sizeကိုပို့ပေးရပါတယ်ရှင့်
📞Phone/Viber - 09977142283
🚗ရန်ကုန်မြို့တွင်းDelivery Serviceရှိပါတယ်
🚙နယ်မှCustomerများအတွက်ကားဂိတ်မှတဆင့်ပို့ပေးပါတယ်ရှင့်
တန်ဆာခကို Customerဖက်ကပေးချေရပါတယ်ရှင် ဝယ်ယူအားပေးကြတဲ့Customerတွေကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင့် 😍
Customer's Satisfaction Is Our Motivation

Address

No. 252/260 Konezaydan Street. Pabedan Township
Yangon
11143

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 11:59

Website

Alerts

Be the first to know and let us send you an email when My Unique Land Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share