13/06/2026
📚 ဇွန်လ_ဒုတိယအပတ် အသစ်ထွက်စာအုပ်များ
💓𝐉𝐮𝐧𝐞 (𝟐𝐧𝐝 𝐖𝐞𝐞𝐤) 𝐍𝐞𝐰 𝐑𝐞𝐥𝐞𝐚𝐬𝐞 𝐁𝐨𝐨𝐤𝐬
ဇွန်လ_ဒုတိယအပတ် အသစ်ထွက်/ပြန်ထွက်
စာအုပ်တွေထဲက ...
ပန်းဆက်လမ်း စိတ်ကြိုက်
သုတ/ရသ စာအုပ်(၃) အုပ်ကို
Recommend ရွေးချယ်ပေးချင်ပါတယ်
• • • • • • •
① #ဉာဏ်ပညာနဲ့ ဆင်ယင်ထားတဲ့ အလှတရား
🖌 စုမြတ်ချစ်၊ စူးရှမေ၊ ပိုင်(That’s for You)၊ မင်းခန့်(ပြည်)
ဒီစာအုပ်က…
Relationship Intelligence,
Confidence Building,
Mental Boundaries,
Financial Freedom,
Social Respect… စတဲ့
ခေတ်သစ်အမျိုးသမီးတစ်ယောက် သိထားသင့်တဲ့
အတွေးအမြင်နဲ့ စိတ်ပိုင်းဆိုင်ရာ အခြေခံများကို
စာရေးသူ (၄) ဦးက မတူညီတဲ့ ရှုထောင့်များနဲ့
မျှဝေထားတဲ့ စာအုပ်ဖြစ်ပါတယ်။
• • • • • • •
② #မထားခဲ့ခင်ကတည်းက ထွက်ပြေးချင်နေတယ်
🖌 Min Htet Naing
ဒီစာအုပ်ဟာ ချစ်သူရည်စား သို့မဟုတ် အိမ်ထောင်သည်စတဲ့ Relationship အမျိုးမျိုးမှာ ကြုံတွေ့ရတတ်တဲ့ သံသယ၊ ပဋိပက္ခနဲ့ နားလည်မှုလွဲမှားခြင်းတွေကြောင့် လမ်းခွဲပြတ်စဲရတဲ့ နာကျင်စရာ ဒဏ်ရာတွေ မရရှိစေဖို့ ကြိုတင်ကာကွယ် လမ်းညွှန်ပေးတဲ့ အချစ်ရေးနှင့် အိမ်ထောင်ရေးဆိုင်ရာ အသိပညာပေး (Awareness) စာအုပ် တစ်အုပ် ဖြစ်ပါတယ်။
• • • • • • •
③ #ကိုယ့်ကိုယ်ကိုယ် အောင်ပွဲခံခြင်း
🖌 သုခကျော်
ယခုစာအုပဟာ မိမိကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးပြီး ကြောက်ရွံ့စိတ်၊ ဝေခွဲမရဖြစ်မှုတွေကြောင့် ဘဝရဲ့ ရည်မှန်းချက်ပန်းတိုင် (အလုပ်အကိုင်အပြောင်းအလဲ၊ ကိုယ်ပိုင်စီးပွားရေး သို့မဟုတ် စိတ်ချမ်းမြေ့စရာဘဝ) ကို မလျှောက်လှမ်းရဲဘဲ ဖြစ်နေသူတွေအတွက် အထူးသင့်လျော်တဲ့ လက်တွေ့ကျ စိတ်ခွန်အားဖြည့်စာအုပ် တစ်အုပ် ဖြစ်ပါတယ်။
• • • • • • •
✅ စာအုပ်စျေးကွက်အတွင်း အသစ်ထွက်ရှိထားတဲ့ နောက်ဆုံးထွက်စာအုပ်များစွာကို ပန်းဆက်လမ်း Website 🌐 www.pannsattlann.com/product-category/new-release/ မှာ စုစည်းဖော်ပြထားပါတယ်။ တစ်အုပ်ချင်းစီရဲ့ မျက်နှာဖုံး စာညွှန်းလေးတွေကို အသေးစိတ်ဝင်ရောက်ကြည့်နိုင်ပါတယ်....
ပန်းဆက်လမ်းမှ စာအုပ်များကို...
ပြည်တွင်း မြန်မာပြည်အနှံ့နှင့် ပြည်ပနိုင်ငံပေါင်း ၁၀၀ ကျော်မှ အိမ်အရောက်မှာယူနိုင်ပြီး ကိုယ်စားလှယ်များ/ စာကြည့်တိုက်များမှလည်း အထူး Commission နှုန်းထားဖြင့် မှာယူရရှိနိုင်ပါတယ်။
𝐎𝐧𝐥𝐢𝐧𝐞 𝐎𝐫𝐝𝐞𝐫 𝐇𝐞𝐫𝐞
• Website ▸ www.pannsattlann.com
• Facebook Messenger/ Tiktok Page
• 09 889003011, 09 889003022
𝐏𝐮𝐛𝐥𝐢𝐬𝐡𝐢𝐧𝐠 𝐇𝐨𝐮𝐬𝐞 & 𝐒𝐡𝐨𝐩 𝐀𝐝𝐝𝐫𝐞𝐬𝐬
• No. 452, Near (3) Market, Myin Taw Thar Road, Tharketa Township, Yangon.
ရွှင်သာချမ်းမြေ့ကြပါစေ💗
➖➖➖➖