07/09/2021
" အချိန်ကျရင် လက်ခေါက်မှုတ်မယ်"
ရှေ့ရှုရာ စိတ်ညဏ်နဲ့ပိုင်း
လတစ်ချမ်းတော့ မြင်နေပြီ
အချိန်ကျ ရင်လက်ခေါက်မှုတ်မယ်
ညလမ်းမှာမြင်ဖို့ကျင့်ထား
တစ်ယောက်စကား အထာနားလည်
လျောက်သွားစရာစခန်းအလည်မှာ
ထောက်ထားရာ မမြင်ဘူး
ခြေရာဖျောက်ပြီးရင် ရေပါနှောက်ခဲ့
မြောက်အရပ်သို့ခြေလှမ်း ကိုးဆယ်
စိမ်ခေါ်သံလွှမ်းနေလဲ သေချာတယ်
ဒါက
အိမ်အပြန်လမ်း
…………< စစ >…………
ခံစားချက်တိုင်းမှာ စကားလုံးလေးတွေရှိတယ်