Ko Htay Tea Shop

Ko Htay Tea Shop Signature:
Ko Htay Fried Chicken
Ko Htay Fresh Lemon Tea
Ko Htay Butter-Jam Toast

Drinks:
Tea (loca

လက်ဖက်ရည် ဆို လက်ဖျော် ပဲသောက်မယ် ဆိုတဲ့ ပရိတ်သတ်က သပ်သပ်ကိုရှိတယ်…
22/03/2025

လက်ဖက်ရည် ဆို လက်ဖျော် ပဲသောက်မယ် ဆိုတဲ့ ပရိတ်သတ်က သပ်သပ်ကိုရှိတယ်…

28/01/2025
လက်ဖက်ရည်တခွက် တကျပ်ခွဲစီးကရက်က ၃လိပ်ကိုမှ တကျပ်အဲ့သလိုခေတ်ကျနော်လူဖြစ်ခဲ့၊လက်ဖက်ရည်တခွက် ထောင့်ရှစ်ရာစီးကရက်၃လိပ်ကို တထ...
21/12/2024

လက်ဖက်ရည်တခွက် တကျပ်ခွဲ
စီးကရက်က ၃လိပ်ကိုမှ တကျပ်
အဲ့သလိုခေတ်
ကျနော်လူဖြစ်ခဲ့၊

လက်ဖက်ရည်တခွက် ထောင့်ရှစ်ရာ
စီးကရက်၃လိပ်ကို တထောင်ကျပ်
ဒါလည်းပဲ
ကျနော်လူဖြစ်နေတုန်းပါပဲ

အဲ့ဒါပဲဗျ
လူဆိုတာ
အံ့ဩလိုက်တာ
အံ့ဩလိုက်တာနဲ့
နေသားတွေတကယ်ကျ
ခဏ ခဏဆိုပါတော့။

Card::Oo

တစ်ခါက လက်ဖက်ရည်ဆိုင်ဆိုတာ... ☕ချက်နို့ဆီနဲ့ ဗူးနို့ဆီဆိုတာမင်းမှာတဲ့ ခွက်မှာဇွန်းတပ်ခြင်း မတပ်ခြင်းကွာတယ် ထိုစဉ်က ဒါဟာ ...
11/12/2024

တစ်ခါက လက်ဖက်ရည်ဆိုင်ဆိုတာ... ☕

ချက်နို့ဆီနဲ့ ဗူးနို့ဆီဆိုတာ
မင်းမှာတဲ့ ခွက်မှာ
ဇွန်းတပ်ခြင်း မတပ်ခြင်းကွာတယ် ထိုစဉ်က ဒါဟာ လူတန်းစား
ခွဲခြားခြင်းမဟုတ်ခဲ့..

ချက်နဲ့ဖျော်မှာကြိုက်သူ
ဗူးနဲ့ဖျော်မှကြိုက်သူတွေကြားထဲ
ငါတို့ဆီမှာတော့
ကျစိမ့်သောက်ရင်
အကောင်ပဲ..

ကလေးနဲ့အညာသား
ချိုစိမ့်ကြိုက်တဲ့ကာလထဲ
လက်ဖက်ရည်တခွက်တန်ဖိုးဆိုတာ
ဆိုင်သောက် ၁၀၀
ပါဆယ် ၁၅၀ဆိုလား..

အီကြာကွေးတချောင်း
လက်ဖက်ရည်တခွက်ဟာ
မနက်စာ ဖြစ်ခဲ့ဖူးတယ်
လူငယ် လူရွယ်
လူလတ်ပိုင်းနဲ့ လူအို လူပျို
အိမ်ထော်သည် တခုလပ်မကျန်
စုံရပ်တခုဖြစ်ခဲ့ဖူးတယ်
ဘုံဆိုင်ဆိုတာ
လက်ဖက်ရည်ယဉ်ကျေးမှု့ရဲ့နောက်မှာ...

ဝန်ထမ်း ပွဲစား ကျောင်းသား ကုန်သည်
ရေနွေးအိုးအထပ်ထပ်မှာလည်း
ဒီစာပွဲထိုးလေး
အပြုံးမပျက်ခဲ့ဘူး..

ဘောပွဲကြည့်မယ်
အပြိုင်အားပေးမယ်
ပွဲတဝက်ပြီးရင်တော့
လက်ဖက်ရည်ဖိုးရှင်းပေးရမယ်
လေနဲ့ဘောကန်သူတွေနဲ့
ဝါသနာရှင်တွေအတွက်
ဒီလက်ဖက်ရည်ဆိူင်လေးက
သန်းခေါင်အချိန်လည်း မငြိုငြင်ခဲ့ဘူး..

ပရဟိတအဖွဲ့အစည်းတွေ မလိုခဲ့တဲ့
ထိုအချိန်မှာ
ရပ်ကွက်ထိပ်က ဓမ္မာရုံပြီးရင်
ထိုဆိုင်လေးက
ကုသိုလ်ရေးအစ
ခံစားချက်အဆုံး
ငြင်းခုန်ဆွေးနွေးမှု့အလယ်
တက်တက်ကြွကြွ..

ပြန်ကြော်ဆီမသိဘူး
နို့အချဉ်ပေါက်တာလည်း နားမလည်ဘူး
ငါတိုလည်း
ရောဂါတွေ ဘာတွေမရခဲ့ကြပါဘူး
London Vegas 555 နဲ့ ဖက်ကြမ်း
ကြိုက်ရာရွေးပါကိုယ့်လူ..

မိုးတဖွဲဖွဲအချိန်
စီးကရက် ဒါမှမဟုတ် ဖက်ကြမ်းတလိပ်ဖွာ
ရေနွေးနဲ့လက်ဖက်ရည်ခပ်ကျကျကို သောက်
မင်းကိုယ်မင်း စာရေးဆရာလိုလိုဘာလိုလိုလည်း
အတွေးနယ်ချဲ့နိုင်သေးရဲ့..

ကျားထိုးမယ်
Chessထိုးမယ်
အဲ့နေရာမှာ
နှလုံး ၃လုံးရောဂါသည်တွေမရှိသေးခင်
လှပခဲ့ဖူးတယ်..

ဝတ္တုတအုပ်ဖတ်ရင်း သောက်မလား
IC Acid Examplez စိုင်းထီးဆိုင်နဲ့ခင်မောင်တိုး
အဖျော်ဆရာဆိုတာ
ထိုအချိန်က
လက်ဖက်ရည် ဘားရဲ့Dj..

သူနဲ့ အဆင်ပြေအောင်နေ
ကိုယ့်လူမင်းခွက်ထဲ မလှိုင်ဖက်တွေ လှိုင်လှိုင်ပေါလိမ့်မယ်..

မင်းရေးထားတဲ့
စာရွက်လေး အင်းကျီအိပ်ကပ်ထဲထည့်ရင်း ကြိတ်ကြွေသူအိမ်ပြန်ချိန်ကိုစောင့်မလား..

ဘော်ဒါတွေနဲ့ လေကန်ကြမလား
တဖြေးဖြေး
အစားထိုးလာတဲ့ ယဉ်ကျေးမှု့မှာ
လက်ဖက်ရည်ဟာ
ဘီယာတွေနဲ့ရောကုန်တယ်..

မူးရင်း ရေးသားသူအား ခရက်
ဒစ်ပါ...

Pho.Crd #

“တယောက်ယောက်လာမှ လက်ဖက်ရည်သောက်မလို့တယောက်တဝက်နှစ်ယောက်တခွက်ပေါ့” ။အောင်ချိမ့်I'll only sip  tea once someone else shows...
30/11/2024

“တယောက်ယောက်လာမှ
လက်ဖက်ရည်သောက်မလို့
တယောက်တဝက်
နှစ်ယောက်တခွက်ပေါ့” ။

အောင်ချိမ့်

I'll only sip tea
once someone else shows up.
We'll each have half,
and we'll share one cup between the two of us.

Translation: HZH card:

ဝါကျွတ်စတုဒီသာအလှုလေးပါ..
17/10/2024

ဝါကျွတ်စတုဒီသာအလှုလေးပါ..

တက်လမ်းတွေ ရှိတယ်ဖြတ်လမ်းတွေ သိတယ်သို့သော်ငါ့ခြေထောက်ဟာကမ္ဘာအတွက် သစ္စာရှိခဲ့တယ်။သေချာတာ တစ်ခုရှင်သန်ခဲ့စဥ်ကာလ တစ်လျှောက...
27/03/2024

တက်လမ်းတွေ ရှိတယ်
ဖြတ်လမ်းတွေ သိတယ်
သို့သော်
ငါ့ခြေထောက်ဟာ
ကမ္ဘာအတွက် သစ္စာရှိခဲ့တယ်။

သေချာတာ တစ်ခု
ရှင်သန်ခဲ့စဥ်ကာလ တစ်လျှောက်
ဘယ်ဘဝမှ မနင်းဖူးခဲ့သလို
ဘယ်သူ့ကျောပြင်မှာမှ ငါ့ဓားရာ မရှိခဲ့ဘူးဆိုတာပါပဲ

ရှင်သန်ရတာ ထင်သလောက် မဆိုးပါဘူးအမေ
ကျွန်တော် ဝမ်းနည်းတဲ့အခါလဲ လိပ်ပြာလုံသလို
ကျွန်တော် ပျော်ရတဲ့ အခါလဲ လိပ်ပြာလုံပါတယ်။

#ဒဿ 2024

KBZ bank မိသားစု အားပေးမှု အတွက်ကျေးဇူးအထူးတင်လျက်ပါ…
13/01/2024

KBZ bank မိသားစု အားပေးမှု အတွက်ကျေးဇူးအထူးတင်လျက်ပါ…

18/08/2023

ဓါတ်ဆီ ဆိုင်တွေလို
Digital board နဲ့
ပေါက်စျေးအတိုင်းရောင်းလို့
ရရင်ကောင်းမယ်

PEPSI မှ မေတ္တာလက်ဆောင်…ဒီနေ့ လာရောက်အားပေးသော စားသုံးအားလုံး Mirinda orange တစ်လုံးစီ free..ပါ
11/01/2023

PEPSI မှ မေတ္တာလက်ဆောင်…
ဒီနေ့ လာရောက်အားပေးသော စားသုံးအားလုံး Mirinda orange တစ်လုံးစီ free..ပါ

ယုံကြည်စွာ နဲ့ မှာယူ အားပေးသော ခုံဖိနပ်တစ်ရန်ရဲ့ရာဇဝင်  အဖွဲ့သားများအားကျေးဇူးအထူးတင်ပါတယ်ဗျာ…
06/01/2023

ယုံကြည်စွာ နဲ့ မှာယူ အားပေးသော ခုံဖိနပ်တစ်ရန်ရဲ့ရာဇဝင် အဖွဲ့သားများအားကျေးဇူးအထူးတင်ပါတယ်ဗျာ…

Address

Wa Dan Street၊ Bahosi Housing Complex, ၊ Gate No 1 ၊ALPINE ရေသန့် ကားဝန်းရှေ့၊ Lanmadaw Township
Yangon
11131

Opening Hours

Monday 06:30 - 18:00
Tuesday 06:30 - 18:00
Wednesday 06:30 - 18:00
Thursday 06:30 - 18:00
Friday 06:30 - 18:00
Saturday 18:30 - 18:00
Sunday 06:30 - 18:00

Telephone

+959972888929

Website

Alerts

Be the first to know and let us send you an email when Ko Htay Tea Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ko Htay Tea Shop:

Share