24/02/2026
Dyson Airwrap လေးက သုံးတာကြာလာတော့ လေအားမကောင်းတော့ဘူးလား။ ဒါဆိုရင်တော့ Dyson လေးကိုဆေးဖို့လိုနေပါပြီ။
ကိုယ့်ရဲ့ Second Face ကို အမြဲလှအောင်လုပ်ပေးမယ့် Dyson Airwrap လေးကို သေချာသန့်ရှင်းရေးလုပ်ဖို့ ဒါတွေ သိထားဖို့လိုတယ်နော်။
၁။ Filter ကို အမြဲစစ်ဆေးပါ
Airwrap ရဲ့ အောက်ခြေမှာရှိတဲ့ အပေါက်လေးတွေကို ကြည့်ပါ။ ဖုန်မှုန့်တွေ ကပ်နေပြီဆိုရင် သန့်ရှင်းရေးလုပ်ဖို့ အချိန်တန်ပါပြီ။
၂။ Filter Cleaning Brush ကို သုံးပါ
Dyson ဝယ်တုန်းကပါတဲ့ ကွင်းဝိုင်းလေးနဲ့ Cleaning Brush ကို အောက်ခြေက Filter မှာတပ်ပြီး ဖုန်မှုန့်တွေထွက်သွားအောင် သေချာပွတ်ပေးပါ။
၃။ Filter Cage ကို ဖြုတ်ပြီး ဆေးပါ
Filter အပြင်ခွံကို အသာလေးဟပြီး ဖြုတ်လိုက်ပါ။ ပြီးရင် ရေနွေးနွေးလေးထဲမှာ ဆပ်ပြာနည်းနည်းထည့်ပြီး စိမ်ထားပါ။ ပြီးမှ Brush နဲ့ အသာလေးတိုက်ပါ။
ဒါဆိုရင်တော့ Dyson Airwrap လေးဖုန်မှုန့်တွေ ကင်းစင်ပြီး အသစ်အတိုင်းပြန်ဖြစ်သွားမှာနော်။ ကိုယ့် Dyson Airwrap လေးက လေအားနည်းနေတယ်လို့ ခံစားရရင် Filter လေးကို စစ်ကြည့်လိုက်ဦးနော်။
For wholesale enquiry, pls contact 09765421972, 09765422936
iSure - Mandalay Branch
G(3/4), 78th Street, Between 30th & 31st Street, Mandalay.
⏰Open Daily - 9:00 a.m. to 6:00 p.m.
iSure - Times City Branch, Yangon
Room No. 209, (Level 2) Times Mall, Times City, Yangon.
⏰Open Daily - 9:00 a.m. to 7:00 p.m.