08/05/2020
Baking soda ( ဆားဆော်ဒါ )
ဆားဆော်ဒါကို အစာအိမ်နာခြင်း၊ အစာမကြေလေပွခြင်း၊ အစာအိမ်အက်ဆစ်လွန်ကဲခြင်း၊ လည်ချောင်းနာ၊ချောင်းဆိုး၊ တုတ်ကွေးအအေးမိခြင်း၊ ဂေါက်ရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း နှင့် ကြွက်သား နာကျင်ခြင်းတို့မှာ သုံးနိုင်တယ်လို့ ဆိုပါတယ်။ ဆားဆော်ဒါ အသုံးပြုပုံကို ဖတ်မိသလောက်ပြန်ရေးမည်ဆိုလျှင်
၁။ ဆားဆော်ဒါက ရင်ပူခြင်း နှင့် အစာမကြေခြင်းကို သက်သာစေပါတယ်။ ဆားဆော်ဒါလက်ဖက်ရည်ဖျော်ဇွန်းတစ်ဝက်ကို ရေနှစ်ခွက်လောက်နဲ့ အစာစားပြီးတစ်နာရီ အကြာမှာ ဖျော်သောက်လို့ရတယ်ဆိုပါတယ်။
၂။ ဆားဆော်ဒါက အက်ဆစ်ဓာတ်များတဲ့ ကင်ဆာကျိတ်တွေရဲ့ အက်ဆစ်ကိုလျော့ချပေးပါတယ်။သွေး နှင့် အခြားကျန်းမာသော ဆဲလ်တွေမှာ အပြောင်းအလဲမဖြစ်ဖူးဆိုပါတယ်။ ဆားဆော်ဒါ အသုံးပြုခြင်းက ကင်ဆာသမားတွေအတွက် အဟာရ နှင့် ကိုယ်ခံစွမ်းအားအတွက် အထောက်အကူဖြစ်ပါတယ်။
၃။ ဆားဆော်ဒါက လေ့ကျင့်ခန်းလုပ်နေသူအတွက်ကောင်းပါတယ်။ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်လျှင် ကြွက်သားတွေမှာ လတ်တစ်အက်ဆစ်တွေ စုပုံလာပြီး နာကျင်ပင်ပန်းလာစေပါတဆားဆော်ဒါ တစ်စွန်းကို ရေတစ်ခွက်နဲ့ဖျော်သောက်လျှင် သက်သာတယ်ပြောပါတယ်။
၎။ အယ်ကာလီဓာတ်ဖြစ်တာကြောင့် ဆားဆော်ဒါ က ကိုယ်ခန္ဓာရဲ့ pH ကို မှန်ကန်စေပါတယ်။ကျောက်ကပ်မကောင်းလျှင် ကျောက်ကပ်က အက်ဆစ်ကိုထုတ်ဖို့ ခက်တာကြောင့် ဆားဆော်ဒါ စားပေးလျှင် ကောင်းနိုင်တယ်ဆိုတဲ့ ယူဆချက်ရှိပါတယ်။
၅။ ရှေးလူကြီးတွေက ဆားဆော်ဒါ တစ်စွန်း၊ နှစ်စွန်း ကိုရေဖျော်သောက်လျှင် အစာအိမ်နာ သက်သာစေတယ်လို့ ယူဆပါတယ်။
တစ်နေ့ကို 5g လောက်ကို နှစ်ပတ်လောက် အိမ်သုံးဆေးအနေနဲ့ သုံးနိုင်ပါတယ်။နှစ်ပတ်ထက်ပိုသုံးဖို့က ဆရာဝန်နဲ့ တိုင်ပင်ပါ။ကင်ဆာအတွက်ကောင်းတယ်ဆိုတာ ထင်ကြေးပဲရှိပြီး ဖြစ်နိုင်မဖြစ်နိုင် စမ်းသပ်ဖို့လိုပါအုန်းမည်။ ဆားဆော်ဒါ ကို အရေပြားမှာသုံးတာ ဘေးကင်းပါတယ်။သောက်လျှင်တော့ 5g ထက်မပိုသင့်ပါ။
ဘေးထွက်ဆိုးကျိုးအနေနဲ့ ပျို့အန်ခြင်း၊ဝမ်းသွားခြင်း၊အစာအိမ်အောင့်ခြင်း၊ရေငတ်ခြင်းတွေဖြစ်တတ်ပါတယ်။ ဆိုဒီယမ်များတာကြောင့် အများကြီးသောက်လျှင် ဆိုးကျိုးရှိပါတယ်။သွေးပေါင်တက်ပြီး၊ဖောရောင်တတ်တယ်။အရမ်းဆိုးလျှင် နှလုံးရောဂါရနိုင်ပါတယ်။ အသည်းမကောင်းသူ၊ကျောက်ကပ်မကောင်းသူ၊သွေးတိုးရှိသူ၊နို့တိုက်မိခင် ၊အသက်ငါးနှစ်အောက်ကလေးများ နှင့် ကိုယ်ဝန်ဆောင်တွေ ဆိုဒါအလွန်အကျွံသောက်ခြင်းက ရှောင်ရပါတယ်။
ဆားဆော်ဒါကို ကျန်းမာရေးအတွက်အပြင် အောက်ပါအလှအပရေးရာများအတွက် အသုံးပြုနိုင်ပါတယ်။
၁။အနံပျောက်ဆေး အနေနဲ့သုံးလို့ရပါတယ်။ ဆားဆော်ဒါ တစ်စွန်းကို ရေအနေတော်ထည့်ပြီး ဖျော်ပါ။ဂျိုင်း နဲ့ ခြေထောက်တွေ လိမ်းပေးလျှင် အနံဆိုးထွက်တာ သက်သာစေတယ်။
၂။ဆားဆော်ဒါ ကို ရေနဲ့ ဖျော်ပြီး လက်တွေ၊ခြေထောက်တွေ လိမ်းပေးလျှင် သန့်ရှင်း၊နူးညံ့လာစေပါတယ်။
၃။နေရောင်ဒဏ်ရာ၊ဓာတ်မတည့်တာကြောင့်ဖြစ်တဲ့ အစက်အပြောက်တွေကို ဆားဆော်ဒါ ကို ရေနဲ့ ပြစ်ပြစ်ဖျော်ပြီး လိမ်းပေးလို့ရပါတယ်။
၎။ဆူးစူးပြီးနှုတ်လို့မရလျှင် ဆားဆော်ဒါ ကို ရေနွေးနဲ့ဖျော်ပြီး တစ်နေ့နှစ်ကြိမ်ဖန်ရေဆေးပေးပါ။
၅။တစ်ကိုယ်လုံး နေလောင်ခံထားရတယ်ဆိုလျှင် ရေချိုးဇလုံထဲ ဆားဆော်ဒါ ထည့်ပြီးရေချိုးပေးပါ။နေလောင်ဒဏ်ရာလျှင်မြန်စွာ ပျောက်စေပါတယ်။Body lotion ထဲ ဆားဆော်ဒါ ထည့်ပြီးလည်း လူးလို့ရပါတယ်။
၆။ခေါင်းလျှော်ရည်ထဲ ဆားဆော်ဒါထည့်လျှော်ရင် ဆံသားပေါ်က အညစ်အကြေးနဲ့ မကောင်းတဲ့ အဆီကို ဖယ်ရှားနိုင်ပါတယ်။
ရ။သွားကြေးချွတ်လို့ရတယ်ပြောပါတယ်။သတိထားရမှာက တစ်ပတ်ကို နှစ်ကြိမ်းသုံးကြိမ်ပဲလူပ်ပါ။ဒါက သွားက ကြွေတွေကိုပါစားသွားတတ်ပါတယ်။
၈။ဆားဆော်ဒါ ကို ရေနဲ့ ပျစ်ပျစ်ဖျော် သွားပေါ် ငါးမိနစ်လောက်ထားပြီး ရေဆေးချပါ။သွားများကို ဖြူဝင်းစေပါတယ်။တစ်ပတ်တစ်ကြိမ်သာလုပ်ပါ။
Dr.PHYO MAUNG
Zawgyi >>>>
Baking soda ( ဆားဆော်ဒါ )
ဆားဆော်ဒါကို အစာအိမ်နာခြင်း၊ အစာမကြေလေပွခြင်း၊ အစာအိမ်အက်ဆစ်လွန်ကဲခြင်း၊ လည်ချောင်းနာ၊ချောင်းဆိုး၊ တုတ်ကွေးအအေးမိခြင်း၊ ဂေါက်ရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း နှင့် ကြွက်သား နာကျင်ခြင်းတို့မှာ သုံးနိုင်တယ်လို့ ဆိုပါတယ်။ ဆားဆော်ဒါ အသုံးပြုပုံကို ဖတ်မိသလောက်ပြန်ရေးမည်ဆိုလျှင်
၁။ ဆားဆော်ဒါက ရင်ပူခြင်း နှင့် အစာမကြေခြင်းကို သက်သာစေပါတယ်။ ဆားဆော်ဒါလက်ဖက်ရည်ဖျော်ဇွန်းတစ်ဝက်ကို ရေနှစ်ခွက်လောက်နဲ့ အစာစားပြီးတစ်နာရီ အကြာမှာ ဖျော်သောက်လို့ရတယ်ဆိုပါတယ်။
၂။ ဆားဆော်ဒါက အက်ဆစ်ဓာတ်များတဲ့ ကင်ဆာကျိတ်တွေရဲ့ အက်ဆစ်ကိုလျော့ချပေးပါတယ်။သွေး နှင့် အခြားကျန်းမာသော ဆဲလ်တွေမှာ အပြောင်းအလဲမဖြစ်ဖူးဆိုပါတယ်။ ဆားဆော်ဒါ အသုံးပြုခြင်းက ကင်ဆာသမားတွေအတွက် အဟာရ နှင့် ကိုယ်ခံစွမ်းအားအတွက် အထောက်အကူဖြစ်ပါတယ်။
၃။ ဆားဆော်ဒါက လေ့ကျင့်ခန်းလုပ်နေသူအတွက်ကောင်းပါတယ်။ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်လျှင် ကြွက်သားတွေမှာ လတ်တစ်အက်ဆစ်တွေ စုပုံလာပြီး နာကျင်ပင်ပန်းလာစေပါတဆားဆော်ဒါ တစ်စွန်းကို ရေတစ်ခွက်နဲ့ဖျော်သောက်လျှင် သက်သာတယ်ပြောပါတယ်။
၎။ အယ်ကာလီဓာတ်ဖြစ်တာကြောင့် ဆားဆော်ဒါ က ကိုယ်ခန္ဓာရဲ့ pH ကို မှန်ကန်စေပါတယ်။ကျောက်ကပ်မကောင်းလျှင် ကျောက်ကပ်က အက်ဆစ်ကိုထုတ်ဖို့ ခက်တာကြောင့် ဆားဆော်ဒါ စားပေးလျှင် ကောင်းနိုင်တယ်ဆိုတဲ့ ယူဆချက်ရှိပါတယ်။
၅။ ရှေးလူကြီးတွေက ဆားဆော်ဒါ တစ်စွန်း၊ နှစ်စွန်း ကိုရေဖျော်သောက်လျှင် အစာအိမ်နာ သက်သာစေတယ်လို့ ယူဆပါတယ်။
တစ်နေ့ကို 5g လောက်ကို နှစ်ပတ်လောက် အိမ်သုံးဆေးအနေနဲ့ သုံးနိုင်ပါတယ်။နှစ်ပတ်ထက်ပိုသုံးဖို့က ဆရာဝန်နဲ့ တိုင်ပင်ပါ။ကင်ဆာအတွက်ကောင်းတယ်ဆိုတာ ထင်ကြေးပဲရှိပြီး ဖြစ်နိုင်မဖြစ်နိုင် စမ်းသပ်ဖို့လိုပါအုန်းမည်။ ဆားဆော်ဒါ ကို အရေပြားမှာသုံးတာ ဘေးကင်းပါတယ်။သောက်လျှင်တော့ 5g ထက်မပိုသင့်ပါ။
ဘေးထွက်ဆိုးကျိုးအနေနဲ့ ပျို့အန်ခြင်း၊ဝမ်းသွားခြင်း၊အစာအိမ်အောင့်ခြင်း၊ရေငတ်ခြင်းတွေဖြစ်တတ်ပါတယ်။ ဆိုဒီယမ်များတာကြောင့် အများကြီးသောက်လျှင် ဆိုးကျိုးရှိပါတယ်။သွေးပေါင်တက်ပြီး၊ဖောရောင်တတ်တယ်။အရမ်းဆိုးလျှင် နှလုံးရောဂါရနိုင်ပါတယ်။ အသည်းမကောင်းသူ၊ကျောက်ကပ်မကောင်းသူ၊သွေးတိုးရှိသူ၊နို့တိုက်မိခင် ၊အသက်ငါးနှစ်အောက်ကလေးများ နှင့် ကိုယ်ဝန်ဆောင်တွေ ဆိုဒါအလွန်အကျွံသောက်ခြင်းက ရှောင်ရပါတယ်။
ဆားဆော်ဒါကို ကျန်းမာရေးအတွက်အပြင် အောက်ပါအလှအပရေးရာများအတွက် အသုံးပြုနိုင်ပါတယ်။
၁။အနံပျောက်ဆေး အနေနဲ့သုံးလို့ရပါတယ်။ ဆားဆော်ဒါ တစ်စွန်းကို ရေအနေတော်ထည့်ပြီး ဖျော်ပါ။ဂျိုင်း နဲ့ ခြေထောက်တွေ လိမ်းပေးလျှင် အနံဆိုးထွက်တာ သက်သာစေတယ်။
၂။ဆားဆော်ဒါ ကို ရေနဲ့ ဖျော်ပြီး လက်တွေ၊ခြေထောက်တွေ လိမ်းပေးလျှင် သန့်ရှင်း၊နူးညံ့လာစေပါတယ်။
၃။နေရောင်ဒဏ်ရာ၊ဓာတ်မတည့်တာကြောင့်ဖြစ်တဲ့ အစက်အပြောက်တွေကို ဆားဆော်ဒါ ကို ရေနဲ့ ပြစ်ပြစ်ဖျော်ပြီး လိမ်းပေးလို့ရပါတယ်။
၎။ဆူးစူးပြီးနှုတ်လို့မရလျှင် ဆားဆော်ဒါ ကို ရေနွေးနဲ့ဖျော်ပြီး တစ်နေ့နှစ်ကြိမ်ဖန်ရေဆေးပေးပါ။
၅။တစ်ကိုယ်လုံး နေလောင်ခံထားရတယ်ဆိုလျှင် ရေချိုးဇလုံထဲ ဆားဆော်ဒါ ထည့်ပြီးရေချိုးပေးပါ။နေလောင်ဒဏ်ရာလျှင်မြန်စွာ ပျောက်စေပါတယ်။Body lotion ထဲ ဆားဆော်ဒါ ထည့်ပြီးလည်း လူးလို့ရပါတယ်။
၆။ခေါင်းလျှော်ရည်ထဲ ဆားဆော်ဒါထည့်လျှော်ရင် ဆံသားပေါ်က အညစ်အကြေးနဲ့ မကောင်းတဲ့ အဆီကို ဖယ်ရှားနိုင်ပါတယ်။
ရ။သွားကြေးချွတ်လို့ရတယ်ပြောပါတယ်။သတိထားရမှာက တစ်ပတ်ကို နှစ်ကြိမ်းသုံးကြိမ်ပဲလူပ်ပါ။ဒါက သွားက ကြွေတွေကိုပါစားသွားတတ်ပါတယ်။
၈။ဆားဆော်ဒါ ကို ရေနဲ့ ပျစ်ပျစ်ဖျော် သွားပေါ် ငါးမိနစ်လောက်ထားပြီး ရေဆေးချပါ။သွားများကို ဖြူဝင်းစေပါတယ်။တစ်ပတ်တစ်ကြိမ်သာလုပ်ပါ။
Dr.PHYO MAUNG