Super Online store

Super Online store CustomerService ကို အလုပ်နဲ့ သက်သေတည်ပြီး ကြိုးစားသွားပါမယ် No.22 A 42street botataung township
(210)

https://youtube.com/?si=rcWnm4s1cCsDtzCS
24/10/2025

https://youtube.com/?si=rcWnm4s1cCsDtzCS

"If you are someone who always strives to learn and improve your life, subscribe to this channel. We always present content that will benefit you. Thank you very much." သင်ဟာ သင့်ဘဝကို တိုးတက်ဖို့ အမြဲကြိုးစားလေ့လာ.....

24/10/2025

https://www.facebook.com/profile.php?id=61582480214165

သင်ဟာ သင့်ဘဝကို တိုးတက်ဖို့ အမြဲကြိုးစားလေ့လာနေသူတစ်ယောက်ဆိုရင် ဒီ Channel လေးကို Subscribe လုပ်ထားလိုက်ပါ ကျွန်တော်တို့ သင့်အတွက် အကျိုးရှိစေမယ့်အကြောင်းအရာတွေကို အမြဲတင်ဆက်ပေးနေပါတယ် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ

03/08/2024
ကျတော်တို့ရောင်းချပေးသော Hand spray များကို အောက်ပါစျေးနှုန်းများအတိုင်း လိုအပ်ပါက ဝယ်ယူနိုင်ပါသည်ခင်ဗျာ။Lavender Alcoho...
27/04/2023

ကျတော်တို့ရောင်းချပေးသော Hand spray များကို အောက်ပါစျေးနှုန်းများအတိုင်း လိုအပ်ပါက ဝယ်ယူနိုင်ပါသည်ခင်ဗျာ။
Lavender Alcohol 75%
5 Liter = 20000 Kyats
10 Liter=40000 Kyats
20 Liter=80000 Kyats
နယ်ကဝယ်ယူလိုသူများအတွက်ကတော့ ငွေကြိုလွှဲပေးရမှာပါနော် ငွေလွှဲရောက်မှကားဂိတ်တင်ပေးမှာပါ။ပေးလိုက်ရတဲ့ပိုက်ဆံနဲ့ အကောင်းဆုံးဝန်ဆောင်မှုပေးနိုင် အောင်ကြိုးစားနေပါတယ်။ ကျေးဇူးတင်ပါတယ်
လိပ်စာ
အမှတ်၂၂/က၊ မြေညီထပ် ၄၂လမ်း ဗိုလ်တထောင် ၊ ရန်ကုန်မြို့။ဖုန်း ၊ 09263113950

27/04/2023
ကျတော်တို့ရောင်းချပေးသော Hand spray များ စျေးနှုန်းအပြောင်းလည်းရှိပါသောကြောင့် Updated ပြန်တင်ပေးထားပါတယ်ခင်ဗျာ။Lavender...
27/04/2023

ကျတော်တို့ရောင်းချပေးသော Hand spray များ စျေးနှုန်းအပြောင်းလည်းရှိပါသောကြောင့် Updated ပြန်တင်ပေးထားပါတယ်ခင်ဗျာ။
Lavender Alcohol 75%
5 Liter = 20000 Kyats
10 Liter=40000 Kyats
20 Liter=80000 Kyats
နယ်ကဝယ်ယူလိုသူများအတွက်ကတော့ ငွေကြိုလွှဲပေးရမှာပါနော် ငွေလွှဲရောက်မှကားဂိတ်တင်ပေးမှာပါ။​ပေးလိုက်ရတဲ့ပိုက်ဆံနဲ့ အကောင်းဆုံးဝန်ဆောင်မှုပေးနိုင် အောင်ကြိုးစားနေပါတယ်။ ကျေးဇူးတင်ပါတယ်
လိပ်စာ
အမှတ်၂၂/က၊ မြေညီထပ် ၄၂လမ်း ဗိုလ်တထောင် ၊ ရန်ကုန်မြို့။ဖုန်း ၊ 09263113950

16/03/2023

- လူပျော့တွေက ကလဲ့စားချေတတ်တယ်
- လူတော်တွေက ခွင့်လွတ်တတ်တယ်
- အတော်ဆုံး လူတွေက အစကတည်း ကို ဂရုမစိုက်တာ
#အိုင်စတိုင်း
အသင်တို့ရော ဘယ်အချက်ထဲက လဲ

03/03/2023

အောက်တန်းစား စိတ်ဓာတ်
*******************
သူတစ်ပါး၏
ကိုယ်ကျင့်သိက္ခာကို
အပုတ်ချလိုသည့် သဘောဖြင့်
မမှန်စွတ်စွဲ ကဲ့ရဲ့ပြစ်တင်တတ်သော စိတ်ဓာတ်..
-
သူတစ်ပါးမကောင်းကြောင်းကို
အဆမတန်ချဲ့ကား ပြောဆိုကာ
မိမိကောင်းကြောင်းကိုသာ ထပ်တလဲလဲ
ပြောဆိုတတ်သော စိတ်ဓာတ်...
-
နည်းနည်းလုပ်ပြပြီး
လုပ်ပြသည်နှင့် မတန်အောင်
ပြန်ပြီးအကျိုးထူးခံစားခွင့်
ရချင်လိုချင်သော စိတ်ဓာတ်...
-
ကိုယ်ထက်သာသူကို
မနာလိုဝန်တိုမှု အပြည့်နဲ့
တိုက်ခိုက်စော်ကားလိုသည့် စိတ်ဓာတ်...
-
ကိုယ်အောက်နိမ့်ကျသူအား
ဖိနှိပ်စော်ကားပြီး ပါဝါပြကာ
ဂုဏ်မောက်နေတတ်သော စိတ်ဓာတ်...
-
တစ်ပါးသူ၏ ခံစားချက်ကို
နည်းနည်းမှ ထည့်မတွက်ဘဲ
ကိုယ်ပြောချင်ရာပြောကာ
လုပ်ချင်ရာကို တဇွတ်ထိုး
လုပ်တတ်သော စိတ်ဓာတ်..
-
ရှေ့လျှင်တမျိုး ကွယ်ရာတစ်ဖုံ
စကားကို ဗလောင်းဗလဲပြောကာ
ချွန်တုံးလုပ်တတ် ကုန်းတိုက်တတ်သော စိတ်ဓာတ်..
-
မောက်မာရိုင်းဆိုင်းပြီး
ဆဲဆိုအော်ဟစ်ဖို့ ဝန်မလေးဘဲ
အရှက်အကြောက် ကင်းမဲ့နေတတ်သော စိတ်ဓာတ်...
-
အားနည်းသူအား ထုထောင်း၍
အားကြီးသူအား ကပ်ဖားရပ်ဖားလုပ်ကာ
နေရာယူတတ် ဂွင်ရိုက်တတ်သော စိတ်ဓာတ်...
-
အခွင့်အရေးဆို လိုတာထက်ပိုပြီး
ယူတတ်သလောက် အနစ်နာခံဖို့ကြ တွန့်ဆုတ်တွေဝေတတ်သော စိတ်ဓာတ်..
-
ကိုယ်ကိုယ့်ကို အထင်ကြီးလွန်းပြီး
တစ်ပါးသူလုပ်သမျှ အကောင်းမမြင် အကောင်းမထင်ဘဲ ပုတ်ခတ်စော်ကားလိုသည့် စိတ်ဓာတ်
အရင်ပြင်အုံး ။

13/02/2023

Hard work

ဘာအလုပ်ကိုဘဲ လုပ်လုပ်ပါ
ပြီးရင် ပြီးရောပေါ့။ အချိန်ပြည့်ရင် ပြီးရောပေါ့ ဆိုတဲ့ စိတ်နဲ့ မလုပ်ဘဲ။ ပိုလုပ်နေရတယ်ဆိုရင်တောင် ကိုယ်လုပ်စရာရှိတာ ကျေလည်သပ်ရပ် ပြီးစီးအောင် လုပ်လိုက်ခြင်းမှ ကိုယ့်ကိုယ်ကို ပိုပြီးယုံကြည်မူရှိစေတယ်။

​ရှောင်လို့ ရသလောက် ရှောင်ခိုတာမျိုး မလုပ်ဘဲနဲ့
လုပ်စရာရှိတာလုပ် နားစရာရှိတာ နား ရိုးရိုးသားသားလုပ်တာကမှ ကိုယ့်ကိုယ် ပိုပြီး စိတ်ကြည်လင်စေတယ်။

သူကအဲ့လိုဆို ကိုယ်လဲဒီလိုဘဲပေါ့ဆိုတဲ့ အတ္တစိတ်မထားဘဲနဲ့ ကိုယ့်လုပ်ရပ်တိုင်းအပေါ် စေတနာအပြည့်နဲ့ လုပ်လိုက်ခြင်းကမှ ကိုယ့်ကိုယ်ပိုပြီး ပျော်ရွှင်စေတယ်။

တကယ်တမ်း အလုပ်လုပ်လို့ လူပင်ပန်းတာထက် အလုပ်မလုပ်လို့ စိတ်ပင်ပန်းရတာက ကိုယ့်အတွက်ပိုပြီး ခံရခက်တယ်။

သူများကိုလိမ်လို့ရရင်ရမယ်။ တလောကလုံးကို လိမ်လို့ရရင်ရမယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်လုပ်ရပ်ကိုတော့လိမ်လို့မရဘူး။

ဒါကြောင့်အလုပ်လုပ်ရာမှာ
Hard work အစစ်အမှန်တွေကဘဲ ပိုပင်ပန်းရပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မူရှိစေတယ်။

Hard work ကဘဲ ပိုခက်ခဲရပေမယ့် ကိုယ့်ကိုယ် ပိုခံနိုင်ရည်ရှိစေတယ်။ Opportunitis တွေပေးစေတယ်။ ပိုပြီးကျေနပ်စေတယ်။

Hard work အစစ်အမှန် စေတနာအစစ်အမှန်ကဘဲ ကိုယ့်ကို ပိုပြီး ပျော်ရွှင်စေတတ်တယ်။

#မေတ္တာများစွာဖြင့်
(ဘဝစာပေ)

12/02/2023

လောကမှာ
လူတစ်ချို့က
စေတနာနဲ့ မထိုက်တန်လို့မဟုတ်ဘူး
စေတနာရဲ့ တန်ဖိုးကိုမသိလို့ပါ။

တစ်ချို့က
မေတ္တာ နဲ့ မထိုက်တန်လို့မဟုတ်ဘူး
မေတ္တာရဲ့တန်ဖိုးကို
နားမလည်လို့ပါ။

တစ်ချို့က
သစ္စာနဲ့မထိုက်တန်လို့မဟုတ်ဘူး
သစ္စာရဲ့တန်ဖိုးကို
မသိကြလို့ပါ။

ကိုယ်က ဘယ်လောက်ပေးပေး
သူ့ဘက်က ရယူလိုမှု မရှိရင်
ကိုယ်ပေးသမျှအရာရာက အလကားတန်ဖိုးမဲ့နေမှာပါပဲ။

ဘဝမှာ ကိုယ့်ဘက်ကကြည့်သရွေ့
မှန်နေပေမယ့် တစ်ချို့တစ်ချို့ရဲ့
အတွေး၊အမြင်၊အသိတရားတွေက
ကိုယ်နဲ့ထပ်တူတော့ ကျမနေပါဘူး
ဒါကြောင့် ကိုယ်ဘယ်လောက် မှန်မှန်
အဆိုးမြင်နဲ့ကြည့်သရွေ့ သူတို့အမြင်မှာတော့
ကိုယ်က မှားနေတဲ့သူပဲဖြစ်နေမှာပါ။

ဒီလိုပဲ နေရာတိုင်းမှာ
လူတိုင်းအပေါ် အမြင်တစ်ခုထဲ
မကြည့်ပါနဲ့ လူ...လူ...ချင်းတူခဲ့ရင်တောင်မှ
စိတ်ဓာတ်နဲ့ခံယူချက်ခြင်းကွဲ ပြားကြပါတယ်။

(ရာမညမြေ)

12/02/2023

မပျော်တဲ့ ဘဝဆိုတာ ရှိချင်ရှိလိမ့်မယ်
ဒါပေမယ့် ပျော်အောင်နေတတ်ရတာက
ကိုယ့်အပိုင်းပါ...

မပျော် တဲ့ နေရာဆိုတာ ရှိချင်ရှိလိမ့်မယ်
ဒါပေမယ့် တော်ရာမှာ နေတတ်ရမှာက
ကိုယ့်အပိုင်းပါ...

ဘဝ...ဘဝ...လို့ထိုင်ငြီးနေမယ့်အစား
ရတုန်းရခိုက် လူ့ဘဝလေးမှာ
ပျော်အောင် နေကြည့်လိုက်တဲ့အခါ ...

နာကျင်စရာဆိုတာလဲ မေ့လာမယ်

ဝမ်းနည်းလို့ မျက်ရည်ကျရတဲ့ နေ့တွေလဲနည်းလာမယ်...

စိတ်ညစ်လို့ လောကကြီးကို အပြစ်တင်နေတာတွေလဲ လျော့လာမယ်...

ချစ်သူနဲ့ အဆင်မပြေတိုင်း ငိုတတ်တဲ့အကျင့်တွေပျောက်လာမယ်...

အလုပ်ထဲ ပြဿနာတွေ ဖြစ်လာတိုင်း ခေါင်းအေးအေးနဲ့ ဖြေရှင်းတတ်လာမယ်....

မိသားစုမောင်နှတွေအပေါ် အချိန်တွေအများကြီးပေးပြီး မေတ္တာတွေ မျှဝေနိူင်မယ်...

အပျော်တွေ ဖလှယ်ပြီး ပီတိတွေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာမယ်...

အရင်တုန်းကထက် ကုသိုလ်တွေ ပိုလုပ်လာမယ်
စိတ်တည်ငြိမ်မှုတွေ ပိုခံစားခွင့်ရလာမယ်...

တစ်ကယ်တော့ ဘယ်လို စိတ်ညစ်စရာတွေနဲ့ကြုံကြုံ စိတ်ထားတတ်ဖို့ပဲ လိုတယ်မဟုတ်လား...
ဒါဆိုရင် ဒီနေ့ကစပြီး ပျော်အောင်နေကြည့်လိုက်ပါ...

လေးစားစွာဖြင့်
MayHsu(ရာမညမြေ)

11/02/2023

ကိုယ်ဟာ ဒေါသကြီးချင် ကြီးမယ်
ဒါပေမယ့်
မကောက်ကျစ်ဘူး ...

ကိုယ်ဟာ နေရာတကာ ဆရာကြီး လုပ်ချင်လုပ်မယ်
ဒါပေမယ့်
သူများနေရာမှာ ဝင်မရှုပ်ဘူး ....

ကိုယ်ဟာ အပြောကောင်းသူဖြစ်ချင်ဖြစ်မယ်
ဒါပေမယ့်
မုသားစကားတွေနဲ့ အလှမဆင်ဘူး ....

ကိုယ်ဟာ လူတွေနဲ့ ရောရောနှောနှောနေချင်နေမယ်
ဒါပေမယ့်
ရှေ့တမျိုး ကွယ်ရာတမျိုး မပေါင်းဘူး...

ကိုယ်ဟာ အတင်းပြောသူဖြစ်ချင်ဖြစ်မယ်
ဒါပေမယ့်
အမှန်ကို အမှားဖြစ်အောင် မပြောဘူး ....

ကိုယ်ဟာ သူများအားနည်းချက်ကို
ပျက်ရယ်ပြုချင် ပြုမယ်
ဒါပေမယ့်
သူများအားနည်းချက်ကို ဖိနင်းပြီး ဂုဏ်မဖော်ဘူး ....

ကိုယ်ဟာ မာယာများသူဖြစ်ချင်ဖြစ်မယ်
ဒါပေမယ့်
ပိုင်ရှင်ရှိပြီးသား သူတွေကို မြူဆွယ်ပြီး မဖျက်စီးဘူး ...

လူတိုင်းဟာ
လူကောင်းမဖြစ်နိုင်သလို

လူတိုင်းကလည်း
လူယုတ်မာမဖြစ်ဖို့
သတိလေးကပ်ထားဖို့ လိုပါတယ် ။

မနောသီရိ
အတွေးနဲ့အမြင်စာစုလေးများ

Address

No. 22A 42th Street Botataung
Yangon
11162

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959440554493

Alerts

Be the first to know and let us send you an email when Super Online store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Super Online store:

Share