OKES Lighting Myanmar

OKES Lighting Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from OKES Lighting Myanmar, Lighting store, No. 25/27 30th Street (Lower Block), Royal River View Condo , Pabedan Township, Yangon.

(၃၂)နှစ်ကျော်ကြာ အတွေ့အကြုံအရ
အဆင့်မြင့်နည်းပညာများဖြစ်ပေါင်းစပ်ထုတ်လုပ်ထားပြီး၊
စွမ်းအင်ချွေတာမှုနဲ့ ယုံကြည်စိတ်ချရသောအရည်အသွေး၊
ပြည့်ဝသောအာမခံရှိပြီး၊
မကြာမှီတွင် OKES သည် မြန်မာနိုင်ငံသို့ 🇲🇲
ရောက်ရှိလာတော့မည် ဖြစ်ပါကြောင်း သတင်းကောင်းပါအပ်ပါရစေ ။

🎉🎉 Happy New Year - 2026 🎉🎉 နှစ်သစ်နဲ့အတူ အလင်းရောင်အသစ်တွေ၊ အောင်မြင်မှုအသစ်တွေကို သင့်ရဲ့အိမ်နှင့်လုပ်ငန်းတိုင်းမှာ လင...
31/12/2025

🎉🎉 Happy New Year - 2026 🎉🎉

နှစ်သစ်နဲ့အတူ အလင်းရောင်အသစ်တွေ၊
အောင်မြင်မှုအသစ်တွေကို သင့်ရဲ့အိမ်နှင့်လုပ်ငန်းတိုင်းမှာ လင်းလက်စေဖို့ OKES Lighting Myanmar က
အမြဲအတူရှိနေပါမယ် 💡 🏠
နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ပြီး အောင်မြင်မှုတွေ
ပြည့်ဝပါစေကြောင်း ဆုတောင်းပါတယ် ❤️

🎄 Merry Christmas 🎄May your heart be light, your days be bright, and your season be filled with love ❄️
25/12/2025

🎄 Merry Christmas 🎄
May your heart be light, your days be bright, and your season be filled with love ❄️

🔺PMMA – The Crystal Clear Diffuser ◻️PMMA (Polymethyl Methacrylate) ဆိုတာက အလင်းရောင်ကို မျှတစွာ ဖြန့်ဝေစေတဲ့ အရည်အသွေးမ...
05/11/2025

🔺PMMA – The Crystal Clear Diffuser ◻️
PMMA (Polymethyl Methacrylate) ဆိုတာက အလင်းရောင်ကို မျှတစွာ ဖြန့်ဝေစေတဲ့
အရည်အသွေးမြင့် Acrylic ပစ္စည်းဖြစ်ပါတယ်။
အလင်းရောင်ထွက်အားကို တိုးစေပြီး မီးအလင်းကို
တိတိကျကျပေးဝေတဲ့အတွက် LED Panel Light
တွေမှာ အဓိကထားသုံးကြပြီး၊
မီးအလင်းသက်တမ်းကြာရှည်တဲ့အပြင်
အလင်းအားကောင်းစေတဲ့ အဓိကအခန်းကဏ္ဍ
တစ်ခုမှာပါဝင်ပါတယ်။

🔺Super Bright – Shine Beyond Ordinary 🔆
OKES LED Panel Light တွေဟာ အရည်အသွေးမြင့် LED Chip နဲ့ PMMA Diffuser ပေါင်းစပ်ထားတာကြောင့်အလင်းထွက်အားမြင့်စေပြီး
ပတ်ဝန်းကျင်တစ်ဝိုက်ကို တောက်ပအောင်
ဖြန့်ဝေ‌ပေးနိုင် ပါတယ်။
အလင်းပြန့်မှု (uniformity) ပိုကောင်းလာတာကြောင့်
နေအိမ်၊ ရုံးခန်း ၊ စာသင်ကျောင်း ၊ ဆေးရုံလို နေရာတွေ
မှာ သုံးဖို့ အထူးသင့်တော်တဲ့LEDတစ်ခုဖြစ်ပါတယ်။

🔺UV Protection – Long-lasting Brightness 🛡️
PMMA ပစ္စည်းတွင် Anti-UV လုပ်ဆောင်ချက်ပါဝင်တာ
ကြောင့် နေရောင်အောက်မှာသုံးရင်တောင်
အရောင်မကျသွားဘဲ၊ မီးအလင်းရဲ့ တောက်ပမှုကို
ကောင်းမွန်စွာ ထိန်းသိမ်းပေးထားနိုင်ပါတယ်။
UV Radiation ကို တားဆီးပေးတာကြောင့် မီးခွက်
အရောင်ဖျော့ခြင်း (yellowing) မဖြစ်စေပဲ၊အသစ်တစ်ခု
လိုဘဲရေရှည်အသုံးပြုနိုင်မှာအသေချာပါဘဲ။

🔺Eye Comfort – Designed for Your Vision 👁️
OKES Lighting သည် မျက်စိကျန်းမာရေးအတွက်
အထူးဒီဇိုင်းဖန်တီးထားသော
Eye Comfort Lighting ကိုအခြေခံထားပြီး
Glare (အလင်းတောက်ခြင်း) နှင့်
Flicker (အလင်းတုန်ခြင်း) မရှိတဲ့နည်းပညာကြောင့်
အလုပ်လုပ်နေချိန်၊ စာဖတ်ချိန်၊ စာသင်ကြားနေချိန်များ
တွင် မီးအလင်းကြာင့် မျက်စိကိုမထိခိုက်စေနိုင်ကြောင်း
အာမခံပါတယ်။


လင်းဝင်းတောက်ပသော ရောင်စုံမီးအလင်းများနဲ့အတူပျော်ရွှင်မှု၊ အောင်မြင်မှု၊ စိတ်၏ချမ်းသာခြင်းနှင့် ကိုယ်၏ကျန်းမာခြင်းတို့ဖြ...
20/10/2025

လင်းဝင်းတောက်ပသော ရောင်စုံမီးအလင်းများနဲ့အတူ
ပျော်ရွှင်မှု၊ အောင်မြင်မှု၊ စိတ်၏ချမ်းသာခြင်း
နှင့် ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံပါစေကြောင်း
OKES Lighting မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Happy Diwali! 🪔

💡 LED Lighting နည်းပညာမှာ လူသိများကြတဲ့ SMD LED (Surface Mounted Device) နဲ့ COB LED (Chip on Board) ဆိုတဲ့ နှစ်မျိုးဟာ ...
08/10/2025

💡 LED Lighting နည်းပညာမှာ လူသိများကြတဲ့
SMD LED (Surface Mounted Device) နဲ့
COB LED (Chip on Board) ဆိုတဲ့ နှစ်မျိုးဟာ
တူညီသလို ထင်ရပေမယ့် ဖွဲ့စည်းပုံနှင့်
အလင်းထွက်ပုံ၊စွမ်းဆောင်ရည် အစရှိတာတွေမှာ
မတူညီသလောက် အကျိုးသက်ရောက်မှုမှာလဲ ကွာခြားနေပါတယ်။

ဘယ်အတွက်သုံးသင့်သလဲ၊ ဘယ်ဟာက သင်
လိုအပ်ချက်ကိုဖြည့်စွမ်းနိုင်မလဲဆိုတာ
နှစ်မျိုးကြား ကွာခြားချက်ကို
သိထားရင် သင့်အလင်းရွေးချယ်မှုမှာ
ပိုမိုအဆင်ပြေသွားမှာပါ။

ဒါကြောင့်မို့နှစ်ခုကြားကွာခြားချက်ကို
အောက်ဖော်ပြပါအတိုင်းရှင်းပြပေးထားပါတယ်။

🔘 SMD (Surface Mounted Device) က
LED Chip တစ်လုံးချင်းစီကို
PCB (Printed Circuit Board) ပေါ်မှာ အရေအတွက်များများနဲ့ တိုက်ရိုက်တပ်ဆင်ထားတဲ့နည်းပညာဖြစ်ပြီးတော့
အလင်းအကျယ် နဲ့ အရောင်ထိန်းချုပ်နိုင်တဲ့
နည်းပညာများပါဝင်သောကြောင့် နေအိမ် ၊
ရုံးခန်း ၊ ကွန်ဒို တွေမှာ အသုံးပြုတဲ့ Indoor Lighting
Products, Panel Light, Bulb Tube Light, RGB Stage Light, Decorative light, တွေထုတ်လုပ်တဲ့နေရာမှာ အသုံးပြုကြပါတယ်။

🔘 COB (Chip On Board) ကတော့ LED Chips အများစုကို တစ်ပြားထဲ ပေါင်းစပ်ထားပြီး အလင်းထွက်စွမ်းအား Lumen / Watt ကို မြင့်စေတဲ့ နည်းပညာပါဝင်စေပြီး၊ အလင်းညီညာ အလင်းအားပြင်းပြင်းလိုချင်သူများအတွက် COB ကိုရွေးချယ်ရမှာဖြစ်ပါတယ်၊ COB LED ကိုတော့ Outdoor Lighting တွေဖြစ်တဲ့ Flood Light, Street Light , Spot Light , High-bay Light , Projector Light နဲ့ Industrial Lighting Products များကို ထုတ်လုပ်တဲ့နေရာတွေမှာအသုံးပြုကြတာဖြစ်ပါ‌တယ်။


ပျော်ရွှင်စရာသီတင်းကျွတ်အချိန်ခါသမယလေးမှာစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေကြောင်း OKES Lighting Mya...
04/10/2025

ပျော်ရွှင်စရာသီတင်းကျွတ်အချိန်ခါသမယလေးမှာ
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့
ပြည့်စုံကြပါစေကြောင်း OKES Lighting Myanmar မှ
ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ယနေ့ခေတ်မှာ လျှပ်စစ်ကုန်ကျစရိတ်တွေ မြင့်တက်နေသလို သဘာဝစွမ်းအင်တွေကိုအလွန်အသုံးချနေကြတာမို့ 🌱Energy Saving ဆိုတဲ့ အကြောင်...
29/09/2025

ယနေ့ခေတ်မှာ လျှပ်စစ်ကုန်ကျစရိတ်တွေ
မြင့်တက်နေသလို သဘာဝစွမ်းအင်တွေကို
အလွန်အသုံးချနေကြတာမို့ 🌱Energy Saving ဆိုတဲ့ အကြောင်းအရာဟာ အလွန်အရေးကြီးနေပါပြီး။

နေအိမ်၊ ရုံးခန်း ၊ စက်ရုံ အလုပ်ရုံ နှင့်
အခြား စီးပွားရေးလုပ်ငန်းများမှာ 💡 မီးသီးတွေကို သာမန် incandescent မီးသီး အစား
LED မီးသီးတွေ သုံးပေးခြင်းဖြင့် လျှပ်စစ်သုံးစွဲမှုကို ၈၀% လျော့နည်းစွာအသုံးပြုနိုင်ပါသည်။

ဒါကြောင့်မို့ OKES LED Lighting ဟာဆိုရင်
🔆 brightness မကျဘဲ Energy-efficient
technology နဲ့ ထုတ်လုပ်ထားတာကြောင့် လိုအပ်တဲ့ light quality ကို လျော့နည်းမှုမရှိစေပဲ လျှပ်စစ်သုံးစွဲမှုကို အများကြီး လျှော့ပေးနိုင်ပါတယ်။

အနည်းဆုံး power နဲ့ အများဆုံး brightness ကို ရရှိနိုင်သည့်အတွက် နှစ်ပေါင်းများစွာ
🧾 လျှပ်စစ်ဘေလ် တွေကို ထိထိရောက်ရောက် သက်သာစေပါမယ်။

လျှပ်စစ်စွမ်းအင် သုံးစွဲမှု လျော့သွားခြင်းဟာ
သင့်အိမ်ဘေလ်ကို သက်သာစေရုံတာမကဘဲ
🌍 Earth အတွက်လည်း ထိရောက်တဲ့ အကျိုးကျေးဇူး ဖြစ်စေပါတယ်။
စွမ်းအင်သုံးစွဲမှု နည်းသွားတာကြောင့်
CO₂ ထုတ်လွှတ်မှု လျော့သွားပြီး Sustainable lifestyle ကို တကယ်ရရှိစေနိုင်မှာအမှန်ပါ။

ဒါကြောင့်မို့ OKES LED နဲ့အတူ 🌳 “Save Energy, Save the Future” ဆိုတဲ့ message ကို သင့်အိမ်ထဲကနေ စတင်လိုက်ပါ။ 🌍💡

ယနေ့ခေတ်မှာ မီးသီးရွေးချယ်ရာမှာ brightnessအပြင် 🌳 Eco-friendly ဖြစ်ခြင်း ကို သတိထားရတဲ့ အချိန်ရောက်ပြီ။ ပုံမှန် incandes...
15/09/2025

ယနေ့ခေတ်မှာ မီးသီးရွေးချယ်ရာမှာ brightness
အပြင် 🌳 Eco-friendly ဖြစ်ခြင်း ကို သတိထားရတဲ့ အချိန်ရောက်ပြီ။ ပုံမှန် incandescent မီးသီး
တွေထက် LED မီးသီးတွေက လျှပ်စစ်သုံးစွဲမှု
အနည်းဆုံး ဖြစ်ပြီး၊ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ mercury မပါဝင်သည့်အတွက် သဘာဝအတွက် ပိုမိုသင့်လျော်တဲ့ နည်းလမ်း ဖြစ်ပါတယ်။

OKES LED Lighting တွေဟာ Energy-efficient + Long lifespan ဆိုတဲ့ အဓိကအကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။ အသုံးပြုချိန် 25,000hr – 50,000hr ထိ ခန့်မှန်းနိုင်တဲ့အတွက် မီးသီးအကြိမ်ကြိမ်မဝယ်ရတော့ဘဲ Waste (စွန့်ပစ်အမှိုက်) များကို လျော့နည်းစေပါတယ်။
ထို့အပြင် လျှပ်စစ်ကုန်ကျစရိတ်လည်း သက်သာ
သွားတာကြောင့် 🌱Eco-living lifestyle 🍃ကို လိုက်နာချင်သူများအတွက် အကောင်းဆုံး
ရွေးချယ်စရာ ဖြစ်ပါတယ်။

OKES သည် သာမန် brightness ပေးတဲ့ အလင်းရောင်သာမက၊ ပတ်ဝန်းကျင်သဘာဝနဲ့ ညီညွတ်သည့် နည်းလမ်း ကို customers တွေထံ တိုက်ရိုက်ပို့ဆောင်နေပါတယ်။ သင့်အိမ်၊ ရုံးခန်း၊ Showroom တွေမှာ OKES LED ကို သုံးခြင်းဖြင့် သဘာဝကို ထိခိုက်စေမည့် ဓာတုပစ္စည်းများ လုံးဝမပါဝင်ပဲ “Bright spaces, Greener planet”ဆိုတဲ့ သဘောတရားကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ 🌱💡

Lumen ဆိုတာ မီးလုံးတစ်လုံးကထုတ်ပေးနိုင်တဲ့ အလင်းရဲ့အရည်အသွေးမဟုတ်ဘဲ အလင်းထွက်ပမာဏ (Brightness) ကို တိုင်းတာပေးတဲ့ စံနှုန...
10/09/2025

Lumen ဆိုတာ မီးလုံးတစ်လုံးကထုတ်ပေးနိုင်တဲ့ အလင်းရဲ့အရည်အသွေးမဟုတ်ဘဲ အလင်းထွက်ပမာဏ (Brightness) ကို တိုင်းတာပေးတဲ့
စံနှုန်းတစ်ခုဖြစ်ပါတယ်။ Lumen တန်ဖိုးမြင့်လေလေ
အလင်းပိုတောက်ပြီး ပိုမိုမြင်သာစေပါတယ်။

🔆Lumen (လူမန်) နဲ့ ⚡️Watt (ဝပ်) ဆိုတာ
LED Lighting နဲ့ပတ်သတ်ပြီး အသုံးများတဲ့ စကားလုံးနှစ်ခုပါ၊

Lumen (lm) ကတော့ အလင်းရောင်ရဲ့ တောက်ပမှု
Brightness 🔆 ရဲ့တန်ဖိုးကိုတိုင်းတာဒါဖြစ်ပြီး ၊
Watt (W) ကတော့ လျှပ်စစ်စွမ်းအင်သုံးစွဲမှု
(Energy Consumption) ⚡️ကို တိုင်းတာတဲ့ Unit ဖြစ်ပါတယ်၊

နည်းပညာသစ်တွေ ပေါ်ထွက်လာပြီးနောက်ပိုင်း
LED မီးသီးတွေမှာဆိုရင် Watt နည်းနည်း နဲ့
Lumen များများထုတ်လုပ်နိုင်တာကြောင့်
လျှပ်စစ်စွမ်းအင်ကိုချွေသာစေပြီး၊
အလင်းရောင်တောက်ပမှုကိုပိုရရှိမှာအသေချာပါပဲ။

ဒါကြောင့်မို့ LED Lighting တွေဝယ်တဲ့အခါမှာ
🔆 Lumen ဘယ်လောက်လဲ မေးမို့တော့အရေးကြီးပါတယ်

“ အလင်းရောင်တောက်ပမှု Brightness ကို လိုချင်ရင် Lumen ကြည့်ပါ ''


⚡️ Watt (W) ဆိုတာဟာ မီးလုံးတစ်လုံးမှာ သုံးနေတဲ့ လျှပ်စစ်စွမ်းအင် သုံးစွဲမှု (Energy Consumption) ကို တိုင်းတာတဲ့ unit တစ...
08/09/2025

⚡️ Watt (W) ဆိုတာဟာ မီးလုံးတစ်လုံးမှာ သုံးနေတဲ့ လျှပ်စစ်စွမ်းအင် သုံးစွဲမှု (Energy Consumption) ကို တိုင်းတာတဲ့ unit တစ်ခုဖြစ်ပါတယ်။

Watt များလေလေ၊ မီးသီးက လျှပ်စစ်ဓာတ်အား ပိုသုံးလေလေပါပဲ။
1W = 1 Joule/sec ဆိုတဲ့ အတိုင်း Watt က လျှပ်စစ်စွမ်းအင်သုံးစွဲမှုနဲ့ တိုက်ရိုက်ဆက်နွယ်တာဖြစ်ပါတယ်။

အရင်ခေတ် incandescent မီးလုံးတွေနဲ့
💡 CFL မီးလုံးတွေမှာ Watt အရေအတွက်ကြည့်ပြီး
🌟 Brightness ခန့်မှန်းလေ့ရှိခဲ့ကြပေမဲ့
🟨အခုခေတ် LED နည်းပညာတိုးတက်လာပြီးနောက်
Watt က brightness ကိုပိုမပြနိုင်တော့ပါဘူး။

အရင်ကတော့ Watt များရင် ပိုတောက်ပတယ်လို့ ထင်ခဲ့ကြပေမယ့်၊ အခုခေတ် LED မီးသီးတွေမှာဆိုရင် Watt နည်းနည်းနဲ့တောင် Lumen များများ ထုတ်နိုင်တာကြောင့် Watt က တောက်ပမှုကို တိုင်းတာတာ မဟုတ်တော့ပါဘူး။

▪️ ဥပမာ -
🔺incandescent 60 W → 800 lumen
🔺CFL 14 W → 800 lumen
🔺LED 10 W → 800 lumen
🔺High - Efficiency LED 8 W → 800 lumen

အတိုချုံးပြောရရင် – Watt က သင့်လျှပ်စစ်ဘီလ် နဲ့ သဘာဝပတ်ဝန်းကျင်အကျိုးသက်ရောက်မှုကို ဆုံးဖြတ်ပေးတာပါ။
ဒါကြောင့် မီးလုံး မီးသီး LED lighting နဲ့ ပတ်သတ်တဲ့ products များ ဝယ်ယူရတော့မယ်ဆိုရင် Watt နည်းပြီး Lumen များတဲ့ LED products များကိုတာ ရွေးချယ်သင့်ပါတယ်နော်။


CRI ဆိုတာဘာလဲ ❓Color Rendering index CRI ဆိုတာ မီးအလင်းရဲ့ အရောင်ထင်ဟပ်နိုင်စွမ်း ကို တိုင်းတာတဲ့ စံချိန်ကိန်းတစ်ခုဖြစ်ပ...
06/09/2025

CRI ဆိုတာဘာလဲ ❓
Color Rendering index
CRI ဆိုတာ မီးအလင်းရဲ့ အရောင်ထင်ဟပ်နိုင်စွမ်း ကို
တိုင်းတာတဲ့ စံချိန်ကိန်းတစ်ခုဖြစ်ပါတယ်။

အရောင်ထင်ဟပ်နိုင်စွမ်းဆိုတာက
မီးရောင်အောက်မှာ မြင်တဲ့အရောင်က
နေရောင်အောက်မှာ မြင်ရတဲ့အရောင်နဲ့
ဘယ်လောက်တူနေလဲ ဆိုတာကို
အကဲဖြတ်ပေးတာကိုဆိုလိုတာပါ။
CRI မြင့်လေလေ အရောင်တူညီမှု မှန်ကန်လေပဲဖြစ်ပါတယ်

မီးအလင်းရောင်က ပစ္စည်းတစ်ခုရဲ့ မူရင်းအရောင်ကို
ဘယ်လောက် တိကျမှန်ကန်အောင်ပြန်လည်ထင်ဟပ်နိုင်သလဲဆိုတာကို
သင် ဘယ်လိုရွေးချယ်သင့်ပါသလဲ ❓

ဟုတ်ပါတယ် CRIကရွေးချယ်တဲ့နေရာမှာမှန်ကန်မှ
မိမိတို့လိုချင်တဲ့ lightingနဲ့ ပုံကောင်းတစ်ပုံရမှာဖြစ်လို့ CRI level ရွေးချယ်တဲ့နေရာမှာအရေးကြီးပြီး
အသုံးဝင်မဲ့ဟာလေးတွေအောက်မှာဖော်ပြပေးထားပါတယ်

➡️ CRI 100 နေရောင်ရဲ့ အရောင်ထင်ဟပ်မှု (Reference)
➡️ CRI 90 + (Art gallery , Fashion, Photo Studio, Photography, Hospital )
➡️ CRI 80 > indoor use ( Retail Shop , Home , luxury Hotel , Office, Restaurant, meeting room)
➡️ CRI < 80 ကို cost-effective solution အဖြစ် အရောင် accuracy အရေးမကြီးတဲ့နေရာတွင် သုံးနိုင်ပါတယ် ( Factory floor , Parking lot , Storage rooms , maintenance areas , Exit signs , emergency routes )

OKES မှာဆိုရင်တော့ CRI ≥ 80 / CRI ≥ 90
LED lighting Products အစရှိသည့် မီးအလင်းများကို
smart, energy-efficient, premium-quality အနေနဲ့
မကြာမှီမှာ မြန်မာနိုင်ငံတွင် ရရှိနိုင်တော့မှ
ဖြစ်ပါတယ်နော်။

💡 အရောင်မှန်ကန်မှု + တာရှည်ခံမှု + စွမ်းအင်သက်သာမှုတို့ကို တစ်နေရာထဲမှာပေါင်းစပ်ထားခြင်းဖြစ်တာကတော့
OKES ရဲ့အားသာချက်ပဲဖြစ်ပါတယ်ရှင့် ။

ဒါကြောင့်မို့ LED ဆိုရင် OKES ကိုတာသတိရလိုက်ပါနော်💡


🌍 ကမ္ဘာလုံးဆိုင်ရာ အောင်မြင်မှုများနဲ့အတူ နိုင်ငံပေါင်း ၅၀ ကျော်တွင် ယုံကြည်မှုရရှိထားသောLED Lighting Brand “ OKES “သည် ...
04/09/2025

🌍 ကမ္ဘာလုံးဆိုင်ရာ အောင်မြင်မှုများနဲ့အတူ
နိုင်ငံပေါင်း ၅၀ ကျော်တွင် ယုံကြည်မှုရရှိထားသော
LED Lighting Brand “ OKES “သည်
Global Spectrum Myanmar Group Co.,Ltd ကို
မြန်မာနိုင်ငံအတွက် တရားဝင် တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ်ခန့်အပ်လိုက်ပါသည်။

မကြာမှီအချိန်တွင် မြန်မာနိုင်ငံရှိ လျှပ်စစ်ပစ္စည်းဖြန့်ဖြူးရောင်းချသော အရောင်းဆိုင်များအတွက်
ယုံကြည်စိတ်ချရသော အရည်အသွေး၊
အပြည့်အဝ အာမခံ ရှိပြီး ၊
နောက်ဆုံးပေါ်နည်းပညာ နဲ့ စွမ်းဆောင်ရည်မြင့်
OKES LED lighting ထုတ်ကုန်များကို တရားဝင် Channel များဖြင့် တင်ဆက်ရောင်းချပေးသွားပါမည်။

Address

No. 25/27 30th Street (Lower Block), Royal River View Condo , Pabedan Township
Yangon
11141

Opening Hours

Monday 09:00 - 05:00
Tuesday 09:00 - 05:00
Wednesday 09:00 - 05:00
Thursday 09:00 - 05:00
Friday 09:00 - 05:00
Saturday 09:00 - 05:00

Alerts

Be the first to know and let us send you an email when OKES Lighting Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category