Minnies & Tweenies

Minnies & Tweenies Essential for kids and teens
မွေးကင်းစကလေးလေးအရွယ်မှ

မွေးကင်းစကလေးလေးအရွယ်မှ ဆယ်ကျော်သက်လေးများအတွက် လိုအပ်တဲ့ ပစ္စည်းမျိုးစုံ အ၀တ်အထည်၊စာအုပ်များ၊ကစားစရာများ၊သင်ထောက်ကူပစ္စည်းမျိုးစုံ အစရှိသည်တို့ကို England မှ တိုက်ရိုက်မှာယူနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက message box မှတဆင့်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

Matalan 5 packs sales လေးအရမ်းတန်ပါတယ်နော် ဆိုဒ်တွေကုန်တာမြန်လို့ အမြန်လေးယူထားမှနော်😁၅ထည်ပါ တတွဲကိုမှ ၂၇၀၀၀ ပါ။ Directl...
08/11/2021

Matalan 5 packs sales လေးအရမ်းတန်ပါတယ်နော် ဆိုဒ်တွေကုန်တာမြန်လို့ အမြန်လေးယူထားမှနော်😁
၅ထည်ပါ တတွဲကိုမှ ၂၇၀၀၀ ပါ။
Directly import from UK
Waiting Time 4 to 5 weeks

10/10/2020

Online မှတဆင့် စျေးရောင်းခြင်း ​ရဲ့ အသုံးဝင်မှုနဲ့ စိန်ခေါ်မှုများ

အခုလို COVID19ကာလမှာ ကျွန်မတို့ဖေ့စ်ဘုတ်အကောင့်ထဲမှာရှိတဲ့ မိတ်ဆွေသူငယ်ချင်းတော်တော်များများက pageကနေဖြစ်စေ၊ ကိုယ်ပိုင် အကောင့်များကနေ ဖြစ်စေ အွန်လိုင်းကနေအရောင်းအဝယ်လုပ်နေကြတာတွေ့ကြပါလိမ့်မယ်။ Social media platform တွေကိုကြည့်ရင်လည်း မြောက်မြားလှစွာသောစျေးရောင်းသူတွေကို အွန်လိုင်းမှာတွေ့နေရမှာပါ။

လူတော်တော်များများကလည်း အချိန်တော်တော်များများကို ဆိုရှယ်မီဒီယာတွေသုံးနေကြပြီး အွန်လိုင်းကနေပဲစျေးဝယ်နေကြတာလည်း အကျင့်တစ်ခုလို၊ ရည်ရွယ်ချက်တစ်ခုလိုဖြစ်နေကြပါတယ်။ ဒါ့အပြင် အရင်ကအပြင်မှာ offline ရောင်းနေတဲ့ ကုမ္ပဏီ၊ လုပ်ငန်းအများစုကလည်း အခုဆိုရင် အချိန်တိုတိုနဲ့လူတွေဆီ မြန်မြန်ရောက်မယ့် အမြတ်များများရနိုင်တဲ့ အွန်လိုင်းပေါ်မှာ ရင်းနှီးမြုပ်နှံဖို့ ဆုံးဖြတ်နေကြပါပြီ။

ဒါကြောင့်ဒီတစ်ခေါက်တော့ အွန်လိုင်းကနေစျေးရောင်းဖို့ စဉ်းစားနေသူတွေအတွက် သိထားဖို့လိုတဲ့ သူ့ရဲ့အသုံးဝင်မှုနဲ့ စိန်ခေါ်မှုတွေကို ဝေမျှချင်ပါတယ်။

💎 Online selling ရဲ့ အသုံးဝင်မှုတွေက ဘာတွေလဲ

👉 နယ်မြေကန့်သတ်တာကို လျှော့ချပေးတယ်
နိုင်ငံ၊ လူမျိုး၊ နေရာဒေသ မခွဲခြားဘဲ ကိုယ့်ရဲ့ကုန်ပစ္စည်းက ဖောက်သည်တွေရှိတဲ့နေရာတိုင်းကို ရောက်ရှိနိုင်ပါတယ်။

👉 အချိန်သတ်မှတ်ချက်မရှိဘူး
တစ်ပတ်မှာ ၇ရက်၊ တစ်ရက်မှာ ၂၄နာရီ အရောင်းအဝယ်လုပ်နိုင်ပြီး ဝယ်သူတွေရဲ့အိမ်ရှေ့အရောက်ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုလည်းလုပ်ပေးနိုင်ပါတယ်။

👉 စျေးလျှော့ပေးပြီး ဆွဲဆောင်နိုင်တယ်
အွန်လိုင်းကနေ ကလစ်တစ်ချက်နှိပ်ရုံနဲ့ပြိုင်ဘက်တွေရဲ့ ရောင်းစျေးကိုသိနိုင်တဲ့အခါ အရောင်းမြှင့်တင်ရေးအစီအစဥ်တွေ၊ ၂ခုဝယ်၁ခုလက်ဆောင်စတဲ့ စျေးလျှော့ပေးတဲ့အစီအစဥ်တွေ၊ အခမဲ့ပို့ဆောင်ပေးတာ စတဲ့နည်းလမ်းတွေနဲ့ ဝယ်သူတွေကို ဆွဲဆောင်နိုင်တာလည်း အားသာချက်တစ်ခုပါပဲ။

👉 အချက်အလက်တွေ အမြန်ရှာပေးနိုင်တယ်
အရောင်းပေ့ချ်တွေမှာ လာကြည့်သူ ဘယ်နှစ်ယောက်ရှိပြီး အဲ့ဒီထဲကနေ ဘယ်နှစ်ယောက်က စိတ်ဝင်စားပြီးအမှန်တကယ်ဝယ်သွားသလဲ၊ အချိန်ဘယ်လောက်သုံးပြီးလေ့လာသွားသလဲ စတဲ့ဖောက်သည် တွေရဲ့အချက်အလက်တွေ (ကျား၊ မ အရေတွက်၊ အလုပ်ကိုင်၊ ပညာအရည်ချင်း၊ အသက် စတဲ့အသေးစိတ်အချက်များ) လည်းပါဝင်ပါတယ်။ ဝယ်သူစိတ်ဝင်စားတဲ့ကုန်ပစ္စည်းတွေအပြင်အပြုအမူတွေကိုပါ အလျင်မြန်ဆုံးရှာပေးနိုင်ပါတယ်။

👉 ကုန်ကျစရိတ်နည်းတယ်
ဝန်ထမ်းစရိတ်၊ မီတာခ၊ အခန်းငှားရမ်းခ စတာတွေလျော့နည်းသွားတဲ့အခါ အမြတ်ရာခိုင်နှုန်းတက်လာပါတယ်။

👉 အလုပ်တွေကို ပိုမိုမြန်ဆန်စေပြီး လွယ်ကူစေတယ်
ငွေတောင်းခံလွှာတွေ၊ အော်ဒါကောက်တာတွေ၊ ဖောက်သည်တွေကိုဆက်သွယ်တာကအစ အွန်လိုင်းကပဲလုပ်နေရတဲ့အတွက် ပိုမိုမြန်ဆန်စေပြီးအချိန်ကြန့်ကြာတာတွေလည်း လျှော့ချပေးပါတယ်။

ဘယ်လိုအကြောင်းအရာမဆို အားသာချက်၊ အားနည်းချက်တွေရှိသလို စိန်ခေါ်မှုတွေလည်း ရှိပါတယ်။

💎 Online selling ရဲ့ စိန်ခေါ်မှုတွေက ဘာတွေလည်း

👉 ပြိုင်ဆိုင်တာများတယ်
ဖောက်သည်တွေ တိုးလာနိုင်သလို ပြိုင်ဘက်တွေလည်းတိုးပွားလာနိုင်တယ်။ သူ့ထက်ငါအလုအယက်ဝယ်သူတွေကိုဆွဲဆောင်ရတဲ့အတွက် စျေးတွေလျှော့ပေးရပါတယ်။

👉 ထိတွေ့လို့မရဘူး
ကျွန်မတို့လည်းကြုံဖူးကြမှာပါ။ အွန်လိုင်းမှာပြထားတဲ့ပုံနဲ့ ရောက်လာတဲ့ကုန်ပစ္စည်း၊ အရောင်နဲ့ အရည်အသွေး တစ်ထပ်တည်းမကျတာမျိုးပေါ့။ အပြင်မှာလို ထိတွေ့စမ်းသပ်ကိုင်တွယ်ခွင့်မရှိတာကြောင့် ကုန်ပစ္စည်းအကြောင်းအသေးစိတ်ဖော်ပြမထားတဲ့အခါ များသောအားဖြင့် အွန်လိုင်းကဓာတ်ပုံကြည့်ပြီး ခန့်မှန်းပြီး ဝယ်ကြရတဲ့အခါ ဝယ်သူတွေရဲ့ စိတ်ကျေနပ်မှုအပြည့်မရကြပါဘူး။

👉 ကူညီပေးမယ့်သူမရှိဘူး
အခုအချိန်မှာတော့ မက်ဆင်ဂျာ၊ ချက်ဘောက်၊ အလိုအလျောက်ဖြေကြားပေးတဲ့စနစ်တွေကနေမေးလို့၊ ဖြေလို့ရနေပေမယ့် နည်းပညာအခက်အခဲ၊ အကြံဥာဏ်လှမ်းတောင်းတာ၊ အဝတ်အစားဝယ်တော့မယ်ဆိုရင် ကိုယ်နဲ့လိုက်ဖက်သင့်တော်တာရှိမရှိ စတဲ့အသေးစိတ်မေးမြန်းရာမှာ ပြန်လည်​ကူညီဖြေဖို့ အခက်အခဲရှိနိုင်ပါတယ်။

👉 မယုံကြည်ဘူး
ဝယ်သူ၊ ရောင်းသူ ငွေပေးချေတာကို ယုံကြည်မှုမရှိတာတွေဖြစ်နိုင်တာကြောင့် ဝယ်သူဘက်ကလည်းကြိုတင်ငွေကောက်ခံတာ၊ ရောင်းသူဘက်ကလည်း ကြိုမပေးချင်တာ စတဲ့သဘောထားကွဲလွဲမှုတွေရှိနိုင်ပါတယ်။ ဒါ့အပြင် ဝယ်သူဘက်ကလည်းမဝယ်ခင်မှာ အရင်ဝယ်ထားပြီးတဲ့သူတွေရဲ့ ကောင်းတာ၊ ဆိုးတာစတဲ့ အွန်လိုင်းအရောင်းစာမျက်နှာတွေပေါ်က သုံးသပ်ချက်၊ထောက်ခံချက် တွေကို ဆန်းစစ်တာတွေကို ကြည့်ရှုလေ့လာပြီးမှ ဝယ်တာတွေကိုတွေ့ရတဲ့အတွက် ဝယ်သူတွေရဲ့စိတ်ကျေနပ်မှုကို အပြင်မှာထက်ပိုပြီးအသေးစိတ်လေ့လာစောင့်ကြည့်ရပါတယ်။

👉 သယ်ယူပို့ဆောင်ရေးစရိတ်ကြောင့် စျေးများတယ်
ပစ္စည်းတစ်ခုရဲ့ရောင်းစျေးအပြင် သယ်ယူပို့ဆောင်စရိတ်တွေကို မြို့နယ်၊ နိုင်ငံ၊ နေရာဒေသအလိုက် ကျသင့်ငွေထပ်ဆောင်းပေးရတာအပြင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကြောင့် ကတိအတိုင်းအချိန်မှီမရောက်နိုင်တဲ့အခါ ဝယ်သူတွေနဲ့ပြဿနာတွေကို တိုက်ရိုက်ဖြေရှင်းရတာကလည်း အွန်လိုင်းကနေစျေးရောင်းနေရတာရဲ့ အကြီးစားစိန်ခေါ်မှုတစ်ရပ်ပါပဲ။

အပေါ်ကအချက်တွေကြောင့် အောင်မြင်နေတဲ့အွန်လိုင်းစျေးရောင်းတဲ့လုပ်ငန်းတွေရှိသလို ရပ်သွားရတဲ့လုပ်ငန်းတွေလည်း အများကြီးရှိနေပါတယ်။ ဒီနေ့မှာတော့ ဆိုရှယ်မီဒီယာတွေ၊ လုပ်ငန်းတွေရဲ့ ကိုယ်ပိုင် web page ၊ application တွေအသုံးပြုပြီးစျေးရောင်းနေတဲ့လုပ်ငန်းတွေဟာ အင်အားကြီးမားလာပြီးတစ်နေ့တစ်ခြားဖွံ့ဖြိုးလာနေပါတယ်။ ဒီလိုလုပ်ငန်းတွေ အောင်မြင်လာဖို့အတွက် စျေးကွက်ဖော်ဆောင်ရေး မဟာဗျူဟာနဲ့ အရောင်းမြှင့်တင်ရေးနည်းပညာတို့ကိုပါ ထည့်သွင်းအသုံးပြုရမှာဖြစ်ပါတယ်။

ဒါဆိုရင် online selling လုပ်တဲ့အခါ သူ့ရဲ့အားသာချက် အားနည်းချက်တွေသိရပြီဆိုတော့ အခုလက်ရှိ online shop လုပ်နေတဲ့သူတွေရော ဘယ်လိုအချက်တွေနဲ့ရင်ဆိုင်ခဲ့ရတယ်ဆိုတာ comment မှာ အတွေ့အကြုံတွေမျှဝေခဲ့ပါဦးနော်



03/10/2020

သင်က online ကနေ စျေးရောင်းတဲ့သူလား?

ဒါဆို ဒီလိုတွေ ဖြစ်ဖူးလား?

🔹 မှာတဲ့ customers တွေ များလွန်းတော့ ဘယ်သူက ဘာပစ္စည်းမှာထားတယ်ဆိုတာ ချက်ချင်းမမှတ်မိဘူး။
🔹 ပစ္စည်းပို့ဖို့ ထုတ်ခါနီးမှ ဘယ်သူက ဘာမှာတယ်၊ လိပ်စာတွေကအစ messenger conversation တွေကနေ ပြန်ရှာရတယ်။
🔹 ကိုယ်ရောင်းတဲ့ product ရဲ့ stock လက်ကျန်ကို ချက်ချင်းမသိဘူး။ တစ်နေ့ချင်းစီ စာရင်းပြန်ချုပ်နေရတယ်။
🔹 စာရင်းစာအုပ်နဲ့ ရေးမှတ်ထားရင်လည်း အပြင်သွားရင်း လာရင်း စာရင်းမသိလို့ ဒုက္ခရောက်ဖူးတယ်။
🔹 ပစ္စည်းမှာပြီး လာမပို့သေးလို့ဆိုပြီး customer က ရန်တွေ့တာ ခံရဖူးတယ်။
🔹 ပစ္စည်းပို့ခဲ့ပြီး ငွေကောက်ခိုင်းဖို့ မေ့ခဲ့တယ်။

ဒီလိုတွေ ဖြစ်နေတာတွေကို ဖြေရှင်းပေးဖို့အတွက် Hashbuy က software အသစ်လေးနဲ့ ပြန်လာပါပြီ။

ကျွန်မတို့ စျေးရောင်းတဲ့သူတွေ အနေနဲ့ online shop လုပ်ပြီဆို သိဖို့ အရေးကြီးတာ (၄) ချက်ရှိတယ်။
❓ဘယ်သူ ဝယ်တာလဲ။
❓ဘာပစ္စည်းဝယ်တာလဲ။
❓ဘယ်ကိုပို့ပေးရမှာလဲ။
❓ဘယ်လိုငွေပေးချေမှုစနစ်ကို သုံးမှာလဲ။ prepaid လား၊ cash on deli လား။

Online sellers ဖြစ်လာပြီဆိုရင် စီမံခန့်ခွဲမှုကောင်းမှ ရောင်းအားပိုတက်မှာပါ။ စာရင်းစာအုပ်တွေ တစ်ပုံကြီးနဲ့ ခေါင်းရှုပ်ခံနေမယ့်အစား လွယ်ကူရိုးရှင်းပြီး ထိရောက်တဲ့ software လေး တစ်ခုသာ ရှိမယ်ဆိုရင်….

✔️ ဘယ်သူက ဝယ်တယ်၊ ဘာပစ္စည်းဝယ်တယ်၊ ဘယ်ကိုပို့ပေးရမယ်ဆိုတာ ချက်ချင်းသိရတယ်။

✔️ Delivery ပို့ပြီး မပြီး စစ်လို့ လွယ်မယ်။

✔️ ပိုက်ဆံရပြီးလား မရသေးဘူးလား စစ်လို့ ရမယ်။

✔️ Customer တစ်ယောက်ချင်းစီရဲ့ order တွေကို စီမံခန့်ခွဲရတာ ပိုလွယ်ကူမယ်။

✔️ ကိုယ့်ဆီမှာ ဘယ် product က stock ဘယ်လောက်ကျန်တယ်ဆိုတာ အလွယ်တကူ သိနိုင်မယ်။

အဲဒီအတွက် သိပ်မကြာခင်မှာ Hashbuy က online sellers တွေအတွက် ဒီလိုအရမ်းမိုက်တဲ့ software တစ်ခုကို ယူဆောင်လာပေးတော့မှာမို့ stay tune နဲ့ see first လုပ်ထားပေး ပါနော်။

ဘယ်သူတွေက Hashbuy ရဲ့ software အသစ်လေးကို သုံးရဖို့ ရင်ခုန်နေကြပြီလဲ။ Comment မှာ ပြောပြသွားပါဦး။




22/07/2020
မွေးကင်းစ 0 - 3 months အရွယ်လေးတွေဝတ်ဖို့ အရှေ့ရင်ကွဲ အကျီလေးတွေ ၊ ဝါးချည်သားလေးနဲ့ ချုပ်လုပ်ထားတာကြောင့် ကလေးလေးတွေ ယား...
10/02/2020

မွေးကင်းစ 0 - 3 months အရွယ်လေးတွေဝတ်ဖို့ အရှေ့
ရင်ကွဲ အကျီလေးတွေ ၊ ဝါးချည်သားလေးနဲ့ ချုပ်လုပ်ထားတာကြောင့် ကလေးလေးတွေ ယားမှာ ပူမှာ မစိုးရိမ်ရဘူး။ ဂျပန် တိုက်ရိုက်ပစ္စည်းလေးတွေပါ။ တစ်ထုပ်မှာ ၅ ထည်ပါ ပါတယ်။ တစ်ထုပ်ကို ၂၅၀၀၀ ကျပ်ပါ ။ CB က တစ်ဆင့်မှာယူနိုင်ပါတယ်ရှင့်😊

H & M instock ရှိတာလေးတွေပါရှင့် ။ ဖုန်းနဲ့ပဲရိုက်ထားတာမို့ ပုံသိပ်မလှရင် စိတ်မရှိပါနဲ့နော်။ CB ကနေ တဆင့် မှာယူနိုင်ပါတယ...
04/02/2020

H & M instock ရှိတာလေးတွေပါရှင့် ။ ဖုန်းနဲ့ပဲရိုက်ထားတာမို့ ပုံသိပ်မလှရင် စိတ်မရှိပါနဲ့နော်။

CB ကနေ တဆင့် မှာယူနိုင်ပါတယ်။ ကျေးဇူးပါ။

H & M unicorn ဖိနပ်လေး instock ပါ။ လှလွန်းလို့ မနေနိုင်ပဲတင်လိုက်ပြီ။ size Euro 26 ၊ Brand H & M ပါ။ Price 30000 kyats ပ...
02/02/2020

H & M unicorn ဖိနပ်လေး instock ပါ။ လှလွန်းလို့ မနေနိုင်ပဲတင်လိုက်ပြီ။ size Euro 26 ၊ Brand H & M ပါ။
Price 30000 kyats ပါ။ comment မှလဲ ပုံတင်ထားပေးတယ်နော်။

Hello ဒီ page လေးမှာ စျေးမရောင်းဖြစ်တာ ၃ နှစ် နီးပါးလောက်ရှိပါပြီမို့ ကိုယ့်ရဲ့ အမာခံ customer တွေတောင် မေ့နေကြပြီထင်ပါတ...
02/02/2020

Hello ဒီ page လေးမှာ စျေးမရောင်းဖြစ်တာ ၃ နှစ် နီးပါးလောက်ရှိပါပြီမို့ ကိုယ့်ရဲ့ အမာခံ customer တွေတောင် မေ့နေကြပြီထင်ပါတယ်။

အခု သမီးလေးက ကြီးလာပီဆိုတော့ ကလေးအဝတ်အစားလေးတွေ ပြန်တင်ရောင်းပေးဖို့ အချိန်လေးရှိလာပါပြီ UK နဲ့ Japan တိုက်ရိုက် ကလေး အဝတ်အစားလေးတွေကို live နဲ့ရော online နဲ့ပါ ရောင်းမို့ အားပေးပါဦးနော် 😁😁

Address

1203, North Dagon
Yangon
95

Opening Hours

Monday 06:00 - 23:00
Tuesday 06:00 - 23:00
Wednesday 06:00 - 23:00
Thursday 06:00 - 23:00
Friday 06:00 - 23:00
Saturday 06:00 - 23:00
Sunday 06:00 - 23:00

Website

Alerts

Be the first to know and let us send you an email when Minnies & Tweenies posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Minnies & Tweenies:

Share