Taw Win Lin Luck Pharmacy

Taw Win Lin Luck Pharmacy ဆေးနှင့်ဆေးပစ္စည်း

21/01/2026

နှစ်သစ်မှာ မိတ်ကပ်မလိုဘဲ ဝင်းပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ ဒီအချက် ( ၃ ) ချက်ကို မမေ့ပါနဲ့နော်။

✔️ Double Cleanse လုပ်ပြီး အညစ်အကြေးတွေကို သန့်စင်ဖယ်ရှားပေးပါ။
✔️ အသားအရေစိုပြေစေဖို့ ရေဓာတ်ပြည့်ဝအောင်နေပါ။
✔️ ခန္ဓာကိုယ် အတွင်းပိုင်းကနေကျန်းမာလှပစေဖို့ ENAT ကိုအမြဲသောက်ပါ။

ကျန်းမာတဲ့အသားအရေကို ပိုင်ဆိုင်တဲ့အခါ မိတ်ကပ်မပါလည်း လှနေမှာ အသေအချာပါ။🥰💫


#ကြည်လင်တောက်ပတဲ့အသား‌အရေအတွက်enat

20/01/2026
အာမခံ ဒီဂျစ်တယ် သွေးပေါင်ချိန်တိုင်းတာစက် များတော်ဝင်လင်းလက်ဆေးဆိုင် မှ စျေးနှုန်းမှန်ကန်စွာဖြင့်ဝယ်ယူအားပေးနိုင်ပါတယ်
23/09/2025

အာမခံ ဒီဂျစ်တယ် သွေးပေါင်ချိန်တိုင်းတာစက် များ
တော်ဝင်လင်းလက်ဆေးဆိုင် မှ
စျေးနှုန်းမှန်ကန်စွာဖြင့်ဝယ်ယူအားပေးနိုင်ပါတယ်

Vitamin D3 အကြောင်း ပိုသိအောင် ဆရာမကြီးရှင်းထားတာပါ။D3 ဟာ နာတာရှည်နဲ့ ကင်ဆာရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆို...
21/01/2024

Vitamin D3 အကြောင်း ပိုသိအောင် ဆရာမကြီးရှင်းထားတာပါ။

D3 ဟာ နာတာရှည်နဲ့ ကင်ဆာရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Vitamin D3 ဟာ ပျက်စီးနေတဲ့ ကလာပ်စည်းတွေကို ပြုပြင်ပေးနိုင်စွမ်း ရှိလို့ပါ။ တကယ်တော့ Vitamin D3 ဟာ Vitamin အုပ်စုဝင်ဆိုတာထက် Seco-steroid လို့ပြောရင် ပိုမှန်ပါတယ်။

Biochemistry နည်းအရပြောရရင် Steroid ကဲ့သို့ ရောဂါမျိုးစုံကို ပျောက်ကင်းစေတဲ့ အာနိသင်ရှိပြီး Steroid လိုဘေးထွက်ဆိုးကျိုးမရှိတဲ့ Vitamin လို့ဆိုနိုင်ပါတယ်။ Steroid Hormone ကို SLE (အရေပြားလေးဘက်နာ) ရောဂါ၊ Gout (အဆစ်ရောင်) ရောဂါနဲ့ Autoimmune Diseases တွေကို ကုသရာမှာ သုံးစွဲနေကြပါတယ်။

ပုံမှန်အားဖြင့်တော့ Vitamin D ဆိုတာနေရောင်ခြည်ခံယူရုံနဲ့ ရရှိနိုင်ပါတယ်။ Vitamin D3 ဖြစ်ဖို့ကတော့ အသည်းနဲ့ ကျောက်ကပ်မှာ ရှိတဲ့ Enzyme တွေရဲ့ အကူအညီကိုယူပြီး ပြောင်းလဲရပါတယ်။ မြန်မာပြည်က လူတော်တော်များများက အာဟာရရှိတဲ့အစားအသောက်တွေကို ရွေးချယ်မစားသုံးတတ်ကြလို့ Enzyme ဓာတ်တွေချို့တဲ့ပြီး D3 ပြောင်းလဲမှုကို ကောင်းကောင်းမလုပ်ဆောင်နိုင်ပါဘူး။

Vitamin A D E K တို့ဟာ အဆီမှာ ပျော်ဝင်နေတဲ့ ဓာတ်တွေဖြစ်တာကြောင့် အဆီကိုခြေပြီးစုပ်ပေးနိုင်မယ့် သည်းခြေရည်နဲ့လည်း ဆက်စပ်မှုရှိနေပါတယ်။ သည်းခြေရည်ထုတ်ပေးနိုင်ဖို့ဆိုတာ သည်းခြေကောင်းမှဖြစ်နိုင်ပါမယ်။ သည်းခြေကောင်းကောင်းအလုပ်လုပ်ဖို့ ဆိုရင် Thyroid Hormone အားကောင်းမှဖြစ်ပါမယ်။ ဒီ ဟော်မုန်းအားနည်းလို့ သည်းခြေပျက်စီးသွားပြီဆိုတာနဲ့ ကျောက်ရှိရှိ ၊ မရှိရှိ အစာမကြေတာတွေ ဗိုက်ကယ်တာတွေ လေပွတာတွေနဲ့ ရင်ထဲမှာ ဆို့နေသလိုခံစားရစေပါတယ်။ အဆိုးဆုံးကတော့ ခန္ဓာကိုယ်အတွက် အကျိုးပြုမယ့် အဆီတွေကို မစုပ်ယူပေးနိုင်တာကြောင့် အာဟာရဓာတ်ချို့တဲ့မှုနဲ့ အတူ ရောဂါပေါင်းစုံ ဝင်လာတော့တာပါပဲ။ သည်းခြေပျက်စီးနေကြောင်း သိသာစေမယ့်တစ်ချက်ကတော့
ဝမ်းသွားတဲ့အခါ တစ်ခါတရံမှာ အဆီဝေ့နေတတ်ပါတယ်။ Gall bladder ultrasound ကိုလည်း စစ်ဆေးကြည့်ကြဖို့ အကြံပြုလိုပါတယ်။

Vitamin D3 ကိုဘယ်လိုသောက်မလဲ
အရင်ဆုံး ဓာတ်ခွဲခန်းမှာ သွေးစစ်ရမှာပါ

ဘယ်လိုစစ်ရလဲ
သာမန်လူတွေအတွက် 25 HYDROXY D TEST

TB,Lymphoma, ရှိသူတွေက 1,25 (OH) D Test စစ်သင့်ပါတယ်။

VitaminD level အကြောင်း သိကောင်း စရာ -------

Holick MF. Calcium and Vitamin D. Diagnostics and Therapeutics. Clin Lab Med. 2000 Sep;20(3):569-90)

25 HYDROXY D

၁. Less than 50 ng/ml Deficient -------- နည်း နေ ပါ သည်။

၂. 50 - 70 ng/ml Optimal ---------- သင့်မြတ် သော အတိုင်းအတာ

၃. 70 - 100 ng/ml Treat cancer and heart disease ---- ကင်ဆာ ရောဂါ ရှင် များ နှင့် နှလုံးရောဂါ ရှိ သူ များ အ တွက်

၄. Over 100ng/ml excess ---------ပို လွန် သော အတိုင်း အတာ

Multiply ng/ml by 2.5 to convert to nmol/litre

( အချို့ ဓာတ် ခွဲ ခန်း တွေ ဟာ အဖြေ ကို nmol/litre နဲ့ ပြ ကြ ပါ တယ်။ ဒီ လို အခါ မျိုး မှာ ng/ml အဖြေ ကို ၂.၅ နဲ့ မြှောက် လိုက် ရင် nmol/liter ရ ပါ တယ် )

ဓာတ် ခွဲ ခန်း အများစု ဟာ reference range အဟောင်း ကို သုံး နေ ကြ တတ် ပါ တယ်။

အထက်ပါ ဖော် ပြ ထား သော reference values တွေ ဟာ လတ်တလော value range ဖြစ် ပါ တယ်။

လူ အများစု ပေါ် မှာ ပြု လုပ် ထား တဲ့သုတေသန အကြီးစား ပေါ် တည် ပြီး ထွက် လာ တဲ့ reference range တွေ ဖြစ် ပါ တယ်။

နောက် အရေးကြီး တဲ့ တစ် ချက် က တော့ ------

Sarcoidosis, TB , Lymphoma ရှီ သူ တွေ Vitamin D သွေး ဖောက် စစ် သည့် အခါ

1, 25 (OH) D test က ပို ပြီး သင့် တော် ပါ တယ်။

ဒီ ရောဂါ များ မရှိ သူ တွေ က တော့ 25 hydroxy VitaminD test က ပို ပြီး ကောင်း ပါ တယ်။

သွေးစစ်ပြီးရလာတဲ့အဖြေက 50 ng-ml အောက်ဆိုရင် အရမ်းနဲပါတယ်၊ D3 5000iu နှစ်လုံးကို Super K
တလုံးနဲ့တွဲပြီးသောက်ပါ။နှစ်လကြာရင် သွေးပြန်စစ်ပါ။

ဘယ်အချိန်သောက်ရမှာလဲ
မနက်စားစားပြီး သောက်ပါ၊

ဘယ်လောက်ကြာအောင် သောက်ရလဲ
သာန်လူတွေက 70 ng-ml
TB, ကင်ဆာရောဂါရှိသူတွေက 100 ng-ml
အထိ ရောက်အောင်သောက်ရမှာပါ။

အဲ့ဒီ အနေအထားထိ ရောက်ပြီဆိုရင်လည်း D3 5000iu နဲ့ Super k တလုံးစီကို ဆက်သောက်ရမှာပါ။

VitaminD နဲ့ ပတ်သက် ပြီး မိတ်ဆွေ တစိဦး ရေး လိုက် တဲ့ comment ပေါ် မှာ တည် ပြီး ဗဟုသုတ လေး မျှ ဝေ ချင် ပါ တယ်။

မိတ်ဆွေ က ပြော ပါ တယ်။

” နေပူလှမ်းရင် သဘာဝ အား ဖြင့် VitaminD ရ နိုင် ရင်သား နဲ့ ဘာ ဖြစ် လို့ စျေးကြီး ပေး
ပြီး ဝယ်သောက် ကြ ရ မှာ လဲ ” ဆို့တဲ့ အချက် ဖြစ် ပါ တယ် ”

ဒီ အချက် က ဟုတ် တော့ ဟုတ် ပါ တယ်။

ကျွန်မ VitaminD အကြောင်း ကို နည်းနည်း ထပ် ပြီး ရှင်း ပြ လို ပါ တယ်။

သေသေချာချာ နားလည် သွား ပြီ ဆို ရင် ၊ ကိုယ် အဆင်ပြေရာ၊ ကိုယ့် အခြေအနေ၊
ကိုယ့် စိတ်ကြိုက် လုပ် လို့ ရ ပါ တယ်။

တစ်ယောက် နဲ့ တစ် ယောက် က လဲ မတူ ကြ တာ မို့၊ ကိုယ့် အခြေအနေ၊ ကိုယ့် အနေအထား ကို ကြည့် ပြီး ကိုယ် နဲ့ သင့် တော် တာ လုပ် ကြ ရ မှာ ဖြစ် ပါ တယ်။

ကျွန်မ တို့ အရေပြား မှာ ရှိ တဲ့ cholesterol ကို နေရဲ့ စွမ်းအင် က နေ ပြီး VitaminD 3
ပြု လုပ် ပေး ပါ တယ်။

ဒီ ဗီတာမင် ကို အသည်း ဆီ ကို ပို့ ပေး ရ ပါ တယ်။

အသည်း က နေ တဆင့် ကျောက်ကပ် ဆီ ပို့ ရ ပြန် ပါ တယ်။

ကျောက်ကပ် ထဲ မှာ ဇီဝဓတုဖြစ်စဉ် တွေ ဖြစ် ပြီး မှ active vitaminD3 ကလာပ်စည်း တွေ မှာ အလုပ်လုပ် နိုင် တဲ့ vitamin D3 ဖြစ်သွား ပါ တယ်။

အသည်း ထဲ မှာ VitaminD ကို အပို အောက်စီဂျင် နဲ့ hydrogen molecules ထည့် ပေး လိုက် တာ ကြောင့် 25hydroxy vitaminD ဖြစ် သွား ပါ တယ်။
ကျွန်မ တို့ တ တွေ ဓာတ်ခွဲခန်း တွေ မှာ သွေး သွား ဖောက် တဲ့ အခါ တိုင်း တဲ့ 25 hydroxy vitamin D ဖြစ် ပါ တယ်။

ဒီ 25 hydroxy vitaminD3 ဟာ အလုပ်လုပ် လို့ မရ သေး ပါ။

အသည်း က နေ တဆင့် ကျောက်ကပ် ကို ပို့ ရ ပြန် ပါ တယ်။

ကျောက်ကပ် ရောက် တဲ့ အခါ မှာ နောက်ထပ် oxygen and hydrogen molecules တွေ
ထပ်ထည့် ခံ ရ ပြီး
1,25 dihydroxy vitaminD ဖြစ် သွား ပါ တယ်။

သူ့ ရဲ့နောက် နာ မည် တစ် မျိုး က တော့ calcitriol ဖြစ် ပါ တယ်။

ယခုခေတ် မှာ တွေ့ ကြုံ နေ ရ တဲ့ ပြဿနာ တွေ က တော့ ——-

၁. ခေတ်ကြီး ဟာ ပြောင်း လာတာ နဲ့ အမျှ လယ်ယာ လုပ်ငန်း တွေ က နေ ရုံးခန်း အလုပ် တွေ ပို များ လာ ကြ ပါ တယ်။
ရုံးခန်း အလုပ် တွေ က ကြ တော့ နေ မထိ တော့ ပါ။ တနေကုန် အရိပ် ထဲ မှာ ပဲ ဖြစ် ပါ တယ်။
သဘာဝ VitaminD တွေ မရ နိုင် ကြ တော့ ပါ။

၂. အသားညို သူ များ မှာ melanin pigment တွေ အရေပြား မှာ များ နေ တာ ကြောင့် vitaminD ထုတ် လုပ် ေ၇း ဟာ သိသိသာသာ ကျဆင်း သွား ပါ တယ်။ အသားညို လေ
ကျ ဆင်း လေ ပဲ ဖြစ် ပါ တယ်။

၃. အူလမ်းကြောင်း ရောဂါ ဖြစ် နေ သူ များ မှာ လည်း အစားအစာ ထဲ မှ
သော် လည်းကောင်း၊ သောက် သည့် ဗီတာမင် ကို လည်း ကောင်း၊ စုတ်ယူ မှု
အား နည်း သွား တတ် ပါ သေး တယ်။

၄. အဆီ ကို အစာ မချေ နိုင် သူ များ ( ဥပမာ သည်းခြေ ရောဂါ ရှိ သူ များ ) စ သည် ဖြင့် ဟာ
လည်း ပြဿနာ ရှိ နိုင် ပါ တယ်။
Vitamin D ဟာ အဆီ မှာ သာ ပြော် နိုင် သော ဗီတာမင် ဖြစ် နေ လို့ ပါ။

၅.အသည်းရောဂါ ရှိ သူ များ၊ ကျောက်ကပ် ရောဂါ ရှိ သူ များ မှာ လည်း သဘာဝ vitaminD
ဓာတ် နည်း နေ တတ် ပါ တယ်။

၆. အချို့ ဆေး များ ဟာ လည်း ဗီတာမင် ဒီ ဓာတ် ကို လျော့ ပါး စေ ပါ တယ်။

ရ. အထူးသဖြင့် သက်ကြီး ရွယ်အို များ မှာ ဗီတာမင်ဒီ ဓာတ် နည်း နေ တတ် ပါ တယ်။
အသက် ကြီး လာ တာ နဲ့ အမျှ အဟာဟာရ တွေ ချို့ တဲ့ လာ ခြင်းကြာင့် လည်း ကောင်း၊
အိမ် ပြင် မ ထွက် တော့ တာ ကြောင့် လည်း ကောင်း စ သည် ဖြင့် ဖြစ် ပါ တယ်။

၈. နေ ပူ ခံ တယ် ဆို တာ က လည်း အဝတ် တွေ ဝတ် ပြီး လှမ်း နေ ရင်
လည်း အပြည့် အဝ မရ နိုင် ပါ။

အထူး သဖြင့် အသက်ကြီး သူ တွေ ဟာ လုံချည်ဝတ်၊ အပါ် က လဲ လက်ရှည်၊ လက်စက နဲ့
ဆို တော့ ထိ ရောက် မှု သိပ် ရှိ မည် မ ထင် ပါ။

ဒီ အချက် တွေ နား လည် ထား မယ် ဆို ရင် ကိုယ် နဲ့ သင့် တော် သ လို ၊
ကြိုက်ရာ နည်း နဲ့ အလွန် အရေး ကြီး လှ တဲ့ ဗီတာမင် ကို ရ အောင် ယူ ကြ ရ မှာ ဖြစ် ပါ တယ်။

မိတ်ဆွေ များ အား လုံး ဗဟုသုတ တွေ ကြွယ်ဝ ကြ ပါ စေ။

ဒေါက်တာဒေါ်ခင်နွယ်ဝင်း၏ ကျန်းမာရေး ဟောပြောချက်များမှ ကူးယူဖော်ပြပါသည်။

VitaminD အကြောင်း ပြော ဖို့ ကျန် ပါ သေး တယ် ----

Vitamin D3 သောက် နေ ကျ သော မိတ်ဆွေ အချို့ မှာ D3 အတိုင်း အတာ ဟာ လို သ လောက် မတက် လာ ပါ။ ကျွန်မ က 5000IU သောက် ခိုင်း တာ ဆရာဝန် အတော် များများ နဲ့ အချို့ လူများ လန့် နေ ကြ ပါ တယ်။

ဒီ လောက် သောက် ခိုင်း တာ တောင် လို သ လောက် မတက် နိုင် ကြ သေး ပါ။ သွေး ဖောက် စစ် လို့ သိ ရ တာ ဖြစ် ပါ တယ်။

ကျွန်မ လဲ ပြန် ပြီး စဉ်းစား ကြည့် ပါ တယ်။

ဖြစ် နိုင် တယ့် အကြောင်း တွေ က တော့ ------

၁. မသောက် ခင် က အ တိုင်း အတာ အလွန် နည်း တာ ကြောင့် ပြန် တိုင်း တယ့် အခါ ထင် သ လောက် မတက် လာ ခြင်း လဲ ဖြစ် နိုင် ပါ တယ်။

၂. နောက် တစ် ချက် ကျွန်မ ပြော ဖို့ မေ့ သွား တာ က တော့ VitaminD3 သောက် သည့် အခါ အစာ အများဆုံးစား သည့် အချိန်၊ သို့ မဟုတ် အဆီ များများ စား တဲ့ အချိန် မှာ သောက် ရင် ပို ထိ ရောက် မှာ ဖြစ် ပါ တယ်။ ဘာ ဖြစ် လို့ လဲ ဆို တော့ VitaminD ဟာ အဆီ မှာ ပြော် သည့် ဗီတာမင် ဖြစ် လို့ ပါ။

၃. အ ဆီ မှာ ပြော် သည့် ဗီတာမင် တွေ က တော့ Vitamin A D E K ဖြစ် ပါ တယ်။

၄. နောက် အရေးကြီး သည့် အချက် က တော့ လူ အတော် များများ ဟာ လည်း thyroid hormone နည်း နေ ကြ ပါ တယ်။

ဒီ ဟော်မုန်း နည်း သွား ရင် သည်းခြေ ရောဂါ ဖြစ် တာ များ ပါ တယ်။

ကျောက် ရှိ ချင် လည်း ရှိ မယ်။ ကျောက် ရှိ ချင် မှ လည်း ရှိ မယ်။

ကျောက်ရှိရှိ၊ မရှိရှိ၊ သည်း ခြေ ဟာ အဆီ စား သည့် အခါ တိုင်း မှာ အဆီ ကို အစာချေ ပေး ဖို့ သည်းချေ ရည် လုံလုံ လောက် လောက် မ ထုတ် ပေး နိုင် တော့ ပါ။

သည်းခြေရည် မလုံလောက် ရင်၊ အဆီ ကို ကောင်း ကောင်း မချေ နိုင် တာ မို့၊ စား ပြီး ရင် ဗိုက် ကယ် နေ မယ်၊ လေ တွေ တ ချိန် လုံး တက် နေ မယ်၊ အစာမကြေ သ လို ဖြစ် နေ မယ်၊ ရင် ထဲ မှာ ဆို. နေ သလို ခံ စား တတ် ကြ ပါ တယ်။

သည်း ခြေ ထုတ် ထား သူ များ မှာ လည်း သည်း ခြေ အရည် ဟာ အဆီစား သည့် အခါ မှာ အစာ ချေ ဖို့ မ လုံ လောက် ပါ။

အဆီ ကို ကောင်း ကောင်း မ ချေ နိုင် ရင် အဆီဓာတ် တွေ ဟာ ဝမ်း ထဲ က နေ ပါ သွား မှာ ဖြစ် ပါ တယ်။
ဝမ်းသွား သည့် အခါ တစ်ခါတရံ အဆီဝေ့ နေ တတ် ပါ တယ်။

အဆီဓာတ် နည်း သွား ရင် အဆီ မှာ ပြော် နိုင် သည့် ဗီ တာ မင် ဓာတ် တွေ လဲ လျော့ ပါး သွား မှာ ဖြစ် ပါ တယ်။

ဒီ ဗီတာ မင် တွေ ကို သောက် ပြန် ရင် လည်း သွေး ထဲ မှာ ထင် သ လောက် မတက် လာ နိုင် တော့ ပါ။

ဒီ လို မျိုး ဖြစ် သည့် အခါ မှာ OX Bile 500mg ကို အစာ စား တိုင်း သောက် ပေး ရင် အကျိုး ရှိ နိုင် ပါ တယ်။

Gall bladder ultrasound လဲ ရိုက် ကြည့် သင့် ပါ တယ်။

မိတ်ဆွေ များ အား လုံး ၊ သည်းခြေ ကျန်းမာရေး နဲ့ လဲ ပြည့် စုံ ကြ ပါ စေ။

Vitamin D3 and D2 အာနိသင်ခြင်း မတူ ပါ။

Vitamin D2 ဟင်းသီ ဟင်းရွက် မှ ထုတ် တာ ဖြစ် ပါ တယ် ( plant origin )

Vitamin D3 က အသား မှ ထုတ် တာ ဖြစ် ပါ တယ်။ ( animal origin )

D2 နဲ့ D3 ဟာ သြဇာ ဓာတ် သတ္တိ ခြင်း မတူ ကြ ပါ။

သုတေသန ပညာရှင် တွေ က VitaminD guidelines တွေ ချ မှ တ် တဲ့ အစိုးရ အဖွဲ့ တွေ ကို သူ တို့ ချမှတ် ထား တဲ့ guidelines တွေ ကို ပြန် ပြီး သုံးသပ် ဖို့ တိုက် တွန်း လိုက် ပါ တယ်။

သုတေသန ပညာရှင် တွေ က ဘာ တွေ့ သ လဲ ဆို တော့ Vitamin D3 ဟာ D2 ထက် ခန္ဓာကိုယ် ထဲ မှာ
vitaminD ပမာဏ ကို နှစ်ဆ တက် စေ ပါ တယ် လို့ ဆို ပါ တယ်။

လူ အများ ထင် နေ ကြ တာ D3 နဲ့ D2 ဟာ အာနိသင် တူ တယ် ဆို တာ ဖြစ် ပါ တယ်.

များ သော အား ဖြင့် သွေး ဖောက်စစ် လိုက် လို့ VitaminD နည်း နေ တယ် ဆို ရင်၊ ဆရာဝန် အတော်
များ များ ဟာ VitaminD2 ကို အပတ်စဉ် သောက် ခိုင်းလေ့ ရှိ ပါ တယ်။

Dosage ပမာဏ များ တာ ကြောင့် ဆရာဝန် ဆေး လက် မှတ် က လည်း လို အပ် ပါ သေး တယ်။

တစ်ပတ် မှ တစ် ခါ ပဲ သောက် ရ ပါ တယ်။

အခု သိ လာ ရ တာ က ကျွန်မ တို့ တ တွေ သောက် နေ ကြ တဲ့ VitaminD 3 က အာနိသင် ပို ရှိ ပါ တယ် တဲ့။

ကျွန်မ တို့ တ တွေ လျှောက် နေ တဲ့ လမ်း ဟာ မှန် နေ တယ် ဆို တာ ထပ် ပြီး သိ သွား ရ ပြန် ပါ ပြီ။

ကိုယ် လုပ် သင့် လုပ် ထိုက် တာ တွေ ကို ပဲ ဆက် ပြီး လုပ် သွား ကြ ရ အောင် ပါ မိတ် ဆွေ အပေါင်း တို့။

Guidelines ညွှန် ကြား ချက် တွေ ပြောင်း သည် ဖြစ် စေ၊ မ ပြောင်း သည် ဖြစ် စေ၊ ကိုယ် သောက် နေ ကျ
VitaminD3 ကို သောက် ပြီး နာတာရှည် ရောဂါ မျိုးစုံ မှ လွတ် ငြိမ်း ချမ်းသာ ခွင့် ရ အောင် ကြိုးစား ကြ ပါ စို့ လား။

VitaminD အကြောင်း သိ ကောင်းစရာ ———-

ဗီတာမင် တွေ၊ ဖြည့်စွက်ဓာတ်စာ တွေ ကို သောက် တော့ မယ် လို့ ဖတ်
ကြည့် လိုက် မယ် ဆို ရင် အကုန် လုံး လို လို ဟာ ပမာဏ Dosage ကို mg ( milligram ) နဲ့ ဖြစ် စေ၊
mcg ( microgram ) ဖြစ် စေ ရေး ထား တာ ကို တွေ့ ရ ပါ တယ်။

VitaminD ကြ တော့ ထူးထူး ဆန်းဆန်း IU ( international unit )
နဲ့ ပြ တာ ကို တွေ့ ရ ပါ တယ်။

စဉ်းစား ကြည့် စရာ ဖြစ် လာ တာ ပေါ့ နော်။

ကျွန်မ သတိ ထား မိ တာ တော့ ကြာ ပါ ပြီ။
သို့ ပါ သော် လည်း သေသေချာချာ မသိခဲ့ တာ အမှန် ပဲ ဖြစ် ပါ တယ်။

ဒီ လောက် တောင် ကျန်းမာရေး ကို ကောင်းစေ၊ အထောက် အကူ
ပြု စေ သည့် VitaminD အကြောင်း ပို ပြီး သိ ချင် တာ နဲ့့ နှံ့နှံ့ စပ်စပ်
ဖတ် ကြည့် မိ ပါ တယ်။

လောက မှာ ကိုယ် မသိ သေး တာ တွေ က အများကြီး မို့ ၊
စာ များများ ဖတ် ခြင်း ဟာ ဆို ရင် ပို ပြီး စဉ်းစား ချင့် ချိန် တတ် စေ
သည့် ဉာဏ် ရင့် သန် လာ ခြင်း အ ကြောင်း တစ်ပါး ဖြစ် ပါ တယ်။

ဖတ်လေ သဘော ပေါက် လေ မို့ ၊ အချို့ အချက် အလက် များ
မိတ်ဆွေ တို့ ပါ နား လည် သွား စေ ရန် ပြန်လည် ဝေငှ ပေး လိုက်
တာ ဖြစ် ပါ တယ်။

လူ အတော် များများ က လဲ မေး လေ့ ရှိ ကြ ပါ တယ်။

လူကြီး တွေ ဆို ဘယ်လောက် ပမာဏ သောက်သင့် သ လဲ ?

ကလေး တွေ ဆို ရင် ကော ?

Milligram, Microgram နဲ့ International Unit ( IU ) ဟာ
ဘယ်လို ဆက်စပ် မှု ရှိ တာ ပါ သ လဲ ?

International Unit ( IU ) ဆို တာ ရှေး ကျ သော အတိုင်းအတာ
တစ်ခု ဖြစ် ပါ တယ်။

Number of international units ကို သုံး လိုက် ခြင်း ဖြင့်
ခေါင်းနောက် ပြီး ရှုပ်ထွေး သွား စေ တတ် ပါ တယ်။
ဘာ ကို ဆို လို နေ တယ် ဆို တာ သိ သူ ရှားလှ ပါ တယ်။

ဥပမာ 40,000 IU သောက် လို့ ပြော လိုက် ရင် ထိတ်လန့် ကုန်
တတ် ပါ တယ်။
ကိုယ် က မသိ တော့ များ လှ ခြေ လား ပေါ့ ။

အမှန် မှာ က. ———

40,000 IU equals 1 milligram ( mg ) or 1000micrograms ( mcg )

ဥပမာ —— 5000 IU သောက် နေ သူ ဟာ အများကြီး သောက်
နေ တယ် လို့ ထင် ရ ပေ မဲ့ အမှန် တကယ်
125 microgram ( mcg ) ပဲ သောက် နေ တာ ဖြစ် ပါ တယ်။

ဘယ် လောက် သောက် သင့် သ လဲ ဆို တာ က တော့ ထောက်ခံ ချက် တွေ ဟာ
မတူ တာ ကို တွေ့ ရ ပါ လိမ့် မယ်။

Institute of Medicine ( RDA ပြဌာန်း သူ များ ) ကတော့ Daily allowance က
600- 800 IU ပါ တဲ့။

ဒီ ပမာဏ ကို လိုက် နာ ရင်း နဲ့ လူ တွေ ဟာ ကမ္ဘာ တစ်ဝှမ်းလုံး မှာ
Vitamin D deficient ဖြစ် လာ ကုန် ကြ တာ ကို တွေ့ နေ ရ ပါ တယ်။

နေပုံ ထိုင် ပုံ တွေ က လဲ တိုးတက် လာ သည့် ခေတ် မှာ ပြောင်းလဲ
ကုန် ကြ တာ ဖြစ် ပါ တယ်။

အလုပ် လုပ် သည့် သူ တွေ ဆို ရင် တစ်နေကုန် ရုံး ခန်း ထဲ မှာ
ကလေးတွေ ဆို ရင် အပြင် က နေပူ ထဲ မှာ ကစားလေ့ မရှိ ကြ တော့ ပါ။
computer game တွေ နဲ့ အိမ် ထဲ မှာ
အမျိုးသမီး တွေ က လဲ နေ ပူ မှာ ကြောက် ကြ တော့ တစ်ကိုယ် လုံး နေ
သိပ် မထိ လှ ပါ။

ဒီ ဓာတ် နည်း လာ တာ နဲ့ အမျှ နာတာရှည် ရောဂါ မျိုးစုံ ရဲ့ အောက်
မှာ အလူး အလိမ့် ပါ ပဲ။

Non Profit Organization ဖြစ် သည့် VitaminD Council ရဲ့ အကြံ
ပေး ချက် အရ ဆို ရင်

ကျန်းမာနေ သည့် လူကြီး အတွက် က 5000 IU daily

ကလေး တွေ အတွက် က 1000 IU per 25 lbs ဖြစ် ပါ တယ်။

အကောင်း ဆုံး က တော့ 25 hydroxy vitaminD level ဖောက်
ကြည့် ပြီး လို အပ် သ လို သောက် တာ ပဲ ဖြစ် ပါ တယ်။

ကျန်းမာ နေ သည့် လူ ( ခု ခေတ် မှာ အတော် ရှား သွား ပါ ပြီ ) ဆို ရင် ရှိ သင့် သည့် ပမာဏ က 50 ng/mL

နာတာရှည် ရောဂါ ဖြစ် နေ သည့် သူ ဆို ရင် 70 -80 ng/ml

လိုရင် လို သ လို ကိုယ့် ကျန်းမာရေး အခြေ အနေ ပေါ် မူ တည် ပြီး 100 ng/ml အထိ သွား လို့ ရ ပါ တယ်။

VitaminD ဟာ နာတာရှည် ရောဂါ များ ဖြစ် နေ သူ များ အတွက်
အလွန် အထောက် အကူ ပြု တာ မို့ ဒီ ဗီတာမင် နဲ့ ပတ် သက် ပြီး
ဗဟုသုတ တွေ ဆက် ပြီး ပေး သွား မှာ ဖြစ် ပါ တယ်။

မိတ်ဆွေ များ အား လုံး ကျန်းမာရေး ဗဟုသုတ တွေ နဲ့ ပြည့်စုံ ကြ ပါ စေ။

VitaminD level ကို ကိုယ်ဝန်ဆောင် မိခင် များ.ကောင်း ဆုံး ဖြစ် အောင် လုပ် ထား သင့် ပါ သည်။——-

July24, 2017 က ၊ Protect our Children NOW project မှ ထုတ် ပြန် လိုက် တဲ့ သုတေသန စာ တမ်း ကို PLOS One မှာ ဖော် ပြ ထား တာ ဖြစ် ပါ တယ်။
ဒီ သူတေသန ကို Medical University of South Carolina က ကိုယ်ဝန် ဆောင် မိခင် ၁၀၀၀ ကျော် မှာ ပြု လုပ် ထား တာ ဖြစ် ပါ တယ်။

အတို ချုံး ပြီး ပြော ပြ ရ မယ် ဆို ရင် ——-

၁. VitaminD level အနည်းဆုံး 40ng/ml ( 100nmol/L ) ရှိ မယ် ဆို ရင်
ကလေး လ မ စေ့ ခင် မွေး တဲ့ နှုံး ၆၀% ကျ ဆင်း သွား ပါ တယ် တဲ့။

၂. မိခင် ရဲ့ ကိုယ်ဝန်ဆိပ် တက် ခြင်း၊ ကိုယ်ဝန်ဆောင် နေစဉ် သကြား
ဓာတ် များ နေ ခြင်း၊ရောဂါ ပိုး များဝင် ခြင်း ကို လည်း ၅၀% မျှ ချ ပေး
နိုင် ပါ တယ် လို့ ဆို ပါ တယ်။

၃. VitaminD နည်း နေ တဲ့ မိခင် က နေ မွေးဖွား လာ ကြ သော ကလေး များ ဟာ ပန်းနာရင်ကြပ်၊ allergies၊ နှာစေး ချောင်း ဆိုး ခဏခဏ ဖြစ် တတ် ပါ သ တဲ့။
သွား ပိုး စား တာ တွေ၊ ဆီးချို ရောဂါ၊ အဖြစ် များ ပြီး အသက် ကြီး လာ တဲ့ အခါ မှာ နှလုံး နဲ့ သွေးကြောရောဂါ များ ဖြစ် တတ် ပါ တယ် လို့ ပြော ပါ တယ်။

ကျွန်မ တို့ မြန်မာပြည် မှ ကလေးငယ် များ ရဲ့ ကျန်းမာရေး တွေ
ကောင်းမွန် လာ ကြ ရ အောင် မိဘ များ ကြိုးစား ကြ ရ အောင် ပါ။

Vitamin D နဲ့ ပတ်သက် ပြီး မေးလေ့ ရှိ ကြ သော မေး ခွန်း

Vitamin D 5000IU ကို ဘယ်လောက် ကြာကြာ သောက် သင့် ပါ သလဲ ?

အမြဲ သောက်သွားသင့် သည့် maintenance dose အတွက်
အကြံပေး ထောက် ခံ ချက် က ဘယ် လို ရှိ ပါ သ လဲ ?

Vitamin D Expert တွေဖြေ ပုံ အရ ဆို ရင် —————

VitaminD 5000IU ကို နေ့ စဉ် ရှစ်ပတ် တိတိ သောက် မယ်
ဆို ရင်blood level of 25 hydroxy vitaminD ဟာ
50ng/mL လောက် အထိ တက် လာ နိုင် ပါ တယ်။

သွေး ဖောက် စစ် ကြည့် တာ အကောင်းဆုံး ဖြစ် ပါ တယ်။

အခု လို 50ng/mL ရောက် လာ သည့် အခါ မှာ လည်း
5000IU နဲ့ ပဲ ဆက် ပြီး ထိန်း ထား သင့် ပါ တယ်။

သို့ ပါ သော် လည်း ၊ ရောဂါ ခံစား မှုတွေ ဟာ တစ်ယောက် နဲ့
တစ် ယောက် မတူ တတ် ကြ ပါ ။

ဥပမာ အား ဖြင့် ———

အဆစ် တွေ နာ နေ တတ် တာ
ခါး အရမ်း နာ နေ တာ
အလွန် နွမ်းလျ နေ တတ် တာ စ သည် ဖြင့် ဖြဟ် ပါ တယ်။

Level နည်း နေ သည့် အပြင် ရောဂါ ခံစား မှု တွေ ပါ ရှိ နေ ပါ က၊
8000. - 10,000IU daily ကို နေ့စဉ် ရှစ် ပတ် လောက်
သောက် ကြည့် ပါ။

သွေး ပြန် ဖောက် ကြည့် လို့ လို အပ် သ လို တက် လာ ပြီ ဆို လှ ျင်
သော် လည်း ကောင်း၊
ရောဂါ ခံစားမှု များ မှ သက် သာ လာ လှ ျင် သော် လည်း ကောင်း ၊ 5000IU ကို ပြန် ချ လိုက် ပြီး
maintenance dose အ နေ နဲ့ ဆက် သောက် သင့် ပါ တယ်။

အရေး အကြီး ဆုံး က ကိုယ့် ရဲ့ ခံစား မှု တွေ သက် သာ လာ တာ ပဲ ဖြစ် ပါ တယ်။

Vitamin D အကြောင်း ထပ် ပြော ပြ ချင် ပါ တယ်။

Vitamin D level ဟာ တောင်ပေါ် မှာ ရှိ သည့် ရေကန်ကြီး တစ်ခု ထဲ မှာ
ရှိ နေ သည့် ရေ တွေ နဲ့ တူ ပါ တယ်။

တောင်ပေါ် ရေကန်ကြီး ဟာ ရေ တွေ နဲ့ ပြည့် နေ မှ တောင်အောက် မှာ
ရှိ သည့် ရေကန် ငယ် များ သို့
စီးဆင်း ပြီး ရေ ကန် ငယ် များ ကို ပါ ပြည့် စေ မှာ ဖြစ် ပါ တယ်။

တောင်အောက် မှာ ရှိ သည့် ရေကန် ငယ် တွေ ဟာ လည်း အတော် လေး များ ပါ တယ်။

ရေကန်ကြီး မှာ ရေ တွေ ပြည့်ပြည့် ဝဝ ဖြစ် နေ တာ VitaminD blood level ကောင်း မွန် နေ တာ ကို
ဆို လို ပါ တယ်။
အနည်းဆုံး 50ng/mL ကို ဆို လို ပါ တယ်။
နာတာရှည် ရောဂါ သည် များ ဆို ရင် 70ng/mL
ကင်ဆာ သမား တွေ ဆို ရင် 100ng/mL

တောင်ပေါ်ကန် မှာ ပြည့် နေ သည့် ရေ က အဓိက ဖြစ် ပါ တယ်။

Vitamin D ရဲ့ အဓိက လုပ် ငန်း က ခန္ဓာကိုယ် ထဲ ရှိ calcium ကို မျှတ နေ ရ အောင် ထိန်းသိမ်း ပြု ပြင် ပေး သည့် အလုပ် ဖြစ် ပါ တယ်။

ဒီ အလုပ် ကို လုပ် ဖို့ ခန္ဓာကိုယ် က VitaminD ကို အသုံး ချ တာ ဖြစ်
ပါ တယ်။

ပိုပို လျှံလျှံ ရှိ မှ သာ တောင် အောက် မှာ ရှိ သည့် ရေကန် အငယ် များ
သို့ စီး ဆင်း နိုင် မှာ ဖြစ် ပါ တယ်။

တောင် အောက် မှာ ရှိ သည့် ရေကန် ငယ် များ ဆို တာ က တော့ ခန္ဓာကိုယ် တွင်း ရှိ အခြား လုပ် ငန်း ဆောင် တာ များ ဖြစ် ပါ တယ်။

တောင်အောက် မှာ ရှိ သည့် ရေကန် ငယ် များ ကို ပြည့် စေ သည့် သဘော ကို ပြော ပြ ရ မယ် ဆို ရင်

၁. အရိုး တွေ သန်မာ နေ ရ အောင်

၂. သွေး ပေါင် ချိန်ကို ထိန်းထား ပေး ရ အောင်

၃. နှလုံး ကျန်းမာ ရေး

၄. ခန္ဓာကိုယ် ခုခံ အား ကောင်းမွန် မျှတ ရေး

၅ ကင်ဆာရာဂါ မှ ကာကွယ် ပေး နိုင် ရေး

၆. စိတ် နေ စိတ်ထား ဟန်ချက် ညီ နေ ခြင်း

၇. အားကစား သမား တွေ စွမ်းဆောင် နိုင် မှု တိုးတက် လာ ရေး

စ သည် တို့ ဖြစ် ပါ တယ်။

သွေး ထဲ မှာ Vitamin D level လိုအပ် သ လောက် မရှိ နိုင် ဖူး ဆို ရင်
ခန္ဓာကိုယ် ကြီး ရဲ့ လိုအပ် သည့် လုပ်ငန်းဆောင် တာ များ လစ်ဟင်း
နေ မှာ ဖြစ် ပါ တယ်။

တတ် နိုင် ရင် မိမိ တို့ ၏ သွေး ထဲ မှာ ဘယ် လောက် ရှိ နေ တယ် ဆို တာ သိ သင့် ပါ တယ်။

VitaminD 3 5000IU - 10,000IU သောက် တိုင်း Vitamin K2
( MK4 and MK7 )
နဲ့ တွဲ သောက်သင့် ပါ တယ်။

နောက် ပိုင်း ထွက် လာ သော တွေ့ ရှိ ချက် တွေ အရ K1 က လဲ အာနိသင် တွေ အပြည့် ပဲ ဖြစ် ပါ တယ်။

ဒါ မှ လို အပ် သ လို ဖြည့်ဆည်း ပေး နိုင် မှာ ဖြစ် ပြီး ကျန်းမာရေး ကောင်း လာ နိုင် ကြ မှာ ဖြစ် ပါ တယ်။

Vitamin D deficiency is a world problem

Vitamin D ချို့ တည့် နေ ခြင်း ဟာ ကမ ္ဘာ ၏ ပြဿနာ ဖြစ် ပါ တယ်။


Vitamin D Day ——- November 2, 2017

Vitamin D အကြောင်း သိစရာ အဓိက ၈ ချက် ———

၁. Vitamin D ဟာ နေရောင်ခြည် နှင် ထိ တွေ့ ခြင်း အား ဖြင့် ရ တာ ဖြစ်
ပါ တယ်။
အစား အသောက် မှ မဟုတ် ပါ။
အရေပြား ကို နေ ပူ ခံ သော အခါ မိမိ ခန္ဓာကိုယ် မှ Vitamin D တွေ
အများ ကြီး ထုတ် လုပ် ပါ တယ်။
အစား အသောက် မှ ရ နိုင် သည့် ပမာဏ ဟာ နည်း လှ ပါ တယ်။
ဆို လို ချင် တာ က တော့ Vitamin D လုံလုံ လောက် လောက် ရ နိုင်
ဖို့ ဟာ နေရောင်ခြည် နဲ့ ခဏခဏ ထိ ရ မှာ ဖြစ် ပြီး ၊ အစား အသောက် မှ လုံလုံ လောက် လောက် မရ နိုင် ပါ။

၂. သိပ္ဗံ ပညာရှင် များ နှင့် ဆရာဝန် များ သဘောတူ သည့် အချက် က တော့ ကမ ္ဘာ ပေါ် ရှိ လူ အား လုံး
ရဲ့ သုံးပုံ တစ်ပုံ ဟာ Vitamin D ဓာတ် ချို့ တည့် နေ ကြ ပါ တယ်။
အချို့ သိပ္ဗံ ပညာ ရှင် များ က ဆို ရင် ဒီ ထက် တောင် ပို ပြီး များ တယ် လို့ ထင် ပါ တယ်။
ဘာ ကြောင့် လဲ ဆို တော့ အခု ခေတ် မှာ လူ တွေ ဟာ အိမ် ထဲ၊ ရုံးခန်းထဲ မှာ သာ နေ လေ့ ရှိ ကြ သည့် လူ့ အဖွဲ့ အစည်း မျိုး ဖြစ် နေ ကြ လို့ ပါ ပဲ။
လူ တွေ ရဲ့ သမိုင်း မှာ အိမ်ထဲ နေ ကြ တာ ဒီ ခေတ် မှာ အများ ဆုံး ဖြစ်
ပါ တယ်။

၃. မကြာခဏ ထိထိ ရောက် ရောက် နေထိ ပေး ခြင်း၊ မရှိ သည် ဖြစ် စေ၊ Vitamin D မ သောက် သည်
ဖြစ်စေ၊ သင့် မှာ Vitamin D ဓာတ် နည်း နေ ဖို့ များ ပါ တယ်။

အချို့ လူ များ ၊ မိမိ ၏ ဆရာဝန် က သွေး ဖောက် စစ် ကြည့် အ ခါ ၊ Vitamin D နည်း နေ တာ ကို အံ့သြ စွာတွေ့ ရ ပါ လိမ့် မယ်။
အဆီ များ သော ငါး ၊ Vitamin D ဖြည့်စွက် ထား သော နို့ ကို သောက်
ခြင်း ဖြင့် လုံလုံ လောက် လောက် Vitamin D level မရှိ နိုင် ပါ။

၄. နေ့လည် မွန်းတည့် ချိန် မှာ၊ အသင့် အတင့် နေပူခံ ခြင်းဖြင့် ရ နိုင်
သည့် နေ ရောင်ခြည်း ဟာ Vitamin D
ထုတ် လုပ် ရေး အတွက် အ ကောင်း ဆုံး ဖြစ် ပါ တယ်။
နေ ထဲ မှာ ရပ် သည့် အခါ ကိုယ့် ၏ အရိပ် ဟာ ကိုယ့် အရပ် ထက် ပု
နေ ရ မှာ ဖြစ် ပါ တယ်။
မွန်းတည့် အချိန် ဟာ အကောင်း ဆုံး အချိန် ဖြစ် ပါ တယ်။

၅. Vitamin D ရ ဖို့ အရေး နေ လောင် စရာ မလို ပါ။
နေ မ လောင် စေ ရ ပါ။

၆. ဆောင်းတွင်း ရောက် သည့် အခါ နောက် တစ်ခု လုပ် နိုင် တာ က တော့ Vitamin D supplement သောက် ခြင်းဖြစ် ပါ တယ်။

၇. Vitamin D ဟာ ခန္ဓာကိုယ် အတွက် အရေး ပါ အရာ ရောက် လှ ပါ တယ်။
အရိုး၊ နှလုံး၊ အဆုပ်၊ ဥဏှောက် စ သည် တို့ အပြင် ကင်ဆာ ရောဂါ
မှ ကာ ကွယ် ပေး ခြင်း လဲ ပါ နိုင် ပါ တယ်။

သုတေသန ပညာ ရှင် တွေ အရ ဆို လျှင်
Autoimmune diseases တွေ၊
Type 1 diabetes
ကင်ဆာ ရောဂါ မှ ကာ ကွယ် ပေး ခြင်း အထူး သ ဖြင့် ရင်သား ကင် ဆာ၊ အူမကြီး ကင် ဆာ တို့ ဖြစ် ပါ တယ်။
နှလုံး ကြွက် သား များ ကို ပံ့ ပိုး ပေး ခြင်း ၊အား ဖြင့် နှလုံး ဟာ ကျန်း မာ လာ နိုင် ပါ တယ်။

၈. Vitamin D ဓာတ် ဘယ် လောက် အနေ အထား မှာ ရှိ နေ သ လဲ ဆို တာ သွေး ဖောက် စစ် ကြည့် သင့် ပါ တယ်။
ဘယ် လောက် ပမာဏ လို သ လဲ ဆို တာ ကို ဆရာဝန် တွေ က သဘောမတူ ကြ သေး သော် လည်း၊
ကမ ္ဘာ ပေါ် မှာ Vitamin D ထိပ်သီး သုတေသန ရှင် ၄၂ ယောက် က
တော့ 40-60 ng/mL,ရှိ သင့် တယ် လို့ ထင် ပါ တယ်။

ကမ ္ဘာ ပေါ် မှာ ဒီ လောက် အနေ အထား ရှိ နေ သူ များ အ လွန် နည်း နေ ပါ သေး တယ်။

VitaminD အ ကြောင်း သိ ကောင်း စရာ ———

Vitamin D လို့ ခေါ် တဲ့ အတွက် ဗီတာမင် အမျိုးအစား လို့ လူ အတော် များ များ က ထင် နေ ကြ ပါ တယ်။

သို့ ပါ သော် လည်း သူ ဟာ ဗီတာမင် မဟုတ် ပါ။

VitaminD system ဟာ steroid hormone system ဖြစ် ပါ တယ်။

VitaminD ဟာ အရေပြား မှ cholesterol ကို အသုံး ပြု ကာထုတ်လုပ် ပေး သော ဓာတ် ဖြစ် ပါ တယ်။

သူ ဟာ VitaminD steroid ဖြစ် ပေါ် လာ ရေးမှာ အရေး ကြီး သော တည်ဆောက် ပစ္စည်း
တစ်ခု ဖြစ် ပါ တယ်။
သိပ္ဗံ ပညာရှင် တွေ က တော့ သူ့ ကို Cholecalciferol လို့ ခေါ် ပါ တယ်။

2. 25 hydroxy vitamin D က တော့ အသည်း မှ ထုတ် လုပ် သော ဓာတ် ဖြစ် ပါ တယ်။
အသည်း ထဲ က နေ တဆင့် သွေး ထဲ ရောက် ပါ တယ်။
Most active vitamin D hormone ရဲ့ တည်ဆောက် ပစ္စည်း တစ် ခု လည်း ဖြစ် ပါ တယ်။
Building block
အချို့ သိပ္ဗံ ပညာရှင် များ က Calcidiol လို့ ခေါ် ပါ တယ်။
သူ ဟာ အားပြော့ တဲ့ steroid hormone ဖြစ် ပါ တယ်။
Weak steroid hormone

3. Activated Vitamin D က တော့ most active VitaminD steroid hormone ဖြစ် ပါ တယ်။
ဒီ ဓာတ် ဟာ ဗီဇ တွေ ကို ပေါ် ထွက် လာ အောင်၊ ငြိမ် နေ အောင် လုပ် ပေး တဲ့ အရေး ကြီး သည့်
သော့ ချက် ဖြစ် ပါ တယ်။ ကျောက်ကပ် မှာ ဖြစ် တာ ဖြစ် ပါ တယ်။
သိပ္ဗံ ပညာရှင် များ က Calcitriol လို့ လဲ ခေါ် ပါ တယ်။

သူ က steroid hormone အာနိသင် ရှိ တာ ကြောင့် နာတာရှည် ရောဂါ သည် များ အကျိုး ခံစား ရ တာ လည်း မဆန်း တော့ ပါ။

သို့ ပါ သော် လည်း အခြား ဥပါဒ် ဖြစ် စေ တတ် တဲ့ steroid hormone တွေ လို ဘေးတွက် ဆိုးကျိုး
မရှိ တာ ကြောင့် ၊ အင်မတန် အကျိုး များ ပါ ပေ တယ်။

Credit - To A Better Health

   #တော်ဝင်လင်းလက်ဆေးဆိုင် တွင် Company စျေးအတိုင်း စျေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ပါပြီ။USA နိုင်ငံအခြေစိုက် ထိပ်တန်...
09/01/2024



#တော်ဝင်လင်းလက်ဆေးဆိုင် တွင် Company စျေးအတိုင်း စျေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ပါပြီ။

USA နိုင်ငံအခြေစိုက် ထိပ်တန်း ကုမ္ပဏီ ACON LAB မှ ထုတ်လုပ်တဲ့ နာမည်ကျော်
2021 New Model On Call Extra သွေးချိုတိုင်းစက်သည် Premium Quality Brand New (ISO 15197:2015) လက်မှတ်ရရရှိထားပြီး စက်၏အရည် အသွေးခိုင်ခံ့မှုနှင့် သွေးအဖြေ တိကျမှန်ကန်မှုကိုအထူးဦးစားပေးကာ နောက်ဆုံးပေါ်အဆင့်မြင့်နည်းပညာများ ဖြင့်ထုတ်လုပ်ထားသဖြင့် နိုင်ငံပေါင်း (၁၃၀)တွင်ယုံကြည်စိတ်ချစွာအသုံးပြုလျက်ရှိပါသည်။

လက်ရှိတွင်လဲ On Call Extra ဆီးချို သွေးချိုတိုင်းစက်သည် မြန်မာနိုင်ငံ ဗဟိုဓါတ်ခွဲခန်း
နှင့် ဆရာဝန်ကြီးများ၏ ထောက်ခံအသိအမှတ်ပြုမှုကိုအခိုင်အမာရရှိထားပြီးဆေးရုံကြီးများ၊ ဆေးခန်းများ၊ ဆေးဆိုင်များ၊ ဆီးချို သွေးချိုဝေဒနာသည်များ ယုံကြည်စိတ်ချစွာအသုံးပြုလျက်ရှိပါသည်။

တစ်သက်တာအာမခံ On Call Extra သွေးချိုတိုင်းစက်ဟာဆိုရင်

4 စက္ကန့်အတွင်း တိကျတဲ့ သွေးချိုရလဒ်ကို တွက်ပေးနိုင်ခြင်း
တိုင်းတာမှုရလဒ် (၅၀၀) ကို အချိန်၊ နေ့စွဲနဲ့တကွ မှတ်ပေးနိုင်ခြင်း
သုံးစွဲရလွယ်ပြီး မြန်မာဘာသာနဲ့ အသုံးပြုလမ်းညွှန်ပါရှိခြင်း
သွေးပမာဏ (0.4l) သာ လိုအပ်လို့ နာကျင်မှုနည်းပါးခြင်း
Battery ကြာရှည်ခံပြီး Strip ဝယ်ရလွယ်ခြင်း
Strip က လေဟာနယ်ထဲ သုံးနာရီကြာထားပြီး စစ်ပါကလည်း Error တက်ခြင်းမရှိသည့်အပြင် အဖြေကိုလည်းတိကျမှန်ကန်စွာ ထွက်ခြင်း

စတဲ့အားသာချက်တွေကြောင့် လူကြီးမိဘတွေရဲ့ ကျန်းမာရေးကို နေ့စဉ်နဲ့အမျှ ကာကွယ်စောင့်ရှောက်နိုင်ပြီပေါ့

အရည်အသွေးမြင့် သွေးချိုတိုင်းစက်ကို တကယ်တန်တဲ့ဈေးနဲ့ ရရှိမှာဖြစ်လို့ အမြန်ဆုံးလာရောက်ဝယ်ယူနိုင်ပါပြီ



ဆေးနာမည်တွေနောက်က MR/SR/ER စသဖြင့်ပါနေတာတွေက ဘာကိုဆိုလိုသလဲ?ဘယ်လိုအရေးကြီးသလဲ?ဆိုတာလေး ပြောပြပေးမယ်နော် Modified-release...
27/12/2023

ဆေးနာမည်တွေနောက်က MR/SR/ER စသဖြင့်ပါနေတာတွေက ဘာကိုဆိုလိုသလဲ?
ဘယ်လိုအရေးကြီးသလဲ?
ဆိုတာလေး ပြောပြပေးမယ်နော်

Modified-release (MR)
Sustained-release (SR)
Extended-release (ER or XR)
Delayed-release (DR)
Controlled-release (CR)

လို့ခေါ်တဲ့ဆေးအမျိုးအစားတွေကို အထူးပြုလုပ်ထားတဲ့ဆေးဝါးတွေလို့ခေါ်ပါတယ်။

ဆေးသောက်သုံးသူက ဆေးအာနိသင်ကို အချိန်ကြာကြာအာနိသင်ရရှိနေစေဖို့အတွက် ဒီဆေးတွေကို သင့်တော်သလိုအသုံးပြုလေ့ရှိပါတယ်။ MR, SR, ER, DR, CR စသဖြင့်ခေါ်ဝေါ်လေ့ရှိပြီး ဆေးအားလုံးရဲ့သဘောတရားကတူတူပါပဲ။

ဒီလိုဆေးအမျိုးအစားတွေကိုအသုံးပြုတဲ့အတွက်ရရှိနိုင်တဲ့ကောင်းကျိုးကတော့ တစ်ကြိမ်သောက်ထားရုံနဲ့ ဆေးအာနိသင်ကိုအချိန်ကြာရှည်စွာရရှိနိုင်တာကြောင့် လူနာအနေနဲ့ ဆေးခဏခဏသောက်စရာမလိုခြင်းနဲ့ တည်ငြိမ်တဲ့ဆေးအာနိသင်ကိုလူနာအနေနဲ့ရရှိနိုင်ခြင်းတို့ဖြစ်ပြီး အသက်ကြီးပြီးမေ့လျော့တတ်တဲ့လူနာတစ်ယောက်အတွက်ဆို တစ်နေ့အတွင်း ဆေးအကြိမ်ပေါင်းများစွာသောက်စရာမလိုပဲ ဆေးအာနိသင်ရရှိနိုင်ခြင်းဟာအရမ်းကိုအရေးတကြီးလိုအပ်ပါတယ်။

ဒီဆေးဝါးအမျိုးအစားတွေဟာ ဆေးအာနိသင်ကိုသွေးကြောထဲသို့ ဖြေးဖြေးနဲ့မှန်မှန်ထုတ်လုပ်ပေးနိုင်တဲ့ဂုဏ်သတ္တိရှိပါတယ်။

ဥပမာအားဖြင့်
အကိုက်ခဲပျောက်ဆေးတစ်ခုမှာ Immediate Release နဲ့ Extended Release ဆိုပြီး ၂ မျိုးရှိတဲ့အထဲက
Immediate Release (IR) အမျိုးအစားကိုသောက်ရင် ဆေးအာနိသင်ကိုချက်ချင်းဆိုသလိုရရှိမှာဖြစ်ပေမယ့် အများအားဖြင့် ဆေးအာနိသင်ရေရှည်မခံပဲ နာရီအနည်းငယ်အကြာမှာပျောက်ဆုံးသွားမှာဖြစ်ပါတယ်။
ဒါကြောင့်နောက်ထပ် ၆ နာရီလောက်မှာ နောက်ဆေးတစ်လုံးကိုထပ်မံသောက်သုံးပေးဖို့လိုအပ်ပါတယ်။
ဒီနေရာမှာ Extended Release (ER) ဆေးအမျိုးအစားကိုသောက်ရင်တော့ ၂၄ နာရီမှာ ဆေးတစ်လုံးသာသောက်ဖို့လိုအပ်ပြီး ဆေးအာနိသင်က ဖြေးဖြေးချင်းထုတ်လုပ်ပေးနေမှာဖြစ်ပါတယ်။
အချို့ဆေးဝါးတွေမှာတော့ ၁၂ နာရီခြားပြီးတစ်ကြိမ်လောက်သာသောက်ပေးဖို့လိုအပ်ပါတယ်။
ဆီးချိုကျဆေးလိုဆေးအမျိုးအစားတွေမှာ IR နဲ့ ER ကိုသတိထားပြီးသောက်သုံးဖို့အထူးလိုအပ်ပါတယ်။
ဥပမာအားဖြင့် Mefformin (Immediate Release/IR) ကို တစ်နေ့ ၂ ကြိမ်သောက်ရတဲ့နေရာမှာ Metformin Extended Release/ER) ကို တစ်နေ့ ၁ ကြိမ်သာသောက်ရနိုင်တာဖြစ်ပါတယ်။

Modified-release ဆေးအမျိုးအစားတွေဟာလည်း ထုံးစံအတိုင်းပဲ ကောင်းကွက်တွေရှိသလို မကောင်းတဲ့ဘက်ကကြည့်ရင်လည်း
ခန္ဓာကိုယ်ထဲဆေးအာနိသင်ကြာကြာပေးနေတာဖြစ်လို့ အခြားဆေးဝါးတွေနဲ့ဓါတ်ပြုနိုင်မှုကလည်းအချိန်ကြာကြာဖြစ်နိုင်ပါတယ်။ ဆေးသောက်တဲ့အချိန်မြိုချရတာလည်းခက်ပါတယ်။ overdose နဲ့ underdose ဖြစ်နိုင်ချေလည်းများပါတယ်။

ဒီဆေးဝါးအမျိုးအစားကိုသုံးစွဲတဲ့အခါသတိထားရမှာက ဆေးလုံးကိုချိုးဖဲ့ပြီးသောက်ခြင်းကိုရှောင်ကျဥ်ရမှာဖြစ်ပါတယ်။
ထိုသို့ပြုလုပ်ခြင်းဟာ controlled-release mechanism လို့ခေါ်တဲ့အထူးပြုလုပ်ထားတဲ့စီမံထားမှုကိုပျက်ဆီးစေနိုင်တာကြောင့်ဖြစ်ပါတယ်။
အစာအိမ်ဆေးများ၊ ဆီးချိုထိန်းချုပ်ဆေးများ၊ သွေးပေါင်ကျဆေးများ၊ အကိုက်ခဲပျောက်ဆေးများစတာတွေမှာ Modified-release ဆေးဝါးတွေကိုလိုအပ်သလိုသုံးစွဲရပါတယ်။

Credit

14/12/2023

Metformin Denk 500mg ( 1800ks) ဖြင့် တစ်ယောက်တစ်ကဒ်နှုန်း ရောင်းချပေးနေပါပြီ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Taw Win Lin Luck Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share