English Language Book's Store

English Language Book's Store We sell high quality Language Books for Pre-school, Primary School, Secondary School, and other langu

တစ်နေရာတည်း၊တစ်ချိန်တည်း၁၂လ ဆက်တိုက်ရိုက်ကူးထားတဲ့ နေထွက်ချိန်နေ၏ပုံ၁၂ပုံပါ။နေဟာတသမတ်တည်းအရှေ့ဘက်ကပဲထွက်တာမဟုတ်ပါဘူး။အရှ...
10/01/2024

တစ်နေရာတည်း၊တစ်ချိန်တည်း
၁၂လ ဆက်တိုက်ရိုက်ကူးထားတဲ့
နေထွက်ချိန်နေ၏ပုံ၁၂ပုံပါ။
နေဟာတသမတ်တည်း
အရှေ့ဘက်ကပဲထွက်တာမဟုတ်ပါဘူး။
အရှေ့ဘက်၊အရှေ့မြောက်ဘက်၊
အရှေ့တောင်ဘက် အသီးသီးကနေ
ထွက်ပါတယ်။

12 Pictures of The Sun, Each Month, Same Place, Same Time.

07/12/2023

လာပေါင်းတာ 😆😆😆

သကြားလေးပါထည့်ပေးနော်
29/08/2023

သကြားလေးပါထည့်ပေးနော်

24/08/2023
"မြန်မာကျပ်ငွေ တစ်သိန်းတိတိဖြင့်    BMW ကားအသစ်တစ်စီး ရောင်းမည် ” ဆိုပြီးနန်းတော်ကြီးတမျှ ခမ်းနားလွန်းတဲ့ အိမ်ကြီးတစ်လုံ...
23/08/2023

"မြန်မာကျပ်ငွေ တစ်သိန်းတိတိဖြင့်
BMW ကားအသစ်တစ်စီး ရောင်းမည် ” ဆိုပြီး

နန်းတော်ကြီးတမျှ ခမ်းနားလွန်းတဲ့ အိမ်ကြီးတစ်လုံးရဲ့
ခြံတံခါးပေါက်မှာ ကြော်ငြာတစ်ခုကပ်ထားပါတယ်

ဒီကြော်ငြာကို ကျွန်တော် တွေ့နေတာ သုံးလေးလလောက်ရှိနေပါပြီ။ သိန်းထောင်ချီ တန်တဲ့ BMW ကားကို တစ်သိန်း နဲ့ရောင်းမယ်လို့ကြော်ငြာထားတာဖြစ်တဲ့ အတွက် ထူးဆန်းနေတာပါ။

တစ်ယောက်ယောက်က လာနောက်ထားတာလား ?

ဒါမှမဟုတ် ပိုင်ရှင်က စိတ်ဝေဒနာရှင်လား ?
ပုံမှန်မဟုတ်တာတော့ သေချာနေပါတယ်။

ဒါကြောင့် ကျွန်တော့်မိတ်ဆွေတစ်ချို့နဲ့
ဒီကြော်ငြာအကြောင်း ပြောမိပါတယ်။
ဒီအိမ်အကြောင်းသိတဲ့ သူငယ်ချင်းပြောပြတာက

" အိမ်ပိုင်ရှင်အဖိုးကြီး သေသွားတာ မကြာသေးကြောင်း ဒီအိမ်ကြီးမှာ အဖွားကြီး တစ်ယောက်တည်းနေတဲ့အကြောင်း အဖိုးကြီးသေသွားတဲ့အတွက် အဖွားကြီးက စိတ်ဝေဒနာ ခံစားနေရတာဖြစ်နိုင်ကြောင်း ” ပြောပြပါတယ်။

ဒီလိုနဲ့နောက် သုံး,လေးလ ကြာသွားပေမယ့် ကြော်ငြာကတော့ ရှိနေတုန်းပါပဲ။ တစ်နေ့မှာ ကျွန်တော် အဲဒီအိမ်ရှေ့ကဖြတ်သွားတုန်း ခြံထဲမှာ လမ်းလျှောက်နေတဲ့ အဖွားကြီးကို လှမ်းတွေ့လိုက်ပါတယ်။ သူ့ကိုကြည့်ရတာတော့ တကယ့်လူကောင်းအတိုင်းပါပဲ။

ဒါနဲ့ကျွန်တော်လည်း အခွင့်အခါသင့်တုန်းစပ်စုလိုက်ဦး မယ်ဆိုပြီး အဖွားကြီးကိုလှမ်း စကားပြောလိုက်ပါတယ်။

" အန်တီ မင်္ဂလာပါဗျာ ”

" မင်္ဂလာပါ သားရေ ”

" ဟုတ်ကဲ့ပါအန်တီ ကျွန်တော်တစ်ခုလောက်မေးလို့ရမလားဗျာ ”

" မေးလို့ရပါတယ် မေးပါ ”

" ဒီရှေ့မှာ ကြော်ငြာထားတာ တကယ်လားဗျာ”

" ဟုတ်ပါတယ် သားရေ
တကယ်ပါ တကယ်ရောင်းမှာပါ ”

"ဒါဆို အဲဒီကားကို
ကျွန်တော် ကြည့်လို့ရမလားဗျာ ” ဆိုတော့

" ရတယ် အိမ်ထဲ၀င် ” ဆိုပြီး
သူ့ခြံစောင့်ကိုတံခါးဖွင့်ခိုင်းပြီး
ကျွန်တော့်ကို ကားဂိုဒေါင်ဆီခေါ်သွားပါတယ်။
ဂိုဒေါင်ထဲရောက်တဲ့အခါ အ၀တ်နဲ့အုပ်ထားတဲ့
BMW ကားသစ်ကြီးကိုတွေ့လိုက်ရပါတယ်။

" ဒါ ဒါ ဒါကြီးကို တကယ်ရောင်းမှာလား....အန်တီ ”

"ဟုတ်တယ် ရောင်းမှာ”

"တစ်သိန်း ... တစ်သိန်း
မြန်မာငွေ တစ်သိန်းနဲ့ရောင်းမှာ သေချာလား အန်တီ ”

" ဟုတ်ပါတယ်ဆို တကယ်ရောင်းမှာ
မင်း၀ယ်မယ်ဆိုရင် စာချုပ်စာတမ်း အပြည့်အစုံနဲ့
ရှေ့နေခေါ်ပြီး စာချုပ်ချုပ်မယ် ” လို့
စိတ်မရှည်တဲ့ပုံနဲ့ပြန်ပြောပါတယ်။
ကျွန်တော်က အဖွားကြီးကိုအနီးကပ် သေသေချာချာ
လေ့လာကြည့်ပေမယ့် စိတ်ရောဂါသည်ပုံစံ လုံး၀မတွေ့ရတဲ့အတွက်မေးခွန်းတစ်ခုထပ်မေးပါတယ်။

" ဒီကြော်ငြာကို ကျွန်တော်တွေ့နေတာကြာပြီ အန်တီ မဖြစ်နိုင်ဘူးထင်လို့၀င်မမေးဖြစ်တာပါ
တခြားသူတွေရော လာမေးကြသေးလားဗျာ ”ဆိုတော့

သူမက
"အန်တီ ကြော်ငြာထားတာ ၆ လ ကျော်နေပြီ
အားလုံးက မင်းထင်သလိုထင်တဲ့အတွက်
ဘယ်သူမှ လာမမေးကြဘူး မင်းကပထမဦးဆုံးပဲ ”
လို့ပြန်ပြောပါတယ်။

ဒါနဲ့ကျွန်တော်လည်း
မယုံတယုံနဲ့၀ယ်ဖို့ဆုံးဖြတ်လိုက်လိုက်ပါတယ်။
အဖွားကြီးကရှေ့နေခေါ်ပြီးစာချုပ်စာတမ်း အပြည့်အစုံနဲ့ကျွန်တော့ကို လက်မှတ်ထိုး လွှဲပေးပါတယ်။

သိန်းထောင်ကျော်တန်တဲ့ BMW ကားအသစ်ကြီးကို တစ်သိန်းနဲ့ရလိုက်တဲ့အတွက် ပျော်မိတာမှန်ပေမယ့် ဘာကြောင့် တစ်သိန်းနဲ့ရောင်းတာလည်းဆိုတာကို ပိုပြီးစိတ်၀င်စားမိပါတယ်။

ဒါကြောင့် ကားကိုစက်နှိုးပြီး ခြံထဲကထွက်ခါနီးမှာ
ဘယ်လိုမှ မနေနိုင်တဲ့အတွက် မေးလိုက်မိပါတယ်။

"နောက်ဆုံးအနေနဲ့မနေနိုင်လို့မေးခွန်းလေးတစ်ခု
မေးခွင့်ပြုပါ အန်တီ ဒီလိုကားအကောင်းစားကြီးကို
ဘာလို့ တစ်သိန်းတည်းနဲ့ရောင်းရလဲဆိုတာကိုပါ ”

" ထွေထွေထူးထူး မရှိပါဘူးကွယ်
ဆုံးပါးသွားတဲ့အန်တီ့ အမျိုးသားရဲ့ ဆန္ဒပေါ့ကွယ်
သူကဒီ ကားကြီးကိုရောင်းလို့ ရတဲ့ငွေကို
သူ့နောက်မိန်းမကို ပေးရမယ်ဆိုပြီး
သေတမ်းစာ ရေးထားခဲ့လို့လေ ”
-------===================-------
အားလပ်ရက်မှာအပျော်သဘောတင်တာမို့ ဟာသအနေနဲ့သာဖတ်ရှုပေးကြပါရန် ☺☺

လေးစားစွာဖြင့်
ကိုထွန်း(တောင်ကြီး)

Scarlett Johansson, Jennifer Lawrence,  Natalie Portman and Gal Gadot ✨🤎
21/08/2023

Scarlett Johansson, Jennifer Lawrence, Natalie Portman and Gal Gadot ✨🤎

နွားတစ်ကောင်က သခင်ခိုင်းတာတွေ လုပ်ပြီးအလုပ်သိမ်းချိန်မှာ ပင်ပန်းလို့ နားနေတယ်..တဲ့။ခွေးတစ်ကောင်ကလာပြီး နှုတ်ဆက်တယ်။"ကိုန...
19/08/2023

နွားတစ်ကောင်က သခင်ခိုင်းတာတွေ လုပ်ပြီး
အလုပ်သိမ်းချိန်မှာ ပင်ပန်းလို့ နားနေတယ်..တဲ့။

ခွေးတစ်ကောင်ကလာပြီး နှုတ်ဆက်တယ်။
"ကိုနွား နေမကောင်းဘူးလား" ပေါ့။
နွားက "ပင်ပန်းလို့ပါကွာ။
မနက်ဖြန်တစ်ရက်လောက် နားရရင်
ကောင်းမှာပဲကွာ" လို့ ပြောလိုက်တယ်။
ညည်းလိုက်တယ် ဆျိုပါတော့။

အဲ့ဒါကို ခွေးက ကြောင်နဲ့တွေ့လို့ ပြောတဲ့အခါကျတော့
"နွားက ပြောတယ်။
ပင်ပန်းလို့ မနက်ဖြန်တစ်ရက်လောက်
နားချင်တယ်တဲ့။
သခင်ကလည်း အရမ်းခိုင်းလွန်းတယ် ထင်ပါတယ်ကွာ"တဲ့။
သခင်က အရမ်းခိုင်းလွန်းတယ် ထင်တယ်
ဆိုတဲ့သူ့ရဲ့ comment ပါ ပါသွားပြီ။

ဒါကို ကြောင်က ဆိတ်ကို ပြန်ပြောတဲ့အခါကျတော့
"နွားကို သခင်က အရမ်းခိုင်းလွန်းတော့
ပင်ပန်းလွန်းလို့ မနက်ဖြန်ကစပြီး
အလုပ်မလုပ်ချင်တော့ဘူးလို့ ပြောတယ်"
ဆိုပြီး စကားက ပြောင်းသွားတယ်။

တစ်ခါ ဆိတ်က ကြက်ကို ပြောတဲ့အခါကျတော့
"နွားက မနက်ဖြန် သခင်အတွက်
အလုပ်မလုပ်ပေးချင်တော့ဘူး။
ခိုင်းလွန်းလို့ သခင့်ကို မကျေမနပ်
ဖြစ်နေတယ်"လို့ဖြစ်သွားပြန်ရော..တဲ့။

ကြက်က ဝက်ကို တဆင့်ထပ်ပြောတဲ့အခါကျတော့
"နွားက မနက်ဖြန်ကစပြီး သခင်ခိုင်းတာတွေ မလုပ်တော့ဘူး။
သခင့်ကိုမကျေနပ်ဘူး။ သခင်အသစ် ရှာချင်နေတယ်လို့ကြားတယ်"ဆိုပြီး စကားက ကားသွားပြီ။

သခင်ရဲ့မိန်းမက ဝက်စာ လာကျွေးတဲ့အချိန်မှာ
ဝက်က ပြောတယ်တဲ့။
"သခင်မ..နွားက အချိုးတွေပြောင်းနေပြီ။
သခင်မတို့ကို မကျေနပ်ဘူး။
သခင်မတို့အလုပ်တွေကို
မနက်ဖြန်ကစပြီး လုပ်မပေးတော့ဘူးလို့
ပြောနေတယ်နော်" ပေါ့။

မိန်းမကလည်း သူ့ယောက်ျားကို ပြန်ပြောတာပေါ့။
"ရှင့်နွားက ရှင့်ကိုသစ္စာဖောက်သွားပြီနော်၊
မနက်ဖြန်ကစပြီး ရှင်ခိုင်းတာတွေ လုပ်မပေးတော့ဘူးလို့ ပြောနေတယ်"တဲ့။

အဲ့ဒီအခါ ယောက်ျားက
"သစ္စာဖောက်တော့လည်း
အသားပေါ် ရောင်းလိုက်ရုံပေါ့ကွာ"တဲ့။
အဲ့ဒါနဲ့ပဲနောက်နေ့မှာ နွားဟာ အသတ်ခံလိုက်ရရော..တဲ့။

တကယ်တော့ နွားပြောတာက
"ပင်ပန်းလို့ မနက်ဖြန်တစ်ရက်လောက် နားရရင်ကောင်းမယ် " ဒါလေးပဲ။
သူ့ရဲ့ဆန္ဒကို သူပြောရုံလေးပဲ။
သခင်ကို ထိခိုက်ပြောတာလည်း မပါဘူး။

ဒါပေမယ့် စကားတွေက ချဲ့ကားရင်းနဲ့
နောက်ဆုံးမှာ ဒီစကားလေးအတွက်
သူ အသတ်ခံလိုက်ရတယ်...တဲ့။

ဆက်စပ်ပြီး ပြန်တွေးကြည့်တော့
ဟုတ်နေတာပဲ။
ငါတို့လည်း တစ်ခါမက ကြုံခဲ့ဘူးတာပဲ။
နွားလို အသက်သေအောင် အသတ်မခံရပေမယ့်
ကိုယ်တကယ်မပြောခဲ့တဲ့ စကားတွေအတွက်၊
ကိုယ်တကယ်မလုပ်ခဲ့တဲ့ အပြုအမူတွေအတွက်
ဘဝသေအောင်၊နာမည်သေအောင်ထိ
အသတ်ခံခဲ့ရဘူးတာပဲ။

တစ်ယောက်တည်း မနေနဲ့၊
တစ်ယောက်တည်း မကြံနဲ့၊
တစ်ယောက်တည်း မခံစားနဲ့
တိုင်ပင်ပါ၊အကြံဥာဏ်တောင်းပါ၊
ရင်ဖွင့်ပါလို့တော့ ပြောကြတာပဲ။
ပြောမိ ပြန်တော့လည်း ရေရောခံရရင်၊
ကိုယ့်စကားကို ပုံဖျက်ခံလိုက်ရရင်
ကိုယ်ပဲ ခံရပြန်ရော။

အခုလို....
လူမှုကွန်ရက် ယဉ်ကျေးမှုထွန်းကားတဲ့ခေတ်မှာ
ပိုသိသာတယ်။
ဖေ့စ်ဘုတ်မှာ မင်းပြောချင်တာတစ်ခုခုကိုရေးပြီး
တင်ကြည့်လိုက်ပါလား။
မင်းပေးချင်တဲ့မက်ဆေ့ခ်ျကို လူတိုင်းသိချင်မှ သိတာ။
မင်းမျှော်လင့်မထားတဲ့ရှုဒေါင့်က အမြင်တွေနဲ့ပေးတဲ့ comments တွေ မင်းတွေ့လိမ့်မယ်။

အဲ့ဒီတော့ကွာ...
ကိုယ်လည်း စိတ်ချလက်ချ မပြောရဲ၊
ကိုယ်ကြားသမျှကိုလည်း မယုံရမှတော့
နားရောပါးစပ်ရော ပိတ်ထားတာ ကောင်းပါတယ်။
လောကမှာ သိစရာတွေကတော့ အများကြီးပဲ။
လိုက်လို့ကို မကုန်နိုင်ဘူး။
ဒါပေမယ့် အကုန်သိစရာမှ မလိုတာ။
မသိမဖြစ် သိသင့်တာလောက်ပဲ သိရင်တော်ပြီပေါ့။
credit

  photo
19/08/2023

photo

မြှောင်လုံးသီးရှာရန် 🫣
18/08/2023

မြှောင်လုံးသီးရှာရန် 🫣

ပြည်နာချိန်မှာ အငမ်းမရ စီးပွားရှာလို့ မသင့်တော်ပါဘူး  မိုးကုတ်ဆရာတော်ကြီးရဲ့ဒကာရင်းကုန်သည် တစ်ဦးက တရားနာခါနီးမှ ကပ်ပြီးရ...
16/08/2023

ပြည်နာချိန်မှာ အငမ်းမရ စီးပွားရှာလို့ မသင့်တော်ပါဘူး

မိုးကုတ်ဆရာတော်ကြီးရဲ့ဒကာရင်း
ကုန်သည် တစ်ဦးက တရားနာခါနီးမှ ကပ်ပြီးရောက်လာတယ်။

ဆရာတော်ကို ကန်တော့ပြီး
ဒီလိုပဲဘုရား၊ ခုချိန်မှာ တပည့်တော်
လှောင်ထားတဲ့ ကုန်တွေက အပြင်မှာ ရှားပါးချိန်ဆိုတော့ ဖောက်သည်တွေက လက်မလည် အောင်ဖြစ်နေလို့ မနည်းဖြတ်ခဲ့ရတယ်လို့ လျှောက်တယ်။

ဆရာတော်ကြီးက "အလုပ်ဆိုတာကတော့ ကိုယ်က အနားမယူတတ်ရင် မသေမချင်း ရှုပ်နေမှာပေါ့ကွာ၊ ဆိုတော့။

ဒီလိုလည်းမဟုတ်သေးဘူး ဆရာတော်၊ -စီးပွားရှာ ပြည်နာမှ-ဆိုသလိုပဲ၊ ခုချိန်မျိုးမှာမှ ပိုပြီးရောင်းကောင်းတာတဲ့။

ဒကာကြီး သုံးလိုက်တဲ့ စကားပုံကိုကြားလိုက်တော့ ဆရာတော်ကြီးက သိပ်ပြီး မနှစ်ခြိုက်တဲ့ သဘောနဲ့ ကြည့်ရင်း၊

အေး-သုဿန်မှာ လူသေကောင် တူးမြှုပ်ပြီး အသက်မွေးကြတဲ့ ဒွန်းစဏ္ဍားတွေလည်း မင်းတို့ လိုပဲကွ၊ သူများတွေ ငိုကြီးချက်မနဲ့ လူသေအလောင်း ထမ်းလာတာမြင်ရင် သူတို့က ပြုံးနေတာပဲ၊ သူများငိုရလေ သူတို့က ဝင်ငွေကောင်းလေဆိုသလို ဖြစ်နေတာကိုးကွ။
ခုလည်း မင်းတို့ဟာက သူများအခက်တွေ့လေ မင်းတို့က ပျော်လေဆိုတော့ ဒါ ဒွန်းစဏ္ဍား ပျော် ပျော်နေကြတာ မဟုတ်လား လို့ မိန့်ကြားလိုက်တယ်။

ဓမ္မဘေရီဆရာတော်
တရားသံဝေဂ ရကြပါစေ။
( မထေရ်မြတ်တို့စကားဝိုင်း(၃)မှ

Admin တို့ သိသလောက်က စာအတုပါနော်။အစိုးရက ကားနဲ့ ပတ်သက်တဲ့ မူဝါဒ စာထုတ်ရင် သက်ဆိုင်ရာ ဌာနတွေက တစ်ဆင့်ထုတ်ပါလိမ့်မယ်။(ဒါဟာ...
15/08/2023

Admin တို့ သိသလောက်က စာအတုပါနော်။
အစိုးရက ကားနဲ့ ပတ်သက်တဲ့ မူဝါဒ စာထုတ်ရင် သက်ဆိုင်ရာ ဌာနတွေက တစ်ဆင့်ထုတ်ပါလိမ့်မယ်။

(ဒါဟာ ဗိုလ်ချုပ် အဆင့်ကနေ ထုတ်စရာလိုတဲ့ စာမျိုး မဟုတ်ပါဘူး၊ ဝန်ကြီးဌာနအောက်က ဌာနစိတ်ကကိုင်တွယ်ရမှာပါ)

မော်လမြိုင်ကို မကယ်နိုင်ကြတော့ဘူးလား ဗျာ #မော်လမြိုင်ကမ်းနားလမ်းဟိုအတွဲက ရိုတာလည်း ရိုတာပေါ့ ဘောင်က ခိုင်လားမခိုင်လား ဘယ...
12/08/2023

မော်လမြိုင်ကို မကယ်နိုင်ကြတော့ဘူးလား ဗျာ

#မော်လမြိုင်ကမ်းနားလမ်း

ဟိုအတွဲက ရိုတာလည်း ရိုတာပေါ့ ဘောင်က ခိုင်လားမခိုင်လား ဘယ်သူမှမသိရပါဘူး

#မော်လမြိုင်ရေကြီးမှု

Address

Yangon
111241

Telephone

+959779900361

Website

Alerts

Be the first to know and let us send you an email when English Language Book's Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category